alinsettMarch 25, 20121min010
* သူငယ်ချင်းေ၇… မင်းရဲ ့လက်တွေနဲ ့ ဖန်ဆင်းတဲ့.. ပျိုးခင်း လှလှတွေ.. ဘယ်သူ ဆွဲ နှုတ်နေခဲ့သလဲ.. ? * မင်းတို ့ ငါတို ့ရဲ့ မျက်ရည်ကို ညှစ် ထုတ်နေတဲ့ လက်တွေ….။ * ချွေး စက်တွေ..နဲ ့ ပျိုးတဲ့…စိုက်ခင်းတွေကိုတောင်… အပိုင်..စိုး…လို ့.. ငါတို ့ပဲ…. ငိုရတယ် ။ * အဲဒီနောက်… ငါတို ့ပဲ..ငိုကြွေး.ရတယ်။ * သူငယ်ချင်းရေ… ကြောက်ရွ ံ့သူတွေရဲ ့နယ်မြေထဲ..ကို… အလိုကြီးသူတို့ ….စီး..တတ်တယ် ။ * သူငယ်ချင်းလေးရေ…. အစ အန မကျန်အောာင်.. မရှင်းလင်းနိုင်သေးသ၍တော့ ငါတို ့…..”.မှောင် ” …နေရဦးမယ် ။ […]


သူရႆဝါMarch 23, 20121min03
အမည်းဟာ ခရမ်းရောင်ပြောင်းသွား အသံတွေ ၊ အရိပ်တွေ ၊ လှိုင်းတွေ မဝံ့မရဲကြည့်တာ အသေအချာ ရယ်မောနေသူအဖို့ ဘာကိုမှနာကျင်ခွင့်မရှိ စိတ်ကူးတည့်ရာ ပေါက်ရောက်တဲ့သစ်ပင် သတိဟာ လက်ထဲက လွတ်ကျသွားရင် ကောင်းမှာပဲ နှုတ်ခမ်းတွေ တွန့်ကွေးလိုက်သလား တဖျစ်ဖျစ်မြည်လို့ စတော်ဘယ်ရီသီးလို ဒေါသ နီ ရဲ တောက်ပနေတယ် ကြောက်လို့မဟုတ်ဘူး .. လွှဲလိုက်တာ ၊ စိုက်ထားတာ အသိဉာဏ်ထဲက ကျည်ဆံတွေထွက်ကျလာမှာစိုးလို့ လေနေတယ် ေ မြ ာ ေ န တ ယ် လွ     တ်     ေ     န     တ     ယ် လောင်နေတယ် စိတ်ရောင်စုံပူဖောင်းများ ဒုက္ခပဲ .. ပန်းတစ်ပွင့်သတ်လို့ ငါ အသက်ရှူရပ်နေရပုံ ။ (မှတ်ချက် […]


ဦး ဂ်စ္March 23, 20121min013
ညစ်ပတ်နုံချာ ခွဲပြာတောမှာ အားအင်သုံးလို့ ရုန်းရရှာ စုတ်ပြတ်ကြေမွ လူ့ဘဝ အပြစ်ကင်းတဲ့ အနော့်ကိုမှ ခွဲပြာ ရောင်းလို့ အသက်ရှင်ရ…။ ယိ …. ယား သံကုန်အော်လို့ အားမာန်သွင်းကာ မောင်ညီမလေး များ အနော့်လို အလုပ်တောမှာ မနစ်မြုပ်ရလေအောင် ကြိုးစားလို့ ဝမ်းစာရှာ. အနော့် ဘဝကို အနော် မဖြစ်စလောက်လေး ဂုဏ်ယူပါတယ် ဂျာ။ မတော်သေးနုတ်နေတဲ့ အဖြူရောင် ကျောင်းစိမ်းလေး မညစ်နွမ်းရလေအောင် အနော့် ရဲ့ စုတ်ပြတ်နုံချာမှုနှင့်ခပ်ဝေးဝေးမှာ ဆက်လက်ထိန်းသိမ်းထားဦးမှာပါ။ အနော် ကိုယ်တိုင်က မိသားစုမှာ မတတ်နိုင်မာန်ချ ဝမ်းစာရှာနေရတဲ့ ခွဲပြာသည်ဘဝ ပါ ..။ အားမာန်ကိုတင်း ခွန် ကို ရင်း လို့ ဖြူစင်ခြင်းပြခဲ့ပြီ အနော် သူခိုးမဟုတ် သူဖုန်းစားမလုပ် ရိုးသားမှုကို […]


