ဆူးDecember 14, 20101min09
ထမင်းစားပြီး အချိုတည်းတတ်သူများ.. နေ့လည်း နေ့ခင်း အပျင်းပြေ အဆာပြေ စားတတ်သူများ အတွက် အရသာ ရှိရှိ သုံးဆောင်နိုင်အောင် တင်ပေးလိုက်ပါတယ်။ သာကူ ၁ဝသား ထန်ညှက် ၁ဝသား နှုန်းနဲ့ ချက်ရမှာပါ။ သာကူ ချက်မဲ့ အိုးထဲကို ရေနွေး အရင်တည်ပါ။ ရေနွေး ပွက်ပွက် ဆူသော အခါ ထန်ညှက် ထည့်တည်ပါ။ ထို့နောက် သာကူစေ့တွေ ထည့်ပြီး မီးအရှိန်လျော့ပြီး တည်ပေးပါ။ တချက်တချက် မွှေပေးလိုက်ပါ။ အိုးမကပ်တတ်ရင်တော့ အကြောင်း မဟုတ်ပေမဲ့.. ရွာကလူတွေကတော့ အိုးကပ်မှာ ကြောက်ရတယ်။ သာကူစေ့တွေ မျက်စိ မပျောက် တပျောက်ခင်မှာ မီးပိတ်ထားလိုက်ပါ။ အပူရှိန်နဲ့ အိုးထဲမှာ တင် သာကူများ ပွသွားပြီး ပြစ်သွားတတ်ပါတယ်။ စားခါနီးမှာတော့ အုန်းသီး […]


ဆူးDecember 14, 20101min03
ရဲယို ငါးပေါင်းထုတ် လုပ်နည်း မသိသူများ လုပ်စားရန် အတွက်သာ ဖြစ်ပါသည်။ ပါဝင်ပစ္စည်းကတော့ သိပါသည်။ အချိုးအစားကတော့ အဆင်ပြေသလို ကြည့်သာထည့်ပါ။ ရဲယို အရွက် အနု ကလေးများ ငါးရံ့ အသားလွာ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်၊ ငရုတ်သီး၊ ငရုတ်ကောင်း၊ ဆား၊ သကြား အုန်းသီး အသား (ကောက်ညှင်းပေါင်း အပေါ်မှာ ဖြူးစားတဲ့ အုန်းသီးခြစ် အဖတ်) လိုအပ်ပါတယ်။ ကြက်သွန်ဖြူ ဂျင်း စပါးလင် ငရုတ်သီး ဆား သကြား ငရုတ်ကောင်းတို့ကို ထောင်းပါ။ ညက်သွားလျှင် ငါးရံ့ အသားလွာ အတုံးကလေးများ ကို နယ်ပြီး ငါးအသားလွာ အဖတ်ကလေးများ ကြားမှာ အုန်းသီး ခြစ် ထားတာကို ငါးအသားလွာ အဖတ် […]


weiweiDecember 14, 20101min08
ကြက်ဥမွှေကြော်ကို အပြားမပျက်ပဲ ကြော်ဖို့ အိုးက အဓိကကျပါတယ်။ မကပ်တဲ့ non stick အိုးဖြစ်ရမယ် .. အိုးအပြားလဲ ဖြစ်ရမယ်။ ပါဝင်သောပစ္စည်းများ – ကြက်ဥ (၃) လုံး – ငရုတ်သီးစိမ်း၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ကြက်သွန်နီ၊ ကြက်သွန်မိတ် (နှစ်သက်ရာ) – ဆား၊ ဆနွင်း၊ ဆီ အနည်းငယ် ချက်ပြုတ်နည်းအဆင့်ဆင့် အိုးထဲကို ဆီအနည်းငယ်ထည့်ပြီး အိုးပူလာသည်အထိ ထားရမယ်။ ကြက်ဥကို ဆား ဆနွင်း (ဆနွင်းမထည့်လဲရသည်) အနည်းငယ်ဖြင့် ခေါက်ထားရမယ်။ ဆီပူလာပါက အိုးထဲကိုလောင်းထဲလိုက်ပြီး အပြားသဏ္ဍာန်ဖြစ်အောင် ပြင်ပေးရပါမည်။ အောက်ခြေအနည်းငယ်ကျက်လာမှ လှီးထားသော ပစ္စည်းများကို ဖြူးလိုက်ရမည်။ ထို့နောက် သတိအနေအထားဖြင့် တစ်ဖက်သို့လှန်လိုက်ရပါမည်။ အဲဒီနောက် ပန်းကန်ထဲ ထည့်လိုက်ရုံပါပဲ … […]


