koyinMarch 12, 20131min01
ဖြစ်တည်မှု အဇ္ဇုတ္တ (ဝန်ခံခြင်း) ခွင့်လွှတ်ခြင်းဆိုတာ မေတ္တာတရားရဲ့ အခြေခံ စိတ်ထားပါ… ဒါကို မသိခင် ငယ်စဉ်က ခွင့်လွှတ်ခြင်း ဆိုတာ အရှုံးပေးခြင်းပဲလို့ ထင်ခဲ့တယ်…..။­ ကလေးတစ်ယောက်ရဲ့ နုနယ်တဲ့ ရင်မှာ ခွင့်လွှတ်ခြင်းရ­ဲ့ ငြိမ်းအေးမှု ရောက်မလာဘဲ သိမ်ငယ်ကြောက်မက်ဖွယ် အထီးကျန်မှုကိုသာ­ ရခဲ့တယ်…..။ တစ်ယောက်တည်း ငြိမ်းချမ်းတည်ငြိမ်နေတာ မဟုတ်ပါဘူး ဒါဟာ… ကြောက်လန့်နေတာ ရှက်ရွံ့နေတာ တုန်လှုပ်နေတာ အဲဒီ… ငြိမ်သက်အေးချမ်းတဲ့ လှုပ်ရှားမှုတွေရဲ့ နောက်ကွယ်မှာ ကြောက်မက်ဖွယ် ချောက်ကမ်းပါးကြီးတွေ ရှိခဲ့တယ်…..။ ခွင့်လွှတ်ခဲ့တာလား (ဟင့်အင်း…) ဘယ်လိုမှ တုန့်ပြန်ချေပနိင်စွမ်း မရှိလို့ ခေါင်းငုံ့ပြီး အရှုံးပေးခဲ့ရတာ…..။ နူးညံ့ခဲ့တာလား (ဟင့်အင်း…) အရာရာကို ဆုံးရှုံးရမယ်ဆိုတာ သိနှင့်နေလို့ စိတ်ကို ဖော့ထားလိုက်ရတာ…..။ သည်းခံခဲ့တာလား (ဟင့်အင်း…) အရှုံးကို ရှောင်မရတော့လို­့ […]


koyinMarch 12, 20131min01
ချစ်သူအိမ်အမိုးနောက်၌ လ ပျောက်ခဲ့ခြင်း (နောက်ဆက်တွဲ) သံယောဇဉ်ရစ်ပတ်ခဲ့တဲ့ အတိတ်နယ် ကာလများဆီ ပြန်ပြန်ပြီး မျှော်ကြည့်လိုက်ရင် မနေ့ကလိုပဲ အရိပ်ထင်နေဆဲ နှလုံးသားရဲ့ အိုအေစစ် နွေနေမင်းရဲ့ ဆည်းဆာ စွဲလန်းစွာ မက်ခဲ့ဖူးပြီ စိတ်လွင်ပြင် အိပ်မက်များ အခုဆိုရင်… ခါးများ ခါးသွားပြီလား… တစ်မြေခြားတဲ့အဝေးမှာ ဘဝကို ထုဆစ်ဖို့ အုတ်မြစ်တစ်ခုကို လာချတုန်း သုံးမိုး သုံးနွေလွန်မှ ငါချစ်တဲ့ ဆရာမလေးဆီ ပြန်ရမည်မျှော်လ­ို့ ခေါ်သံ သဲ့သဲ့နဲ့လိုက်ရှာ စိတ်ကူးယဉ် ကမ္ဘာလေးတစ်ခု ရှာဖွေလို့ဖြင့်မုချတွေ့ပါရစေ…။ ဘုန်းနိုင် ရေးတဲ့ လွမ်းချင်း ချစ်သူ့အိမ်အမိုးနောက်၌ လပျောက်ခဲ့ခြင်း…တဲ့ ခံစားချက်နဲ့ အတွေး ဦးနှောက်ကို အလုပ်ပေးသွားတယ်… Wordsworth ရဲ့ Lucy နှစ်ကာလ ကြာရှည်မှ ဖူးငုံနေသည့် မျှော်လင့်ခြင်းပန်း မလန်းဝင့်ခင် နွမ်းလင့်ပြီင်္ […]


