black chawApril 18, 20123min070
ပြည်သူလူထု ဘက်တော်သား စီးပွားရေးပိတ်ဆို့တာ ဒို့မမှုပါ သယံဇာတတွေ ပေါတဲ့ပြည် အဲဒီမှာ စလွဲတာပဲ ဦးလေးရေ။ သာမန်လူတစ်ယောက်ရဲ့အလွဲဆိုရင် သိတ် မထင်ရှားဘူးပေါ့။ အခုတော့ ဆရာကြီးတစ်ယောက်ရဲ့ သီချင်းဖြစ်ပြီး တိုင်းပြည်ထဲမှာ ရှိသမျှ တီဗီစတေရှင်တွေကနေ နေ့တိုင်းလိုလို လွှင့်ထုတ်ပေးနေခဲ့တော့ကာ တိုင်းသိပြည်သိ အလွဲကြီးကို ဖြစ်နေတော့ တာပေါ့ ကျောင်းဒကာရယ်။ တလွဲမာနလို့ ခေါင်းစဉ်တတ်ပေးရတော့မှာပဲ။ အခုတလော ပြန်ဖွင့်ပေးဖို့ အော်နေပြီဖြစ်တဲ့ Sanction ကို အံတုပြီး မင်းတို့ ပိတ်လည်း ငါတို့က သောက်ဂရုမစိုက်ပါဘူး ကွာ။ သယံဇာတတွေပေါလွန်းလို့… ဆိုပြီး ရေးချလိုက်တာ ကျောင်းဒကာ။ အတည်ပေါက်ကြီးနဲ့ဗျ။ မျက်နှာသနပ်ခါးနဲ့ ပေါင်သေးကြောင်းနဲ့ ဆိုတဲ့ ဇာတ်လမ်းပေါ့ဗျာ။ အဲဒီ သယံဇာတတွေပေါလွန်းတာကပဲ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးကို ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံများ စာရင်းထဲ […]


alinsettApril 18, 20121min011
တော်တော် ပျင်းစရာကောင်းတဲ့ ပန်းချီကား..၊ ရပ်၊ ရပ်။ ယတြာချေပစ်ရမယ်..။ ကျွန်တော်သာ ” အရောင်..”ဆိုရင် သူ့ ကိုမမြင်ရအောင် ” မှောင် “ပစ်လိုက်မယ်.။ စိတ်ဆိုးတယ် ..။ လျှာကို ပတ်တီးစည်းပြိး..စကားလာ မပြောနဲ့ ။ နား ကလစ်လစ် ဖြစ်တယ် ။ ချိန်ခွင်နဲ ့ချိန်စမ်းပါ ။ ထုံးစံအတိုင်း..အားမနာပါးမနာပေါ့ ။ လူမကြီးသေးလို ့ အချိန်မစီးရသေးတဲ့ ယောကျာ်းလေးပါ ။ ဝံပုလွေလို မအူတာပဲ.ရှိတယ် ။ လေးဖက်ထောက်လိုက်ရင် အတော်တူတယ်။ “” ပန်းတွေအားလုံး.စပယ် ဖြစ်လိုက်ပါတော့.””.လို ့ညည်းဖူးတယ် ။ ဘယ်ကလာ..အမေရယ်..ကျွန်တော့်မှာ အဖြူတွေ..ဒေါင်လိုက်ကြီး..။ ကျွန်တော့် ဇာတာရော.ရှိသေးလား။ ကိုယ့်ကိုယ်ကိုယ် အချိုးမပြေကြောင်း.. မနေ ့က သိလိုက်တယ် ။ ကျွန်တော့်ကို […]


