ဒေဝီ…သို့

ဒေဝီ.. သို့

ဒေဝီရေ…
အဆွေးပိုလျှင် တမင်လွမ်းမှာမို­့
အဝေးကိုနှင် သခင်လှမ်းထွက်ခွာသလား
ကျွမ်းချက်နာ ဖြေမရနိုင်ဘူး
နွမ်းလျက်သာ ဖြေမရမှိုင်ရူးလိ­ု့
နွေဘဝ ယိုင်မူးလဲမတဲ့…
စူးရဲတဲ့ အကြည့်တစ်ချက်အောက်မှာလေ
အသိခက်လောက်စရာ အငြိုးတွေကိုဖြင­့်
ကြိုးရှည်ရှည်လှန်ထားကာ မွေးမြူ
ကံထားရာ ဆေးကူလို့လည်း ဆူးကတော့ အဆိပ်ကို မဖြေနိုင်
အတိတ်ကို တွေမှိုင်လွမ်းငေးကာ ကျွမ်းနာကျရင်း
စိတ်အို ခွေယိုင်နွမ်းဆွေးရာ အလွမ်းကမ္ဘာကကျဉ်းလို့
ဝမ်းနာက ရင်းသထက် ပိုပိုရင်းလာ
(အတင်းဖြတ်နေပါသော်လည်း)
တင်းသထက် ပိုပိုတင်းလာသည့် သံယောဇဉ်ကြိုး
ပြန်မပြောချင် ပိုးစိုးပက်စက် အထိနာလို့
မျိုးတိုးမျက်တက်အသိမှာ မချိပါလေ (၂၄) နာရီ
အသက်ပေးရည်ရွယ်ကာ စိတ်ကူးလို့ထားသမျှ
လီဆယ်ကာ အဆိပ်လူးလို့ အားမရတဲ့
ထားနှမ သက်လျာဒေဝီ…
အမျက်ရှာ ပွေလီလို့ တမင်ထွက်ပြေး
ချစ်လိုလျက်နဲ့ဝေးရသည့်ကိုယ်မှာရတက်မအေးလို့
တွက်ရေးမှာတော့လေ စက်သူဌေးဖြစ်ခဲ့ပါလျက်
လက်နှေးလို့ ချစ်ခဲ့တာထက် ဂုဏ်ဒြပ်နောက်ကိုသာ
ယုံမှတ်လောက်စရာအလင်္ကာတွေနဲ့ ထားရစ်ခဲ့ပြီပေ့ါ
မသင်္ကာလေတဲ့ ဒေဝီရေ..
အမှားခြစ်တဲ့ ဒီဘဝတော့ဖြင့်ကွယ်
တအားချစ်ခဲ့လေသမျှအတွက်
ဖြေမရတဲ့ နွေဘဝ အမျက်ဆူ ရတက်ပူလောင် ကျွမ်းလို့သာ….။။

တောက ကိုရင်
၁၁.၀၉.၂၀၁၂

3 comments

Leave a Reply

Your email address will not be published.