စိတ်ဗလာနဲ့ တစ်ခုခုပေးချင်တာ နည်းနည်းတော့ လွန်များသွားသလား… အရိုးစွဲနေတဲ့ အတွေးအခေါ်အောက် မင်းတွန်သံတွေ ဆူတုန်းပဲလား…. ရုပ်တစ်ခုမှာ စိတ်က ကိုယ်ပွားများတယ် ရင်ကျပ်တာနဲ့ ရင့်ကျက်တာ နည်းနည်းတော့ ခွဲခြားပါ ရတနာကို တန်ဖိုးရှိမှန်းမသိ မျက်ကန်းတစ်ယောက် သိုက်ပုံပေါ် ချော်လဲကျတာတောင် ဒဏ်ရာက နာနေတုန်းဆိုပြီး အပြစ်တင်နေတုန်း… ကျွတ်..ပြဿနာ နင်းမကောင်းတုန်း ဆိုက္ကားဘီးပေါက်တယ် အုံးနာက အိတ်စိုက်ရလို့ ညည်းချင်းတွေဆိုတော့… ဆိုက္ကားသမားက ငတ်နေတဲ့ သူကလေး မျက်နှာ မြင်ယောင်မိ ဝူး….လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါရစေ… မိုးစိမ့်စိမ့်အေးတာတောင် ဒီလေက ဆူပွက်သေး ပန်းကုံးစွပ်တဲ့ လက်ရဲ့ငွေကြေးစ သူဆင်းရဲအိမ်၌ တစ်လစာ မိသားစုစရိတ်တဲ့… မသိတော့ဘူးကွာ…မတွေးမိပါစေနဲ့တော့…. ဘာ…အချစ်ကြောင့် အရက်သောက်တယ် ဟုတ်လား.. ဟေ့…လူ အကြောင်းပြချက်ရဲ့ ခေါင်းစဉ်ပုဒ် နည်းနည်းတော့ ပုဒ်ထီး ပုဒ်မ ဆန်လွန်းတယ်… […]


TTNUApril 8, 20123min058
The following poem was published anonymously in one of the early editions. အောက်ပါကဗျာလေးကို အစောပိုင်းစာများထဲမှ အမည်မသိ စာရေးဆရာတစ်ဦးရေးသားထားသည်ကို ထုတ်ဝေခဲ့ပါသည်။ Ref: Peter Dainty (1996): Express Proficiency I drank for happiness and became unhappy. I drank for joy and became miserable. I drank to be outgoing and became self-centred. I drank to be sociable and became argumentative and lonely. […]


အမှောင်ခြင်္သေ့ကြီး ခုပ်အုပ်ထားတဲ့ ဘဝ မိုးမလင်းသေးလည်း သား မငိုဘူး…အမေ (ပစ္စုပ္ပန် တည့်တည့်ရှု အတိတ် စွန့်ပစ် အနာဂတ် လှမ်းမမျှော်နဲ့ အနေတတ်ရင် “လူအ” မမည်ဘူး အသေတတ်ရင် “ငရဲ” မကျဘူး) ဆိုတဲ့ သားကို အမေ ဆုံးမခဲ့တဲ့ စကား နားနဲ့ မှတ်ဉာဏ် ပဋ္ဌာန်းဆက်မိစေတယ်။ လျှောက်နေသရွေ့ အမှောင်မဆုံးသောလမ်း ခရီးတွင်ပါတယ်…အမေ အဲ့ဒီလမ်းမှာ အမေ့ဝိဉာဏ်ပူးကပ် တစ်ခါတရံ ကိုယ်ရောင် လင်းလက်ခဲ့ဖူး ကျေးဇူးတင်ပါတယ်…အမေ တစ်ခဏ ငါးသုံးဖို့ ပေးတာထက် တစ်ဘဝစာ ငါးဖမ်းနည်း သင်ပေးတာကိုပေါ့။ စိတ်ချပါ…အမေ ဖီးနစ်ငှက်တောင် မီးတောထဲက ရှင်သန်ခဲ့သေးတာ ချောက်နက်ထဲ သားကျလည်း ပြန်တက်လာခဲ့မယ် ပန်းပွင့်ဖို့ ရာသီမလိုဘူး ထင်ပါတယ် ။ ။ စေပိုင်ထွဋ်(ပုသိမ်)


