မြင်မြင်ရာတီး စပ်ဖြီးဖြီး Chairmanဦးကြောင်ကြီး

ပြည်သူ့လွှတ်တော်တွင် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်ရေးကော်မတီ အသစ်ဖွဲ့ပြီး ဒေါ်စုအား ဦးဆောင်စေရာ လွှတ်တော်အမတ် ဦးကြောင်ကြီးမှ မကျေနပ်ကြောင်း လွှတ်တော်ငှက်ကထ ငါမရ ဥငွေငန်းအိမ်နား ညတိုင်း အော်ဟစ်ဆူပူ ဆန္ဒပြသဖြင့် လှုပ်လှုပ်ရွရွ မြင်မြင်သမျှ အကုန်ဖမ်းကော်မတီ ထပ်မံဖွဲ့စည်း ပေးလိုက်ရသည်။ သူနှင့်တွဲဖက်လုပ်လိုသူ ရှာမရ၍ ကော်မတီတွင် ဦးကြောင်ကြီးတဦးတည်းသာ ဥက္ကဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင် ထိန်းချုပ်သူမဲ့ အာဏာရှင်အစစ် ဖြစ်နေပေတော့သည်။ ကော်မတီဥက္ကဌသစ် ဦးကြောင်ကြီးမှလည်း ငှက်ကထ ဥငွေငန်းနှင့် ဒုငှက်ကထ ဥနံနံပင်ကြော်စားတို့အား အဖိုးအနဂ္ဂထိုက်သော ကြောင်ကတိုးချီးတုံး ဆယ်ပိဿာစီ ကျေးဇူးသိတုံ့ပြန်သည်။
ထို့နောက်တွင်ကား ကော်မတီအသစ်လုပ်ငန်း စတင်ရာ လွှတ်တော်ခန်းမထဲ ဒူးနန့်သူ၊ ခါးကြောဆန့်သူ၊ ခေါင်းအငြိမ်မနေသူ၊ ခြေလက်ငြိမ်ငြိမ် မထားနိုင်သူမှန်သမျှ ဒုက္ခနှင့်လှလှ တွေ့လေသည်။ ပထမနေ့တွင်ပင် ကြောင်အကုတ်၊ အကိုက်ခံရသူ လွှတ်တော်အမတ် တရာကျော် နေပြည်တော်ဆေးရုံကြီးသို့ ရောက်ကုန်သည်။ ဒေါ်စုပင်လျင် အရေးကြီးကိစ္စ လွှတ်တော်ပြင်ပ ဆွေးနွေးစရာ ရှိသည်ဆိုကာ အမြန်ထွက်ပြေးရသည်။ စစ်ဗိုလ်များလည်းမလွတ်၊ ၎င်းတို့က စစ်တိုက်လို့မသေ ကြောင်ကိုက်၍ သေဖွယ်ရှိကြောင်း ကာကွယ်ရေး ဦးဇီးချုပ်ထံ တစိတ်တအိတ်လုပ် ပုံကြီးချဲ့တိုင်တန်းသဖြင့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ညတွင်းချင်း ကျင်းပကာ ကြောင်ကြီးအမြီး တခါလှုပ်တိုင်း ဒဏ်ငွေ တရာတပ်ရန် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ထုတ်ပြန်လိုက်လေသည်။
ဦးကြောင်ကြီး နောက်တနေ့မနက် မြင်မြင်သမျှ ကုတ်ဖဲ့ရန် အစွယ်တဖွားဖွား လက်သည်းတချွန်ချွန်ဖြင့် ဟန်ရေးပြစဉ် ရုတ်တရက် ဂုတ်မှဆွဲကာ လုံခြုံရေးရုံးခန်းသို့ ဆွဲခေါ်သွားခြင်းခံရသည်။ ထို့နောက်တွင်ကား အမြီးလှုပ်တိုင်း ဒဏ်အတပ်ခံရသည်မှာ ညနေရုံးဆင်းချိန်တွင် ရသမျှလခ အကုန်ပြောင်လေသည်။ ထိုကြမှ အပေးအယူ အလျှော့အတင်း နိုင်ငံရေးလုပ်ရကောင်းမှန်း သဘောပေါက်နားလည် နေတတ်ထိုင်တတ် ရှိသွားသည်။