နွယ်ပင်December 14, 20101min013
ကန်စွန်းရွက်ကို ရေစင်စင် ဆေးပြီးစစ်ထားပါ ။ ပြီးရင် ကန်စွန်းရွက်ကို ရေနွေးဖျောပြီး မနွမ်းအောင် ချက်ချင်း ပြန်ဆယ်ပြီး ဇကာနဲ့ စစ်ထားပါ ။ ကြက်သွန်ဖြူ 3 /4 မွှာ ငရုတ်သီးတောင့် (8)တောင့် ( အစပ်ကြိုက်ရင်များများထည့်ပါ ) ၊ ငရုတ်ကောင်း အနည်းငယ် ၊ ထို့နောက်အားလုံးကို လှော်ပြီး ထောင်းပါ ။ ကြက်သွန်ဖြူ ၊ ငရုတ်သီး နှင့် ငရုတ်ကောင်းများ ညက်ခါနီးရင် ငါးပိထောင်းလေးပါ အနည်းငယ် ထည့်ထောင်းပါ ။ (ငါးပိထောင်း အဆင့်သင့်မရှိပါက ငပိစိမ်းစားကို ဖုတ်ပြီးထည့်လျှင်လဲရပါသည် ။) ကန်စွန်းရွက် ၊ ပုဇွန်ခြောက်မှုန့် အနည်းငယ် နှင့် ခုနက ထောင်း ထားတာတွေ၊ အားလုံးကိုရောပြီး နယ်ပါ […]


Ma MaDecember 13, 20101min013
ကြက်သားကို ရေစင်အောင်ဆေးပြီး ဂျင်းနဲ့ ဆားအနည်းငယ်များများ ထည့်နယ်ပြီး ခဏထားပါ။ ရေကိုဆူအောင်တည်ပြီး ကြက်သားထည့်ပြုတ်ပါ။ အနေတော်ရင်ဆယ်ပြီး အသားနွှင်ပါ။ ကြက်သားကို နူးအိနေအောင် မပြုတ်ရပါ။ ဆန်ကိုရေဆေးပြီး ဆူနေသော ကြက်သားပြုတ်ရည်ထဲကို ထည့်ပြုတ်ပါ။ ဆန်ကိုတော့ နူးပြီးပျော့နေသည်ထိပြုတ်ပါ။ တရုတ်လို တုံဆိုင် (မုန်ညှင်းဖြူထုပ်ကို အခြောက်လှမ်းထားတာထင်တယ်။ သံဈေးမှာ ဝယ်လို့ရတယ်။) ကို ပါးပါးလှီးပြီးထည့်ပြုတ်ပါ။ သို့မဟုတ် ပွဲပြင်တော့မှ အပေါ်က ထည့်ဖြူးစားလျှင်လဲရပါတယ်။ အချိုမှုန့်စားလျှင် အနည်းငယ်ထည့်ပါ။ အရသာ အဆင်ပြေအောင် ဆားကို သင့်တော်သလို ထပ်ထည့်ပါ။ ပြီးလျှင် ကြက်သွန်ကြော်နှင့် နှမ်းလှော်တို့ကို သီးခြားစီ မှုန့်အောင်ထောင်းပါ။ ပွဲပြင်လျှင် ကြက်သား။ ကြက်သွန်ကြော်မှုန့်၊ နှမ်းလှော်မှုန့်ဖြူးပြီး နှမ်းဆီမွှေး အနည်းငယ်ဆမ်းပါ။ ကြိုက်တတ်လျှင် တရုတ်နံနံ၊ ကြက်သွန်မြိတ်တို့ကို ထည့်စားနိုင်ပါတယ်။ ဆန်ပြုတ်မသောက်ခင်ဆွေမျိုးစာရင်း အရင်ပြုစုထားဖို့ […]


