“သံစဉ်မဲ့ လရိပ်ည ” ဒီည ………လပြည့်ညလေ………………. ဖယောင်းတိုင်မီး၊ ဘတ်သီးမီး၊ ဖလော့ဆင့်မီး၊ ဘက်ထရီမီး၊ နီယွန်မီး၊ မာကျူရီမီး။ ရောင်စုံမီး ရှိသမျှမီးအားလုံးမှိတ်။ ရင်ထဲမှာရှိနေသမျှ အချစ်မီး အမုန်းမီး လောဘမီး“ဒေါသမီး မောဟမီး တဏှာမီး အပူမီး အပျော်မီး မာနမီး ရှိသမျှ မီးအားလုံးလဲပိတ်၊ အေးမြတဲ့လအရိပ်ကို ခံစားရင်း ငြိမ်းချမ်းစွာနေမယ်။ ဒီည တိတ်ဆိတ်တဲ့ လပြည့်ညလေ……………….. တရို့ရို့နဲ့ အော်တဲ့ ဟစ်ဟော့ ဝုန်းဒိုင်းကြဲတဲ့ အော်လတာ ဗြူးဗြူးဗြဲဗြဲ့ ဟဲဗီးရောခ့် မဟော့တဟော့ ဖောစ်ထရောခ် ပျင်းရိပျင်းတွဲ ကန်းထရီးလဲမလာခဲ့နဲ့။ အရက်မူးမှအော်တတ်တဲ့ ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်တဲ့“နဂါးနီ”လဲနားထား။ လူများများနဲ့သံစုံအော်တဲ့ အသက်ကလေးရဲ့ရှည်စေလို ရေညိုညိုရစ်ခါသန်းရွှေမန်းတောင်ရိပ်ခိုတဲ့ မြနန္ဒာ အဲဒါလဲ မလိုချင်ဘူး။ ချစ်သူဟောင်းတမ်းတ ကွဲသွားတဲ့အသဲကို အရက်စိမ်ထားတဲ့သီချင်းသံလဲမကြားချင်ဘူး။ မူန်ဝါးဝါးရှေးဟောင်းရုပ်ရှင်ကြည့်ရသလို မောင်ရယ် […]


Naung Taw LayMarch 10, 20121min06
နိဗ္ဗာန်လမ်း မမြင်ပါဘူး ငရဲပန်းကိုဆင် အဝိစီလှမ်းဖို့ ချစ်ကျွမ်းဝင်သည်။ နိမိတ်ဆောင်ကာပြတော့ မြတ်ဗုဒ္ဓအဟော မပဋာ ချစ်သမီး မငိုနဲ့ သံသယာအဆက်ဆက် သောက ပူဆွေးကြောင့် ကျမျက်ရည်တွေက သမုဒ္ဒရာလေးဆင်း မကဘူးတဲ့။ ဖြစ်ကောင်းရာ၏ ဘယ်သူတွေ ဘယ်လိုဆွေးလို့ ဘယ်သောက အပူမီးတွေကြောင့် ဘယ်လောက်တောင် ငိုကြွေးသည် မသိ နာဂစ်လို ဆိုင်ကလုံး ဂိရိလို မုန်တိုင်တွေ တိုက်ခတ် သွားလိုက်တာ ကောင်းကျိုးမရှိ ဆိုးအတိမို့ အလူးလူးခံလိုက်ကြရတယ် တရားခံ ဘယ်သူလဲ ဟေ့ လို့မေးရမယ့်ကိန်း စဉ်းစားကာ ချိန်ဆလို့ တရားခံ တွေထဲက တရားခံမဖြစ်ရလေအောင် သောကတွေ အဖုံဖုံရော ပူတာရော ဆွေးတာတွေ အတွက်ပါ မကျနဲ့ ဒီမျက်ရည် ။     ။   နောင်တော်လေး (ဘိုကလေး)


ဥမကွဲ သိုက်မပျက် အဆောက်အအုံ နတ်ဆိုးရဲ့ ကပ်ဆိုးလက်ထဲ အောက်ခြေ ရေတိုက်စားပါသော်လည်း မေတ္တာတရားပြယုဂ်အဖြစ် အမာခံ သမာချောင်းတွေက ကြံ့ကြံ့ခိုင်လွန်းတော့… ဘယ်တော့မှ မပြိုလဲခဲ့ဘူး။ ။ စေပိုင်ထွဋ်(ပုသိမ်)