ဝေဟင်လေထဲ ပျံကာ ဝဲချင် တစ်ယောက်ထဲမို ့…ပျင်းပါတယ် ။ အပန်းဖြေရာ… ပင်လယ်မှာလည်း.. တစ်ယောက်တည်းမို ့..ပျင်းပါတယ် ။ ရွှေလက်ကိုတွဲ ဖော်မြဲချင်လို ့… ချစ်သူတစ်ယောက်လိုပါတယ် ။ ဥစ္စာဓန ဆင်းရဲတာမို ့… လက်တွဲ ချစ်သူ ရှားပါတယ် ။ သူများ စုံတွဲ မြင်ရုံ အားကျ… သက်ပြင်း အမြဲ..ချရဆဲ… မြင်ရုံ ခဏ အားကျခဲ့လည်း… သတ္တိ ဘယ်မှာ ရှိ အံ့နည်း…။ ကိုယ့်ကိုယ် ကို မေး… အားပေးဆဲမို ့.. အချိန်နှောင်းပြီ ထင်ပါသည် ။ ——————————- ကျွန်တော်..အခုတလော.. ခေါင်းထဲမှာ ကဗျာတွေကို ရေးချင်နေပါတယ် ။ ဘယ်နေရာပဲကြည့်ကြည့် ကဗျာတွေပဲ.. ပေါ် နေပါတယ် ။ […]


marblecommetMarch 10, 20131min013
တစ် နှစ် သုံး လေး ငါး ခြောက် ခွန် တစ် နှစ် သုံး လေး ငါး ခြောက် ခွန် တစ် နှစ် သုံး လေး ငါး ခြောက် ခွန် ………….. ………….. ချွင်…….. ချီးယားစ်……..


ကောင်မလေးရေ ငါ့အိမ်မက်ထဲမှာ မင်းကိုပွေ့ချီပြီး ကမ္ဘာအပြင်ကို ခြေဆန့်လို့… မျှော်လင့်ချက်လက်တစ်ဆစ်ကို အရည်ဖျော် အမောပြေသောက်ရင်း.. အမှောင်ထဲမှာ..လမ်းတည့်တည့်လျှောက်ခဲ့တယ်.. အလင်းနဲ့မထိုက်တဲ့ကောင်မို့.. မင်းအတွက်..အမှောင်ထဲမှာ.. ပန်းတစ်ခင်းပျိုးပေးပါရစေ… အလင်းကောင်းကောင်းမရတဲ့..ပန်းတွေဆိုတော့လည်း.. မင်းအတွက် လှချင်မှလှလိမ့်မယ်… မြေအနိမ့်ပါ…လှံစိုက်ချင်စိုက်ပေါ့.. ဒါမှမဟုတ်……. တော်ဝင်မဟုတ်တဲ့အသုံးအဆာင်ပါ… ထိန်းသိမ်းဖို့..မတန်ဘူးထင်လည်း လွှင့်ပစ်လိုက်ပါ… ကိုယ့်အားကိုယ်ကိုးပြီး..မင်းအတွက်.. ကိုယ့်ကိုယ်ကို သန့်စင်ခဲ့သူပါ.. ပန်းခင်းနဲ့ကြိုမလား.. လွမ်းခြင်းနဲ့..ငိုရမလား..ဒါကတော့..မင်းရဲ့..ဆုံးဖြတ်ချက်ပေါ့.. မိန်းခလေးတွေအဖို့… ပန်းဆိုတာ မပန်တတ်တော့..လျှောကျတယ်…. ကိုယ်လို့..အညတရအဖို့တော့.. လှမ်းဖို့ရာမကြံတတ်တော့..မောရပါတယ်..ကွယ်…။ ။   မှတ်ချက်။ ။အခုတလော..စစ်တပ်တွေ ရွာထဲ ဝင်တာများလာလို့.. ပစ်ချင်ခတ်ချင်စိတ်တွေပေါက်လာမှာစိုးလို့… အလွမ်းမိုးလေးရွာလိုက်ရပါကြောင်း….


