ဖြစ်တည်မှု အဇ္ဇုတ္တ (ဝန်ခံခြင်း) ခွင့်လွှတ်ခြင်းဆိုတာ မေတ္တာတရားရဲ့ အခြေခံ စိတ်ထားပါ… ဒါကို မသိခင် ငယ်စဉ်က ခွင့်လွှတ်ခြင်း ဆိုတာ အရှုံးပေးခြင်းပဲလို့ ထင်ခဲ့တယ်…..။ ကလေးတစ်ယောက်ရဲ့ နုနယ်တဲ့ ရင်မှာ ခွင့်လွှတ်ခြင်းရဲ့ ငြိမ်းအေးမှု ရောက်မလာဘဲ သိမ်ငယ်ကြောက်မက်ဖွယ် အထီးကျန်မှုကိုသာ ရခဲ့တယ်…..။ တစ်ယောက်တည်း ငြိမ်းချမ်းတည်ငြိမ်နေတာ မဟုတ်ပါဘူး ဒါဟာ… ကြောက်လန့်နေတာ ရှက်ရွံ့နေတာ တုန်လှုပ်နေတာ အဲဒီ… ငြိမ်သက်အေးချမ်းတဲ့ လှုပ်ရှားမှုတွေရဲ့ နောက်ကွယ်မှာ ကြောက်မက်ဖွယ် ချောက်ကမ်းပါးကြီးတွေ ရှိခဲ့တယ်…..။ ခွင့်လွှတ်ခဲ့တာလား (ဟင့်အင်း…) ဘယ်လိုမှ တုန့်ပြန်ချေပနိင်စွမ်း မရှိလို့ ခေါင်းငုံ့ပြီး အရှုံးပေးခဲ့ရတာ…..။ နူးညံ့ခဲ့တာလား (ဟင့်အင်း…) အရာရာကို ဆုံးရှုံးရမယ်ဆိုတာ သိနှင့်နေလို့ စိတ်ကို ဖော့ထားလိုက်ရတာ…..။ သည်းခံခဲ့တာလား (ဟင့်အင်း…) အရှုံးကို ရှောင်မရတော့လို့ […]
