မြသဲ ( 17082011 )February 9, 2012468min02
ဖခင် ဦးဖါ..မိခင်ဒေါ်စု မီးရှုးသန့်စင် ဖွားမြင်ခဲ့ပေါ့    ဒီဇမ္ဗူမှာ  ရှာမှရှား    အောင်ဆန်းဇာနည် ပြည်ချစ်သား    တိုင်းသူပြည်သား  ဗိုလ်လူအများ    ရဟန်းရှင်လူ ပြည်သူအပေါင်း    အေးချမ်းသာယာ လွတ်လပ်ရေးကို ရရှိဖို့ရာ    သားကောင်း ရတနာ  မွေးဖွားခဲ့တာ    ဖေဖော်ဝါရီ ၁၃မှာ  ဗိုလ်ချုပ်မွေးနေ့ပါ    ပြည်သူ့ရင်ထဲ ယနေ့ထိရှိတယ်    ကဝိ်စာပေတတ်ကျွမ်းဘိ ဘိုးဘွားပုံပြင် သူရဲကောင်းအတိ    ဘယ်သူဖျောက်ဖျက် မပျောက်ပျက်နိုင်တယ်    သမိုင်းမှတ်တမ်း မော်ကွန်းအရှိ    လူတိုင်းရင်ထဲ စွဲမြဲတွယ်ငြိ    သူလိုလူမျိုး နောက်တစ်ယောက်မရှိ………    ဒီဇမ္ဗူမှာ နောက်ထပ်မရှိ….    ပြည်သူ့ရင်ထဲ အောင်ဆန်းဇာနည် ယနေ့ထိရှိ………..    […]


မြသဲ ( 17082011 )February 9, 20121min017
ပုလည်းပု သိမ်လည်း သိမ်ပေမယ့် သွေးကတော့ မနည်းပါဘူး။ … ခေါက်ဆွဲမုန့်ဟင်းခါးဆိုတာ ပုသိမ်သားတွေ အသေကြိုက်ပေမယ့် ဘယ်အချိန်မှာ စားရမယ်၊ ဘယ်အချိန်မစားရဘူးဆိုတာလည်း သိပါတယ်။ ခေါက်ဆွဲမုန့်ဟင်းခါးလောက်နဲ့တော့မစည်းရုံးနဲ့လေ ဂျီသရီးနဲ့ပစ်မယ်ဆိုတုန်းကတောင် ကမ်းလုံးညွှတ်ကြိုခဲ့ကြတာ ပစ်မယ့်စစ်သားတွေ နောက်ဆုတ်သွားခဲ့ရတာ ပုသိမ်မြို့ရဲ့ ကမ်းနားလမ်းမှာ . . .။ ကားနဲ့မသွားရလို့ တားလို့ အမေစု စက်ဘီးနဲ့ထွက်တော့ စက်ဘီးတွေနဲ့ လိုက်ခဲ့ကြတာ နှစ် ၂ဝ ကြာခဲ့ပြီဆိုပေမယ့် မနေ့ကလိုပါပဲ . . .။ မြို့လယ်ခေါင် ကွင်းမရလို့ ကိုးသိန်းကွင်းဆိုတော့ ရန်ဆွယ်ကိုးသိန်း ကွင်းတာပေါ့လို့ ပုသိမ်သားတွေက လှည့်တွေးတတ်တယ်။ လူငယ်တွေက မအိပ်ကြဘူး။ မနက်မနိုးမှာစိုးလို့ . . .။ ဆိုင်ကယ်တွေကို ဓာတ်ဆီအပြည့်ဖြည့်ထားတယ် မိုင် ၂ဝ အဝေးကနေ ကြိုလို့ရအောင် […]


အလိုက်သင့် ရေမျောကမ်းတင်ဘဝမှာ စုန်ရေ ဆန်ရေလည်း ကြုံခဲ့ဖူးတာပဲ ဒုက္ခိတကျွန်တော် မွေးရာပါ ခြေထောက်မဲ့ ခြေတစ်လှမ်းစလို့ ကမ္ဘာလည်း မပတ်ဖူးပါ… လိပ်ပြာတွေ ပန်းပွင့်ပေါ် အရေခွံပြောင်းသလို အန္တရာယ်ခေါ်သံအောက် လူတွေလည်း အသက်ရှူနည်း ကွာခြားတာချည်း… လူမမည်ဘဝတည်းက နေကွယ်ခဲ့ဖူးသူ လထွက်ဖော်ရတာကိုပဲ အရောင်မှိန်မှာ စိုးရိမ်မိ လောကဓံလား လောကဒဏ်လား မကြာခဏ စာလုံးပေါင်း မှားဖတ်သူ ဖျက်ရာ၊ ပြင်ရာများတဲ့ ဒဿနတွေထဲ ကျွန်တော့် ဦးနှောက်ဆဲလ်လည်း သေရုံမှလွဲ၍ ။ ။ စေပိုင်ထွဋ်(ပုသိမ်) (၂၀၁၂ မတ်လ၊ ပြုံးစရာမဂ္ဂဇင်း ဖူးသစ်ကဗျာမှ)


