ပြည်ထောင်စု ချည်နှောင်ပြု ဒီကောင်အတု Supreme

လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ထောင်စုအဆင့်ရှိတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးကော်မတီ အုတ်ကထခန့်အပ်လိုက်ကြောင်း သတင်းများ ဖတ်ရတယ်။ အပြောကတော့ ဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်ရေး၊ ပြည်ထောင်စုဝံကျီးများအပါအဝင် ပြည်သူ့ကိုယ်စားလှယ်၊ ဝန်ထမ်းများ စည်းကမ်းလိုက်နာရေး လွှတ်တော်ငှက်ကထနဲ့ ပူးတွဲကြပ်မပ် ဆောင်ရွက်မယ်ပေါ့လေ။ ထားပါတော့ အပြောက ရွှေမန်းဖြစ်ဖြစ် ငွေငန်းဖြစ်ဖြစ် ဘာဆိုတာ များမကြာခင် သိရမှာပါ။ မရှင်းတာ အဲဒီပြည်ထောင်စုအဆင့်ဆိုတာ ဘယ်သူက သတ်မှတ်တာလဲ။ သတင်းများမှာတော့ လွှတ်တော်ငှက်ထ အမိန့်နဲ့ အတည်ပြုပုံရတယ်။ လွှတ်တော် နောက်ဆက်တွဲ ကြေငြာချက်မှာ ပြည်ထောင်စုအဆင့် ကော်မတီသတ်မှတ်တယ် ဆိုတာကိုး။ တလောကတင် ဖွဲ့စည်းစည်းပြီးသား ၂၄ခုသော လွှတ်တော်ကော်မတီများသည် ပြည်ထောင်စုအဆင့် တန်းမဝင်ကြောင်း အခြေခံဥပဒေဆိုင်ရာတယားရုံး စီရင်ချက်ရှိတယ်။ အဓိပ္ပါယ်က ပြည်ထောင်စုဝံကျီးများအနေနဲ့ သက်ဆိုင်ရာကော်မတီများရဲ့ စုံစမ်းမေးမြန်းမှုများမှ ကင်းလွတ်ခွင့်ရတယ်။
အခုဒေါ်စုဦးဆောင်တဲ့ ဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်ရေးကော်မတီကို ပြသနာအရှာခံရတဲ့ ပြည်ထောင်စုဝံကျီးတဂေါင်ဂေါင်က အခြေခံဥပဒေနဲ့ မညီဂျောင်း တရားရုံးတက် ကန့်ကွက်ရင် ဘယ်လိုလုပ်မလဲ။ အုပ်ချုပ်ရေး တရားရေးစနစ်ဆိုတာ အချိန်အခါကြည့် လိုတိုးပိုလျှော့လုပ်လို့ရတယ်။ သူတို့မကြည်ဖြူရင် အခြားသောကော်မတီများကိုလည်း အလားတူအဆင့်ပေးရမှာမိုလို့ ဘာညာနဲ့ မူလကျီလုပ်လိမ့်မယ်။ ကန့်လန့်ကာနောက်ကွယ်မှာ အချင်းချင်း အကိုဂျီး ညီမယေး နှုတ်ကတိရှိထားယုံနဲ့ မလုံလောက်ဘူး။ စာနဲ့ပေနဲ့ တရားဝင် ဆုံးဖြတ်ချက်ရှိရမယ်။ ကျနော်သိမှီသလောက် ပြောတာပါ။ ရွာထဲက မျက်စိကြီးနားကြီး လဗျွတ်ကြီးများရှိရင်လည်း ထောက်ပြဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။
အားလုံးထက်ပိုကြီးချင်သောကြောင်အကြီးကြီး 😎

8 comments

  • မောင်ပေ

    August 9, 2012 at 11:41 am

    မျက်စိသေး နားသေး ဟိုဟာပါ အင်းအင်း နေလို ့ မဆွေးနွေးတတ်ကြောင်းရယ်ပါခင်ဗျ

    Reply

  • ko khin kha

    August 9, 2012 at 12:38 pm

    ၂ နှစ်သက်တမ်းကာလအတွင်းမှာ ပြုလိုက်တဲ့ဥပဒေ၊ ဖွဲ့လိုက်တဲ့ ကော်မတီ၊
    လုပ်လိုက်ကြတဲ့ အကောင်အထည်ဖော်မှု့ကတော့——-။(ရေးကောင်းတော့မယ်ဆိုရင် ဒီမီးကပျက်ပြီ၊ UPS အော်နေလို့ ကွန်ပျူတာလေးပိတ်ရတော့မယ်ဗျို့)။နောက်မှ နောက်မှ

    Reply

  • memeseku

    August 9, 2012 at 12:41 pm

    ဦးကြောင် ကြီးလွန်း လို့ မ မနိုင်ပဲနေမယ်…တော် ရုံပေါ့.. 🙂

    Reply

  • kai

    August 9, 2012 at 1:56 pm

    “အများပြည်သူ သဘောတူတဲ့.. ကိစ္စမှန်သမျှ တာဝန်အရ ဥပဒေအဖြစ်ပြုလုပ်ကြ”

