“ချစ်စရာ လွမ်းစရာ  ကြည်နူးစရာ မန္တလေး” အောင်ကျော်ချမ်းအေး မန္တလေး။ အုတ်ကျစ်ကျော်အေး မန္တလေး။ ရတနာပုံ ဆိုတဲ့  ရွှေမန္တလေး ။   အသက်ကလေးရယ်ရှည်စေဘို့ တောင်ရိပ်ခိုတဲ့  မန္တလေး။       ရှမ်းရိုးမနဲ့ မဝ်းဝံ အတွင်းကိုဝင်နေတဲ့မန္တလေး၊   အလျံဝင်းပြောင်ရန်ကင်းတောင် အောင်ပင်လယ်ရဲ့မန္တလေး။   မဟာမုနိရုပ်ရှင်တော် ကိန်းစက်ပျော်တဲ့မန္တလေး။     ဧရာမြစ်မင်းရင်ခွင်တွင်း သက်ဆင်းနေတဲ့မန္တလေး။     မင်းတုန်းအစ သီပေါအဆုံး အုံးအုံးကြွက်ကြွက် ပြည်ပျက်ခဲ့တဲ့မန္တလေး။   ၁၃၀ဝမှာအာဇာနည်တွေပေါ်လာခဲ့တဲ့မန္တလေး။ အိမ်တော်ရာဘုရားဈေးနဲ့ အင်္ဂလိပ်ကိုအာခံခဲ့တဲ့မန္တလေး။ စိန်ဗေဒါ နေခဲ့တဲ့ မန္တလေး။ မမြရင်နေခဲ့တဲ့မန္တလေး   ဆရာတင် နေခဲ့တဲ့ မန္တလေး မြမျိုးလွင် နေခဲ့တဲ့ မန္တလေး   မြို့မညိမ်း […]


naywoon niMarch 2, 20131min05
အမှားတဲ့….. ကားကနဲပဲ ကျည်သင့်သွားတဲ့သားကောင်တစ်ကောင်လို “ဘုန်း” ကနဲလဲကျ သွားပြန်ပြီ………။ “ ကျွန်တော်တို့ မှားခဲ့ပါတယ် ” တဲ့ ပြောလိုက်တဲ့စကားတစ်ခွန်းအောက်မှာ နလန်ပြန်မထူနိုင်တဲ့ သတ္တဝါတွေက အတုန်းအရုန်း အဲဒိလိုပြောခဲ့ပြီးတဲ့နောက် ……… နောက်တပ်အမှားတွေ ကျူးလွန်ဖို့ပြင်ဆင်နေလေရဲ့..။ ဒါနဲ့ပဲ တစ်ချိန်က နာမယ်ကြီးခဲ့တဲ့ ဆရာမောင်သစ်မင်းရဲ့ သီးချင်းစာသားလေးရေရွတ်ရင်း………… “ လူဆိုတာ xxxx အမှားအယွင်းအားလို့ပေါင်းစပ်ထားတဲ့အရာ……… ပိုင်ဆိုင်ရာ ပညတ်ချက်က ရုပ်ဝတ္ထုမျှသာ” အောင်မလေး ဆရာသစ်မင်းရယ် ဆရာရေးခဲ့တဲ့သီချင်း ဘယ်သူတွေကိုများ ကြည့်ပြီးရေးခဲ့သလဲဗျာ အခုလည်း………. ရုပ်ဝတ္ထုတွေ ပိုင်ဆိုင်ဖို့အတွက်နဲ့ အမှားအယွင်းတွေပေါင်းစပ်ထားတဲ့ သတ္တဝါတစ်စု အမှားခံ သတ္တဝါတွေကို စတေးနေဆဲ………..။ ငယ်ငယ်တုန်းက “စုန်းဆိုတာကိုမယုံဘူး” ကဝေ ဆိုတာကို ‘ဟင့်အင်း’ သွေးစုပ်တဲ့ဖုတ်ကောင် မရှိနိုင်ပါဘူးလို့ယုံထားခဲ့တာ တစ်ကယ်တော့ အဲဒိအမှားအယွင်းတွေနဲ့သတ္တဝါတွေက မယုံခဲ့တဲ့ ‘စုန်း’တွေ […]