marblecommetMarch 10, 20121min04
မင်း အလုပ်အကိုင်ကို ပြော မင်းငါ့အပေါ် နည်းနည်းလူရာဝင်လိုတာနဲ့ မင်းမှာ အလုပ်အကိုင် တစ်ခုခု လိုလာပြီ မင်း အခု ဘာလုပ်နေတာလဲ အဲဒီမေးခွန်းနဲ့ နှုတ်ဆက်မခံလိုရင် ငါ ဘာမှ မလုပ်ဘူး ဆိုတာကို ငုံပြီး ကမ္ဘာအပြင်ကို ထွက်ပြေး မင်း အလုပ်အကိုင်ကို ပြော မင်းအရေအပြားတွေ ခန်းခြောက်နေရင် ငါ့စိမ်းစိုမှုပါ ပျက်သုဉ်းနိုင်တယ် အလုပ်ဟူသမျှ ဂုဏ်ရှိစွလို့ မင်းကြားဖူးတယ်မဟုတ်လား ငါတို့ကမ္ဘာကြီးမှာ အဲဒီလို နေထိုင်ကြတယ် မင်းမှာ အလုပ်မရှိရင် ပုံသေနည်းအရ မင်းကိုအထင်သေးရမှာ စိတ်မဆိုးပါနဲ့ မင်းဟာ ငါတို့အားလုံးကို ဒုက္ခသည် စခန်းလို့ ထင်လား အနုပညာရောင်ရမ်းတာ အလုပ်မဟုတ်ဘူးလား လူအဖြစ် သပ်သပ်ရပ်ရပ် ရှင်သန်တာကိုက အလုပ်မဟုတ်ဘူးလား မင်းမေးခွန်းမှာ ငါတို့ကြမ်းတစ်ပြေးတည်း မထိုင်ဘူး ရောက်ရက်ခတ်နေတဲ့ ကမ္ဘာကြီးမှာ […]


မော်ဒန်ကဗျာဖတ်နည်းအကြောင်း သိသလောက် အပိုင်း(၂) အဖြစ် ဆက်လက်ရေးသားလိုက်ပါတယ်။ ဒါဟာ ကျွန်တော့ရဲ့ ကဗျာဖတ်ပုံဖတ်နည်း ယူဆချက် စကားပြေများဖြစ်ပါတယ်။ ပရိသတ်များကို တဆင့် ကျွန်တော် ခံစားသလို ပြန်မျှဝေလိုက်ပါတယ်။ ကဗျာဖတ်ခြင်း အဆင်ပြေကြပါစေ။ ဒီနေရာမှာ မော်ဒန်ကဗျာကို လိုင်းခွဲပေးခြင်း မဟုတ်ပါ။ ဖတ်ရိုးညွှန်း သက်သက်သာဖြစ်ကြောင်း နားလည်စေချင်ပါတယ်။ ဒီတစ်ခါ ကျွန်တော် ရှင်းပြချက်ကို ကျွန်တော့ အကြိုက်ဆုံး ကဗျာစာအုပ်ထဲမှာ ကောက်နုတ်ပါတယ်။ ဆရာနေနော်ရဲ့ ဖြောင့်ချက်ဆိုတဲ့ ခေါင်းစဉ်ပါ စာအုပ်ထဲမှ အကြောင်းအရာကို ခံစားကြည့်ပါအုံး။ ကဗျာတစ်ပုဒ်ကို ဖတ်ပြီဆို စကားလိန်တွေကို ကဗျာဆရာ ဘယ်လိုဖော်ညွှန်းလဲဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်တတ်ရမယ်။ ကဗျာဆိုတာ ရိုးရိုးရှင်းရှင်း ရေးတာရှိသလို၊ အတွေးနက် ပုစာ္ဆဆန်ဆန် ရေးတားလည်း ရှိပါတယ်။ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ခံစားမှု စကားလုံးကို […]


