မြတ်သောစခန်း

ကာရံMarch 5, 20131min01

 ဇရာအိုမင်း

ငြိုးနွမ်းသည့်ခံ ခံနိုင်သည့်အား

ကျရှုံးသည့်အချိန် သွားရမည့်လမ်း

ပြုခဲ့သည့်ကံ ကိုယ်ပြန်ခံချိန်

ရောက်လှနီးနီး စိတ်နှလုံးသွင်းမှ

ဘုရား တရား မြတ်သံဃာတို့

ရင်မှာကိုင်ဆွဲ ကြိုးစားအားထုပ်

လုံ့လပြုသည် နေဝင်ချိန်တန်

လျှောက်လှန်းနိုင်ရေး

ကြိုမျှော်တွေးရင်း အစဉ်ရှေးရှု

ကြိုးစားမှုသည် အပယ်တံခါး

မပိတ်တိုင်သော် နောင်သံသရာ

လွတ်မြောက်နိုင်ရေး ငါကြိုတွေးသည်

စာနာစိတ်လေး ပေးလှည့်တော့ မြတ်သောစခန်းတိုင်အောင်တည်း

One comment

  • အလင်းဆက်

    March 5, 2013 at 8:58 pm

    ဖတ်သွားဒယ်ဟေ ့။
    အချစ်အကြောင်းချည်းပဲ..မဟုတ်
    ဒီလို.. ကဗျာမျိုုးလည်း..ရေးတော့ပိုကောင်းတာပေါ့ ။
    ပျောက်ပျောက်မသွားနဲ ့
    မတာမလေး
    🙂

    Reply

Leave a Reply

Your email address will not be published.