ကျွန်တော် မနက်ဖြန်ဆိုရင် ဒီမြိုလေးကနေ အလုပ်ခွင်ဆီကို ပြန်သွားရပါတော့မယ် အင်တာနက်လိုင်းများနဲ့ ဝေးရာ ၊ မန်းဂေးဇက်နဲ့ ဝေးရာကို ကျွန်တော် ရောက်ရပေဦးတော့မယ် ဒါပေမယ့် သိပ်မကြာခင်တော့ ကျွန်တော့် အလုပ်ခွင်ထဲမှာပဲ အင်တာနက် သုံးနိုင်ပါတော့မယ် ကျွန်တော်တို့ company အနေနဲ့ Sky Net တပ်ဖို့ စီစဉ်နေပြီ ဖြစ်ပါသည် အဲဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကျွန်တော်ချစ်တဲ့ မန်းဂေဇက်နဲ့ ကြာရှည်စွာ မခွဲရနိုင်ဟု ထင်မြင်မိပါသည် သို့သော်လဲ ခွဲခွာရမယ့် ခဏတာ အချိန်လေးမှာ အမြဲတမ်း သတိရနေမိပါလိမ့်မယ် ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါး အလွမ်းကဗျာလေးနဲ့ပဲ မန်းဂေဇက်ကို နှုတ်ဆက်လိုက်ပါရစေ ကျွန်တော်ငယ်စဉ်က ကောင်မလေးတစ်ယောက်ကို ချစ်ကြိုက်ခဲ့မိစဉ် ကောင်မလေးက ကျွန်တော့်ကို မကြိုက်ပဲ ကျွန်တော့်ရဲ့ သူငယ်ချင်းကိုမှ ပြန်ကြိုက်တဲ့အတွက် ကျွန်တော်ခံစား ကြေကွဲခဲ့ရတာလေးကို […]


စာမျက်နှာထက်မှာ ခံစားချက် ပေါက်ကွဲကဗျာတစ်ပုဒ် ခင်ဗျား…တောကြိုက်ပဲ ရေးနေတုန်းပဲလား။ ထွင်လော့…ကဗျာ ခုထွင်လော့…ကဗျာ ခုချက်ချင်းထွင်လော့…ကဗျာ ကျွန်တော် အသစ်တွေ မျှော်နေရတာကြာပြီ။ (ဖြစ်+ပျက်)နမိတ်ပုံများ (ရှိ+မဲ့)အသံများ (ပညတ်+ပရမတ်)ပါဒများ (ပျောက်+ထင်ရှား)သင်္ကေတများ (စောင့်ထိန်း+ဖောက်ဖျက်)စည်းဘောင်များ (ရိုး+ဆန်း)စကားလုံးများ (မှန်+မှား)ဝါကျများ (သွင်း+ထုတ်)ပုဒ်ဖြတ်များ တစ်ခုခုတော့ ခင်ဗျား…လှုပ်လိုက်ပါ။ ဤနိုင်ငံ ကဗျာစက်ရုံမှ မွဲပြာပုဆိုးတွေ ရိုးအီနေလို့… ပါကင်လှတဲ့ ကဗျာအသစ်ပဲ မြင်ချင်တယ်။ ။ စေပိုင်ထွဋ်(ပုသိမ်) (လွတ်ထွက်သွားတဲ့ အတွေးတွေမို့ ကဗျာမှာ မာန်ပါသွားနိုင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်) သင်္ချာပုံသေနည်းကို ကဗျာစာသားထည့်ပြီး တချို့ဟာတွေ ထွင်ထားကြောင်း ဝန်ခံအပ်ပါတယ်။


ခါးနံပါတ်(၁) ဗိုလ်ဟန်ခြေလှမ်း ခေတ်ရှေ့ပြေးလွန်းတဲ့ ရှုမငြီးဖွယ် ကဗျာအလှမယ် ခါးနံပါတ်(၂) နန်းဆံထုံးပန်ဆင် ဂန္တဝင်ဒီဇိုင်းပေး ကျက်သရေရှိပါတဲ့ ကဗျာအလှမယ် ခါးနံပါတ်(၃) ပင်ကိုယ်ရုပ်ချော ဘဘာဝပုံရိပ်ဖြင့် လူ့စက္ခု ချူယူမဲ့ ကဗျာအလှမယ် ခါးနံပါတ်(၄) မလုံ့တလုံ ပဟေဋ္ဌိ ဝတ်ရုံခြုံ စိတ်ဗီတာမင် အားဆေး ကဗျာအလှမယ် ခါးနံပါတ်(၅) တိမ်ယံမြူဖမ်း ရွှေတောင်ပံတပ်ဆင် အားမာန်ပေးလျှက် ကဗျာအလှမယ် ခါးနံပါတ်(၆) သံဝေဂချော့တေး တစာစာ သီကျူး နိုင်တင်ဂေးလ် ငှက်ငယ် ကဗျာအလှမယ် ခါးနံပါတ်(၇)၊ (၈)၊ (၉)၊… (၉၉)၊ (၁၀၀)…. အစရှိသဖြင့် ရာသီစာပျိုမေ ကဗျာအလှမယ်များ မြှီးကောင်ပေါက်သဖွယ် လှသွေးကြွယ်တာမို့ ဤကဗျာ ရောင်စုံပန်းတိုင်း ဖူးကြတယ် ဖူးသောပန်းတိုင်းလည်း ပွင့်အာတယ် ပွင့်အာ ပန်းတိုင်းလည်း မွှေးပျံ့တယ် မွှေးပျံ့ပန်းတိုင်းလည်း မနွမ်းလျပါဘူး […]