– – +++++++++++++++++++++++++++++++++++++++++ +++++++++++++++++++++++++++++++++++++++++   လောကကြီးထဲ ဝင်လာတုန်းကပေါ့… နာကျင်မှုကို သူမမှု ဝါး…ဆိုတဲ့ ငိုသံနောက်မှာ ပီတိတွေအကုန်စုလို့ ငါ့ကို မွေးဖွားပေးခဲ့တယ်…။ လူလားမြောက်လာချိန်မှာပေါ့… မေတ္တာနို့ရည်ကို တိုက်ကျွေး ရင်ငွေ့နွေးကြားက ငါ့အပေါ် အပြုံးပန်းတွေ ဝေချလို့ ချစ်မဝဖြစ်ခဲ့ပြန်တယ်…။ ကျောင်းတက်စအချိန်မှာပေါ့… ဖြူစိမ်းဝတ်စုံ ပါးကွက်ကျား စုတ်ဖွားလွတ်အိတ်နဲ့ ကျောင်းသူကြီးကို ရှုမငြီးဖွယ် တစိမ့်စိမ့်ကြည့်လို့ ကြည်နူးခဲ့ရပြန်တယ်…။ ပညာသင်ချိန်ကာလမှာပေ့ါ… လိုအပ်တာ အကုန်ဖြည့်ဆည်း “ငါ့သမီး စာကျက်နေရင် ပြီးရော” တဲ့… စာအံသံတွေ နားဆင်ရင်း ဘဝအမောတွေလည်း ပြေခဲ့ရပေါ့…။ ဆယ်ကျော်သက်အရွယ်မှာပေါ့… အရာရာကို နားလည်ပေးလို့ “အမေသာ သူငယ်ချင်းကောင်းပါ” တဲ့… အကြောင်းအကျိုးခွဲခြားတတ်ဖို့ မနားတမ်း သွန်သင်ခဲ့ပြန်တယ်…။ မြို့တော်ကြီးကို စေလွှတ်ကာနီးပေါ့… “ငါ့သမီးတက်လမ်းအတွက်ဆို ခွဲနိုင်ပါတယ်” တဲ့… […]


naywoon niMarch 6, 20131min011
ငါ ငယ်ငယ်ကတည်းက ဗုဒ္ဓရဲ့ အဘိဓမ္မာကို မသိခင်အချိန်က ကိုရမ်ကျမ်းဆိုတာမကြားဖူးခင် အချိန်က သမ္မာကျမ်းစာ ကိုမတွေ့ဖူးခင်က ကျားရွှေ့နည်းနဲ့ စစ်တုရင် စာအုပ်တွေဖတ် မိကတည်းက ငါ……… လူတွေကိုမယုံတတ်တော့တာ ….။ ဘယ်နဲ့ဗျာ ……… ကျားလေးတစ်ကောင်းစားရဖို့ အရေး ပွန်းလေးတစ်ကောင်မိဖို့အရေးတောင် ဒီလောက် ပရိယာယ်များနေတာ ဒီထက်အရေးအရာပါတဲ့ အရာတွေဆိုရင် ဆို့တဲ့ အတွေးမျိုး ငါ့ခေါင်းထဲမှာ သံမှိုတစ်ချောင်းလိုစိုက်ဝင်နေခဲ့တာ အဲဒိတော့ ငါ့ကိုယ်ငါတောင် သိပ်မယုံကြည်ခဲ့တာကြာပေါ့ ……။ အဲဒိတော့ ဘာလာပြောပြော ငါကတော့မယုံ ဟိုသတင်းလည်းမယုံ ဒီအသင်းလည်းမယုံ ကိုယ်တိုင်မှ မကြုံ ဖူးတာဆိုရင် ဘာကိုမှမယုံ ………..။ ဝေန်းနီ