ဆူးDecember 11, 20101min030
လမ်းထိပ်က အကြော်သည် အကြော်ကြော်နေတဲ့ မြင်ကွင်းကတော့ တကယ်ကို အသည်းယားဖို့ ကောင်းလိုက်တာ.. မန်းကြော် မကြော်ခင် နယ်ပြီးသား အရောင်ဖျော့တော့တော့ကို တရုတ်ငံပြာရည် အနောက် ထည့်လိုက်တယ်။ နယ်လိုက်တယ်.. နယ်ပြီးတော့ ဘေးမှာ ရှိတဲ့ ရေပုံးထဲ လက်နှိုက်ဆေးလိုက်တယ်။ ပြီးတော့.. နောက်တအိုး ပဲကပ်ကြော် ဇွန်းကြီးနဲ့ မွှေကြည့်လိုက်တယ် ပြစ်နေတယ်.. လက်နှစ်ဆေးလိုက်တဲ့ ရေပုံးကြီးထဲက ရေကို ပဲကပ်ကြော် မုန့်နှစ်ရည် ဇွန်းကြီးနဲ့ နှစ်ခပ်ပြီး ပဲကပ်ကြော် အနှစ်ရေထဲ ထည့်လိုက်တယ်။ ပြီးတော့ လက်ကို အနီးအနားမှာ ရှိတဲ့ မဲချိတ်နေတဲ့ အဝတ်နဲ့ သုတ်.. ဟော.. မီးဖို့ မီး ပြင်းအား ချိန်ဖို့.. ထင်းချောင်းတွေ ဆွဲထုတ်.. ပြီးတော့ မီးဖိုထဲထည့်.. ပြီးတော့ ယောင်းမကိုင် ကြော်ရန် […]


weiweiDecember 11, 20101min014
ကျွန်မလဲ ဘာလိုလိုနဲ့ စာဖိုးမှူး ဖြစ်မှန်းမသိဖြစ်နေပါလားနော် …. ဗမာပြည်နဲ့အဝေးမှာ တစ်ယောက်ထဲနေနေရတော့ ဖြစ်သလို အလွယ်လုပ်နည်းလေးတွေကိုပဲ ချက်ပြုတ်ဖြစ်ပါတယ်။ အခုနည်းကတော့ မန္တလေးပဲကြော် အလွယ်ကြော်နည်း … ပါဝင်သောပစ္စည်းများ … ပဲ (ပုံထဲမှာပါတာနဲ့အလားတူတဲ့ပဲဆိုရင်ဖြစ်တယ်၊ နီညိုညိုအရောင်ထွက်တဲ့ပဲ) ကောက်ညှင်းမှုန့် ဂျင်း ဆား ချက်ပြုတ်နည်းအဆင့်ဆင့် ပဲကို နူးအောင် အရင်ပြုတ်ရပါမယ် ။ ကျွန်မကတော့ ပဲကိုရေများများထည့်ပြီး rice cooker နဲ့ ၂ နာရီလောက်ကြာအောင် ပြုတ်လေ့ရှိပါတယ်။ (မီတာခ မပေးရလို့ပါ) ပြုတ်ထားတဲ့ပဲကို ငရုတ်ဆုံထဲထည့်ထောင်းပါတယ်။ ဘလန်ဒါနဲ့ကြိတ်ရင် အရမ်းညက်ပြီး စားမကောင်းမှာစိုးလို့ပါ။ ဂျင်းကိုလဲ သေးသေးလေးတွေဓါးနဲ့နှုတ်နှုတ်စင်းထည့်တယ်၊ ကောက်ညှင်းမှုန့်နဲ့ ဆားနဲနဲထည့်ပြီး စီးစီးပိုင်ပိုင်ဖြစ်တဲ့အထိ နယ်လိုက်ပါတယ်။ ခဏလောက်နေတော့ အိုးထဲကို ဆီများများထည့်ပြီး အကြော်သည်တွေကြော်သလိုပဲ ကြော်လိုက်တယ်။ ဆီဆူတဲ့အချိန်မှာ ဆီထဲကို […]