naywoon niMarch 22, 20121min016
တို့တွေရဲ့ ကိုယ်တွေပေါ်မှာ တစ်ချိန်လုံး ထမ်းပိုးလာရတဲ့ ပေတံတွေ စံနှုန်းတွေ နီတိတွေ နေစဉ်အမျှ ခေတ္တခဏလေးတောင်ချထားမရတဲ့ဘဝတွေ….။ လူဘဝတစ်သက်တာပတ်လုံး သင်ယူလာခဲ့ရသမျှှ လေ့လာခဲ့ရသမျှ ဖတ်မှတ်လာခဲ့ရသမျှှ တစ်နေ့ထက်တစ်နေ့ ကျောပေါ်မှာပေတံတွေသာတိုးလာတယ်…..။ ပိုပြီးသင်ယူနိုင်လေ ပိုပြီးလေ့လာလေ ပေတံတွေ တိုးလာလေပါပဲ…..။ ကျောပေါ်မှာ……… ပေတံတွေ စံနှုန်းတွေများများသယ်ပိုးနိုင်သူသာ လူတော်တွေအဖြစ်သတ်မှတ်ထားကြ…..။ အကြောင်းကိစ္စတစ်ခုခုနဲ့ကြုံတိုင်း ကျောပေါ်ကပေတံတွေစံနှုန်းတွေချချပြီး တိုင်းတာဆုံးဖြတ်…….။ ပေတံတွေ စံနှုန်းတွေ အမျိုးအစားကလည်းများပါ့ ဘာသာရေး………. လူမှုရေး……… ဓလေ့ထုံးစံ ……… ယဉ်ကျေးမှု………… ဒါတွေနဲ့သာတိုင်းတာဆုံးဖြတ် ဒီထက်ပိုပြိးတော့လည်း ဘာမျှအသုံးချမရပေတံတွေသာ………..။ အဲဒိတော့……………… ဘယ်မှာလဲ? ကိုယ်ပိုင်ပညာ ကိုယ်ပိုင်အသိ တစ်ခုမှမရှိ နတ္ထိ…………….။ နေဝန်းနီ


minn zawMarch 21, 20121min00
ငါ့တိုင်းငါ့ပြည် ကောင်းစေမည်ဟု ငါ့ရပ်ငါ့ရွာ လွန်စွာသာအောင် ပညာမျိုးစေ့ စိုက်ပျိုးလေအံ့ ။ သို့သော်ငါကား ဝေဝါးပညာ နဲ ဥစ္စာနှင့် မကြွယ်သုတ ရှားမိတ္တကြောင့် လွန်စွာခက်ခဲ ထိရောက်နဲ၏ ။ အဘယ်မူ ဆောင်၍ လွယ်မည်နည်း ။ ။ ။


manawphyulayMarch 21, 20121min016
သင်္ကြန်အတာ၊ ခုချိန်ခါမှာ ဗျာပါပူဆွေး၊ ချစ်သူလေးကို ရေအေးမေတ္တာ၊ လောင်းလိုပါငြား မေကားတနယ်၊ မောင်ဝယ်တကျေး ခရီးဝေးလျက်၊ ကြင်သူသက်ကို ဖြန်းပက်သွန်းခွင့် မသာပြီ။ ပိတောက်နံ့မွှေး၊ နံ့သာအေးကို မေ့ပါးပြင်ထက်၊ မွတ်မွတ်ညက်တွင် ညင်သာဖွဖွ၊ လိမ်းလိုလှလဲ လက်တွေ့မကျ၊ ဝေးလျလျမို့ မှုန်းချယ် သ-ခွင့် မသာပြီ။ ဘယ်လိုပင်ဝေး၊ ကြားလေသွေးလဲ မောင့်ကြင်နာနွေး၊ ချစ်စိတ်ထွေးဖြင့် စိတ်ခြင်းလက်ဆက်၊ ချစ်ခြင်းထပ်ကာ မေတ္တာရင်းမှန်၊ သည်းထန်ထန်သည် နီးဖို့အားအင် ဖြစ်မည်တကား … လက်ချင်းဆက်ဆက် မြဲစေသား။