koyinMarch 6, 20131min01
အမေ့အိမ် ကားပေါ်ကဆင်းခဲ့တယ် ပြန်မရောက်တာကြာတဲ့ရွာ ကျုပ်ရဲ့မွေးဖွားရာဇာတိ တစ်ခါပြန်လို့ ခြေချမိခဲ့ပေါ့… သစ်လွင်တဲ့အိမ်ကြီးအိမ်ကောင်းတွေနဲ့ စည်ကားနေတဲ့ ရွာလယ်လမ်းမ အတော်ကိုနေသားကျနေပြီပဲ ငေးမောရင်းလျှောက်လာ ဘယ်ညာမှာ အသစ်အဆန်ချည်း အချည်းနှီးကုန်လွန်ခဲ့တဲ့နှစ်တေ­­ွ တွက်ရေလို့မနေတော့ဘူး ဟိုရှေ့ကလမ်းကွေ့ဆို ကျုပ် အိမ်ကိုရောက်ပြီလေ… ဒီနေရာလေးစိမ်းသလား အမေနဲ့ညီမတွေနားခိုရာသိုက်မြုံ တစ်ခါပြန်လည်ခိုလှုံဖို့ရောက်ခဲ့တဲ့ကျုပ် ရင်ဆို့ဖွယ်ရာ မြင်ကွင်း အိမ်ဝန်း ဟင်းလင်းပြင်နေရာ ခြံအကာ စည်းရိုးပြိုပျက­­် ယိုင်နဲ့နဲ့ ဝါးအိ်မ်လေး စုတ်ချာသေးကွေးလှတယ် မြက်ရိုင်းပင်တွေက ရှည်ရှည် အိမ်ရှေ့ကွက်ပျစ်က ဟောင်းလောင်း ခြထောင်သောင်း တောင်ပို့ အိမ်အမိုးက မလုံ့တလုံ ညညဆို ကြယ်တွေစုံပေါ့ အိမ်အခင်း ကြမ်းပြင် ခြေနင်းရင် ကျွံဝင်သွားမလား အိမ်အကာ ထရံပေါက်နဲ့ သရဲကြောက်တဲ့ ညီမလေး အိပ်ဆေးတွေ သောက်ခဲ့ရမယ် ချောက်ချားဖွယ်ညတွေဆို အမေ ဘယ်လိုများကြိတ်ငိုခဲ့ မိုးစက်တွေနဲ့ အိမ်ခန်းမှာ […]


ညနေ ၃ နာရီ မန္တလေးဆီကထွက်ခါ မြစ်ကြီးနားရထားပေါ်မှာ ရှမ်းစုဘူတာအကျော် မြို့ဟောင်းဘူတာရယ်လို့တောင် မမြင်ရသေး ဈေးသည်လေးတွေတက်လာ ဘီယာကြက်ကြော်လည်းရ ရတနာပူရ အဲသည်ကမှ တစ်ခါထွက် ရွှေကြက်ယက် စစ်ကိုင်းဘက်မှာ ရပ်နားရာ ရွာထောင်ဘူတာ ရေလိုတာ အကုန်ဖြည့်ကြ ရှေ့မှာရှားတယ်ဗျ ခက်ခ နဲ့ ပဒူဘက် ဝက်လက်ကျော်လာ ဗိုက်ဆာတဲ့ ၆ နာရီ ဘာမထီတဲ့ ဦးအောင်ဇေယျ ထန်းလုံးတပ်က ဘယ်အနားမသိပေမယ့် ရှိနေတဲ့ရွှေဘို သိနေတဲ့ရွှေဘို ထို ထိုမှလွန်သည့်အခါ မိုးချုပ်လာပြီမို့ ကိုးထောင်ဘို့ အသာထား ကန့်ဘလူနားလည်း သတိမရခြင်း ကောလင်းကိုကျော် ဝန်းသိုနော် အင်းတော်ဆိုတာ အတော်ဝေးသေး တဟေးဟေးအသံကြား အဲဒါ နဘား ဖက်ဆွတ်တောင်ကျော် ကသာမြို့ခေါ်တဲ့ဆီရောက် ပိတောက်ဆိုတဲ့သင်္ဘောကိုစီး ကျောက်ကြီးမရောက်ခင်လွမ်းမိတမင် နေညိုရင် ရွှေဘိုကိုဖြင့်လွမ်းချင်ချင်