ရင်ထဲမှာပဲ ကြိတ်မှိတ် တိတ်တိတ်လေးပဲ ချစ်နေရတာ ဘယ်သူသိနိုင်မှာလဲ…။ သတိရတဲ့ နေ့တွေ သတိရတဲ့ ညတွေမှာ မျက်ဝန်းအိမ်ထဲ မျက်ရည်ခ ဘယ်သူသိကြမှာလဲ…။ နှစ်ယောက်အတူတူထိုင် လက်ကလေးကိုကိုင်ပြီး ကြည့်နူးစရာလေးတွေပြော ရယ်မောခဲ့ကြတာ အိပ်မက်သာမဟုတ်ရင် သိပ်ကောင်းမှာပဲနော်…။ ဘာပဲဖြစ်ဖြစ် ချစ်နေခွင့်လေးတစ်ခုသာ မြတ်နိုးစွာဖက်တွယ်ရင်း ကျေနပ်နေသူပါရှင်..။  ။ (ကာရန်ကြိုက်တဲ့ မွန်မွန်ရဲ့ ကဗျာလေးတစ်ပုဒ်ပါ။)


htet wayApril 8, 20121min021
လက်ဆေးမိုးဆိုပြီး ဆွတ်ရုံလေးဖျန်းလိုက်တဲ့ညက အလွမ်းတွေပွင့်အာလာတယ်။ မိုးကတဖြောက်ဖြောက် တစ်ချက်တစ်ချက်ပန်းရနံ့ရသလို မိုးနံ့သင်းပြီးဝေ့တဲ့နွေကိုစည်းဖေါက်တဲ့ လေပြေမှာ ကျန်းမာပါစေ လို့မေတ္တာပို့သံလိုလို ကြေကွဲလို့တိုးတိုးလေး ငိုတဲ့ရှိုက်သံလိုလိုကြားမိတယ်။ ချစ်တဲ့သူဓါတုကလျာကိုပန်မပေးလိုက်ရတဲ့ နတ်သျှင်နောင်ရဲ့ရာသီပန်းတွေကျွှန်တော်မှာရှိတယ် ဝေးကွာခြင်းဆိုတဲ့ အလွမ်းမိုးညှို့တော့ ချစ်နှင်းမှုံ သီချင်းထဲကတယောသံလေး ရင်ကိုနာကျင်အောင်တိုးဝှေ ့ဝှေ့တယ် ညီမလေးရယ် မသေချာခြင်းတွေကသေချာပြီး သေချာပါတယ်ဆိုတာတွေကမသေချာခဲ့ပြန်ဘူး အရှုံးအတွက်ပုံပေးလိုက်ရတဲ့သောကကြောင့်ဖြစ်ရတဲ့ဒေါသမှာ အနိုင်ရလို့ ပျော်ရွှင်တဲ့ အပြုံးတွေဝေလို့ ခောတ်ကိုက ကိုယ့်ဘက်နည်းနည်းပါနေပြီလေ။ အိပ်မက်တွေတကယ်ဖြစ်လာပြီလား အိပ်မက်တွေကအိပ်မက်ဆန်နေတုန်းပဲလား မြို့ကလေးပေါ်ရွာချတဲ့မိုးစက်တွေက ဝမ်းသာလို့ ့ကျတဲ့ မျက်ရည်စက်တွေလား ခုမိုးစက်တွေက တခါကကျွှန်တော့်ပင့်သက်တွေအငွေ့ပျံပြီးငွေ့ရည်ဖွဲ့ခဲ့တာလေ အနာဂါတ်လမ်းမှာ ပန်းတွေဝေနေလိမ့်မယ်ညီမလေး မိုးဖွဲလေးကျတဲ့ညက တော့ အလွမ်းနဲ့ကျွှန်တော်ဖျားနေခဲ့ပါတယ်။


naywoon niApril 6, 20121min013
အလိုက်သင့်မစီးမျောတတ်တဲ့ ဒိုက်ပုံလိုသာပ….။ ငါလည်းလောကစီးကြောင်းထဲမှာတစ်လည်လည်နဲ့ ဟိုသောင်မှာတင် ဒီကမ်းမှာကပ်ရယ်နဲ့ လိုရာခရီးမရောက်သလို ပန်းတိုင်ဆိုတာလည်းပျောက်ခဲ့ပြီ…..။ “ကြောက်စိတ်ကင်းခြင်းဆိုတဲ့ သူရဲ့ပြတင်း အမေ့သားတံခါးတွေဖွင့်ပေးပါ….။” ယက်တူရှင်ကိုရဲ့ ကဗျာ စာသား နားဝမှာကြားယောင်ရင်းနဲ့ အမှိုက်ပုံ ဒိုက်ပုံမာန်တင်း လေးလံနေတဲ့ သူ့ခန္ဓာ သူပြန်ထိန်းရင်း ရေစီးကြောင်း (လောကစီးကြောင်းထဲမှာ) တစ်ရွေ့ရွေ့ ဆက်လက်စီးမျောနေလေရဲ့……….။ နေဝန်းနီ