    အများပြည်သူဆိုတဲ့အထဲ.. အများပြည်သူက..ရွေးကောက်ထားတဲ့..အမတ်တွေကတာဝန်ယူရမှာပေါ့..
    ဆိုတော့..
    ဒုတိယသမ္မတရွေးဖို့.. သားကနိုင်ငံခြားသားဖြစ်နေလို့.. အခက်အခဲရှိနေစေတဲ့.. ကြောင်တောင်ကန်းဥပဒေကို.. ဖျက်ပစ်ကြ..
    လွှတ်တော်ကော်မတီတွေက.. အစိုးရအဖွဲ့ဝင်တွေ.. ဝန်ကြီးတွေကို.. ဆင့်ခေါ်ကြားနာမေးမြန်းကြ…

    Reply

  • ဖိုးထောင်

    August 9, 2012 at 8:37 pm

    ဦးကြောင်ကြီး အနော်က အကုန်သေးတော့ မဆွေးနွေးတတ်ဘူး
    မျက်စိသေး နားသေးသော်ငြား လဗြွတ်ကြီးတဲ့ ဖရဲသီးဆက်ဆွေးနွေးပေးပါဦး

    Reply

  • marblecommet

    August 10, 2012 at 1:03 am

    အူးကြောင်က ကြီးချင်တာပဲလားဗျို့
    အစကတည်းက အကုန်ကြီးနေတာ
    မဟွတ်ဘူးလား …ဟင်င်…

    Reply

  • maungmoenyo

    August 10, 2012 at 10:37 am

    ဒီကော်မတီက ဒေါ်စုအတွက် ရေခံမြေခံသိပ်ကောင်းလောက်တဲ့ ကော်မတီမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိရခိုင် နဲ့ ကချင်ပြည်နယ်အရေးတွေမှာ အသုံချဘို့ အစိုးရရဲ့ အရေးပေါ်အစီအစဉ်တခုဖြစ်ပါတယ်။ စိ်တ်ချရလောက်တဲ့ သတင်းတွေအရ အီဂျစ်အပါအဝင် middle-east နိုင်ငံတွေ နဲ့ India, Bangladesh နဲ့ Pakistan, Malaysia မှာရှိတဲ့မြန်မာသံရုံးတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက တပ်လှန့်ထားပါတယ်။ သံရုံးပရဝုဏ်ထဲအထိ ဝင်ရောက် အကြမ်းဖက်နိုင်တဲ့ မွတ်စလင်အစွန်းရောက်ဆန္ဒပြသူတွေရဲ့ ရှေ့ပြေးလက္ခဏာတွေတွေ့လာရတယ်လို့ဆိုပါတယ်။ ဒီကိစ္စကို ကိုင်တွယ်နိုင်ဘို့က အစိုးရမှာ credibility မရှိဘူးဖြစ်နေပါတယ်။ စေတနာအမှန်နဲ့အကူအညီတောင်းတာဖြစ်နေသလို၊ သူ့မရဲ့အရည့်အသွေးကို သွေးတိုးစမ်းချင်တဲ့အကြောင်းလဲပါမယ်လို့သုံးသပ်မိပါတယ်။
    သေခြာတာကတော့ အဲ့ဒီကော်မတီရဲ့လုပ်ပိုင်ခွင့် (ဌာနဆိုင်ရာ နဲ့ပြည်ထောင်စုအဆင့်) ပုဂ္ဂိုလ်များကို လောလောဆယ်တော့ သူမကို အကူအညီပေးခွင့် အထူးအခွင့်အရေးတွေပေးထာနိုင်ပေမဲ့၊ ရေရှည်အတွက်တော့မဟုတ်နိုင်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကပြည်ထောင်စုအဆင့်သတ်မှတ်တဲ့ အဖွဲ့အစည်းတွေကို၊ အခြေခံဥပဒေမှာ အမည်တပ်ပြီး ဖေါ်ပြထားတာထင်ရှားပါတယ်။ ဥပမာ- နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးရာကောင်စီ၊ ပြည်သူ့ငွေစာရင်းကော်မီတီ၊ ပြည်ထောင်စုဘဏ္ဍာရေးကော်မရှင် စသည်တို့ဘဲရှိပါတယ်။ လွှတ်တော်ရဲ့ရေးရာကော်မတီများ၊ အထူးဖွဲ့စည်းလိုက်တဲ့ကော်မတီ (၂၄) ရပ်ဟာ ပြည်ထောင်စုအဆင့်ဝင်များမဟုတ်ကြတာမို့ ဒေါ်စုဥိးဆောင်တဲ့ကော်မီတီဟာလဲ ပြည်ထောင်စုအဆင့်မဟုတ်ပါဘူး။ ဝန်ကြီးဝန်ကလေးများကိုခေါ်ယူမေးမြန်းဆက်သွယ်ချက်ကို ပြည်ထောင်စုအဆင့်လို့သတ်မှတ်လို့မရပါဘူး။ နိုင်ငံတော်ရ-သုံခန့်မှန်းခြေငွေစာရင်း နဲ့ ဘတ်ဂျက်ခေါင်းစဉ်များအောက်မှာပြည်ထောင်စုအဖွဲဝင်ဌာန၊အဖွဲ့ကြီးများအဖြစ်သီးခြားခေါင်းစဉ်များအရ (အမြဲတမ်းပုံမှန်)ဘတ်ဂျက်ခွဲဝေခံစားခွင့်ရှိမှသာ ပြည်ထောင်စုအဖွဲဝင် တန်းဝင်၊ စာရင်းဝင်ဖြစ်သွားပါမယ်။

    Reply

Leave a Reply

Your email address will not be published.