ဗကပ ဦးခိုင် BCP

မြန်မာပြည်တွင် ဘဘဂျီးဦးသိန်းစိန် ကျေးဇူးဖြင့် နိုင်ငံရေးရာသီဥတု ပွင့်လင်းလာရာ အမေရိကန်နိုင်ငံရောက် ဦးခိုင် ပါတီထောင်ရန် အလျင်အမြန် အိမ်ပြန်သည်။ သဂျီးကား လူလည်ပန်ကာ၊ ပါတီကို ရိုးရိုးသားသား အစမှ မထောင်လို၊ လူသိများပြီးသား အမည်ကို အသုံးချလိုသည်။ အန်အယ်လ်ဒီခမောက်လည်း သူများ ယူသွားပြီ၊ ခွပ်ဒေါင်းမှာလည်း ပွစာကြဲနေပြီ၊ ၈၈နာမည်လည်း မသုံးရဲ..ဤသို့ဖြင့် စဉ်းစားရင်း မည်သူမှ မတို့မထိရဲသော မြန်မာ့သမိုင်းဝင် ဗမာပြည်ကူမြူနစ်ပါတီအား ပုံတူရိုက် အသုံးချ လေတော့သည်။ ရှေးဦးစွာ မြန်မာ့နိုင်ငံရေး သုခမိန် ဦးကြောင်ကြီးအား ပါတီထောင်ရန် စည်းရုံးပြီး ရွေးကောက်ပွဲကော်မရှင်တွင် ဗမာပြည်ကြောင်ပါတီ (ဗကပ) Burmese Cat Party (BCP) တည်ထောင်ခွင့် လျောက်ထားလိုက်သည်။ ကော်မရှင်မှာ အစတွင် အင်တင်တင် ဖြစ်သော်လည်း ကြောင်များဆူပူ သောင်းကျန်းကြမည် စိုးသဖြင့် မှတ်ပုံတင်ခွင့် ပြုလိုက်ရသည်။ မားကက်တင်း စကားဖြင့်ပြောသော် ဈေးကွက်ဝင် ဒိတ်ဒိတ်ကြဲ ကုန်ပစ္စည်းတံဆိပ်အား အလကားအချောင် ရလိုက်ခြင်းဖြစ်၏။ ဗမာပြည်ကူမြူနစ်ပါတီ ဗကပ ပြောရေးဆိုခွင့်ရှိသူ ဖိုးသံချောင်းကား အင်တာနက်မှတဆင့် ဆဲဆိုကြိမ်းမောင်းခြင်းမှလွဲ၍ မတတ်နိုင်ရှာပေ။

အမေရိကန်နိုင်ငံတွင် နွားခြံဆောက်၍ ကျွဲများမွေးပြီး ကိုဘေးနွားကင်ဟု လိမ်ညာရောင်းချရင်း ကြီးပွားလာသူ ဦးခိုင်းကား ဗကပ နာမည်သာ ခိုးသည်မဟုတ်၊ အဖွဲ့အလံ အမှတ်တံဆိပ်ကိုလည်း တူ၊သဇင်ဟု မရှင်းမရှင်း အဖွဲ့ကြေငြာချက်တွင် ရေးထားသည်။ ကူမြူနစ်အမှတ်အသား တူနှင့်တံစဉ်ဟု အများက ထင်ကြသော်လည်း အဆိုတော်မင်းသမီးသဇင် တူနှင့်ထမင်းစားနေသည့်ပုံဖြင့် ကြော်ငြာရန် စီစဉ်ထားခြင်းကို ဆိုခြင်းဖြစ်သည်။ သူ့ နာမည်ရင်း မိုဟာမက်ဟူစိန်ခိုင်အားလည်း ဦးသာဂိခိုင်ဟု ပြောင်းလဲထားပြီးပြီ။ ထို့နောက် ဦးကြောင်ကြီးအား နာယကတင်မြောက်၍ သူကမူ ပေါလစ်ဗျူရိုအဖွဲ့ဥက္ကဌလုပ်သည်။ ပါတီဝင်နံပါတ်ကိုလည်း စီနီယာအကျဆုံး ဖြစ်အောင်ယူထားပြီး ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း သာပေါင်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် အကွက်ချသည်။ သူ့နံပါတ်မှာ အမှတ်စဉ်၂ဖြစ်သဖြင့် ဦးခိုင်ဘဝင်လေဟပ်နေသည်။ ဦးကြောင်ကြီးကလည်း အကြံနှင့်၊ ပါတီဝင်အမှတ်စဉ်ကို သမားရိုးကျ ၁ ၂ ၃ စသဖြင့် မသွားဘဲ ၁၊ ၁.၁ ၁.၂ စသဖြင့် သတ်မှတ်ထားရာ ၁နှင့်၂ ကြားတွင်း နံပါတ်ရေ မဆုံးနိုင်အောင် ရှိလေသည်။ အချောင်သမားဦးခိုင် လူပါးပုလင်း ထိခြင်းတည်း..။