ကဗျာရေးတဲ့သူက နိုင်ဦးညို (ဖိုးဇီးရိုး) ပါတဲ့။ ကြိုက်လို့ ရွာသားတွေကို share တာပါ။ (တချို့တွေက တွေးတယ် … အရိုင်းစကားမပြောစမ်းနဲ့ တိုင်းတပါးမှာ မင်း ရှင်ဘုရင်မဖြစ်နိုင်ဘူး … တဲ့) ခင်ဗျားတို့ကဗျာ ခပ်ကောင်းကောင်း ခင်ဗျားတို့အတွေး ခပ်ကောင်းကောင်း ဒါပေမဲ့ လွဲနေတဲ့အတွေးလွဲ ကျုပ်တို့တိုင်းတပါး ထွက်ခဲ့ရတဲ့အကြောင်းရင်းက ရှင်ဘုရင်ဖြစ် မင်းလုပ်ဖို့မဟုတ်ဘူး …။ ကိုယ့်နိုင်ငံကိုယ့်လူမျိုးစင်စစ် ဘုရင်ရူးရူးနေတဲ့ အာဏာရှင်ရူးတွေကြောင့် ပျက်သုန်းခဲ့ရတဲ့ဘဝတွေ ကြမ်းတမ်းခဲ့ရတဲ့ဘဝတွေ မျှော်လင့်ချက်မဲ့ခဲ့ရတဲ့ဘဝတွေ တစ်နေကုန် ကြုံးရုန်းလုပ် ဆန်အိုးထဲ ဆန်မရှိတဲ့ဘဝတွေ ရင်နာနာနဲ့ ကျုပ်တို့ချစ်တဲ့တိုင်းပြည် ကျုပ်တို့ချစ်တဲ့လူမျိုး စွန့်ခွာခဲ့ရ …။ ရောက်ရာအရပ်ရောက်ရာနေရာ ကျရာအလုပ်ကျရာတာဝန် ရိုးသားစွာရှာဖွေ ရသမျှအသပြာငွေဖြူကို မြန်မာငွေမည်းနဲ့ လဲလှယ်လို့ အမေ့ရဲ့ဆန်အိုးထဲဆန်ရှိဖို့ အဖေ့ရဲ့ကျန်းမာရေးဆေးဝယ်ဖို့ တစ်နေကုန်ကြုံးရုန်းလုပ် ပေးပို့နေရတဲ့ဘဝ ဒါတရားတဲ့အလုပ်ပါ။ တိုင်းတပါးမှာ […]


လ မသာတဲ့ ညအခါ စီးကရက်ကို ဖွာ အပြီးသတ်ခဲ့တဲ့ဇာတ်ကို ပြန်လည် တွေးတောရင်းနဲ့ ငါ ‘အချစ်ဆိုတာ ဘာလဲ’ လို့ မေးဖြစ်ခဲ့တယ် … ရင်ထဲမှာ တစ်ယောက်တည်း ရှိခဲ့တာပါ ‘အချစ်ဦး’ ပါ လို့လည်း အကြိမ်ကြိမ် အခါခါ ပြောခဲ့ဖူးတယ် … ဟူး းးးးးးးးးးးးးးးး မင်းအတွက် ငါတကယ် ခံစားခဲ့ရဖူးတယ် … ရင်နှင့်အမျှ ချစ်ခဲ့ပါတယ် အသစ်တွေလည်း မနှောင်ဖွဲ့ ဒီကောင်ရဲ့ အချစ်တွေဟာ မင်းအတွက် သီးသန့်ထားခဲ့တာပါ ဒါကို မင်း မမြင်တတ် ဇာတ်လမ်း ဖြတ်ဖို့ပဲ မင်း တတ်ခဲ့တယ် … အော် …. ဘာလိုလိုနဲ့ တစ်နှစ်တောင်ကျော်လွန်ခဲ့ အိုဘယ့် .. အချစ်ဟောင်းလေးရယ် ခုထိလည်း ငါ […]