အချစ်သည် ရေသန့်လို PH-7 ဖြစ်၊ မဖြစ် ထောက်ခံစာ လိုသလား အချစ်ထုထည် ဘယ်လောက်ကြီးမားလဲဆိုတာ တိုင်းဖို့ ပေတံရော ရှိပါရဲ့လား အချစ်မှာ မှတ်ကျောက်နဲ့ စမ်းဖို့ ရွှေသမိုင်းလို့ ထင်မြင် ယူဆသလား အချစ်ရဲ့ သချင်္ာသီအိုရီတွေ ကမ္ဘာပတ်မယ်လို့ တွေးထားသလား အချစ်ဟာ ရုပ်၊ နာမ်နှစ်သွယ် သက်ရောက်မှု ဘယ်အရာက ပိုကဲသလဲ အချစ်ဟာ ခံစားသော အာရုံခြောက်ပါး ဆက်စပ်ခြင်း သက်ဆိုင်တယ် ထင်သာလား မှတ်ချက်။ ။ ဤကဗျာသည် ပုစ္ဆာသဘောနဲ့ လက်တန်းရေးထားသော မေးခွန်းသာဖြစ်သည်။ ။ စေပိုင်ထွဋ်(ပုသိမ်)


naywoon niApril 15, 20121min05
ဒုက္ခတွေ ထမ်းပိုးပြီး ခရီးနှင်နေသူတစ်ယောက် ငါ့အနားက ဖြတ်လျှောက်သွားစဉ်ခဏ သူထမ်းပိုးလာတဲ့ ဒုက္ခတစ်ချို့ ငါ့ရှေ့မှာကျကျန်ရစ်လို့ ငါ့လက်နဲ့ ကောက်ယူပြီး သူ့ကျောပေါ်ပြန်တင်ပေးမိ….။ အဲဒိအချိန်မှာပဲ သူ့ကျောပေါ်ထမ်းပိုးလာတဲ့ အခြားဒုက္ခတွေနဲ့ ထိမိပြီး တစ်ချို့ ထွက်ကျလာပြန်လေရော….. ငါလည်း ကျသမျှ သူ့ကျောပေါ်ပြန်တင်လိုက် ကျောပေါ်က ဒုက္ခတွေ လျောကျလာလိုက်နဲ့ အလုပ်ရှုပ်နေတုန်း ခဏ ရယ်သံဖွဖွ ကြားလိုက်ရတယ်……။ ဒုက္ခတွေ ထမ်းပိုးလာတဲ့သူဆီကပေါ့……… ပြီးတော့သူကဆက်ပြောလိုက်တာက “ အဲသဟာပြောတာပေါ့………. ကိုယ့်ဒုက္ခကိုယ်ရှာတယ်ဆိုတာ မင်းရှေ့ထွက်ကျ ဒုက္ခ……. မမြင်ယောင်ဆောင်ရှောင်ထွက်လို့ရပါလျက်ကယ်နဲ့….” တဲ့ ဟုတ်ပါ့ ငါကလည်းငါ အလုပ်မရှိကြောင်ရေချိုးသလိုသာပ လောကထဲမှာ ဒုက္ခတွေ ရှင်းစေ့ချင်တာနဲ့ သူပြောသလို ပါပဲ “ ကိုယ့်ဒုက္ခကိုယ်ရှာနေသူ…………” နေဝန်းနီ


