manawphyulayFebruary 29, 20121min018
ချစ်သူ့လက်ဖဝါး အနားနားရှိစဉ်တုန်းကများ အရာရာဟာ တခမ်းတနားနဲ့ လှပခဲ့ဖူးတာပေါ့။ ခုတော့ ချစ်သူရဲ့အဝေးမှာ အလွမ်းတွေ ရက်ဆက်ခဲ့ရပေါင်းများပေမယ့် ရင်ထဲက တစ်စုံတစ်ရာကတော့ အတိုင်းအတာ တစ်ခုထိတောင် လျော့မသွားခဲ့ပါဘူး။ ဆုံဆည်းခွင့်ဆိုတဲ့ ခေါင်းစဉ်ကို စောင့်ခဲ့ရတာ ကြာလှပြီဆိုတာ မောင်ကတော့ မသိ ကျွန်မ ရင်ထဲမှာတော့ မချိခဲ့ပါဘူး။ မက်လိုက်ရတဲ့အိမ်မက်တွေ ရေတွက်မရအောင် အသင်္ချေနှင့် ကျွန်မ ချစ်ရတဲ့ မောင့်ကို ပိုင်ဆိုင်ဖို့အရေး နှလုံးသားနှင့် လောင်းကြေးထပ်ခဲ့ရတယ်ဆိုတာ မောင် တစ်ယောက် သိပါစေလေ……။


marblecommetFebruary 28, 20121min028
လဟာ သဘာဝ အစစ်လို သာခွင့်မရတဲ့ အမှောင့် ပယောဂဝင်လာတဲ့အခါ ဂုဏ်သိက္ခာ အတက်အကျ ရောထွေးသွားသလိုမျိုး စိတ္တဇ အမြစ်နာစွဲကပ်သွားသလိုမျိုး လူမှုရေး ဟွန်းသံတွေ တညံညံ ယဉ်ကျေးပါးနပ်မှု ရှုပ်ထွေးတဲ့ဒေသမှာ အတုအစစ် ခွဲခြားမရတော့တဲ့ မြို့ကလေးဟာ မိုးခေါင်ရေရှား မျက်ရည်တွေ ခိုသီလို့ . . .။   မြို့ကလေးရဲ့ လက်ဝဲဘက်မှာ အပူပိုင်း စိုစွတ်ရာသီဥတု မြို့ကလေးရဲ့ လက်ယာဘက်မှာ မူလ လက်ဟောင်းအနုပညာ အကိုင်းအခက် အကူးအလူးတွေ များလွန်းလာတဲ့အခါ မြို့ကလေးဟာ နာမည်တူ လူတူမရှား ရောထွေးသွားခဲ့ရပြီး ကြယ်သီးပြုတ်တွေ ပြန်တပ်ထားရတဲ့မြို့ . . .။   အဖော်ငတ် အဖော်ငြင်းတတ်လာတဲ့ မြို့ကလေးဟာ ခေတ်နဲ့အညီ အလောတကြီးတပ်ဆင် အလောတကြီးထိုးသုပ် သိမ်းငှက်ယောင်ဆောင်ထားတဲ့မြို့ . […]


manawphyulayFebruary 28, 20121min07
ဝေ့ဝိုက်လာတတ်တဲ့ ရီဝေတဲ့အကြည့်မှာ မြတ်နိုးမဝစွာ ပင့်သက်တွေလည်း…. အခါခါ။ ရွှမ်းလဲ့လဲ့ မျက်ဝန်းနဲ့ နှုတ်ခမ်းတစ်စုံရဲ့ အပြုံးတစ်ပွင့်ကို “လှစ်ခနဲ” တွေ့လည်း ထွေးပွေးသိမ်းဆည်း အမြဲနီးဖို့…. ရင်ထဲမှာ။ ခေါင်းဝှေ့ပျော်ရွှင်တတ်တဲ့ လေညှင်းလေးရဲ့ ဆံနွယ်တစ်ခက်ကို နမ်းရှိုက်တဲ့ စိတ်ကူးနဲ့ ရင်ခွင်ထဲထိ အေးမြစေတဲ့ ဆည်းဆာရဲ့ ညနေတိုင်းဟာ “ထာဝရသစ္စာ” တရားတွေနဲ့ လှပစေသား……..။


manawphyulayFebruary 22, 20121min08
ခွဲရကြာလျှင် ရင်မှာ ဆယ်စင်း နေမင်းသို့ပင် လွမ်းလှပါ့အရှင် ကြင်သူယုယ သမုဒ္ဒရာနွယ်မျှင် တမ်းတရှာချစ်သူ မြင်မြင်သမျှ မင်းမှ မင်းထင် မှန်းဆပါရင် ချစ်သူ့ရုပ်သွင် ပေါ်လာပြီရှင်….


