လျှာလည်သွားမယ့် ကန်စွန်းရွက်သုပ် ။

နွယ်ပင်December 14, 20101min013

ကန်စွန်းရွက်ကို ရေစင်စင် ဆေးပြီးစစ်ထားပါ ။ ပြီးရင် ကန်စွန်းရွက်ကို ရေနွေးဖျောပြီး မနွမ်းအောင် ချက်ချင်း ပြန်ဆယ်ပြီး ဇကာနဲ့ စစ်ထားပါ ။ ကြက်သွန်ဖြူ 3 /4 မွှာ ငရုတ်သီးတောင့် (8)တောင့် ( အစပ်ကြိုက်ရင်များများထည့်ပါ ) ၊ ငရုတ်ကောင်း အနည်းငယ် ၊ ထို့နောက်အားလုံးကို လှော်ပြီး ထောင်းပါ ။ ကြက်သွန်ဖြူ ၊ ငရုတ်သီး နှင့် ငရုတ်ကောင်းများ ညက်ခါနီးရင် ငါးပိထောင်းလေးပါ အနည်းငယ် ထည့်ထောင်းပါ ။ (ငါးပိထောင်း အဆင့်သင့်မရှိပါက ငပိစိမ်းစားကို ဖုတ်ပြီးထည့်လျှင်လဲရပါသည် ။) ကန်စွန်းရွက် ၊ ပုဇွန်ခြောက်မှုန့် အနည်းငယ် နှင့် ခုနက ထောင်း ထားတာတွေ၊ အားလုံးကိုရောပြီး နယ်ပါ ။ ပြီးလျှင် သံပုရာသီးတစ်လုံး ညှစ်ထည့်ပါ ။ ထို့နောက် ဆားနဲ့ အချိုမှုန့် အနည်းငယ် ထည့်ပြီး သုပ်လိုက်ရင်တော့ လျှာလည်သွားလောက်အောင်ကို ကောင်းစေမယ့် ကန်စွန်းရွက်သုပ် စပ်စပ်လေး ရပါပြီ ။

မှတ်ချက် ။ ။ ကန်စွန်းရွက်သုပ်ပြီးပြီးချင်း အရမ်းစားချင်တာနဲ့ စားလိုက်တာ ဓာတ်ပုံရိုက်ဖို့တောင် သတိမရတော့လို့နော် …… 😉

13 comments

  • weiwei

    December 14, 2010 at 5:34 am

    စေတနာချင်းကွာတာပေါ့လေ … သူများကို ကျွေးချင်တဲ့သူနဲ့ … ကိုယ့်ဟာကိုယ် အရင်စားချင်တဲ့သူ … မတူဘူးလေ … 😛

    Reply

  • နွယ်ပင်

    December 14, 2010 at 5:42 am

    သုပ်သုပ်ချင်းကတော့ ကိုယ့်ဘာကိုယ့်စားဖို့သုပ်တာတော့ မဟုတ်ပါဘူး .မဝေရယ် .. သူငယ်ချင်းတွေလာရင် စားဖို့သုပ်တာပါ .. သုပ်သုပ်ပြီးချင်း သူတို့ကလဲလာ ကိုယ်ကလဲ စားချင်ရက်လက်တို့ကလည်းဖြစ်နေတော့ ….အဟဲ ……. မအောင့်နိုင်ဘူးဖြစ်သွားတာပါ .. နောက်တစ်ခါတော့ သတိထားပါ့မယ် … အခုတစ်ခါတော့ ခွေးလွှတ် ..အဲ မှားလို့ ခွင့်လွှတ်နော် …:P

    Reply

  • etone

    December 14, 2010 at 8:09 am

    သူငယ်ချင်းတစ်ယောက်က တစ်ခါတစ်ခါ သုတ်ကျွေးတယ် ။
    သူလုပ်ပေးတာ စားလို့တော့ကောင်းတယ် ကိုယ်ကတော့ မလုပ်ဖြစ်သေးဘူး … အပျင်းထူနေတာနဲ့ ။

    Reply

  • kai

    December 14, 2010 at 8:34 am

    အတော်ပဲ… ကန်စွန်းရွက်ကို လှည့်ပါတ်ကြော်စားတာတမျိုးထဲနဲ့တော်တော်အီနေတာ…
    သုပ်စားနည်းရတော့ လုပ်ကြည့်ပါဦးမယ်..။