ရက်အနည်းငယ်ကြာမှ ကြေးမုံဂျီး ပြာတိပြာယာဖြင့် ပါတီလျောက်လွှာတင်သည်။ ဦးကြောင်ကြီးရှင့် သမီးကို ကြိုက်တဲ့နေရာပေးပါ၊ ပါတီအတွက် အလုပ် လုပ်ပါရစေ။ “အေးဒါဆိုရင် သူ့ကို ငါ့ရဲ့ အိပ်ဖန်စောင့်ရာထူး ပေးလိုက်ကွာ၊ ညည ငါလည်း တယောက်ထဲအိပ်ရင် သရဲကြောက်တတ်တာနဲ့ အတော်ပဲ။” “အဲဒါတော့ သီးခံပါ နှာယကကြီး သမီး ညဖက်အိပ်ရေးပျက် မရလို့ပါ။” “အဲလိုဆို နေ့ဖက်လုပ်ရတဲ့ အနှိပ်တော်ရာထူး ယူမလား” “ဒါလည်း မလုပ်ပါရစေနဲ့ရှင့်၊ သမီး အရိုးအဆစ်နာတတ်လို့ပါ။” “နေ့ခင်း နေလည်ဖက် ငါ အိပ်မငိုက်အောင် သတိပေးရတဲ့ ကိုယ်လှုပ်တော်ရာထူးရော..” “ အင်…အလုပ်က မဆိုးပေမဲ့ နာမည်ကြီးက ကြောက်စရာကြီး.” ဤသို့ဖြင့် ပါတီနှာယက ဦးကြောင်နှင့် ကြေးမုံဂျီးတို့ အချေအကျ ပြောဆိုကြရင်း နောက်ဆုံးတွင် ကြေးမုံဂျီး ပါတီစည်းကမ်း ထိန်းသိမ်းရေး ဌာနကြီးမှူး ဖြစ်သွားသည်။ ထိုနေ့မှစ၍ ပါတီရုံးခန်းတွင် ကြိမ်လုံးသံ တရွှမ်းရွှမ်း ကြားရသည်မှာ လမ်းသွားလမ်းလာအပေါင်းအဖို့ မူကြိုခလေးထိန်းကျောင်းနှင့် အမှတ်မှားလေသည်။ ပါတီဝင် အချင်းချင်း ပြောဆိုဆက်ဆံရာတွင် စည်းကမ်းအရ ရဲဘော်ဟု သုံးရသည်၊ စာဖြင့်ဆက်သွယ်လျင် စာအဆုံး၌ အလေးနီဖြင့်ဟု လက်မှတ်ထိုးရသည်။ ဤသည်ကို စောင့်ကြည့်ရသူကား ပါတီတပ်နီရဲမေ ကြေးမုံဂျီးဖြစ်သည်။ အဦးဆုံး အရေးယူခံရသူကား ပါတီဝင်သစ် စီတုံးဖြစ်သည်။ အစီရင်ခံစာတခု ရေးသားရာတွင် စာအောက်ခြေ၌ အလေးနီဖြင့်အစား အလေးပန်းရောင်ဖြင့်ဟု ပြောင်းလဲသည့်အတွက် ပုလွေမှုတ်ခွင့် တလပိတ်ခြင်း ခံရသည်။ (ပါတီအနေဖြင့် ကိုယ်ထိလက်ရောက် ပြစ်ဒဏ်ပေးခြင်း တားမြစ်ထားသည့်အလျောက် စီတုံး ဝါသနာပါသော တီးမှုတ်ခြင်း အနုပညာအား အစားထိုး ကန့်သတ်ခြင်း ဖြစ်သည်။ ဤကား စကားချပ်) :mrgreen:

သဂျီးဘာလုပ်သနည်း ဘာမှမလုပ်၊ ဥက္ကဌဆိုသောနာမည်နှင့် စားပွဲကြီးပေါ်မှ ဖိုင်တွဲများအား ပေါလစ်ရောင် တလက်လက် တောက်နေသော ဘီရိုထဲသို့ထည့်လိုက် သွင်းလိုက်ဖြင့် ပါတီဝင်အပေါင်းအား ခိုင်းစားသည်၊ ပါတီဝင်ကြေးများဖြင့် ညကလပ်တက် ဘီယာစုပ်သည်။ လယ်မြေ အသိမ်းခံရ၍ လာရောက်တိုင်ကြားသူများ ထံမှ လျောက်လွှာကြေးတောင်းသည်။ တောသူတောင်သားများမှာလည်း ဗဟုသုတနဲရကား သဂျီးပြောသမျှ ယုံကြည်အားကိုးကြသည်မှာ ပေါလစ်ဘီရို ဥက္ကဌဂျီး တဂျီးဂျီးဖြင့် ပြောမဆုံးနိုင်အောင် ရှိကြသည်။ နှာယက ဦးကြောင်ကြီးမှာ ဘာမှမသိ၊ ပါတီစည်းရုံးရေးကိစ္စဖြင့် ပုသိမ်ချောင်းသာတွင် ပါတီဝင်ရဲမေ ပုရှ်၊ မိုးစက်တို့နှင့် အတူ ကြိုးစားပမ်းစား ကမ်းခြေ ရေလှိုင်းတံပိုးများအကြား ထမင်းမေ့ဟင်းမေ့ နဖူးတိုက်ဒူးတိုက်ဖြင့် လှည့် မကြည့်နိုင်အားပေ။ နောက်ဆုံး မဖုံးနိုင်မဖိနိုင် အများဝိုင်းဝန်း လက်မှတ်ထိုး တိုင်ကြားတော့မှ ခုံရုံးဖွဲ့စစ်ရသည့် အဖြစ်ရောက်တော့သည်။