အချစ်ဆိုတာ လူတကာ ကောက်စားလို့ရတဲ့ သစ်သီးတစ်လုံး ဖြစ်ပေမယ့် အခန့်မသင့်ရင် အဆိပ်မိတတ်တယ် … အချစ်ဆိုတာ နှလုံးသားရဲ့ အာဟာရဖြစ်ပေမယ့် မျှတရုံထက် ပိုရင်လည်း လူကို အရူးတစ်ယောက်လို ဖြစ်စေတယ် … အချစ်ဆိုတာ ကြည်နူး နှစ်သက်စရာဖြစ်ပေမယ့် စိုက်ပျိုးသူကို အပူတွေလည်း ပေးတတ်တယ် … အချစ်ဆိုတာ တံတိုင်းကြီးတွေ ကာဆီးထားလို့ မရပေမယ့် စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့အခါ ရင်မှာ ဝေဒနာတွေသာ ဖြစ်စေတယ် … အချစ်ဆိုတာ လွှင့်ပစ်ဖို့ ခက်ခဲတဲ့အရာ ဖြစ်ပေမယ့် တယုတယနဲ့ သိမ်းဆည်းပြန်ရင်လည်း အနိုင်ယူတတ်တယ် … အချစ်ဆိုတာ မွေးရာပါ ရင်တွင်းတရား ဖြစ်ပေမယ့် တစ်ခါတစ်လေမှာ သူ မပါဘဲနဲ့ အသက်ရှင် နေထိုင်သင့်ပါတယ် …. ။   ကျနော် […]


“40 လေးဆယ် ၄၀” သူငယ်ချင်း အသက်လေးဆယ်ဆိုတာ ဟိုနိုင်ငံတွေမှာသာ ဘဝအစဆိုပေမယ့် မြန်မာပြည်မှာတော့ ကြာဆံတွေခေါင်းပေါ်တင်လို့ အိုမင်းခြင်းကိုစလက်ခံရတဲ့အရွယ်ပါဘဲ။ သူငယ်ချင်း   အသက်လေးဆယ်ဆိုတာ ခလေးဘဝက ဆရာမကို အဖြေလွှာပြသလို အမှန်ခြစ်ကလေး ရတာနဲ့ပျော်ပြရမှာမဟုတ်သလို ကြက်ခြေခတ်လေးတွေ့တာတာနဲ့ဝမ်းနည်းပြရမယ့်အရွယ်လဲမဟုတ်ပေါင်ကွယ်။ သူငယ်ချင်း     အသက်လေးဆယ်ဆိုတာ ဟိုမျက်မှန်နဲ့ကောင်လေးမေးသလို “အသက်လေးဆယ် လူတွေမေးတယ် ဘယ်တော့များမှစားရမှာလဲ” ဆိုတာလဲသဘာဝမကျ။ ဒီအရွယ်ရောက်မှတော့ အမြီးတော့ပေါက်သင့်သပေါ့။ သူငယ်ချင်း   အသက်လေးဆယ်ဆိုတာ လာမြှောက်ပေးရင်လဲ ဖောပေးလိုက် လာခြောက်ရင်လဲ ကောပေးလိုက် မြှောက်တက်သွားအောင်လဲမြှောက်မပေးနဲ့။ အောက်စိုက်သွားအောင်လဲဆောင့်မကန်လိုက်နဲ့ စလိုးအင်စတယ်ဒီဆိုတဲ့ ဘိုစကား မေ့ထားလို့မရတဲ့အရွယ်လေကွယ်။ သူငယ်ချင်း   အသက်လေးဆယ်ဆိုတာ လက်နဲ့ရွယ်တာနဲ့ မျက်ရည်ကျချင်လို့တော့မရဘူး။ လက်နဲ့တို့တာနဲ့ မျက်ရည်စို့ရမယ့်အရွယ်လဲလွန်ခဲ့တာကြာပေါ့။ သစ်ပင်တွေအပွေးတက်သလို ရင့်သထက်ရင့် ကျက်သထက်ကျက်အောင် ချက်ရမယ့်အရွယ်လေကွယ်။ သူငယ်ချင်း   အသက်လေးဆယ်ဆိုတာ တကယ်တော့ မသိခြင်းတရားနဲ့ဆယ်နှစ် နည်းနည်းသိသလိုလိုနဲ့ဆယ်နှစ် တော်တော်လေးသိသလိုလိုနဲ့ဆယ်နှစ် သေချာပြန်စစ်မှ […]