naywoon niMarch 5, 20131min09
မျက်စေ့ အလင်းမရသူများက အကြားအာရုံပိုကောင်းတယ်ဆိုပဲ……။ ဒါဆိုရင် ငါတို့တစ်တွေကလည်း မျက်စေ့မမြင်ရသူများသာပ…….။ ဘာလို့ဆို……… ငါတို့လည်း ……….. အသံတွေပဲကြားနေရပြီး ရုပ်ဒြပ် တို့ကို မမြင်ရ ထိတို့ခွင့်မရ အသံကြားနဲ့ခရီးဆက်နေရသူတွေ အသံတွေ ပွက်လောရိုက်အောင်ဆူညံနေပေမဲ့ ဘာကိုမှလည်းမမြင်ရ ထိတွေ့ခံစားလို့မရနဲ့ တစ်ချိန်က “ ခိုင်ထူး” ရဲ့သီချင်းကိုသာသတိရမိတော့…….။ “ ပုဇင်းရင်ကွဲတွေ အော်နေကြတယ် ကြားတော့ကြားတယ် မမြင်နိုင်တယ်” တဲ့ ခုလည်း ………… အသံတွေတော့ကြားနေရတယ် ငါတို့ကတော့ ဘာမှ ထိတို့လို့ ခံစားလို့ မရသေးပါဘူးလေ……….. နေဝန်းနီ


ကာရံMarch 5, 20131min03
အမုန်းတွေနဲ့ မရှင်သန်ပါနဲ့ကွာ အပြုံးလေးများပေးကမ်းရင် အေးချမ်းတဲ့ မေတ္တာရိပ်အောက်မှာ မင်းတစ်ခဏလောက်တော့ ခိုနားကြည့်ပါ သောကတွေနဲ့ မတိုးပွားစေချင်ဘူး မနိုးကြားသေတဲ့ စိတ်နှလုံးသားကို လှုပ်ခက်နိုင်တာလဲ မေတ္တာအေးရိပ်ပါဘဲ ကမ္ဘာကြီးဘယ်လောက်ကျယ်ကျယ် ဒေါသ မောဟ မာနတွေနဲ့ယှဉ်လိုက်ရင် သိပ်ကျဉ်းမြောင်းတာ မင်းသိလာလိမ့်မယ်လေ မုန်းတော့လဲဒီစိတ် ချစ်တော့လဲဒီစိတ် စိတ်အထွေထွေ အရောင်ဘယ်လောက်ဘဲပြောင်းပြောင်း မပြောင်းလဲတဲ့ အဖြူရောင်မေတ္တာလေးကို လက်ကမ်းကြိုရင်း အပူသောကတွေ ငြိမ်းအေးစေမယ်ဆိုရင် မင်းလေးတစ်ယောက်သိတဲ့တစ်နေ့ စည်းစိမ်မချမ်းသာရင်တောင် မင်းသိလာလိမ့်မယ်လေ…………………. ပိတောက်မိုး


ကာရံMarch 5, 20131min01
 ဇရာအိုမင်း ငြိုးနွမ်းသည့်ခံ ခံနိုင်သည့်အား ကျရှုံးသည့်အချိန် သွားရမည့်လမ်း ပြုခဲ့သည့်ကံ ကိုယ်ပြန်ခံချိန် ရောက်လှနီးနီး စိတ်နှလုံးသွင်းမှ ဘုရား တရား မြတ်သံဃာတို့ ရင်မှာကိုင်ဆွဲ ကြိုးစားအားထုပ် လုံ့လပြုသည် နေဝင်ချိန်တန် လျှောက်လှန်းနိုင်ရေး ကြိုမျှော်တွေးရင်း အစဉ်ရှေးရှု ကြိုးစားမှုသည် အပယ်တံခါး မပိတ်တိုင်သော် နောင်သံသရာ လွတ်မြောက်နိုင်ရေး ငါကြိုတွေးသည် စာနာစိတ်လေး ပေးလှည့်တော့ မြတ်သောစခန်းတိုင်အောင်တည်း


ဖော်မဲ့လမ်းမှာ အထီးကျန်စွာလျှောက်လှမ်း နောက်မဆုတ်တမ်းဆိုပေမယ့် လိုနေတဲ့ တစ်နေရာ ရင်ထဲမှာ ဟာတာတာနဲ့ လာပါကွဲ့လို့ ဖိတ်ခေါ်သော်လည်း နားလေးတဲ့မြားနတ်မောင် ဟိုယောင်ဒီယောင်နဲ့မို့ မျက်ရည်မစို့ပေမယ့် ချို့တဲ့ခဲ့ ချစ်ကြမ္မာ ဆန်းသစ်တာ မရှိသောလမ်း မေ့မောတမ်းတ မှန်းဆ လွမ်းရ နွမ်းလျခဲ့သူကို ဘယ်သူကြိုလို့ ဆီးမည်နည်း ၊