နှာယက ဦးကြောင်ကြီးကား ပြတ်သည်။ ဗူးလျင်ဗူး မဗူးလျင် မူးသည်။ ထွေထွေထူးထူး စဉ်းစားမနေ..တထိုင်ထဲ ဆုံးဖြတ်ချက်ချသည်။ “သဂျီးကို ကားစင်လိုက်ကွာ” တချက်လွှတ် အမိန့်၊ အယူခံပိုင်ခွင့် မရှိပေ။ “မလုပ်ပါနဲ့ဗျာ သနားသဖြင့် ခွင့်လွှတ်ပေးပါ၊ ကျနော် နောင်တရပါပြီ။” ဦးကြောင်ကြီးကား နားမဝင်ပေ၊ စီရင်ချက် ချပြီးနောက် ရှမ်းပြည်အင်းလေး ခရီး ထွက်သွားပြန်သည်။ ဒီတခေါက်တော့ ခရစ်စတယ်လိုင်း၊ ရွှေအိနှင့် ရွှေကြည်တို့အား လက်ထပ်သင်ကြားရန် ခေါ်သွားရာ မိုးစက်နှင့်ပုရှ်တို့ကား ဆူပူသောင်းကျန်း ကျန်ခဲ့သည်။ အချစ်ဆိုသည်မှာ ပူလောက်လှပေသည်။ ပါတီရဲမေများကို မျက်နှာလိုက် ခွဲခြားဆက်ဆံသည် မဖြစ်ရလေအောင် ကြေးမုံဂျီးအား ရခိုင်ပြည်နယ်စပ် မောင်တောမြို့သို့ တဦးတည်း စေလွှတ်လိုက်သည်။ ပါတီသာအမိ ပါတီသာအဖ ပါတီစီမံရာ နာခံရမည်သာတည်း..။
သဂျီးဦးခိုင် ကားစင်ပေါ်သို့ တက်ရလေပြီ၊ မည်သူမျှ မသနားကြချေ။ ဂျိမ်း..သံတံခါးကြီးဖွင့်သံ ဖြစ်သည်၊ ဦးခိုင် မျက်လုံးပြာကာ ခြေမခိုင်တော့သဖြင့် အစောင့် တွဲခေါ်ရသည်။ နွားများအား သတ်ဖြတ်၍ တံစို့တွင် မီးရဲရဲကင် စားခဲ့သည်မှာ နောင်ဘဝမဆိုင်း ဝဋ်လည်ချေပြီ။ စင်ပေါ်ရောက်လျင် ရတနာသုံးပါးအား ပြစ်မှားခဲ့သည်များကို ခွင့်လွှတ်ပါရန် လက်အုပ်ချီမည်အပြုတွင် လံကွတ်တီသာသာ ဝတ်ဆင်ထားသော မော်ဒယ်မလေးများအား မော်တော်ကား အကောင်းစားများနှင့်အတူ ဘွားကနဲ မြင်တွေ့လိုက်ရတော့သည်။ စိုင်ကော်၍ ခြုံပေါ်ရောက်၊ သူ့အား ပါတီနှာယက ဦးကြောင်ကြီးမှ ကားအရောင်းပြပွဲ စင်မြင့်ပေါ်သို့ တင်ပေးလိုက်ခြင်းကို ကားစင်တင် သေဒဏ်ပေးခြင်းနှင့် အမှတ်မှားရခြင်း ဖြစ်လေသည်။ ဤတွင်မှ သဂျီးဦးခိုင်ခမျာ တဟဲဟဲနှင့် သွားကြီးဖြဲလျက် ပါးစပ်နားရွက် တက်ချိတ်သည်။ ထို့နောက် မော်ဒယ်လ်များနှင့် ကားတစင်းစီပေါ်တွင် စည်းရုံးရေးလုပ်ငန်းများ ကိုယ်ဖိရင်ဖိ ဆောင်ရွက်သည်မှာ ပြထားသော ဖိုးဝှီးဒရိုက်ဗ် ခရီးကြမ်းစီးကားကြီး သွက်သွက်လှုပ်ခါသည်အထိ ပင်ဖြစ်သည်။ ကားထဲမှ ကိစ္စပြီး၍ ထွက်လာတိုင်း “ငါမအိုသေး ငါမအိုသေး” ဟု လက်သီး လက်မောင်းတန်း ကြွေးကျော်သည်၊ ပြီးလျင် ဆာဒူးကြီးကပေ၏ ဆေးညွှန်းအတိုင်း ဖီးကြမ်းငှက်ပျောသီး တလုံးနှင့် အေဘီစီ စတောက် ဘီယာတလုံး မော့ကာ နောက်ကားတစင်း ထဲသို့ဝင်သည်။ ထိုသို့ ကားတစီးပြီး တစီး ဝင်လိုက် ထွက်လာလိုက် ကြွေးကျော်လိုက်ဖြင့် နောက်ဆုံးကားမှ ထွက်လာချိန်တွင် သူ့အား အောက်စီဂျင်ပိုက်တပ်၍ ထမ်းစင်ဖြင့်ခေါ်ထုတ် သွားရသည်။ သဂျီးကား မလျော့.. စိတ်ကြီးသည်၊ ပိုက်တန်းလန်ကြီးဖြင့်ပင် “ငါမအိုသေး ငါမအိုသေး” ဟု ကြွေးကျော်လျက် အရေးပေါ်လူနာတင်ကား ခေါ်ဆောင်ရာ လိုက်ပါသွားတော့သည်။

ငါမအိုသေးအော်ရင်း လူနာတင်ကားပေါ် ပါသွားသောဦးခိုင်

23 comments

  • ဦး ကျောက်ခဲ

    September 21, 2012 at 8:44 am

    နှာယက ဦးကြောင်ကြီး

    တော်တော် နောက်တဲ့လူ၊
    ခင်ဗျား ကြောင်ရမ်း ရမ်းသွားတာ၊ သေသွားတဲ့ သခင်စိုး လဲမလွတ်၊ ရွာထဲက သူငယ်မလေး တွေလဲမလွတ်…..