    စကားမစပ်.. ဗဟုသုတအဖြစ်ပါ..။
    အနောက်တိုင်း စားဖိုမှုးချက်ပြုတ်နည်းအရ …
    အရွက်တွေကို မူလအရောင်(အစိမ်းရောင်)လန်းလန်းလေးကျန်အောင် လုပ်နည်းက..
    ရေနွေးဖျောပြီးတာနဲ့ ..ချက်ချင်းဆယ်.. ရေခဲရေထဲ ထည့်စိမ်ရတာပါပဲ..။
    ယူအက်စ်မှာတော့ ဒီအချိန်အေးပြီမို ့… ဘုံဘိုင်ရေဖြန်းချလိုက်ရင်..သစ်သီး၊သစ်ဥ၊သ်ဖု၊ အရွက်ရဲ့ မူလအရောင် မပြောင်းပဲကျန်ပါတယ်..။

    Reply

  • weiwei

    December 14, 2010 at 8:54 am

    နွယ်ပင်မြင်တော့ ဆယ်တန်းတုန်းက နွယ်ပါတဲ့ ကောင်မလေးကို သတိရတယ် ..
    သူ့ကို ကျောင်းသားတွေက ကဗျာစပ်ထားတာက …

    တွယ်ရစ်သောကြောင့် နွယ်ဖြစ်သည် …
    နွယ်ဖြစ်သောကြောင့် အမှန်ချစ်သည် တဲ့ …

    အဲဒါကို မြန်မာစာဆရာမကတွေ့သွားတော့ အောက်ကနေ တစ်ကြောင်း ထပ်စပ်လိုက်တယ် ..

    အမှန်ချစ်သောကြောင့် အပယ်နစ်မည် တဲ့ …. 🙂

    တိုက်ဆိုင်လို့ပါ .. သတိရသွားလို့ ..

    Reply

  • နွယ်ပင်

    December 14, 2010 at 9:46 am

    အယ် မဝေကတော့လုပ်မယ် …ဟိဟိ 🙂 …ဒီကနွယ်ကတော့ သူငယ်ချင်းတွေက ပေးထားတဲ့နာမယ်လေ ရစ်လွန်းလို့တဲ့

    Reply

  • ဆူး

    December 14, 2010 at 12:46 pm

    ကန်စွန်းရွက်ကတော့ မြန်မာ တိုင်းရင်းဆေး အယူ အရကတော့ အဆိပ် အတောက် ကင်းပါတယ်လို့ ကြားဘူးပါ၏။ ထို့ကြောင့် မြန်မာများ မှို နဲ့ ကန်စွန်း ရောကြော်တာပါ။ ကန်စွန်းအာနိသင်မှာတော့ အထက်လှန် အောက်လျော ဖြစ်ရင် ကန်စွန်းရိုးနီ ကို အရေညှစ် ထုထောင်း သောက်ပေးရတယ် ပြောတာဘဲ။ သဘာဝကတော့ တမျိုးစီတော့ ထူးခြားတဲ့ အာနိသင် ရှိကြတာပါဘဲ။ အစာလေးဆေး ဆေးလည်း အစာပေါ့။ အစိမ်းရောင်မပျက်စားတော့ ဗီတာမင် အေ ကြွယ်ဝစွာ စားသုံးနိုင်တာပေါ့။ သတိမေ့နေတာလေး ရသွားတော့ နောက်နေ့ သုတ်စားလိုက်အုန်းမယ်။ နောက်ထပ် တခု ရှိသေးတယ်.. ဟင်းနုနွယ်ကို အဲဒီလို ရေနွေးဖျော်ပြီး သုတ်စားနိုင်ပါတယ်။ ဆူးကတော့ ပဲမှုန့်အနည်းငယ် ထည့်သုတ်တယ် အစိမ့် အရသာ နဲနဲ ပိုတက်အောင်.. အချိုမှုန့် လျော့ချင်တဲ့ သဘောလည်း ပါတာပေါ့။ တယောက် အကြိုက် တမျိုးစီပေါ့.. တခါတလေ သူများတွေ ဘုန်းကြီးကျောင်းကို သုတ်လာလို့ အလကား ဝါးတုန်းက ဆို.. သူတို့က ပဲမှုန့်တွေ အားကြီးထည့်ပြီး ဆနွင်းနံ ထွက်နေလို့.. စိတ်တောင် ပျက်မိတယ်။ အခု ပြောတဲ့ အရသာ ကောင်းမှာပါ။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 14, 2010 at 2:27 pm

