ခိုင်ရေ ဦးရေနဲ့ မြူးလေတဲ့ ဇာတ်လမ်း ရေတမာတန်းကိုဖြတ် အင်းလျားဘက်လည်း ပတ်ခဲ့ကြ ထပ်ထည့်မရလောက်အောင် အပျော်ပြည့် တကယ်ချမ်းမြေ့ရတဲ့ခရီး ခဏနဲ့ပြီးမယ်လို့ မထင်ခဲ့ ရက်စက်တဲ့ ကံကြမ္မာ အဖော်အသင်းပါ ခေါ်လာ မမျှော်သာတော့တဲ့ နောက်ဘဝ လွယ်လွယ်နဲ့ ပို့လိုက်ကြ ချိန်းမိရတာက အပြစ်လား ဖြစ်သွားခဲ့တဲ့ ည ရ နာရီ မှောင်သည်လို့ မဆိုနိူင်လည်း ပြိုယိုင်လို့ လဲခဲ့ရ ရက်စက်ပြတဲ့ ဒရိုင်ဘာ ထောင် ၁ဝ ခါကျလည်း အစားပြန်မရ ဆိုးလှတဲ့ ခိုင့်ဘဝ ပျက်ရတဲ့ ဦးနှလုံးသား အရှုံးသမားတစ်ယောက်လို ယောင်ဝါးဝါး ငိုင်တိုင်တိုင် ဖြစ်ရပါပြီ ခိုင် ။
