ဦးဆွေးဆံမြေ့ဝိဉာဉ် (တောင်အောက်မှာ လေကွယ် တောင်စွယ်မှာ နေထွန်း တောင်စွန်းမှာ ရပ် တောင်ကလပ်မှာ…..) ရွှေဓါးတစ်လက်အတွက် သခင်မသို့ ဆက်သရန် နေ့မအိပ် ညမနား နေ့နဲ့ညမှားအောင် ဦးဆွေးဆံမြေ့…။ မနေ့ကအတိတ်ကို တားလို့ မေ့မရတဲ့ အမှားတစ်ခုကို အမှန်ပြန်ခြစ်ကာထား သခင်မ အပါးမှာ…။ မမြင်ရတဲ့တံခါးကို ရိုက်ချိုး ဆန္ဒတစ်ခုကို ရိုကျိုးလိုက်မိသည်ခဏ တစ်ဘဝစာ အမှာခြွေ လည်ချောင်းဝမှာ အစာမကြေ…။ ဝေဒနာတစ်ရပ် ကြေညာချက် တချို့ လျှို့ဝှက်စွာ ကျဆုံးခြင်းနဲ့ ရင်းနှီးမြှုပ်နှံခဲ့ရတဲ့ နှလုံးသားဈာပန…။ အမိန့်တော်မပြန်ခင် သုဿန်တစပြင် ကန့်လန့်ကာ ဇာခန်းဆီးကို အသာလှန် အမှာတွေလည်း မချန်လိုတော့…။ ရင်ခုန်သံ တစ်စွန်းတစ်စ သံယောဇဉ်မှာ နစ်မွန်းခဲ့ရသည်နောက် (သခင်မ ခြေရာဖျောက်…) ကိုယ်ရံတော် နေရာပျောက်လို့ (စိတ်ဝိဉာဉ် ရေရှာသောက်) အဲဒီ… […]