alinsettFebruary 21, 20121min08
______________________________________________________ မျက်လုံးမှ ထွက်သော အခိုးအငွေ ့များကို ထုတ်ပိုး ၍ မရောင်းချရ ။ အစွယ်ပါသော လက်ချောင်းများမှ ထိန်းမနိုင် သိမ်းမရ ထွက်ကျလာသော.. စကားလုံးများကို အမည်တစ်ခုခု တပ်၍ မရောင်းရ ။ ထို နှစ်ချက်ကို မလိုက်နာ နိုင်လျှင် အနုပညာသမား..မလုပ်ရ ။ သို ့သော်…လှိုင်းများ..လှေများ ကြားမှာ မျောချင်ရာ..မျော နေရသော ဘဝမျိုးကို သင် ကြိုက် မှာ မဟုတ်ပါ ။ သင် မကြိုက်သော..ထို ဘဝ မျိုးကို ပင် ကျွန်တော်က ကြိုက်နေပါသည် ။ ကြိုက် လွန်း၍ ခက်.နေသောကြောင့် အငိုက် မိ လျက်သား….-××××××××××××××××××××××××××× ×××××× ××××× ××××××× ×××××××× ××××××××××××× […]


ကျွန်ုပ်၏ ထက်သန်လှသော ကဗျာ လက်စောင်းကြောင့် အမည်မသိ ကမ္ဘာကျော်၊ မြန်မာကျော်၊ အကုန်ကျော် မဂ္ဂဇင်းကြီး၏ မျက်နှာဖုံး စာမျက်နှာတွင် ဖော်ပြခံခဲ့ရသော ကဗျာတစ်ပုဒ်အား ဤနေရာမှာ ရွာသူားအပေါင်း သိစိမ့်သောငှာ ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ၏ (အမှန်ကား ရေးမိရေးရာ ရေးသားထားသော ကဗျာသာ ဖြစ်၏ ) ။ ကျွန်ုပ်၏ ချစ်တတ်လှသော နှလုံးသားကြီး ပေါက်ကွဲပြီးနောက် ပေါက်ဖွားလာခဲ့တဲ့ အဆိုပါ ကဗျာငယ်အတွက် ကျွန်ုပ်အား ရက်စက် သွားခဲ့သော ချစ်သူအား ကျေးဇူးအထူး တင်ရှိပါကြောင်း … (အမှန်ကား သူငယ်ချင်းရဲ့ အသဲကွဲဖီလင်ကို ဘာသာပြန်ဆိုခြင်းသာ ဖြစ်၏ ) ။ ဖတ်ချင်သလိုဖတ်၍ မန့်ချင်သလို မန့်သွားကြပါကုန် …. ပုံ အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး […]


alinsettFebruary 16, 20121min08
တာရာမင်းဝေ ကျောင်းသားအတ္ထုပ္ပတ္တိ (၁) မင်းရဲ့ ရုပ်အလောင်းဟာ ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ် အမှောင်စုန်းစုန်းမှာ အရာအားလုံး မေ့ဖျောက်ပစ် နောက်တစ်ခေတ် မင်းအောင်မြင်စေကွယ် အက်ကွဲနေသောလက်များနဲ့ ဘုရားသခင်ထံ ငါတို့ဆုတောင်း မင်း.. ကောင်းရာသုဂတိလားပါစေ..လို့ ငါတို့ရဲ့ သွေးတစ်စက်ကို ထက်ဝက်ခွဲ မင်းခံတွင်းထဲ တဲတဲလေးလျှောချကြည့်ရင် နှုတ်ခမ်းသေများက ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည် ဒီ..မို..က..ရေ..စီ.. ဒီမိုကရေစီလို့ .. ဆိုလိမ့်မယ် ညီလေးရယ် ရနိုင်မယ်ဆိုယင် မင်းရဲ့အရိုးတစ်မှုံကို နိဗ္ဗာန်ဘုံအထိယူပြီး ဘုရားရှင်ကို ပြကြည့်ချင်တယ်.. မင်းဟာ သူရဲကောင်းလေးဖြစ်တယ် မင်းဟာ အာဇာနည်လေးဖြစ်တယ် မင်းဟာ ဗမာကျောင်းသားလေး.. ဖြစ်တယ်လေ။ (၂) ရေငတ်သလို.. ငတ်ခဲ့ရတဲ့ ဗမာပြည်က “လူ့အခွင့်အရေး”ဟာ အကျဉ်းထောင်ထဲမှာ သချင်္ု ိင်းမြေမှာ တရားရုံးရဲ့ ရာဇဝတ်မှုတွေထဲမှာ.. ရှိနေတယ်.. မင်း.. စွန့်ခွာခဲ့တဲ့ […]


