ချစ်သူသို့ တမ်းချင်း (အရိုးခံတေးထပ်)

koyinApril 6, 20131min08

ချစ်သူသို့ တမ်းချင်း (အရိုးခံတေးထပ်)

ချစ်သူကို လွမ်းလှမို့၊
တမ်းတလို့ ညလယ်၊
မှန်းဆလို့ ရှလွယ်တယ်၊
လကြယ်ရယ် ရှောင်ပုန်း၊
နှောင်ထုံးဖွဲ့ ဖြေသူမယ်၊
နွေပူတယ် သန်းခေါင်လျနုံး။

ခန်းဆောင်ဝ ကန့်လန့်ကာ၊
လန့်ဖြန့်ကာ ယူဖုံး၊
ပျံ့နှံ့လာ ဆူတုန်းမို့၊
ပူလုံးဆို့ ရင်မှာ၊
မြင်ချင်လာ မှန်းဆွေးရ၊
လှမ်းဝေးည လွမ်းတေးဆိုကာ။

ဖြေသာဘူး မောင့်သက်လျာ၊
ဖြောင့်ချက်ရှာ တွေဝေတုန်း၊
နွေသေအုံး ဆုပန်လို့ပျော်၊
ခုပြန်ဖို့ မျှော်၊
အမှန်မို့ ဝှန်ဆို့သော်မှ၊
ထံသို့ရော် နွမ်းရိလှလေး…။ ။

တောက ကိုရင်
၀၃.၀၄.၂၀၁၃

8 comments

  • ဟက်လူ ..

    “ဝှန်ဆို့သော်မှ ….”
    အိုက်ဒါ ဘာကြောဒါဒုံးဂျ ..
    နားလည်းဝူးးရယ် ..
    အိုက်ဒါလေး ချင်ပြအုံးဂျ .. နော့ …

    Reply

  • Mr. MarGa

    April 6, 2013 at 12:37 pm

    ဝိုးဟိုး…………မိုက်ဒလယ်
    အပေါ်ကပြောတဲ့ ဝှန်ဆို့သော်မှ ကို သိသလိုပြောရရင်
    ရှင်းပြပါလို့ အဟီး……………..

    Reply

    • ဗုံ ဗုံ

      April 6, 2013 at 2:37 pm

      ိကိုရင့်ကဗျာတွေ စာအုပ်ထုတ်ရင်ကောင်းမယ်ကွယ် တစ်ကယ်ကောင်းတယ်
      ဟို အပေါ်က နှစ်ကောင် အဲ အဲ နှစ်ယောက်ဂ အိုက်ဒါလေးတောင် သိဘူးလား ငါတောင်သိသေး မပြောချင်လို့ ဟင်းဟင်းး :harr:

      Reply

  • အရိပ်စစ်

    April 6, 2013 at 6:13 pm

    တိရင် ပြောလေ
    ငါ လည်း တိချင်တာ

    Reply

  • koyin

    April 7, 2013 at 7:45 am

    ဗျာဝှန် ဆိုတာ အပူ သောက
    အပူလုံးဆို့ ရင်ဆို့ လို့ ယူလို့ရပါတယ် 🙂

    Reply

    • Mr. MarGa

      April 7, 2013 at 8:28 am

      အော်…………..ပေါက်ပြီ ကိုရင်ရေ
      ဟိုဟာလေ
      နှောင့်ဆွေးငယ်ဗျာဝှန် လွန့်ထက်လွန်ကို ဆိုတာ ဖတ်ဖူးသဗျ
      ဦးယာရဲ့ တပေါင်းညှာကျင်ထဲမှာလား ဒါမှမဟုတ် ဦးကျင်ဥရဲ့ ဌာနီပြည်ကြီးက ဝေးသနှင့်မှာလား မသိဘူး
      (မမှန်ရင်တော့ ခွင့်လွှတ် ဟီဟိ)

      Reply

      • koyin

        April 7, 2013 at 10:44 am

        မြိုင်ယံချောင် – ဦးကြင်ဥ

        အော်-တကိုယ်ဆွေးဘွယ်၊ မြောင်ခင်တန်းနှင့်၊ တောင်ကမ်းကွယ်၊ လမ်းဘယ်ဝယ်ရှိ၊ နယ်ရှစ်ခွင်လုံး၊ တိမ်မင်တုံး၊ မိုးလုံးအိလို့၊ အို-သိတတ်ပြီ၊ မြိုင်ခြေအုပ်က၊ ရွှေဘုတ်ကယ်အီသည်၊ ဌာနီပြည်ကြီးကလည်း ဝေးသနှင့်။ ငုံကင်းငယ်ပန်းမန်၊ ရွက်ရင့်လျှောလို့၊ ရွက်ကြောငယ်လှန်သည်၊ တောင်ပြန်လေညင်းကလည်းေ သွေးသနှင့်။ သူရကန်စက်၊ ဖန်ဂယက်လဲ၊ လယ်ချက်ဗဟို၊ ယုဂန်စွန်းက၊ ထိမ်ကွန်းငယ်ခိုသည်၊ ချိန်ညိုနေမင်းကလဲ ဧသနှင့်။ နောင့်ဆွေးငယ်ဗျာဝှန်၊ လွန့်ထက်လွန်ကို၊ တသွန်ကူလှောက်၊ ဘယ်ဖြေဆည်ဖျောက်နိုင်လိမ့်။

        တောမျောက်က ကြိုးခွေ။ စိမ့်ကြီးမြိုင်ချောင်မှာ၊ ရွှေဖိုးခေါင် သံချိုညောင်း၊ ဒေါင်းကအိုးဝေ။ တောင်တံပြက်၊ ကျောက်စက်ကျစမ်းရေ၊ တွေတွေစိမ့်ကြည်ဧ။ အိုနောင့်တဲဟာမို့၊ ရွှေသဲမှာ ကြွေကြွေဆူလှတယ်၊ နန်းသူကြောင့်လေး။

        Reply

  • myat pearl phyu

    February 4, 2014 at 10:23 pm

    အော်…ကိုရင်လည်း ဂဇက်ထဲမှာ ရှိသကိုး…

    Reply

Leave a Reply

Your email address will not be published.