Mr. MarGaApril 2, 20121min04
တေးထပ်အကြောင်း မပြောခင် ကျွန်တော် ပေးထားတဲ့ tag ကို အရင် ရှင်းပါရစေ။ ဦးမာဃ စာတွေ ဖတ်ဖြစ်ပါတယ်။ တချို. စာတွေကျ ဖတ်ရုံတင်မဟုတ်ပဲ မှတ်ချင်လာတတ်တယ်။ အဲဒီလို စာမျိုးလေးတွေ ဒီထဲမှာ တင်ချင်လို့ ဒီ tag ကို ယူတာပါ။ ဦးမာဃ က သိပ်မဝင်ဖြစ်တော့ သူများတွေများ အဲဒီအဓိပ္ပါယ်ဆန်ဆန် ပေးပြီး တင်ထားလားတော့ မသိဘူးပေါ့။ တကယ်လို့ အဲဒီလို တင်ထားတဲ့ သူတွေ ရှိတယ်ဆိုရင်လဲ ဦးမာဃ က တောင်းပန်ပါတယ်ဗျာ။ အဲဒီ လူတွေ ဆီကနေလဲ ဒီနေရာ ကနေပဲ ခွင့်ပြုပါလို့ တောင်းဆိုပါတယ်။ ကဲ တေးထပ် အကြောင်းလေး ဆက်ရအောင်ဗျာ ဒီတေးထပ်ရဲ့ နာမည်ကိုတော့ ဦးမာဃ မသိပါဘူး(ဖတ်တဲ့ ဘုတ်အုပ်ထဲမှာ […]


manawphyulayMarch 31, 20121min03
ငါ ပြုံးပြသော် သူက တန်ပြန် ပြုံးလေသည်။ ငါကမဲသော် ငါကဲ့သို့လျှင်၊ မဲ့ဟန်ဆင်၍ သူပင် တုံ့ပြန်တတ်လေသည်။ သစ်သားဘောင်ခတ်၊ ဤမှန်ချပ်သည် စိတ်ဓာတ်မပါ၊ သညာမရှိ သတိမဖက်၊ အသက်ဝိညာဉ် ကင်းလွတ်စဉ်လျှက်၊ တုံ့ပြန်ချက်သည် ငါ့အတွက် သင်ခန်းစာပါတကား။


gabarMarch 30, 20121min04
ပျင်းတွဲတွဲ နေ့တစ်နေ့… အာသီသတွေ ပက်ကြားအက်နေပုံ ငေးရင်း ကိုယ့်ကိုယ်ကို ပြန်မချောင်းမိခဲ့လို့များ အရာအားလုံးဟာ လှကုန်ကြသလားလို့။ ရင်ဆိုင်ထားတဲ့ လက်သီးဆုပ်ထဲမှာ အမှားတွေ ဘယ်လောက်များ မှောင်ပိန်း နေမလဲဆိုတာလဲ မေ့လို မေ့နဲ့။ တစ်နွယ်ငင်ရုံနဲ့ သံသရာတစ်ခုလုံး နေရာယူလာတဲ့ သူတွေ။ တကယ်တော့… ငါ အသီးတွေ မှည့်လည်း မချိုခဲ့ပါဘူး။ ဘာမှမသိတဲ့ အသိလေးကို ပျိုးအောင် အောင်စိုက်ဖို့ အလေ့အထတွေကို ထွန်ယက်ရဦးမယ်။ စောစောစီးစီး အိမ်ပြန်ကြပါ။ သူစိမ်းတွေနဲ့ ရင်းနှီးနေတဲ့ရိုးရာကို လည်ချောင်းထဲက ဆွဲနှုတ်ရဥိးမယ်လေ…။


naywoon niMarch 26, 20121min04
အမြဲတမ်းမောင်းနှင် ကြိတ်ဝါးနေတဲ့ စက်အစုံငဲ့…………..။ အသင်ကြိတ်ဝါးနေတဲ့ အရာတွေကနေပြီး စွမ်းအင်ပြန်ရပြီးဆက်လက်မောင်းနှင် မရပ်မနား တစ်ကယ့်တစ်လစပ်မောင်းနေခဲ့ အိုး မောင်းနှင်ပြီးရင်းမောင်းနှင် စက်ပူလို့မနား ရေဆူလို့မနား ကြမ်းဝါးရမဲ့ကုန်ကြမ်းတွေသာ လာစမ်းပါ…. ထည့်လိုက်စမ်းပါနဲ့ ကြိတ်ဝါးပြိးသား ဝါးဖတ်တွေသာဖယ်ပေးပါတဲ့ အိုအသင်……….. မာန်ကြီးလှချေသည်တစ်ကား……….. အိုအသင် သင့်တာဝန်ကိုမလစ်စေပါတစ်ကား…….. အိုအသင် ဘယ်အချိန်ရပ်မည် သင်စိတ်ကူးပါသလား….။ နေဝန်းနီ