naywoon niMarch 2, 20131min03
ပိန်းပိတ်မှောင်နေတဲ့ အမှောင်ထဲမှာ ငါ…… ပြေးနေတယ်…။ ဟိုး……… ခပ်လှမ်းလှမ်းက အသံတစ်ခုဟာ ငါ့ဦးတည်ချက် ငါ့ရဲ့ပန်တိုင် ပြေးသာပြေးနေရတယ် အမှောင်ထဲမှာ ပြေးလမ်းကိုမမြင်ရ ဘေးကိုရှော်ရှော်ထွက်ပြေးနေမိ အသံလာရာနဲ့ချိန်ကိုက် ပြေးလမ်းကိုပြန်ပြန် ပြောင်းနေရတာပ…..။ ငါ့ဦးတည်ရာ အသံလားရာကလည်း နီးလာလိုက် ဝေးသွားလိုက် နိမ့်လာလိုက် မြင့်သွားလိုက်နဲ့ အားသွန်ခွန်စိုက် တစ်စိုက်မတ်မတ်သာပြေးလာရတယ် ခရီးဘယ်လောက်ရောက်လာပြီလဲဆိုတာက အမှောင်ထဲမှာ မှန်းဆလို့မရ အဲဒိလိုနဲ့ပဲ အသံတွေနဲ့ပြေးတမ်းလိုက်တမ်း ကစားနေခဲ့ရတာ နှစ်ပေါင်းလေးဆယ်တောင်ကျော်လာပါပကောလား …………..။ နေဝန်းနီ


naywoon niMarch 1, 20131min09
မတန်ရင်ကာနဲ့ အသက်ကသာ လေးဆယ်ကျော်လာခဲ့တယ် ကျုပ်ဘဝက ဝို့တိုးဝါးတားရယ်လေ…….။ ဟိုနေရာလည်း ဝါးတားတား ဒီနေရာက ဒီလိုမဟုတ်လား ဟိုကိစ္စက အဲဒိလိုမဟုတ်ဘူး ဒီလိုလေး ဖြစ်ရင်ကောင်းမယ်နဲ့တူရဲ့ ဒါလေးကတော့ ဒီလိုမဟုတ်လားနဲ့ သေသေချာချာ ပြန်မေးလာရင်ဖြင့် ရေရာသိ ဆိုတာက မရှိပြန်ဘူး ……။ ဘဝမှာ လုံလောက်တဲ့သင်ကြားမှုနဲ့ ပြည့်ဝတဲ့လေ့ကျင့်မှုဆိုတာ မရှိဘဲ ရှေ့ကိုပဲ အတင်းတက်လာခဲ့ရတာဆိုတော့ အမှောင်ထဲမှာလမ်းလျှောက်နေရတာမဟုတ်ပေမဲ့ တိမ်တွေကြားထဲသွားနေရသလို မြူတွေကြားထဲက ခရီးသည်လို အမြင်တွေမကြည်မလင်နဲ့ ဝိုးတစ်ဝါးအသိနဲ့ ကာလတစ်လျှောက်လုံးဖြတ်သန်းလာခဲ့ရတာ မောပါ့………။ ကျုပ်တို့ဘဝသင်ရိုးမှာဖြင့် ဘာတွေသင်ကြားခဲ့သလဲဆိုတာ ဘာတွေတတ်မြောက်ခဲ့သလဲဆိုတာ ပြန်စဉ်းစားလိုက်တော့လည်း ဝါးတားတားရယ်လေ……….။ နေဝန်းနီ