naywoon niApril 14, 20121min04
အရပ်ကတို့ရေ ကြည့်လည်းလုပ်ကြပါဦး နှစ်ယောက်ထဲတောင်မှ ညီအောင်မကနိုင်ပဲ တစ်တိုင်းပြည်လုံးယိမ်းတိုက်နေလိုက်ကြပုံကို…..။ တစ်ယောက်ကခြေထိုးတဲ့အချိန်မှာ တစ်ယောက်က လက်မြှောက် ဟိုတစ်ယောက်ကခေါင်းငဲ့လိုက်နဲ့ မညီမညာကနေလိုက်ကြပုံများ ပရိဿတ်မှာတစ်ဝါးဝါး တစ်ဟားဟားနဲ့ ပွဲကျနေကြပေါ့…..။ ထိုစဉ်ခဏ သိုရင်းဝတ်ရုံဖို့ရို့ဖားရားနဲ့ ချွေးပြန်တဲ့ နွေခေါင်ခေါင်မှာ ကို့ရို့ကားယား တိုင်းပြည်တည်နေတဲ့ဝန်ကြီးမှာ သနားစရာ…….။ ပရိဿတ်ကတော့ ဒီပွဲ….ရယ်ရတယ်တဲ့… ဒီလိုပဲ မှတ်ချက်ချပြီး အိပ်ရေးပျက်ခံပွဲဆက်ကြည့်နေကြတယ်…။ နေဝန်းနီ


naywoon niApril 14, 20121min02
အစဉ်အလာကို ချိုးဖျက်ဝံ့သူတို့ငဲ့ ငါ့ကိုကူကယ်ဖေးမပါ……။ မြနန္ဒာမပါပဲ သင်္ကြန်မဖြစ်သူတို့ကြားမှာ ငါမွန်းကြပ်လှချည်ရဲ့……။ နေဝန်းနီ


alinsettApril 13, 20121min01
* ငါ့ရှင်တို ့က ဘာလဲ.. ငါက ဘာလဲ.. နာမည်တွေ မြေကြီးပေါ် ပစ်ချပြီး.. လှလှပပ ပြိုင်ရဲပါတယ် ။ တစ်နေ့တော့..တွေ ့ကြမယ် ။ * နှစ် ဖက် သွား..ဓါးတစ်လက်လို.. ပြိုးပြက် ဝင်းဖိတ်.. သူည ဂူမှာလည်း..ငါ..မှေးအိပ်ခဲ့ပြီးပြီ ။ * အိမ်အပြန်လမ်း.. အမေနဲ ့တွေ ့မှ နမ်းမယ့်.. ငြ်ိမ်းချမ်း နှင်းဆီ.. ငါ့ရင် ဘက်မှာ.. သွေးတစ်စက်လို..နီ နေတယ် ။ * ချစ်သူ ကလေးရေ… မြို ့တံခါးကို ဖွင့်.. မီးအ်မ်တို ့နဲ ့အတူကြိုပါ… လရောင်စက်တဝေဝေနဲ ့.. သင့်ရဲ ့နွေရာသီ မြင်းစီး ခရီးသည်.. ဓူဝံ ထက်မြင့်တဲ ့ကြယ်ကို […]


WowApril 12, 20121min012
တစ်ညလုံးမအိပ်လိုက်ရဘူး ဘယ်ဘက်ရင်ဘတ်ပေါ် တိမ်တွေပြိုကျနေလို့လေ။ အသဲပုံသကြားလုံးလေးတွေနဲ့ ကော်ဖီမစ်(စ်)နှစ်ထုပ်ရဲ့ရာဇဝင် ငါဟာ သမိုင်းမကျေခဲ့သူပါ ကလေးရဲ့။ ကိုယ်တစ်သက်လုံး ရင်အုပ်မကွာ စောင့်ရှောက်ပေးချင်မိတဲ့ သစ်ပင်ဟာ မင်းပဲကွဲ့။ ကလေးရေ ဘဝဟာ တစ်ခါတရံ မင်းထင်တာထက်ပိုပြီး ရက်စက်တတ်ပါတယ်။ ရိုးသားချင်ရင်ရိုးသားလိုက်… လူတော်ကြီးဖြစ်ချင်ရင်ဖြစ်လိုက်စမ်း… ဘာလုပ်ရမှန်းမသိရင် ဘာမှမလုပ်နဲ့ပေါ့။ ဒါပေမဲ့ အဖွဲ့အစည်းတွေနဲ့နေကြတဲ့ပတ်ဝန်းကျင်မှာ ပန်းပြားပင်ရဲ့အနုပညာကို မင်းလေ့လာရလိမ့်မယ်။ လေယူရာယိမ်းဖို့ မသင်ကြားချင်နေ မုန်တိုင်းတွေထဲမှာတော့ မင်းအသက်ရှင်ကျန်ရစ်ရမယ်ကွဲ့။ ကျေးဇူးပြုပြီး မနာကျင်လိုက်ပါနဲ့ကလေးရေ မင်းရဲ့ဝမ်းနည်းတဲ့မျက်လုံးတွေကိုကြည့်လိုက်ရင် တစ်ကမ္ဘာလုံးနဲ့ငါ စစ်တိုက်လိုက်ချင်လို့ပါ။ “ပြီးတော့လဲပြီးတာပါပဲ” ဆိုတဲ့ ဟိုစာရေးဆရာကြီးရဲ့စကားလိုပေါ့ တချိန်မှာပြီးခဲ့တာတွေက…အကုန်ပြီးသွားမှာပါ။ နာကျင်ခဲ့ရမှုတွေကိုပြုံးပြီးပြန်ကြည့်နိုင်တဲ့တစ်နေ့ မင်းမတွေ့ဘူးလို့ဘယ်သူပြောသလဲ။ ကလေးရေ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် မင်းမတွေးပါနဲ့ ကမ္ဘာဦးထဲက ဒီနေ့အထိ “အသက်ရှင်ကျန်ရစ်ခြင်း” ကသာ အမှန်တရားကွဲ့။ ကလေးရေ ဘယ်သူရှုံးတယ်၊ ဘယ်သူနိုင်တယ် မင်းမတွေးပါနဲ့ ဘယ်သူမှ […]