weiweiDecember 10, 20101min013
လွယ်တာမှ မီးဖိုလဲမလို အိုးလဲ မလိုပါဘူး။ ကြွေပန်းကန် အနေတော်ထဲမှာ ဆီနဲနဲသုတ်ပြီး ကြက်ဥတစ်လုံးထည့်လိုက်တယ် … ဆားနဲနဲထည့်လိုက်တယ် .. ပြီးတော့ မိုက်ခရိုဝေ့ထဲ ထည့်ပြီး ၂ မိနစ်ထားလိုက်ရင် ကြက်ဥကြော်ဖြစ်သွားပါပြီ … မနက်စောစော မနက်စာကို ပေါင်မုန့်ထဲညှပ်စားရာမှာ အလွန်အဆင်ပြေပါတယ် … အိုးမဆေးရဘူး .. အညှော်လဲမခံရပါဘူး ..


ဆူးDecember 10, 20101min014
ယနေ့ ဆန်ပြုတ် အလွယ် ပြုတ်နည်း ကို တင်ပြလိုက်ပါတယ်။ ဆန် နို့ဆီ တဝက်စာကို ရေဆေးပါ။ ရေစစ်ပြီး ဓါတ်သား ကောင်းတဲ့ ဓါတ်ဘူး အပူလုံတဲ့ ဓါတ်ဘူးထဲ ထည့်ပါ။ ထို့နောက် ရေနွေးဆူဆူ ထည့်ပါ။ သေချာ လုံအောင် ပိတ်ပြီး တည ထားလိုက်ပါ။ မနက်လင်းသော် ဓါတ်ဘူးထဲမှာ ဆန်ပြုတ် ကို အိုးထဲထည့်ပြီး ကျိုချက်ပြီး စားသုံးနိုင်သည်။ မီးဖိုနဲ့ တည်ရန် ခက်သော် ဒီတိုင်း စားသုံးနိင်သည်။ မနက်စာ ဆန်ပြုတ် စားချင်သူများ ညမအိပ်ခင် ပြုလုပ်ပြီး အိပ် မနက်လင်းမှ အိုးထဲ ထည့်ပြီး စားလို့ ရပြီး စားလို့ ရပြီ။ ထိုကြောင့် မနက် စောစော ထပြီး ဆန်ကြေအောင် […]


weiweiDecember 9, 20101min09
ဒီနေ့တော့ ဆူးတင်ထားတဲ့ ငါးတွေကို စားချင်စိတ်ပေါက်တာနဲ့ ငါးဟင်းချက်စားပါတယ်။ ငါးကို အရင်ကထဲက သိပ်မကြိုက်လို့ ထမင်းစားပြီးရင် အချိုထပ်စားရအောင်လဲ တစ်ခါထဲ စီစဉ်ထားလိုက်ပါတယ်။ ကြက်ဥ စတော်ဘယ်ရီ နွားနို့နဲ့ အလွယ်ဆုံး ပူတင်းလုပ်ပါတယ်။ ပါဝင်သောပစ္စည်းများ -ပုံတွင်ပြထားသည့်အတိုင်း ပြူလုပ်ပုံအဆင့်ဆင့် ပါဝင်မည့်ပစ္စည်းအားလုံးကို ဘလန်ဒါထဲထည့်ပြီး မွှေလိုက်ပါတယ် … ထို့နောက်ကြွေဇလုံအနေတော်တစ်ခုထဲ လောင်းထည့်လိုက်ပါတယ် .. ထို့နောက် အဲဒီကြွေဇလုံထည့်ပြီး အဖုံးဖုံးနိုင်တဲ့ အိုးတစ်လုံးထဲကိုရေထည့်ပြီး  အဖုံးဖုံးပြီး မီးအနေတော်ဖြင့် ၃ဝ မိနစ် ပစ်ထားလိုက်ပါတယ်။ မိနစ် ၃ဝ ပြည့်သွားတော့ သွားယူပြီး စားလိုက်ရုံပါပဲ … အခုအချိန်က ဆောင်းရာသီဆိုတော့ အေးအောင် မစောင့်ပဲ ဒီအတိုင်းပဲ ခပ်စားလိုက်ပါတယ် … မွှေးမွှေးချိုချိုအီအီနဲ့ စားလို့ကောင်းပါတယ် … အလွန်လွယ်ကူပြီး အာဟာရပြည့်ဝသော အစားအစာတစ်ခုဖြစ်ပါတယ် […]