Thit San KhantMarch 1, 20131min00
ငါ…. မျက်စိတစ်ဆုံး မျှော်ကြည့်တိုင်း ဆုံးဖြတ်ချက်တွေက ယောင်ဝါးဝါးနဲ့ ဝိုးတဝါး အသိနဲ့ လူမရှိတဲ့ ကမ်းခြေမှာ ရေနည်းငါးလို ကမ်းတင်နေတုန်း… အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ခပ်သေးသေး ကံကြမ္မာအပေါ်ပုံချ ငါ့ကိုယ်ငါ အားကိုးတက်ဖို့တောင် မချင့်မရဲ ဖြစ်ကုန်ပြီ… ဘာလိုလို နဲ့ ငယ်ငယ်က ရိုးရှင်းလှပတဲ့ ဖြူစင်ရိုးသားစိတ်ကို ပြန်လည် တမ်းတမိရင်း လေးလံလှတဲ့ ပုခုံးထက်က ကိလေသာ တွေကို ခါခါချရင်း အကြိမ်တစ်ရာမက ငါ နောင်တ ရမိနေတုန်းပဲ…. တစ်ချိန်က ငါ့ကို နင်းချေခဲ့ဖူးတဲ့ မျက်ဝန်းတွေကို ခပ်စိမ်းစိမ်း နဲ့ ကျိန်စာတွေတိုက် မပြေတဲ့အညိုးတွေနဲ့ မိုးရေတွေ ရွာချရင်း မည်းမှောင်တဲ့ အခန်းနက်ထဲ အဲ့ဒီ မျက်ဝန်းတွေကို ခဏလောက် ရိုက်သွင်းထားလိုက်တယ် ငါ့ စိတ်ရိုင်း ဝင်နေသ၍ပေါ့… အမာရွတ် […]


                  ************* ************* ကံတရားရယ်.. ဒဏ်ရာတွေပဲ ပေးနေလေသလား… ဖွင့်သာမေးလိုက်ချင်တယ်.. ရင်နဲ့လည်း မဆန့်တော့ဘူး မျှော်လင့်ချက်ဆိုတာ စာရေးလို့ပဲ ကောင်းတာပါ.. မိန်းကလေးဆိုတဲ့ ခေါင်းစဉ်အောက် ထွက်ပေါက်ပျောက်နေတဲ့ နှလုံးသား နံရံပါးကြားမှာ မွန်းကျပ်နေပြီ… ကိုယ့်ကိုကိုယ်မုန်းမိတယ်… အပြုံးတွေကြား တိုးဝင်မိတာ.. စကားတွေကြား မျောပါမိတာ.. တည်ငြိမ်ကာစ ငါ့ဘဝလေး မထင်မှတ်ဘဲ လှုတ်ခတ်သွားတာ… နေသားကျနေရင်းနဲ့ မနေတတ်တော့သလို ဖြစ်သွားတာ… ကိုယ့်ကိုကိုယ် အမိန့်ပေးမိတယ်… ဒီအတိုင်း ဆက်နေပါ.. တစ်ယောက်တည်း ရပ်တည်ပါ… ဘယ်သူ့ကိုမှ မလိုအပ်နဲ့.. အပိုတွေ လျှောက်မတွေးနဲ့… တွေဝေမှုတွေကို ရပ်လိုက်ပါ.. ပြီးတော့…တောင်းပန်ပါရစေ.. ကျေးဇူးပြုပြီး.. နင့်ဘက်ကလည်း ရပ်ထားပေးပါ ငါမျှော်လင့်မိမယ့် […]


အဖေကို အဖေလို သဘောထား အဖေကို အမေလို သဘောထား အမိမဲ့သား သဘောတရားကြားမှာ သား လိုတာမရှိရအောင် အဖွား နဲ့ အဖေကကြံဆောင် ၁ နှစ် တစ်တန်းအောင်တဲ့သား အဖေ ခါးဘယ်လောက် ချိချိ သား သိဖို့က သားပျော်တာကိုအဖေမြင်လို ရင်ဖိုရတဲ့ ဘဝတိုက်ပွဲကြား အဖေ့သား ဝင်မပါရ သင်ကာပြမယ့် အဖေ့စကားသာနားထောင် များမြောင်လှတဲ့ အချိုးအကွေ့ သား တစ်နေ့ သိလာမှာပဲလေ အခုတော့ ငယ်သေးတဲ့သား အားရစွာ ပျော်အောင်နေ သား က နေတာမြင်ရတော့ ဟောဒီအဖေမှာ ပျော်လှပေါ့ ။