လင္းစက္ရာFebruary 16, 20121min03
အိမ်ရှေ့လမ်းမက အပွင့်ဝါဝါတွေ ပန်ထားတဲ့ညအဖြစ် အသွင်ပြောင်းသွားချိန် ၊ ကျွန်တော်ဟာ သူမပစ်ချထားတဲ့ချစ်ခြင်းတွေနဲ့ အစွမ်းကုန်လောင်ကျွမ်းပြနေတဲ့ ကြယ်ရူးတစ်ကောင်ဖြစ်နေခဲ့တယ်…။ စိတ်ဖြစ်စဉ်တွေ ဖိတ်တစ်ဝက်စဉ်တစ်ဝက်နဲ့ ကျွန်တော် ပုံအောလင်းပထားတဲ့ခံစားမှုဟာ သူမအတွက် ဖျဖျလေးတောင် လင်းရဲ့လားမသိဘူး…။ ကောင်းကင်ရဲ့အချိုးအစားတစ်ခုလုံးကို ကျွန်တော်သိမ်းပိုက်ခမ်းနားချင်တာ မဟုတ်ပါဘူး….။ သူမတစ်ကိုယ်စာ လဲ့ဖြာရူးသွပ်ချင်ရုံ..။ ×     ×     ×     ×     ×     ×     × ရွှေအိုရောင် အပြုံးတွေကို ဆည်းဆာရဲ့ အနားစွန်းပေါ်မှာမြင်တိုင်း ကျွန်တော် တုန်ယင်အေးစက်သွားဖူးတယ် ။ မှော်ဝင်နေတဲ့ နာရီ တစ်ချို့တစ်ဝက်ကို ကမာ္ဘဦးလူတွေရဲ့ ရိုးသားမှုမျိုးနဲ့ ကျွန်တော် ပြင်းပြတပ်မက်ခဲ့ဖူးတယ် ။ ပါးပြင်ထောင့်စွန်းက သွေးကြောမွှာတွေရဲ့ ကကြိုးကို ကျွန်တော် မရိုးတမ်း ခိုးငေးခဲ့ဖူးတယ်..။ […]


black chawFebruary 13, 20121min032
ချစ်သူနင်းမည့် ပန်ခင်းလမ်းထက် လမ်းခင်းပန်းတစ်ပွင့် ဖြစ်ခွင့်ရလျှင် ကိုယ်ပျော်ရွှင်သည်။ ဘလက်ချော တစ်ယောက် ငယ်မူပြန်သွားတယ်လို့ မထင်ကြပါနဲ့ ခင်ဗျာ။ ဒီကဗျာလေးကလည်း ဆယ်ကျော်သက်အရွယ်က ရေးခဲ့တဲ့ ကဗျာလေးပါ။ ဒီနေ့ ကိုထက်ဝေးနဲ့ မြေနီကုန်း ဂျေဒိုးနတ်မှာ တွေ့ကြတော့ နှစ်ယောက်တည်း ကဗျာလေးတွေ ရွတ် ကြပါတယ်။ အဲဒီမှာ ကျွန်တော်က ဒီကဗျာလေးကို ရွတ်ပြတဲ့အခါ ကိုထက်ဝေးက ကြိုက်ပါတယ်တဲ့ ခင်ဗျာ။ အဲဒါနဲ့ ဆရာထက်ရဲ့ တောင်းဆိုမှု ကြောင့် (ကဲ ကိုထက်ဝေးရေ ခင်ဗျားကိုပဲ လွှဲချလိုက်ပါတယ်) ဒီကဗျာလေးကို မျက်နှာပူပူ နဲ့ တင်လိုက်ပါတယ်။ အဲဒီတော့ ကျွန်တော့် ရုပ်ကြီးကို မေ့ထားပြီး M လုလင်လေးတို့ အရွယ်လေးကို စိတ်ထဲမှာထားပြီး ဖတ်ကြည့်ကြဖို့ပါဗျာ။ VALENTINE’s Day မှာ ဖတ်ဖို့ […]