naywoon niMarch 17, 20121min016
ရှိတာလေးနဲ့ဘဲ ရောင့်ရဲ အဟာရမဖြစ်တဲ့ ဝမ်းပြည့်စာတွေနဲ့သာ နေ့စဉ်ဘဝမှာ အူမတောင့်စေခဲ့ရ…..။ ဝမ်းဝ နေပေမဲ့ အဟာရဆိုတာကမှ မပါ အားဆိုတာကအရိုးထဲကညှစ်ထုတ်နေရတော့ ချဉ်ဆီဆိုတာတွေလည်း ခမ်းတော့မပေါ့….။ အစားအသောက်တင်ပဲလား နေရထိုင်ရတာကကော အများနဲ့တန်းတူ ကျောတစ်နေရာစာယူရင်း ဆူညံသံတွေကြားမှာအိပ်စက် မနက်လင်းတော့ကော မနေ့ကလိုပဲ ဝမ်းပြည့်လွယ်မဲ့အစာမာမာတွေနဲ့ပဲ နှစ်ပါးသွားလိုက်ရ……။ အိပ်မက်ဆိုတာလည်း မမက်ဖူးတာကြာပေါ့…။ ဒီလိုနဲ့ပဲနေတော့မလား ဟင် ဘဝကိုကဒီလိုကျနေတာ ဒါဖြင့်…….. ကင်းမြီးကောက်ထောင်နေရမလား ဆိုတော့ မနောက်ပါနဲ့တဲ့….။ ဟုတ်တယ်လေ….။ နေ့စဉ်ဘဝ ဝမ်းရေး ….ဝမ်းရေး ….ဝမ်းရေး…ဗျ အဘယ်သူအလျဉ်မီအောင် လာဖြေရှင်းပေးနေလို့လဲ…..။ အတတ်ပညာ-အရင်းအနှီးနဲ့ အချိန်အခါ ဒေါက်သုံးဒေါက်မဏ္ဍိုင် ပြိုလဲရင် သကြားမင်း နကင်းကြီးနဲ့လာကယ်ရင်တောင်မှ တစ်ကယ် နွားမှတ်လို့ အသားပေါ်ရောင်းမိဦးမယ် မပြောချင်တော့ဘူး…..။ နေဝန်းနီ


manawphyulayMarch 14, 20121min07
မရေရာတဲ့နေ့တစ်နေ့ကို မပျော်မွေ့တဲ့ အချိန်များနဲ့ ခြောက်ခန်းမသွားစေချင်… ကော်ဖီတစ်ခွက်နဲ့ သက်ပြင်းအခါခါချ ကုန်ဆုံးသွားတဲ့ကာလတွေကို နှမြောမိတယ်….. မရေရာတဲ့ ခြေလှမ်းတွေက ကမ္ဘာမြေကို နမ်းရှိုက်ရင်း တွယ်ရာမဲ့တဲ့ဘဝတွေမို့ ဘယ်ဆီဘယ်ဝယ်ထိ လေလွင့်နေမယ်ဆိုတာ ငါ့ကို ငါ မသိသေးပါတကား….။


naywoon niMarch 13, 20121min011
*ရာဇတ်ခန်းမဟာ မန္တလေးတက္ကသိုလ်ရဲ့ အသည်းနှလုံး သူ့အောက်ခိုဝင်လာသူတွေကို ပြုံးပြုံးကြီးကြည့်နေရဲ့………။ *ရာဇတ်ခန်းမဟာ အထက်မြန်မာပြည်မှာတော့ သူ့ထက်ကြီးတဲ့ စာကြည့်တိုက်မရှိတော့ဘူးရယ်လို့ ပြုံးပြုံးကြီးအောင်ပွဲခံနေလေရဲ့…..။ *ရာဇာတ်ခန်းမဟာ ဆိတ်ငြိမ်ရာရပ်ဝန်းတစ်ခု ကန္တာရထဲက အိုအေစစ်ကလေးလို စာသင်ခန်းထဲက အပူငွေ့တွေနဲ့ငါတို့ကို အေးချမ်းစေခဲ့တယ်…..။ *ရာဇာတ်ခန်းမမှာ ညာမရတဲ့စာအုပ်တွေရှိတယ်….။ ကျောင်းအားတဲ့အချိန်တိုင်း ငါတို့သွားဖတ်ကြတယ်….။ (အဲဒိမှာ သူမနဲ့ငါ စတွေ့ခဲ့တာပေါ့) *သူမနဲ့ငါ ရာဇာတ်ခန်းမမှာ ကတ်တလောက်ကစာအုပ်ရွေးရင်း လက်ချင်းထိခိုက် နှလုံးသားအထိရိုက်မိကြတယ်….။ *ရာဇတ်ခန်းမထဲမှာ သူမနဲ့ငါ အကြည့်ချင်းငြိတွယ် စိတ်ကူးတွေ ဖလှယ်မိခဲ့ကြတယ်…..။ *ခန်းမရဲ့အပေါ်ထပ် ရည်းညွှန်းစာဖတ်ခန်း အရမ်းပါပဲ စာအုပ်တွေ စာအုပ်တွေထောင်သောင်း ဖတ်ချင်တာယူ လက်မှတ်ထိုးခဲ့ အောက်မယူရတဲ့ သူမနဲ့ငါ တစ်ချို့နေ့ရက်တွေမှာ တစ်နေကုန်ထိုင် စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ်ဖတ် မှတ်စုထဲကူးနဲ့ အလုပ်တွေရှုပ် တစ်ခါတစ်ရံမှာ လိုချင်တဲ့စာအုပ်တွေတူနေလို့ ရယ်စရာမဟုတ်ပေမဲ့ ရယ်ဖွဲ့ခဲ့ကြရသေးတယ်…….။ *အဲ ….. […]