Mr. MarGaFebruary 25, 20133min038
ယုဇန မဟာမြိုင်မှာ ကမာ္ဘတိုင် မှီးမယ်မှန်းပေမင့် ကိစ္စများမြောင် လူတို့ဘောင်ဆိုတဲ့ စကားကို ဘယ်သကောင့်သားကများ ထွင်သွားပါလိမ့်နော် တကယ်ဆိုရင် လူတို့ဘောင်ထက် နတ်တို့ဘောင်က ပို ရှုပ်သဗျ တစ်နေ့တစ်နေ့ နတ်သားတွေ နတ်သမီးလုတဲ့ကိစ္စ၊ နတ်သမီးအချင်းချင်း ရန်ဖြစ်တဲ့ကိစ္စတွေ ရှင်းလိုက်ရတာ ဖတ်ဖတ်ကို မောလို့ သမ္မတမို့ ပုံမှန် အလုပ်တွေကမှ များပါတယ်ဆိုမှ အဲဒီကိစ္စတွေပါ ရှင်းလိုက်ရရင်ဖြင့် တစ်လ ကိုးသီတင်း မပြီးနိုင်တော့ဘူး အင်းပေါ့လေ၊ ကိုယ်တိုင်က အုပ်ချုပ်ရေးတင်မက၊ တရားစီရင်ရေးပါ ကိုင်ထားမိတာကိုး ဒါတောင် ဥပဒေပိုင်းကို နတ်ပြည်လွှတ်တော်ဖွဲ့ပေးပြီးတော့ ဥပဒေပြုဖို့ အတင်းအကျပ် အမိန့်ပေးထားလို့သာ။ တစ်ယောက်ထဲ သုံးခုလုံးကိုင်ရင် ဒီထက်တောင် ပိုများလိမ့်ဦးမယ်။ အဲဒီလို တစ်နေ့တစ်နေ့ နတ်မှုရေးရာတွေ ရှင်းရလွန်းလို့ တစ်ခါတစ်ခါ တောထွက်ချင်စိတ် ပေါက်မိတယ်။ တောထွက်မယ် ဆိုပြန်တော့လဲ […]


“တစ်နှစ်တိတိစောင့်ခဲ့မိပါသည်……..သို့သော်” ကျနော်သူမကို တွေ့ရဘို့ ရက်နဲ့တွက်ရင် ၃၆၅ နာရီနဲ့ဆိုရင် X ၆၀ မိနစ်နဲ့ဆိုရင် ဆပွား စက္ကန့်နဲ့ပြန်တွက်ရင် အများ အများကြီးပေါ့။   မနှစ်ကဒီရာသီ ခရီးသွားရင်းနဲ့ ခပ်လှမ်းလှမ်း လမ်းဘေးတစ်နေရာမှာ ပန်းလေးတွေဝေနေတဲ့သူမကို အဝေးကအမှတ်မထင် လှမ်းမြင်မိတာကအစ နေ့စဉ်နဲ့အမျှ သတိရလို့နေမိသပေါ့ဗျာ။   အဲဒီနားကိုရောက်တိုင်းသူနဲ့များ ပြန်ဆုံအုံးမလားလို့ မျှော်လင့်ချက်တွေနဲ့ငေးအကြည့် ဘေးကပါလာတဲ့အကြောင်းသိနေသူက “သူက တစ်နှစ်မှတစ်ခေါက်ဘဲ ရောက်တာဗျ”လို့ ဆိုအလာ ရှက်ရှက်နဲ့ရီနေလိုက်ရပါတယ်။   စက္ကန့်များ မိနစ်များ နာရီများရက်များ ဆိုတာ တားလို့လဲမရ သူ့ဘာသူ အလိုလိုသွားနေတာကိုးဗျ။ တစ်နှစ်ဆိုတဲ့ကာလအတိ ပြည့်ပြိဆိုတာနဲ့ သူမနဲ့ဆုံဘူးတဲ့နေရာကို ကျနော်အရောက်…………………………….. မနှစ်ကနဲ့မတူ ပျိုမျစ်ခြင်းကင်း အိုမင်းနေတဲ့သူ့အဆင်း မြင်မြင်ခြင်းဘဲ ကျနော့်မှာ ဘာလွမ်းလို့လွမ်း ရမှန်းမသိ ဖြစ်မိပါတော့တယ်။     […]