    အလေးနီဖြင့်
    ရဲဘော်ကျောက်
    :harr:

    Reply

    • P chogyi

      September 21, 2012 at 9:30 am

      နှာယကဦးကြောင်ကြီးလို့ခေါ်ရင် ရဲမေကြေးမုံဂျီး ကြိမ်စာမိမယ်
      ရဲဘော်တပ်ခေါ်ပါ
      ဘယ်သူခန့်ခန့်မခန့် ကိုယ်ဘာသာခန့်တဲ့
      နိုင်ငံရေးမှူးရဲဘော် PChogyi

      Reply

  • surmi

    September 21, 2012 at 9:28 am

    သဂျီးတော ့ ကြောင်ကုတ်တာခံရပြန်ပြီ
    ဗကပဆိုက် ဆိုပြီး နောက်တခါ ဟက်တာခံနေရဦးမယ်

    :harr:
    :harr:
    :kwi:
    :gee:
    :buu:

    Reply

  • Mon Kit

    September 21, 2012 at 9:30 am

    ဟား.. ဟား..ဟား…. :harr: :harr: :harr:
    တကယ်ကို အားပါတရ ရယ်ရပါတယ်…
    ဦးကြောင် လက်သံပြောင်ပါပေ့တော်…

    Reply

  • Novy

    September 21, 2012 at 9:51 am

    နှာယက ဦးကြောင်ကြီးအား
    – ဂီယာအထိုးကြမ်းမှု
    – တစ်ယောက်စီးကားပေါ်တွင် နှစ်ယောက်စီမှု
    – ပါတီဝင်ရဲမေလေး / ရဲမေကြီးများအား ထိကပါးရိကပါးပြောမှု




    -(100000000000000000000)
    အမှုပေါင်းများစွာဖြင့်
    မသေမချင်း သာရေကွင်းဖြင့်ပစ်စေအမိန့်ပေးလိုက်သည်

    ပုံ
    ကာချုပ်
    နိုဗွီ

    Reply

    • pooch

      September 21, 2012 at 12:56 pm

      သားရေကွင်းနဲ့ မပစ်ပဲ မသေမချင်း ကလိထိုးခိုင်းလို်က်ပါ ကာချုပ် ။ 👿
      လေးစားပါတယ် ကာချုပ်နို ဟီး :mrgreen:

      Reply

  • Thu Wai

    September 21, 2012 at 9:55 am

    သူကြီးကကြုံးဝါးနေတယ်ဆိုပေမယ့် လက်တစ်ဖက်နဲ့ပဲလှုပ်ရှားနေရတာ အောက်ပိုင်းသေနေတော့လဲ စိတ်သွားတို်င်းကိုယ်မပါအော်သူကြီးဘဝ

    Reply

  • kai

    September 21, 2012 at 9:56 am

    ဟင်..
    လက်ကြီးက..
    အဲ..
    ငါ့လက်ပဲ..
    ဟဲ..ဟဲ..ဟဲ… :kwi:

    Reply

  • manawphyulay

    September 21, 2012 at 9:57 am

    ဟဟ လူနာတင်ကား ပါသွားတာတောင် ကောင်းကောင်းမသွားဘူး။ ကောင်မလေးဘယ်နေရာကို ကိုင်သွားတာလဲ.. ဂယ်ပဲ ပေါက်ပေါက်ရှာရှာ ပြောတတ်တဲ့ဦးကြောင်… 🙂

    Reply

  • Shwe Ei

    September 21, 2012 at 11:07 am

    နှာယကအောင်ကြူးလဲ သဂျီးလမ်းစဉ်မကြာခင်လိုက်ရပါတော့မယ်တဲ့ချင်။
    ပါတီဝင်ရဲမေအပေါင်း ဝမ်းသာတော်မူကြကုန်။
    ရွှီး ဖြောင်း ဖြောင်း ဖြောင်း 😀

    ကြောင်မအိုသေး ကြောင်မအိုသေး@အောင်ကြူးကြွေးကြော်သံ

    Reply

  • ရွှေ ကြည်

    September 21, 2012 at 11:25 am

    ရဲမေရွှေကြည်မှာ သူ့အရီးတော်မြန်မာပြည်ပြန်လာသဖြင့် သွားရောက်ကြိုဆိုရန်သူကြီးမှတာဝန်ပေးအပ်သောကြောင့်
    ရှမ်းပြည်အင်းလေးခရီးစဉ်တွင် နာယကအူးကြောင်ကြီးမှချန်လှပ်ထားခဲ့ရပါကြောင်း အဟီးးးး