ရိုးသားကြိုးစား ခိုးစား၍ နိုင်ငံတည်

“ကန့်ကွက်ပါတယ်၊ ငှက်ကထဂျီးခင်ဗျား၊ ပုသိမ်အမတ်မင်း တင်ပြတဲ့ နိုင်ငံဒေါ်လူဂျီးများ ဥစ္စာဓနပိုင်ဆိုင်မှု ထုတ်ဖော်မှတ်တမ်းတင်ရေးဆိုတာ အခြေခံဥပဒေရဲ့ အလယ်အလတ်အခန်း အဆင့်မြင့်စာပိုဒ် ထိပ်တန်းပုဒ်မ ဖိုးတွမ်တီးနဲ့ မကိုက်ညီပါဘူး။” ဦးကြောင်ကြီး ကန့်ကွက်လိုက်သည်။ ဥပဒေကြမ်းအဆိုတွင် နိုင်ငံဒေါ်အဆင့် လူဂျီးများအား ရည်ညွှန်းထားသော်လည်း လိုလိုမယ်မယ် ကြိုကန်ထားခြင်းဖြစ်သည်။ သူ့ထံတွင် လွှတ်တော် စားဖိုချောင်မှ ခိုးထားသော ငါးကြော်ဆယ်ကောင်၊ နေပြည်ဒေါ်တိရစာ္ဆန်ရုံမှ ဖမ်းယူထားသော ငှက်ဆယ်ကောင် ရှိနေသည် မဟုတ်ပါလော။ မွန်ပြည်နယ် ကြွက်တွင်းသောက်လွှတ်တော်အမတ် ဂျော်နီအောင်ပုကမူ အဆိုကို အားပေးသည်။ သူ့တွင် ပိုင်ဆိုင်မှုမရှိ၊ အရက်ဆိုင်အကြွေးသာ ရှိသောကြောင့် ပစ္စည်းမဲ့ လူတန်းစားအမြင်ဖြင့် လက်သီးလက်မောင်းတန်း ထောက်ခံသည်။ အခြေအတင် လေပန်းစကားဖောကြပြီးနောက် မဲခွဲဆုံးဖြတ်ရာ အဆိုရှုံးနိမ့်သွားသည်။ ဦးကြောင်ကြီးအမည်ကား အစိုးရအဖွဲ့ဝင် လူဂျီးများပါးစပ်ဖျား တဖွဖွ ရေပန်းစား နေပေတော့သည်။
ဤကား တိုင်းပြုပြည်ပြု ဥပဒေပြု နိုင်ငံရေးသမား သီရိငှက်ပျံချီ ဦးကြောင်ကြီး၏ လွှတ်တော်တွင်း လက်ရုံးရည် နှလုံးရည်တိုက်ပွဲ အစပေတည်း..။ 😎

13 comments

  • P chogyi

    August 10, 2012 at 9:52 am

    ဦးကြောင်းကြီးပိုင်ဆိုင်သော စားဖိုဆောင်မှ ငါးကြော် ၁ဝ ကောင်နှင့်
    တရိဆန်ရုံမှဖမ်းထားသော ငှက် ၁ဝ ကောင်တွင်
    ငါးကြော်များကပြသနာမရှိပါ။ ငှက်များက အရှင်ဖြစ်နေလျှင်
    ငှက်သားပေါက်ပြီး ပိုင်ဆိုင်မှုတိုးပွားလာပါက
    ပြသနာရှိပါသည်။

    Reply

  • ဆူး

    August 10, 2012 at 10:02 am

    ကြောင်ကြီး ခိုးစားပုံက သွားမကောင်းရင် ဘုတ် ကနည်း ပြုတ်ကျပြီး အထိ နာနိုင်တယ်။ အဲဒါကြီး ကိုက်ထားတော့ မြင့်လို့ မြင့်မှန်း မသိ ဖြစ်နေပါကောလား.. အခု တွင်းတာဝါ အပေါ်မှာ ဟိုဘက် တိုက်နဲ့ ဒီဘက် တိုက် ၂လုံးကြားမှာ ကြိုးတန်း လှန်းတဲ့ ငါးခြောက်ပြားတွေကွဲ့..

    Reply

    • pooch

      August 10, 2012 at 10:38 am

      အခုလေးတင် ဦးကြောင်ကို လူနာတင်ယာဉ်နဲ့ ထမ်းထုတ်သွားတာ တွေ့လိုက်တယ်။ တကိုယ်လုံးလည်း စိစိညက်ညက်ကြေလို့
      ပတ်တီးအဖွေးသားနဲ့ အမြီးတောင် မလှုပ်နိုင်တော့ဘူး :mrgreen:

      Reply

      • aye.kk

        August 10, 2012 at 11:09 am

        ပုချ်ရေ..
        အမြီးနန် ့လိုက်လို ့နဲ ့တူတယ်နော်….။။

        Reply

  • aye.kk

    August 10, 2012 at 10:16 am

    ကြောင်ကြီး..
    မြီးပြ..
    လန် ့ထ…
    ကျွတ်ကျ..
    မြင်ရ…
    ရှက်ဗျ..။
    ရှိတာတွေမချပြရဲ…
    ရှက်စရာကသူတို ့ပဲ…
    ဟားရမှာကငါတို ့ဘဲ..ဟဲဟဲ။။