cobraDecember 9, 20101min04
ပြင်ပဆေးဆိုင်များတွင် အရက်ဖြတ်ဆေးကို နားမလည်ဘဲ ဝယ်သောက်ပြီး အရက်သောက်ပါက ဆေးတွင်ပါဝင်သော ပါရယ်ဒီဟိုက် (Paraldehyde) ဓာတ်သည် အရက်နှင့်မတည့်သောကြောင့် ၅ မိနစ်အတွင်း သေနိုင်ကြောင်း ဦးနှောက်နှင့်စိတ်ပိုင်းဆိုင်ရာ ဆရာဝန်ဒေါက်တာဇေယျာမင်းက ပြောသည်။ ခန္ဓာကိုယ်အတွင်းသို့ ပါရယ် ဒီဟိုက်ဓာတ်များရှိနေချိန်တွင် အရက်နှင့်ထိတွေ့ပါက ရင်တုန်လာကာ အသက်ရှူကျပ်လာခြင်း၊ ခေါင်းများကွဲ ထွက်မတတ်ကိုက်ခြင်းနှင့် သွေးပေါင် အပြည့် ကျခြင်းတို့ြ့ဖစ်ကာ အချိန်အနည်းငယ်အတွင်း သေဆုံးမည်ဖြစ်ကြောင်း သိရသည်။ ”တချို့အိမ်ထောင်သည်တွေ ရှိတယ်။ ယောက်ျားမသိအောင် အရက်ဖြတ်ဆေးကို ဆေးဆိုင်မှာ မေးဝယ်ပြီးတော့ အစားအသောက်ထဲ ထည့်ကျွေးတယ်။ ယောက်ျားက မသိဘူး။ အရက်သောက်ချိန် ရောက်တော့ သွားသောက်တယ်။ အရက်နဲ့ဆေး တွေ့တော့ သေရော။ လမ်းဘေးမှာ သေသွားတာတွေရှိတယ်” ဟု အထက်ပါ ဆရာဝန်က ဆိုသည်။ အရက်ကိုစွဲလမ်းစွာသောက် သူများအနေဖြင့် အရက်ဖြတ်မည် […]


weiweiDecember 8, 20101min012
ကြက်ဥချက်နည်း ပဒေသာကျမ်းကြီး ဓါးပြတွေနောက်ပါသွားပြီးကထဲက စိတ်နာနာနဲ့ အသစ်ပြန်လည်မပြုစုဖြစ်ပါဘူး။ တစ်ခါတစ်လေတော့ အသက်ဆက်ထားခဲ့တဲ့ ကျေးဇူးရှင် ကြက်ဥကို အမှတ်တရ ပြန်လည်ချက်စားပါတယ်။ မနေ့ကချက်စားတာကို မှတ်တမ်းတင်ထားရင်း ကြက်ဥချက်နည်း ပဒေသာကျမ်းကို ပြန်လည်စတင်ပြုစုပြီဖြစ်ပါကြောင်း အကြောင်းကြားအပ်ပါသည်။ ပါဝင်သောပစ္စည်းများ …. ကြက်ဥ (၄) လုံး ကြက်သွန်နီ ခပ်သေးသေးတစ်လုံး (သို့) ခပ်ကြီးကြီးတစ်ခြမ်း ကြက်သွန်ဖြူအနဲငယ် ခရမ်းချဉ်သီး ခပ်လတ်လတ် ၂ လုံး ငရုတ်သီးစိမ်းနဲ့ နံနံပင် အလိုရှိသလောက် ဆား .. ငရုတ်သီးအစိမ်းမှုန့် .. ငံပြာရည် .. ချက်ပြုတ်နည်း ဒယ်အိုးထဲ ဆီလိုသလောက်ထည့်ပြီး ကြက်သွန်ဖြူနီထောင်းတာကိုထည့်ပြီး မွှေးလာသည်အထိ ဆီသတ်ပါ။ ထို့နောက် ငရုတ်သီးအစိမ်းမှုန့် အနဲငယ်ထည့်ပါ။ ထို့နောက် ခရမ်းချဉ်သီးနဲ့ ငံပြာရည် ဆား ထည့်ပြီး ခရမ်းချဉ်သီးများကြေလာသည်အထိ […]