htet wayApril 11, 20121min04
  တစ်ယောက်နဲ့တစ်ယောက်                        သူစိမ်းချစ်တွေပဲ                        အသက်ရှုကြပ်နေတဲ့  ရင်အုံပေါ်                       အောက်ဆီဂျင်ကနည်းနည်းလာတဲ့ နေ့ရက်တွေ                       ဝေးကွာခြင်းတစ္ဆေကခြောက်ပြန်တယ်။ နှစ်ယောက်တစ်ဘဝ ဇာတ်လမ်းထဲမှာ                     ချစ်အားကြီးလို့ တခုခုချွတ်ချော်ရင်                     ကြောက်စရာ ကောင်းလောက်အောင် မုန်းတီးကြ                     စိတ်ကိုနားချရတဲ့  တရားလည်း                      အပ်ကြောင်းထပ်နေပြီ။  စီးကရက်တောင် မဖြတ်နိုင်ဘဲ                        အိပ်မက်တွေကို ဘယ်လို  မေ့နိုင်မလဲ                        စွဲလမ်းစိတ်လွန်ကဲရင် တန်ဖိုးမဲ့မယ်။                       ငါတို့တွေ   ရိုးသားခဲ့ကြတယ်                       ငါတို့တွေရဲဝံ့ခဲ့ကြတယ်                         ငါတို့တွေပျော်ရွှင်ခဲ့ကြတယ်                      ငါတို့တွေ…………………..                      တခါက                    လရောင်ပြာရိပ်မှာ အိပ်မက်တူပြိုင်မက်ခဲ့                    ကံကော်လမ်းမှာ […]


နာမ်နှိမ်ခံရတဲ့ ဘဝအတွက် အခြွေအရံတွေ သွေးဆုံးသွားခဲ့သော်… အစစ်အမှန်က အနှစ်ကျန်ရစ်လိမ့်မယ် အလုံးစုံကိစ္စ ဆောင်ရွက်ပြီးစေတဲ့ မိတ်ဆွေစစ်ဆိုသော…အရာ အမာရွတ်သစ္စာမို့ ပိုထင်းတယ်… မတူညီသောမွေးရပ် တူညီသောသွေးသား ကိုယ့်လက်သည်း ဆိတ်ခံရရင် သူ့လက်သည်းနာတယ် ပြောတတ်တဲ့သူ… ကိုယ်ကလည်းဆိုမယ်…. မေတ္တာက နှစ်ဖက်လွှမြှားထိပ် အရှိန်တစ်ခုတည်းမှာ…. လေထုဖြတ်နှုန်း ထပ်တူနဲ့ ပန္နက်ရိုက် ဆုံမှတ်တွေကြား ပစ်မှတ်တွေ နှစ်နားညီတယ်….။ ။ စေပိုင်ထွဋ်(ပုသိမ်)