manawphyulayMarch 9, 20121min06
အဦးအဆ မိနဲ့ဖ ပြီးရင် ဆရာသမားများသည် မမေ့သင့်သော အရာထဲမှာ တစ်ပါးအပါအဝင်ပါပဲ လူ့ဘောင်လောက ရောက်လို့လာ ရတနာသုံးပါး ဦးထိပ်ထား မိဘများနဲ့ အနန္တငါးပါးဂိုဏ်းဝင် ဂုဏ်အင်အထူး မြင်းမိုရ်တောင်မက ကျေးဇူးကြီးတာ၊ မြတ်ဆရာ…. ဖြူစင်မေတ္တာ နာသုံးနာဖြင့် ကြင်နာဆပွား၊ တပည့်များကို တတ်သည့်ပညာ မနေသာပဲ ရှိရှိသမျှ ပညာရပ်ကို အိမ်သွန်ဖာမှောက် သွန်သင်ဆုံးမ သင်ကြားပြရင်း လိမ္မာတိုးတက် အောင်မြင်စေရေး ရှေးရှုရင်းဖြင့် ယုယပျိုးထောင် ကောင်းကျိုးဆောင်သည့် ပညာပြည့်ဝ နှလုံးလှတာ၊ မြတ်ဆရာ… ဆရာသခင်၊ ကျေးဇူးရှင်တို့ ဂုဏ်အင်ကြီးမား၊ မေတ္တာများကို ထူးခြားသိမြင် ကျေးဇူးတင်ပြီး ချစ်ခင်မြတ်နိုး ရိုကျိုးညွတ်တွား စဉ်မြဲအားဖြင့် လေးစားကြည်ညို သဒ္ဓါပိုလျက် လက်ဆယ်ဖြာချီ ထိပ်ဆီအုပ်မိုး ရှိခိုးကော်ရော် ပူဇော်အပ်ကာ မြတ်ဆရာ…. မြတ်ဆရာ အာစရိသို့ ဝန္ဒာမိ […]


စိတ်တံခါးကို ဖွင့်ဖို့ သော့ရှိတယ်။ ခေတ်ကြေးမုံ အလင်းဟပ်မဲ့ ပြဒါးရှိတယ်။ နှစ်ဘက်မြင် ဒိုင်မေးရှင်း လက်ခုပ်သံရှိတယ်။ အစဆွဲလျှင် အထုံးပြေမဲ့ ကြိုးတစ်ချောင်းရှိတယ်။ အလင်္ကာဆေးခြယ် ရသထုပ်ပိုး ကုန်ပစ္စည်းရှိတယ်။ ခြေရာခံသူ ကွင်းဆက်မိအောင် သဲလွန်စရှိတယ်။ ဆိုင်းဘုတ်ချိတ် ကလောင်နာမည် နိဂုံးမှာရှိတယ်။ စေပိုင်ထွဋ်(ပုသိမ်)


alinsettMarch 7, 20121min07
(ကိုယ့် အကြောင်း….) ဘာအကြောင်းမှ မရှိပါဘဲ……… ကြယ်တွေ ကြွေကျ လို ့ ကာရန်မဲ့ လိပ်ပြာတွေလည်း….. တဝုန်းဝုန်း လဲပြိုကျရင်း……သေ အဲဒီနေ ့ဟာ ဘီလူးလို လူရဲ ့သွေးကို ဖောက်ပစ်တဲ့နေ့ပါ။ ။ (ညင်သာ ရက်စက်စွာ…..ပေါ့) ဘာရယ်လို့ မဟုတ်ပါဘဲ…… မနက်ဖြန်တွေ ဟာ…ခလုပ်တိုက် ကုန်ပြီ။ ဘာရယ်လို့ မဟုတ်ပါဘဲ……….. ပင်လယ် တစ်စင်း…မီး ထ လောင်တယ်။ ဘာရယ်လို ့…………………….. ထားပါတော့……………………. ငါ့ နှလုံးသား ထဲက ထွက်လာတဲ့ ဘီလုူးရစ်သမ် ကို တိတ်ဆိတ်စေဖို့ ဆိုရင် မင်းရဲ့ မျက်ရည် အစစ်… တစ်စက်လောက် တော့………လိုပါတယ်။ အလင်းဆက် __________________________________ (အလွမ်းတေး…..) ကျပျောက်ခဲ့ဖူးတဲ့ စာရွက်ဖြူလေးပါ…… ….. ပြန်တွေ […]


တောပြောတောင်ပြောနဲ့ မောနေပါမယ် ဘာမှလာ စောဒကမတက်ပါနဲ့ ထောမှတွဲချင်တဲ့ နင့်အကြောကို သိပြီးသားပါ ဘာမှမရှိတဲ့ ငါ့ဘဝထဲ အရင် လာငြိခဲ့တာနင်ပါ ထင်တာတွေလွဲသွားလို့ မကြင်နာချင်လည်းနေပါ မနှင်ပါဘူး ရူးခဲ့မိတာ ဝန်ခံပါတယ် ထူးတော့ မထူးပါဘူး နင်မရှိလည်း နေလို့ဖြစ်ပါတယ်…။   ။ (ကာရန်တွေကို လိုက်ချိတ်ရင်းနဲ့ ကဗျာလေးတစ်ပုဒ် ထွက်လာခဲ့ပါတယ်။  ကိုယ်တွေ့ဖြစ်ရပ်တော့ မဟုတ်ပေမယ့် မိန်းမလေးဘက်က ခံစားချက်ကို ရေးထားတာပါ။)


