ကြေးမုံဂျီးအမျိုး Na Li နိုင်ပြီ၊ ဘာကြောင့်လဲဆိုတော့ကာ…

ဂရင်းစလင်းချန်ပီယံ အိုလံပစ်ငွေတံဆိပ်ဆုရှင် ရုရှားသူနုနုထွတ်ထွတ် ရှာရာပိုဗာကြောင်ကြီး နေမကောင်းသဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိသော စင်စင်နာတီအိုးပင်း တင်းနစ်ဗိုလ်လုပွဲတွင် ကြေးမုံဂျီးအမျိုး တရုတ်နိုင်ငံသူ နလီမှ ပြိုင်ဖက် ဂျာမနီနိုင်ငံသူ ကဗာအား 1-6 6-3 6-1 နှစ်ပွဲတပွဲဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။

ရှာရာပိုဗာကြောင်ကြီး ဝင်မပြိုင်လို့ပေါ့ကွာ

တနင်္ဂနွေနေ့က ပြလုပ်သော ဗိုလ်လုပွဲ အနိုင်ရလိုက်ခြင်းကြောင့် ယခုနှစ်အတွင်း သုံးကြိမ်တိုင်တိုင် ဖိုင်နယ်ဗိုလ်လုပွဲ အရေးနိမ့်ခဲ့ရမှုများ အဆုံးသတ်လိုက်နိုင်ပြီ ဖြစ်သည့်အပြင် ယခုလနှောင်းပိုင်း ကျင်းပမည့် အမေရိကန်အိုးပင်း ဂရင်းစလင်န်ပွဲအတွက်လည်း တွန်းအားဖြစ်သည်။ ယမန်နှစ် ပြင်သစ်ဂရင်းစလင်န်အိုးပင်း ချန်ပီယံဖြစ်ပြီးနောက် ပထမဆုံး အနိုင်ရဗိုလ်စွဲခြင်းလည်းဖြစ်သည်။ အာဂျင်တီးနား နည်းပြအသစ် ကားလို့စ်အား ငှားရမ်းလေ့ကျင့်နေသော နလီ(၃ဝနှစ်)သည် စုစုပေါင်း ပြိုင်ပွဲခြောက်ပွဲ အနိုင်ရဗိုလ်စွဲထားသည်။
သားရေကွင်းပစ်ဗိုလ် ကြေးမုံဂျီးအမျိုး တင်းနစ်ချန်ပီယံနလီ

ဂေဇက်ရွာ အားကစားသတင်း ပင်တိုင်ဆောင်းပါးရှင် ဦးကြောင်ကြီး (ပျိုလှန်ခြစ် ပလက်တီနမ်ဆုရှင်)

4 comments

  • YE YINT HLAING

    August 20, 2012 at 9:09 am

    နလီ
    ရပြီ
    မြကြည်
    လှရီ
    အောင်သောင်း ။
    အင် ! ကိုကြောင်ကြီး လို ကာရံ နဲ့ လျှောက်ရေးကြည့်တာ လူနာမည် တွေဖြစ်ကုန်သဗျ !

    Reply

  • marblecommet

    August 20, 2012 at 9:34 am

    အူးကြောင်ရယ်..
    ကျီနားမလေး နလီ ကျဒေါ့
    သားရေးဂွင်း ပစ် ချန်ပီယံတဲ့
    သူ့ မာရီယာဂျီးကျဒေ့ါ ရုရှားသူ
    နုနုထွက်ထွက်တဲ့
    ဟုတ်လောက်လော့ဝူးထင်တယ်နော်…
    အာဟိ…..

    Reply

  • မောင်ပေ

    August 20, 2012 at 10:07 am

    ကြေးမုံနိုင်
    ပြေးဘုံဆိုင်
    ကလေးခုန်ယိုင်
    ဆေးစုံကိုင်
    အေးထုံကြွိုင်

    Reply

Leave a Reply

Your email address will not be published.