    ငပိစ် ကို easily မိးဖုတ်လိုလျှင်တော့ စတီးဇွန်းထဲကို ငပိစ် ကြိုက်သလောက်ထည့်ပြီး
    မီးခြစ်ဖြင့် ဟိထ် လုပ်ပေးလိုက်လျှင် ငပိစ် ဖုတ်ဖြစ်ပါသည်ခည
    (ဘာဖြစ်လို ့လဲဆိုတော့ မြန်မာ့ဇာတိမာန်စစ်စစ် ငပိဖုတ်လို ့ ငါးငပိချက်လို ့ ဘေးခန်းတွေက ရဲနဲ ့ကစ်တာကို ခံခဲ့ရဘူးတဲ့ ဇာတ်ထုပ်တွေ
    ရှိခဲ့ကြဘူးပါတယ် ကျွန်တော်တို ့ဆို တိုက်ရဲ ့အပေါ်ဆုံး ကိုတက်သွားပြီး ဟင်းလင်းပြင်ကြီးရောက်တာနဲ ့
    မရောင်မလည် ဟိုကြည့်ဒီကြည့် အိုက်ဒီလို ငပိဖုတ်စားခဲ့ရတာပါခည
    မှန်တာပြောသစ္စာပါ ရွာမှာ ငပိချည်းဘဲ နေ ့တိုင်းစားရလို ့ နိုင်ငံခြားမှာ ဟင်းကောင်းတယ်ဆိုတာနဲ ့နိုင်ငံခြားရောက်ပြီး ကြာလာ တော့ ငပိကို
    တမ်းတပါတယ် မြိန်ရာဟင်းကောင်းဆိုတာ ပွဲတွေ ့ပါ)

    Reply

  • MaMa

    December 15, 2010 at 1:46 am

    ကြက်သွန်နီဆီချက်လေးများ ထည့်စားလိုက်ရင် ပိုကောင်းမလားလို့။

    Reply

  • bigcat

    December 15, 2010 at 1:51 am

    ကျနော်တို့မြို့မှာ ကန်စွန်းရွက်က ဈေးမပေါဘူး၊ တပေါင်ကို သုံးဒေါ်လာဝန်းကျင်ရှိတယ်။ အရင်းပိုင်း ကန်စွန်းရိုးတွေ ဖယ်လိုက်ရင် မူလဝယ်တုန်းကထက် ပိုနဲသွားပြန်ရော။ ကျနော်ကတော့ မှို၊ ကန်စွန်းရွက်၊ ငရုတ်သီးစိမ်းတွေကို ကြက်သူဖြူနဲ့ ရောကျော်တာကို ကြိုက်တယ်။ ကယ်လီဖိုးနီးယားဖက်ကို ဟိုးအရင်က ရောက်တုန်းကတော့ ကန်စွန်းရွက်တွေပေါတာ သတိပြုမိခဲ့တယ်။ အခုတော့ မသိဘူး။

    Reply

  • pan pan

    December 15, 2010 at 3:08 am

    ရန်ကုန်မှာ များသောအားဖြင့် ကန်စွန်းရွက်သုပ်ကို ယိုးဒယားသင်္ဘောသီးထောင်းရောင်းတဲ့ဆို်င်တွေမှာ ရောင်းတာများတယ်။
    အဲဒီတွေမှာ ရောင်းတဲ့ကန်စွန်းရွက်သုပ်လည်း ခုလိုသုပ်တာနဲ့တူတယ်။
    ခုလိုသုပ်တဲ့ ကန်စွန်းရွက်သုပ်က ဘာနည်းလဲဟင်။

    Reply

  • cherrywine

    December 15, 2010 at 6:28 am

    အဲ့ဒါ ပျဉ်းမနားနည်းထင်တယ် .. (နောက်တာနော်) ပျဉ်းမနားမှာ ကော်ပြန့်ကြော်
    နဲ့ကန်စွန်းရွက်သုပ်တွဲရောင်းနေကြလေ။

    Reply

Leave a Reply

Your email address will not be published.