kaiFebruary 23, 20135min019
တ  ချိ ု  ့ က စ ပျ စ် သီ း ဖြ စ် တ ယ်  ၊ တ ချိ ု   ့ က စ န် း စ န် း တ င့် ဖြ စ် တ ယ် (အောင်ဝေး) တချို ့က စပျစ်သီးဖြစ်တယ် တချို ့က စန်းစန်းတင့်ဖြစ်တယ်။ ခေတ်ကြီးကိုက ကိုလိုမနီ၊ ခရိုနီခေတ်။ တချို ့က လက်ဝေခံဒီမိုကရေစီ တချို ့က လက်ကျန်ဒီမိုကရေစီ။ ရန်ကုန်က ရထားမဖြစ်ဘူး ရန်ကုန်က တယောဖြစ်နေတယ်။ တချို ့က နောက်ပြန်လှည့်မှာစိုး […]


Nan ShinFebruary 22, 20131min02
    လှပတဲ့ညတွေထဲကို ဘဝမလှတဲ့ ညဟာ ဈေးရောင်းထွက်ခဲ့… ညကဆိုင်ကယ်ကိုစီးပြီး ဆိုင်ကယ်က သူ ့အလှကိုစီးတယ်..။   ပါသွားတဲ့ နှုတ်ခမ်းနီနဲ ့ မိတ်ကပ်ခပ်ပါးပါးကို ချဖျောက်နိုင်ခဲ့လို ့ အမေအိုနဲ ့ဒုက္ခိတမောင်ငယ်အတွက် မုန်းဟင်းခါးနှစ်ပွဲ အဖမဲ့သားလေးအတွက် နို ့ဗူးတစ်ဗူး.. ခပ်ပျော့ပျော့ရင်ကို ကော့ပြီးဝယ်လာခဲ့တယ်…။   ကြာကြာမကော့နိုင်ရှာပါဘူး အလုပ်ဒါဏ်က ပြင်းလွန်းတော့ ခပ်ညွန် ့ညွန် ့လေးပြန်ငြိမ်ရင်း ညအလှမှာ ဘဝမလှတဲ့ အလှအပကိုချပြဖို ့ ဈေးဘန်းပြင် အိပ်စက်လိုက်လေရဲ ့…။   နန်းရှင်  


ခင္ခFebruary 22, 20131min023
“ see you ´´ လို့သာ အော် လိုက်ချင်ပါရဲ့   အခုတလော အလုပ်တွေကလည်း မအား၊   ဒီကြားထဲ အရှုပ်တွေကလည်း အများသား၊   သို့သော်လည်း ရတဲ့အချိန်လေး ခဏတော့ ရွာထဲအပြေးလေး လည်လိုက်သပေါ့၊   ဒါပေမယ့် လူကမအား စိတ်က ဗျာများမို့ ပိုစ့်ရေးဖို့ကျတော့ ထွက်မလာတဲ့ဉာဏ် တုံးလိုက်တဲ့ ဦးနှောက် အားမရတဲ့ ကိုယ့်ကို တာ တာ့ ပြလို့သာ နေရတော့မယ်ထင့် လက်မှိုင်ချကာတာ ဖြေရမှာမို့ အပေါင်းအသင်း သူငယ်ချင်းတို့ရေ “ see you ´´ လို့သာ အော် လိုက်ချင်ပါရဲ့ ………… ။     ဖတ်ရှု့သူများကျေးဇူးနော်။ ခင်ခ။


အဖေ အမေ မရှိရှာသူတွေ အဖေ အမေ မသိရှာသူတွေ နာဂစ်ရဲ့ အမွေတွေလည်းပါခဲ့ ချို့တဲ့လှတဲ့ ဘဝကြမ်းကြမ်း လျှောက်လှမ်းရရှာတဲ့ သူတို့အပေါ် ဆရာတော်ရဲ့ အရိပ်အာဝါသ လာလှုကြသူတွေရဲ့ စေတနာ ပေါင်းစပ်လာလိုက်တာ ဘွဲ့ရလာသူတောင်ရှိ ပွင့်လာသည့်ပန်းကလေးတွေ လန်းအေးစေဖို့အပြင် ဖူးငုံချင်စ ဘဝလေးများ ငြိမ်းချမ်းမွှေးမြ ကြစေသား ။