မမ အမြဲပြုံးပါ မမ အမြဲပြုံးပါ မမပြုံးနေရင် အပြစ်ကင်းပြီး အရမ်းချစ်စရာကောင်းတာမို့ မမ အမြဲပြုံးပါ မမ သီချင်းဆိုချင်တဲ့စိတ်ပေါ်တဲ့အခါ ညီမလေးနဲ့ အတူတူသွားဆိုပါ သီချင်းဆိုရင်း မမကျမယ့်မျက်ရည်တွကို သုတ်ပေးခွင့်ရတဲ့သူ ညီမလေးဖြစ်ချင်လို့ပါ မမ စိတ်အရမ်းတိုပြီး ပေါက်ကွဲချင်တဲ့အခါ ညီမလေးကိုအော်ပါ မမရဲ့စိတ်ထွက်ပေါက်တံခါးတစ်ခုအဖြစ် ညီမလေးရှိနေချင်လို့ပါ မမ ညီမလေးနဲ့ အတူတူ အပြင်ကိုသွားပါ လမ်းပေါ်မှာတွေ့သမျှလူတိုင်းကို စာနာကူညီရိုင်းပင်းတတ်တဲ့ မမရဲ့စိတ်ဓာတ်လေးတွေကို ညီမလေးလေ့လာသင်ယူချင်လို့ပါ မမ ညီမလေး မလိမ္မာတာများရှိရင် ညီမအရင်းသဖွယ် ပြောဆိုဆုံးမပါ မမလို ထူးချွန်ထက်မြက်တဲ့ မိန်းကလေးမျိုး ညီမလေးလည်ဖြစ်ချင်လို့ပါ မမ အိမ်ကထမင်းချိုင့်ထည့်ပေးတဲ့ဟင်းကိုကြိုက်တဲ့အခါ ဂျီကျပါ။ ဟင်းမကောင်းရင် ကလေးလေးလိုပဲ စိတ်ညစ်နေတတ်တဲ့ မမကို ညီမလေး ချော့မော့ချင်လို့ပါ။ မမရယ် … လောကဓံဆိုတာ […]