alinsettMarch 13, 20121min05
အသံတစ်ခု ကျယ်ကျယ်လောင်လောင် ရွေ ့လျားသွားသည် ။ မကြောက်ပါနဲ ့ ။ “” တိတ်ဆိတ်ခြင်းသည်….ဒဏ်ရာ အနာတရ”‘ ဖြစ်စေခဲ့ပြီပဲ…။ အသံသည်….စိတ္တဇ ဆန်သော တေးသွားတစ်ခုထက် ပို၍ နက်ရှိုင်းသည် ။ သို ့သော်……မကြောက်ပါနဲ ့။ “”အသံမဲ ့ခြင်းထက် ဘယ်အရာကမှ ကြောက်စရာ..ပိုမကောင်းခဲ့ပါ ။”” ထို ့ကြောင့်…..မကြောက်ပါနဲ ့ ။ ထပ် ….မှာကြားပါရစေ..။ လုံးဝ မကြောက်ပါနဲ ့ ။ __________________________________ တိမ်တိုက် မည်းညစ်ညစ်များ…..လေထဲတွင် ပျံသန်းနေကြသည် ။ ညနေခင်းသည် တစ်စုံတစ်ရာပေါင်းများ..စွာ….ဖြစ်ပျက်သွားရာ…ညနေခင်းဖြစ်သည် ။ ထို ့ကြောင့်……. အားလုံးလည်း..အံ့ဩနေခဲ့သည် ။ မကြာခင် အလင်းတန်းများ….. ဖြာ..ကျ လာမလား …။ အမှောင်ထုက လွှမ်းအုပ်သွားမလား…… […]


အလွမ်းတွေ သင်ပုန်းချေရအောင် ချစ်သူ…….မင်းဆီမှာ အနာဂတ်ရှိတယ် ရောက်ရာအရပ်က အမြန်ပြန်လာလှည့်ပါ လက်ဖွဖွဆုပ်ကိုင်ပြီး…….. တီတီတာတာတွေ ခရားရေလွှတ် တစ်ထောင့်တစ်ညကို ငါတို့ ဆွဲဆန့်မယ်… အိုး………အချစ် ပန်းရောင်လွှမ်းတဲ့ အချစ်ခင်းည အရောင်ရွှမ်းအောင် ငါတို့ဆေးခြယ် လှလှပပကြီး ရုပ်လုံးဖော်ရအောင်… ဇာတ်မြူးလေးနဲ့ တို့နှစ်ဦး နှစ်ပါးသွား ဇာတ်သိမ်းခန်းမျိုး အချိန်မှန် မျှော်စောင့်နေရတာ နာရီစင်ကြီး သိပါတယ်……ချစ်သူ သို့…. ငါ့အချစ်ဆုံး လိပ်ပြာလေးရေ… ကဆုန်ပေါက် မာန်ဟုန်ခွင်းစိတ်နဲ့ အသော့နှင်ခြေလှမ်း ရင်ခွင်နန်းသို့ ဖြစ်နိုင်ရင်……. ခပ်စိတ်စိတ်လေး မင်းလှမ်းပေးပါ…ချစ်သူ…။ ။ စေပိုင်ထွဋ်(ပုသိမ်) (ဒီကဗျာလေး ပြန်ဖတ်မိရင် ချစ်သူ အမြန်ပြန်လာနိုင်ပါစေ)