    Reply

  • မောင်ပေ

    August 10, 2012 at 10:36 am

    အရမ်းတော်တဲ့ ဥကြောင်ဖို့
    ဖားကင်တစ်ကောင်နဲ့ လယ်ကြွက်တစ်ကောင်
    သဂျီးဆီက အာလကေရလျှင် ဆုချမည်

    Reply

  • အလင်းဆက်

    August 10, 2012 at 10:51 am

    ရိုးသား.ကြိုးစား…. .. အဟိ … နိုင်ငံတည် ။

    Reply

  • Wow

    August 10, 2012 at 10:56 am

    အူးကြောင်အမြီးတစ်ခါလှုပ်တိုင်းဒဏ်တပ်ခံရတဲ့ ၁၀ဝ ဆိုဒါ ဒေါ်လှလား 😀

    Reply

  • shwe kyi

    August 10, 2012 at 11:05 am

    သီရိငှက်ပျံချီဦးကြောင်ကြီးဆိုတော့ အူးကြောင်ကြီးကိုငှက်ချီသွားတာပေါ့နော်

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 10, 2012 at 12:29 pm

    မူးကြီးမတ်ရာ သေနာပတိတွေအနေနှင့် ကိုယ့်ပိုင်ဆိုင်ရာ ကျွဲတွေ နွားတွေ စာရင်းတင်ပြရမယ်ဆိုတာကို
    သမ္မတကြီးက စပြီး ပြောလို့ လွှတ်တော်ထဲကပုဂ္ဂိုလ်က အဆိုတင်သွင်းဒါဆို!!!!!!!!!!!!!
    ဒီကိစ္စကို လမ်းဖေါ်ပေးတာ နှယ်နှယ်ရရ လုပ်ဆောင်ချက်မဟုတ်ပေဘူး
    ဒီကိစ္စ ယ္ခု မအောင်မြင်နိုင်ရင်တောင် နှောင် ( နောက်/ကျော 😀 ) အတွက်အလွန်ကောင်းတဲ့
    အစပြုခြင်းဘဲ
    ဒီချိန်ကြီးမှာတော့ ဖြစ်ဘို့လွယ်မည်မထင် လခ အသပြာစားဝံဂျီးဒွေဂ
    ဆင်တွေဘာတွေ ဝယ်စီးနေတယ်ဆိုတော့ မျက်နှာပူရှာပေမပေါ့
    သွားမလုပ်နဲ့ သူ့အရှက် အသက်နဲ့လဲနေရင် ပိုရှုပ်ကုန်မယ် ( ကွိကွိ )
    နောက်တစ်ခုက ၈၈ နှစ်ပတ်လည်ကိုလည်း ခြွေးသိပ်တယ်ဆိုပေမယ့်
    အကြပ်အတည်းထဲကနေ ဦးထိပ်ပြောင်လုပ်ချလိုက်ပုံရတယ်
    ကလားတွေကို ကျုပ်တိုူ့ အမျိုးတွေမဟုတ်ပါဘူးပြောချလိုက်တဲ့အပေါ်မှာ သုံးသပ်ရခက်နေသေးလို့
    ( ခုထိ ဘာမစ်ရှင်မှမလွှတ်သေးတာ ရယ် နောင်လာမယ့်ပွဲမှာ သူ့ကျမ္မာရေးကြောင့်နားတော့မယ် )
    ဆိုတော့ကာ
    လှည့်စားမှု့တစ်ခုထက် တစ်ဖြေးဖြေး နေရာပေးလာတဲ့အပေါ်မှာ
    ငယ်ကျိုးငယ်နာ မှု့ခင်းအဟောင်းတွေဖေါ်ထုတ်ပြီး သတ်မယ်ဖြတ်မယ် အရေးယူမယ်ဆိုတာတွေကို
    သိပ်ပြီး မအော်ဂျဘို့ အခြေခံကျကျ တွေးခေါ် ဝင်အော်သွားဘာသှ်။

    Reply

  • marblecommet

    August 10, 2012 at 1:04 pm

    ကြောင် ရှယ်ယာမင်
    ဗြောင် တွယ်စရာပင်
    ညောင် အသံနှင်
    ကြောင် အကြံဆင်
    ချောင် တစ်နေရာတွင်
    စောင် ကွယ်ကာတမင်
    ကြောင်ခြေတော်တင်…..
    ………
    ……

    Reply

  • ahnyartamar

    August 11, 2012 at 10:41 am

    ကြောင်များ ငါးမြင်မနေနိုင်ဘူး၊ အစိုဖြစ်ဖြစ်၊ အခြောက်ဖြစ်ဖြစ် အငန်းမရဘဲ။

    Reply

Leave a Reply

Your email address will not be published.