ကြက်ဥ စတော်ဘယ်ရီ Putin

weiweiDecember 9, 20101min09

ဒီနေ့တော့ ဆူးတင်ထားတဲ့ ငါးတွေကို စားချင်စိတ်ပေါက်တာနဲ့ ငါးဟင်းချက်စားပါတယ်။ ငါးကို အရင်ကထဲက သိပ်မကြိုက်လို့ ထမင်းစားပြီးရင် အချိုထပ်စားရအောင်လဲ တစ်ခါထဲ စီစဉ်ထားလိုက်ပါတယ်။ ကြက်ဥ စတော်ဘယ်ရီ နွားနို့နဲ့ အလွယ်ဆုံး ပူတင်းလုပ်ပါတယ်။

ပါဝင်သောပစ္စည်းများ

-ပုံတွင်ပြထားသည့်အတိုင်း

ပြူလုပ်ပုံအဆင့်ဆင့်

ပါဝင်မည့်ပစ္စည်းအားလုံးကို ဘလန်ဒါထဲထည့်ပြီး မွှေလိုက်ပါတယ် … ထို့နောက်ကြွေဇလုံအနေတော်တစ်ခုထဲ လောင်းထည့်လိုက်ပါတယ် .. ထို့နောက် အဲဒီကြွေဇလုံထည့်ပြီး အဖုံးဖုံးနိုင်တဲ့ အိုးတစ်လုံးထဲကိုရေထည့်ပြီး  အဖုံးဖုံးပြီး မီးအနေတော်ဖြင့် ၃ဝ မိနစ် ပစ်ထားလိုက်ပါတယ်။

မိနစ် ၃ဝ ပြည့်သွားတော့ သွားယူပြီး စားလိုက်ရုံပါပဲ … အခုအချိန်က ဆောင်းရာသီဆိုတော့ အေးအောင် မစောင့်ပဲ ဒီအတိုင်းပဲ ခပ်စားလိုက်ပါတယ် …

မွှေးမွှေးချိုချိုအီအီနဲ့ စားလို့ကောင်းပါတယ် … အလွန်လွယ်ကူပြီး အာဟာရပြည့်ဝသော အစားအစာတစ်ခုဖြစ်ပါတယ် ..

ပြသနာကတော့ စတော်ဘယ်ရီကြောင့်ထွက်တဲ့ရေတွေကြောင့် ပူတင်းက မာမနေဘဲ အထဲမှာ အရည်ကြည်တွေထွက်နေပါတယ်။ အရသာကောင်းပေမယ့် ခပ်လိုက်ရင်တော့ မလှဘူးဖြစ်နေပါတယ် …

ဒီ့ထက်ကောင်းတဲ့ နည်းလမ်းလေးများရှိရင် အကြံပေးပါအုန်း …

ကြက်ဥနဲ့နွားနို့ကိုတော့ မကြာခဏပူတင်းလုပ်စားလေ့ရှိပါတယ် … အရည်မထွက်ပါဘူး …

တစ်ခါတစ်လေ ငှက်ပျောသီးထည့်ပြီးလဲ လုပ်ပါတယ် … အရည်မထွက်ပဲ အဆင်ပြေပါတယ် …

** ရှိတဲ့ပစ္စည်းတွေနဲ့ ဖြစ်သလို အလွယ်ဆုံးပြုလုပ်ခြင်း ဖြစ်ပါသည်**

9 comments

  • True Faith

    December 9, 2010 at 2:35 pm

    ဘလန်ဒါမရှိဘူးဗျ။ အဲဒီအစား ဘာနဲ့လုပ်ရမလဲ။ ပါဝင်သည့် ပစ္စည်းများက ပုံတွင်ပြထားသည့်အတိုင်းဆိုတော့ ပုံကို ကြည့်တာ စတော်ဘယ်ရီ၊ ကြက်ဥ၊ နွားနို့အနည်းငယ်နဲ့ ဟိုဘက်က တရုတ်စာတန်းနဲ့ ဗူးက ဘာဗူးတုန်း မဝေဝေရဲ့။ မိန်းမကို ချက်ကျွေးရအောင်လို့ သေချာမေးထားမှ။