manawphyulayMarch 6, 20121min06
သူများအကြောင်းပဲ ကိုယ်က အမြဲရေးဖြစ် ပြောဖြစ်ပေမယ့် ကိုယ့်ရဲ့အကြောင်းကို သူများက အမှတ်တရ ကဗျာစပ်လာပေးတဲ့အခါမှာ ရင်ထဲမှာ ပြောမပြတတ်အောင် လှုပ်ခတ်ပြီး မျက်ရည်ကျမိတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ခွဲခွာခြင်းဆိုတာ စတင် မွေးဖွားလာထဲက ရှောင်လွှဲလို့မရဘူးဆိုတာ နားလည်ထားပေမယ့် တကယ် ခင်မင်မှုများနဲ့ သံယောဇဉ်လေးတွေ ဖြစ်လာတဲ့ဝန်းကျင်ကနေ ခွဲခွာရတဲ့အခါမှာ ဖော်မပြတတ်အောင် ဝမ်းနည်းမှုကို ဖြစ်စေခဲ့ပါတယ်။ ဝမ်းနည်းမှုတွေ ပေါင်းစုနေတဲ့အချိန်မှာ ကိုယ့်အတွက် ရေးစပ်ထားတဲ့ကဗျာလေးတစ်ပုဒ်ကို ဖတ်လိုက်ရမယ်ဆိုရင်ကော သင်လည်း ဘယ်လိုနေမလဲဟင်… မနောလိုများ ကဗျာဖတ်ရင်း မျက်ရည်ကျနေမှာလား… ကိုယ်တိုင်က ကိုယ်ကိုယ့်ကိုယ် ဘာလဲ ဘယ်သူလဲ ဘယ်လိုလဲဆိုတာသေချာမစမ်းစစ်ရသေးခင်မှာ ကိုယ့်ရဲ့စိတ်နေ ဘယ်လိုပါလဲဆိုတာ သူ့ရဲ့ကဗျာဖတ်လိုက်မိမှ ဝမ်းနည်းဝမ်းသာ အလွန်ဖြစ်မိပါတယ်။ ကဗျာလေးကို အားလုံးမျှဝေခံစားကြည့်ချင်လား… ခံစားပြီးရင် မနော ဒီရွာထဲက မောင်နှမတွေရဲ့ ရေးစပ်ပေးတဲ့ကဗျာလေးတွေလည်း မျှော်လင့်နေမယ်နော်…. အပြုသဘောပဲဖြစ်ဖြစ် […]


လေကလေးက တဖြူးဖြူး စိတ်ကူးလေးက တလွင့်လွင့် ဟိုး…ပင်မြင်ဆီက နွေဥဩတေးသီသံ ကြားရပြန်တော့ စိတ်ထဲမှာ အလိုမကျနဲ့ (ဘာကြောင့်ရယ်မသိ) လွမ်းနေမိ၏။  ။


နွေဦးMarch 3, 20121min013
စာတပုဒ်ကို ဖတ်မိပါတယ် The sun gives us light But the moon provides inspires. If you look at the sun without shielding your eyes you’ll go blind. If you look at the moon without covering your eyes you’ll become a poet. နေက အလင်းရောင် ကို တို့ ခံစားရတယ် လရဲ့ အလင်းရောင်ကတော့ တို့ကို ကြည်နူးစေတယ်။ နေကို အကာကွယ် မပါဘဲ မင်းကြည့်မယ်ဆိုရင် မင်းရဲ့ မျက်လုံးတွေ ပျက်စီးသွားမယ် […]


  ကျနော်ဟာ ကဗျာကို ဝါသနာပါသူ တစ်ယောက်ပါ .. ။ မရေးတတ် ရေးတတ်နဲ့ ကဗျာတွေကိုလည်း မောင်ရွာ ဆိုတဲ့ ကလောင်အမည်ခံပြီး ရေးခဲ့တယ် … ။ ကလောင်အမည်ခံ ထားပေမယ့်လည်း မဂ္ဂဇင်းတိုက်တွေကိုတော့ ကျနော့်ကဗျာတွေကို ပို့ဖူးခဲ့တာတော့ မဟုတ်ပါဘူး။ အခု ကဗျာလေးကိုလည်း ဖတ်ရှုပြီး ဝေဖန်ပေးကြပါဦးလို့ … ။ ခင်မင်စွာဖြင့် မောင်ရွာ တစ်ဖြစ်လဲ အံစာတုံး