minn_annawarFebruary 13, 20121min03
“ကြက်ခြေခတ်” (X) ဆိုတာ အမှတ်အသား တစ်ခု အမှားပြု မိသူအတွက်။   ဆက်မှားခဲ့သော် အမှားပေါင်းမြောက်များစွာ အမြောက်လက္ခဏာ(X)ဖြစ်…   မစမ်း စစ်နိုင်ရင် အဆိုးအညစ် ဖြစ် ဘဝပါနစ် နိုင်တယ် သင်…အဖြစ်ခံနိုင်လား…   တစ်ချက်တွေးကြည့်ပါ.. မခက်၊ မဝေးပါဘူး အလှည့်ကလေးမှာ ဒေါင့်မှန်တော့…  ကျပါစေ။   “ကြက်ခြေခတ်” ပေမဲ့ လေးဆယ့်ငါးဒီဂရီ ဘယ်ဆီပဲလှည့်လှည့် အတည့်ဖြစ်သွားရင်…   အမှား(X) နေရာမှာ၊ အပေါင်း(+)ဖြစ်သွားမှာပါ…..   အပေါင်း (+) ဆိုတာ.. တိုးပွားခြင်း… စုစည်းခြင်း… ညီညွတ်ခြင်း ရဲ့ လက္ခဏာ၊   ကဲ-   သင်.. ဘာလုပ်မလဲ။


ဂ်စ္စူFebruary 11, 20121min036
တဂျောက်ဂျောက် မြည်နေတဲ့ နာရီလက်တံက အသံရယ် တဝီဝီမြည်နေတဲ့ သွေးစုတ်ဖုတ်ကောင် ခြင်တစ်သိုက်ရယ် တဝေါဝေါမောင်းနေတဲ့ အရှေ ့လမ်းမက ကားသံတွေရယ် အချင်းချင်းရစ်နေတဲ့ အရက်သမားတစ်စုရဲ့ ဆူညံပူညံ အသံတွေရယ် တံခါးမှန်က အရိပ်ပေါ်နေတဲ့ သရဲလိုလို ကိုယ့်အရိပ်ကြီးရယ် ငုတ်တုတ်ထိုင် ဖွာထုတ်လိုက်တဲ့ စီးကရက်မီးခိုးငွေ ့တွေရယ် တစ်လပြည့်တာတောင် တစ်ဝက်ပဲ ဖတ်ဖြစ်သေးတဲ့ တက်ကျမ်းစာအုပ်တစ်အုပ်ရယ် စားချင်သလိုရှိသော်လဲ ဖောက်ရမှာပျင်းလို ့ မစားဖြစ်တဲ့ ကိတ်မုန် ့တစ်ချပ်ရယ် အင်တာနက်မရှိတဲ့ ခပ်ပေါပေါ ပီစီတစ်လုံးရယ် ပစ်ရမှာပျင်းလို ့ ထားထားတဲ့ အမှိုုက်ထုပ် တစ်ထုပ်ရယ် မအေးတော့တဲ့ ရေသန် ့တစ်ဗူးရယ် အခုမှတွေးဖြစ်သလိုရှိတဲ့ မနက်ဖြန်အတွက် အစီအစဉ်တွေရယ် အိစက်ညက်ညောမှုမရှိတဲ့ အိပ်ယာတစ်ချပ်ရယ် တောင်ရောက်လိုက် မြောက်ရောက်လိုက် အာရုံတွေရယ် ပေကလပ်ပေကလပ်နဲ ့ တော်တော်နဲ […]


