ကိုယ့်ဒုက္ခကိုယ်ရှာတဲ့သူ

naywoon niApril 15, 20121min05

ဒုက္ခတွေ ထမ်းပိုးပြီး ခရီးနှင်နေသူတစ်ယောက်
ငါ့အနားက ဖြတ်လျှောက်သွားစဉ်ခဏ
သူထမ်းပိုးလာတဲ့ ဒုက္ခတစ်ချို့ ငါ့ရှေ့မှာကျကျန်ရစ်လို့
ငါ့လက်နဲ့ ကောက်ယူပြီး
သူ့ကျောပေါ်ပြန်တင်ပေးမိ….။
အဲဒိအချိန်မှာပဲ
သူ့ကျောပေါ်ထမ်းပိုးလာတဲ့ အခြားဒုက္ခတွေနဲ့ ထိမိပြီး
တစ်ချို့ ထွက်ကျလာပြန်လေရော…..
ငါလည်း ကျသမျှ သူ့ကျောပေါ်ပြန်တင်လိုက်
ကျောပေါ်က ဒုက္ခတွေ လျောကျလာလိုက်နဲ့
အလုပ်ရှုပ်နေတုန်း ခဏ
ရယ်သံဖွဖွ ကြားလိုက်ရတယ်……။
ဒုက္ခတွေ ထမ်းပိုးလာတဲ့သူဆီကပေါ့………
ပြီးတော့သူကဆက်ပြောလိုက်တာက
“ အဲသဟာပြောတာပေါ့……….
ကိုယ့်ဒုက္ခကိုယ်ရှာတယ်ဆိုတာ
မင်းရှေ့ထွက်ကျ
ဒုက္ခ…….
မမြင်ယောင်ဆောင်ရှောင်ထွက်လို့ရပါလျက်ကယ်နဲ့….” တဲ့
ဟုတ်ပါ့
ငါကလည်းငါ
အလုပ်မရှိကြောင်ရေချိုးသလိုသာပ
လောကထဲမှာ ဒုက္ခတွေ ရှင်းစေ့ချင်တာနဲ့
သူပြောသလို ပါပဲ
“ ကိုယ့်ဒုက္ခကိုယ်ရှာနေသူ…………”

နေဝန်းနီ

5 comments

  • htoosan

    April 15, 2012 at 3:26 pm

    ခွီ ခွီ … ဂေဇက် ရွာသူားတွေကိုပြောတာလားဟင်…င်င်င်…. 😀

    Reply

  • ဦးဦးပါလေရာ

    April 15, 2012 at 3:51 pm

    တည့်တည့်ကြီးပါလား ကိုနေဝန်းနီရယ် 😛

    နောက်တာပါ..။
    သဘာဝထဲကအကြောင်းတွေကို ကောက်ကြောင်းဆွဲမှတော့
    သဘာဝကျတာပေါ့…။

    ကဗျာဆရာကြီး နှစ်သစ်မှာ ချမ်းမြေ့ပါစေဗျာ…။

    Reply

  • Gipsy

    April 15, 2012 at 4:06 pm

    ကိုယ့်ဒုက္ခ ဆိုတာ ကိုုယ်ရှာစမြဲ ပေါ့ ကိုနေဝန်းနီရေ …
    မြင်တဲ့ အတိုင်းပဲလေ .. ဂေဇက်မှာ ကြည့်လိုက်ပါ …
    ကိုယ့်ဒုက္ခ ကိုယ်ရှာ နေကြတာ ကျုပ်လဲ အပါဝင်ပဲလေ….။

    Reply

  • ကြောင်ကြီး

    April 17, 2012 at 10:25 am

    ကြောင်ရေချိုးတဲ့
    မောင်ဆွေမျိုး
    ခေါင်ရည်တန်ခိုး
    ယောင်ပေထိုး
    တောင်ရှည်ပုဆိုး
    အောင်စေဖြိုး…။

    Reply

    • ဗိုက်ကလေး

      April 17, 2012 at 12:06 pm

      အူးကြောင်ဂျီး
      ဘာမှပူနဲ ့
      ဘိုနေကြီး အလုပ်မရှိရင် ရေးချိုးပေးလိမ့်မယ်

      Reply

Leave a Reply

Your email address will not be published.