မြန်မာပြည်တွင် ဘဘဂျီးဦးသိန်းစိန် ကျေးဇူးဖြင့် နိုင်ငံရေးရာသီဥတု ပွင့်လင်းလာရာ အမေရိကန်နိုင်ငံရောက် ဦးခိုင် ပါတီထောင်ရန် အလျင်အမြန် အိမ်ပြန်သည်။ သဂျီးကား လူလည်ပန်ကာ၊ ပါတီကို ရိုးရိုးသားသား အစမှ မထောင်လို၊ လူသိများပြီးသား အမည်ကို အသုံးချလိုသည်။ အန်အယ်လ်ဒီခမောက်လည်း သူများ ယူသွားပြီ၊ ခွပ်ဒေါင်းမှာလည်း ပွစာကြဲနေပြီ၊ ၈၈နာမည်လည်း မသုံးရဲ..ဤသို့ဖြင့် စဉ်းစားရင်း မည်သူမှ မတို့မထိရဲသော မြန်မာ့သမိုင်းဝင် ဗမာပြည်ကူမြူနစ်ပါတီအား ပုံတူရိုက် အသုံးချ လေတော့သည်။ ရှေးဦးစွာ မြန်မာ့နိုင်ငံရေး သုခမိန် ဦးကြောင်ကြီးအား ပါတီထောင်ရန် စည်းရုံးပြီး ရွေးကောက်ပွဲကော်မရှင်တွင် ဗမာပြည်ကြောင်ပါတီ (ဗကပ) Burmese Cat Party (BCP) တည်ထောင်ခွင့် လျောက်ထားလိုက်သည်။ ကော်မရှင်မှာ အစတွင် အင်တင်တင် ဖြစ်သော်လည်း ကြောင်များဆူပူ သောင်းကျန်းကြမည် […]