“အဖြေလေးပေးလိုက်ပါတယ်” (လုရွှေစိန်ပေါက်ရဲ့ ပေါက်ကရရိုက်ချက်များပဟေဠိရဲ့အဖြေမှန်)   တစ်-   မနက်စောစော အိမ်ကထွက် မန်းလေး        တောင်ပေါ်တက်။ နံနက်ခင်း မြူမူံစီ ကိုပေါက်သဘောကျသည် ရိုက်လိုက်မယ်ကွဲ့အခုချက်ခြင်း လုလင်တောင်အောက်ဆင်း။   နှစ်      တောင်အောက်ဆင်းတဲ့လုလင်မှာ ပုသိမ်ကြီးရောက်သွားတာ။ ဆွမ်းလောင်းတာကို ဓါတ်ပုံရိုက် ရွာကလူတွေကြိုက်။   သုံး     လမ်းသလားတဲ့လုလင်ညီ ရွာပြင်ရောက်သွားသည်။ ကွမ်းပင်အောက်မှာ ကောင်မလေး ကွမ်းရွက်ခူးနေသေး။ ရိုက်ချင်လှတဲ့မောင်လုလင် ကင်မရာတပြင်ပြင် ခွင့်တောင်းပြီးခါ ဓါတ်ပုံရိုက် လုလင်မောင်ရဲ့ရိုက်ချက်မိုက်။   လေး   အချောင်းကောင်းတဲ့ ပေါက်ကိုကို မင်းကွန်းဆိပ်ကမ်းကို။ စိန်လုခေါ်ခါ အမြန်ပြေး မြသိန်းတန်ကိုလေး။ သီတာခုနှစ်တန် မြသိန်းတန် အပေါ်တက်ရပြန်။ လှေခါးဘေးက ကိုပေါက်ငေး ပုထိုးတော်ကွဲ့လေး။ ငါး      အင်းဝသွားချင် မောင်လုလင် ရွှေမင်းသားက ကားနဲ့တင်။ လမ်းဘေးရှိတဲ့စေတီလေး ရွှေရွှေလက်ဆော့သေး။ မော်ဒယ်လုပ်တာ […]


black chawFebruary 9, 20121min042
လင်္ကာမချောလည်း ရှိစေတော့ လိမ်ညာမပြောရက်ပါဘူးမေ….။ အချစ်ဦးပါလို့ အချစ်ရူးရအောင် ဘုရားစူးကျိန်တွယ်ပြီး အချစ်ရယ်ယုံပါတော့လို့ ကြုံရာကိုယ်မပြောခဲ့ပါဘူးမေ….။ ပုထုဇဉ်လူသားမို့ နှလုံးသားရေပြင်ထက် ခဏတက်တဲ့ ရေပွက်ကလေးတွေ နှစ်မက်ခဲ့မိတာ ဝန်ခံပါတယ် မေ….။ ကာလတွေတိုက်စား ရေပွက်များပျောက်ကွယ် နှလုံးသားငယ်တည်ငြိမ်ခဲ့သမျှ (အချစ်ရယ်) မင်းနဲ့တွေ့မှပဲ ရည်ရွယ်ရာ မျှော်လင့်ချက် အချစ်အတွက် ချည့်ပဲ ဖြစ်လာခဲ့တယ်….။ ဖျက်ရခက်တဲ့ ဆေးစက်များ နှလုံးသားမှာ စွန်းထင်း မောင်စိန်ဝင်း ရဲ့ ‘အချစ်ဦး’ ကဗျာ ရွတ်ဖတ်ကာ မခနဲ့ပါနဲ့ ရင်ထဲမှာ အချစ်ကလွဲရင် အမြဲသတိရနိုင်တဲ့သူ ဟောဒီဇမ္ဗူမှာ ရှိနိုင်မှာ မဟုတ်တော့ပါဘူး။ အတိတ်ဆိုတာကို ချဲလင်ဂျာ နဲ့အတူ အာကာသဂူမှာ မြှုတ်နှံပြီး ပစ္စုပ္ပန်အတွက် ဆက်လက် ရင်ခုန်ကြရအောင်…။ အဦးဆုံးပန်းကို မဆက်ခဲ့ရသမျှ အထူးဆုံးပန်းကို အချစ်နမ်းရအောင် အလန်းဆန်းဆုံးပန်းကလေး အချစ်အတွက် […]