    Reply

  • weiwei

    December 9, 2010 at 2:59 pm

    ပုံထဲမှာပါတာက ကြက်ဥ ၃ လုံး .. စတော်ဘယ်ရီ ၁ဝ သားခန့် .. ပန်းကန်ထဲက သကြား .. ဗူးကတော့ နွားနို့ဗူး 250 ml ဖြစ်ပါတယ် ..
    ဘလန်ဒါမရှိလဲ ကြေအောင် ခပ်နာနာလေးခေါက်လိုက်ရင် ဖြစ်ပါတယ် …

    Reply

  • bigcat

    December 10, 2010 at 1:37 am

    စတော်ဘယ်ရီကို ထည့်မကြိတ်ခင် အရည်ညှစ်ပစ်လိုက်လေ။

    Reply

  • nwl

    December 10, 2010 at 3:30 am

    အစ်မ တစ်ယောက်တစ်ခါပြောဘူးတာကတော့ ပူတင်းကို မာပြီး အရည်မထွက်စေချင်ရင် ဘီစကွတ်မုန့် (2) ချပ်လောက်ရောပြီးထည့်မွှေ ရတယ်တဲ့ ။ တစ်ခါမှတော့ ထည့်မလုပ်ဘူးဘူး …. မဝေ နောက်တစ်ခါလုပ်ရင် စမ်းကြည့်ပါလား ..ဟီး .. အဆင်ပြေရင်ပြန်ပြောလေနော် …

    Reply

  • weiwei

    December 10, 2010 at 5:04 am

    ဘီစကစ်ချေထည့်ရင် မာတယ် .. လုပ်ဖူးပါတယ် .. ဒါပေမယ့် စားတဲ့အခါ အရသာကို မကြိုက်လို့ မထည့်ဖြစ်ဘူး …

    Reply

  • etone

    December 10, 2010 at 6:45 am

    အရင်ကတော့ ပျင်းရင် ကြက်ဥပူတင်းလုပ်စားတယ် ။ အခုနောက်တစ်မျိုး လုပ်စားလို့ရပြီ ။ ကျေးဇူးပဲ မဝေရေ ။

    Reply

  • ဆူး

    December 10, 2010 at 11:00 am

    ဈေးထဲမှာ ရောင်းတန်း ပူတင်းကတော့.. လွယ်လွယ်ကူကူ ပေါင်မုန့် ဘီစကွတ် ရေနဲ့ ချေလိုက်.. ကြက်ဥ သင့်သလိုထည့် နို့နဲ့ ရော သကြားထည့်ပြီး ကြို ပြီးရင် မီးဖိုမှာ ဖုတ်လိုက်.. ကွက်တိဘဲ.. မာမာလေးနဲ့ စားကောင်းတယ် မြန်မာနည်းကတော့ အပေါ်မီး အောက်မီးပေါ့.. ဘိုလို နည်းကတော့ micro wave ထည့်ပြီး ဖုတ်လိုက်.. ကောင်းမှကောင်း

    Reply

  • weiwei

    December 10, 2010 at 11:04 am

    ဝေဝေ့နည်းကတော့ အလွယ်ဆုံးပေါ့နော် …. ဖုတ်စရာမလိုဘူးလေ .. ရေနဲ့ ပြုတ်လိုက်ရုံပဲ … 🙂

    Reply

  • ဆူး

    December 10, 2010 at 1:06 pm

    နောက် ထပ် မုန့် လုပ်နည်း တွေ အားကြီးဘဲ သိတယ်.. ပါးစပ်နဲ့တော့ ကောင်းကောင်း လုပ်တတ်တယ်.. မုန့်လုပ်တဲ့ ပတ်ဝန်းကျင်မှာ အကြာကြီးနေဘူးလို့.. အဟမ်း.. စားချင်တာ ပြောကြနော်.. သိတာ ရှိရင် ဆရာလုပ်ပေးမယ်`

    Reply

Leave a Reply

Your email address will not be published.