    Reply

  • Crystalline

    September 21, 2012 at 12:12 pm

    ဲအဲဒီဦးကြောင်ကြီးကိုတော့လေ ကောင်လုံးကင်ပြီး ဘီယာနဲ့မြည်းလိုက်ရ 😮

    Reply

  • Wow

    September 21, 2012 at 12:13 pm

    အော် အူးကြောင် အူးကြောင်..
    ဒဂျီးကို အနုနည်းနဲ့ သေအောင် ကားစင်တင်ဒါထင်တယ်…. :mrgreen:
    :buu: :marr: :eee:

    Reply

    • Wow

      September 21, 2012 at 12:15 pm

      :harr: :hee:

      Reply

  • kyeemite

    September 21, 2012 at 1:11 pm

    :harr: :harr: :harr:
    ဟား ဟား ဟား ဟား ….
    အလေးပြာဖြင့်…
    ရဲဘော်ကြီးမိုက်။

    Reply

  • mayjuly

    September 21, 2012 at 3:11 pm

    ကားတစီးပြီး တစီး ဝင်လိုက် ထွက်လာလိုက် ကြွေးကျော်လိုက်ဖြင့် သူဂျီး ကြီးပွားနေပုံကို ..
    မနာလိုဖြစ်နေသော ဦးကြောင်ကြီးး ခင်မျာ ဆေးရုံသို့ အတင်းပို့ လိုက်လေတော့သတည်း …
    ဆေးရုံသို့ ပို့သော်ငြားလည်း လူကသာ မစွမ်းပေသိ … ကိုယ်စောင့်နတ်က နှိုးဆော်သောကြောင့် …
    လက်ကလေး ဆော့ မိပါကြောင်းးးး :kwi:

    Reply

  • MaMa

    September 21, 2012 at 5:52 pm

    နာယကတပ်ချုပ်ကြီး ဦးကျောင်..
    ရွေးကောက်ခံတဲ့ မြို့နယ်နာမည်က မှားနေတယ်။
    သာပေါင်းမြို့နယ် မဟုတ်ပဲ ညာစားမြို့နယ်တဲ့။ :harr:

    Reply

  • မောင်ပေ

    September 23, 2012 at 10:14 pm

    ကားစင်ပေါ်ကနေ သဂျီး မိန် ့ကြားခဲ့တဲ့ မိန် ့ခွန်းများကိုလဲ ဆက်လက် ဖော်ပြပေးပါရန်
    ဗုံ
    ဆာဒူးပေ

    Reply

  • aemoshu

    September 24, 2012 at 6:54 pm

    ဦးကြောင်ကြီးပေးတဲ့ အပြစ်ကို ကျေကျေနပ်နပ်ကြီး ခံယူပြီးသောအခါ သဂျီးခမျာ …. လူနာတင်ယာဉ်ပေါ်တွင် အာရုံငါးတွင်တစ်ပါးအပါအဝင်ဖြစ်သော အတွေ့အာရုံကိုခံစားရင်း တရားရှုမှတ်သွားလေသတည်း….

    Reply

  • အလင်းဆက်

    September 27, 2012 at 7:14 pm

    ဒို ့.ဦးကြောင်က တဖြည်းဖြည်.း

    အနောက်..သန် လာပြီနော် 🙂

    Reply

  • ဝရမ်းပြေးဘခက်

    September 27, 2012 at 9:26 pm

    အနော်တို့ ဥဥခိုင်လဲ ဒလိမ့်ကောက်ကွေးကို ဖစ်လို့
    လုပ်ရက်ပါပေ့ ကိုကိုညောင်

    Reply

  • မောင်သုည

    September 28, 2012 at 12:16 am

    အမောင် ကြောင်ကြီး …အကောင်မကြီး…ကြီးသော် အမှီး..တို၏…
    သေးသော်…အမှီး ရှည်၏…ဘာမသိ..ညာမသိ…ငါ ကလိပါ၏…ဟိ…ဟိ..ဟိ..

    Reply

Leave a Reply

Your email address will not be published.