alinsettFebruary 7, 20121min08
( က ) ခပ်ညံ့ညံ့ ယောကျာ်းတွေကို အထင်မကြီးတတ်သော သီတာ ့ကို ကျွန်တော် ချစ်ပါသည် ။ သီတာ သည် ကျွန်တော့် အိပ်မက် ဦး..ဖြစ်သည် ။ သီတာ့အကြောင်းကို ခေါင်းစဉ်များစွာ..ဖြင့် အိပ်မက် မက်ရတာ ..ကျွန်တော်..ပျော်ပါသည် ။ ကျွန်တော် သည်…သီတာ့ကို ချစ်သောကြောင့်…ယဉ်ယဉ်လေး ရူးနေသော…လူငယ်အဖြစ်..ရှင်သန်ခဲ့ဖူးပါသည် ။ အဲဒါ…မှားယွင်းမှုတစ်ခု..လား….? ________________________________________________ ( ခ ) အချစ်သည်..နှောင်ကြိုး..တစ်ချောင်း..ဖြစ်နေလိမ့်မည်..ဟု… ဘယ်တုန်းက မှ…မထင်ခဲ့ပါ..။ ကျွန်တော့် ဘဝတစ်ခုလုံးကို… အထပ်ထပ်အခါခါ..ရစ်ပတ် တုပ်နှောင် ခံလိုက်ရပြီးမှ… အချစ်၏ နှောင်ကြိုး ဆန် မှုကို….ကောင်းကောင်း ..သိသွားသည်..။ သို ့သော်…. နှောင် ဖွဲ ့တတ်သော…အချစ်၏ ချုပ်ကိုင် သိမ်းပိုက်နိုင်စွမ်းရှိမှုကိုပင်… ကျွန်တော်က မက်မောနေပြန်သည် […]


ရာသီတွေ ပြောင်း ရွက်ဟောင်းတွေ ကြွေ ရွက်သစ်တို့ ဝေခိုက် အမှတ်တမဲ့ လေပြင်းတိုက်ခတ်လို့ အမြစ်က ပြုတ်ထွက်ခဲ့ရတဲ့ သစ်တစ်ပင် ….. လှလွန်းလို့ ရင်မှာချစ်မိ ချစ်လွန်းတော့ ရင်မှာငြိတွယ် ငြိတွယ်တော့ မခွဲနိုင်မခွာနိုင် (တစ်စက္ကန့်လောက်မျှ) မခွဲနိုင်တော့ နှစ်ယောက်အတူပေါင်းပြီး ဘဝတစ်ခု တည်ဆောက်မယ်လို့ ရည်စူး ရည်စူးထားလျက်နဲ့ အချစ်တစ်ခုဟာ ပြိုပျက် အဲဒီလို ပြိုပျက်ခဲ့တော့ ရင်မှာ ရူးမတတ်ခံစားခဲ့ရတယ် ….. မျက်ရည် မိုးလိုရွာ ရက်ရှည် လတွေကြာ ဒီဝေဒနာ မျှဝေမယ့်သူမရှိ တစ်ယောက်တည်းသာ ကြိတ်မှိတ်ပြီး တိတ်တိတ်လေး ခံစားနေခဲ့ရတာပါ …. ချစ်ခဲ့သမျှ အချစ်တွေအကုန်လုံး နောက်ဆုံးမှာ ရင်တစ်ခုလုံး ပျက်သုဉ်းလုမတတ် လာပြန် ရိုက်ခတ်တယ် ….. တကယ်ဆို ချစ်တတ်သူသာ အမှားပါ ချိန်ခွင်လျှာဟာ […]


naywoon niFebruary 6, 20121min07
ပန်းပွင့်လေးတွေဟာ အချိန်တန်ရင် ကြွေတာပဲလို့ချည့်ပြောနေကြ လူတွေကတော့ မသေတဲ့အတိုင်း…..။ ပန်းကြွေလေးတွေတောင် သူတို့ရနံ့နဲ့ လူတွေကိုလွမ်းအောင်လုပ်နိုင်သေးရင်….. ငါတို့တွေလည်း နေစဉ်ခဏ ရိက္ခာ ပြည့်အောင် ကြိုးစားချိန်မှာ လူထဲကလူ လူ့အသိစိတ် လူ-လူ ချင်း လူလိုမြင်တဲ့ လူသားဆန်တဲ့ စိတ်ပြည့်ဖို့တော့ လိုလိမ့်မယ်နော်……။ နေဝန်းနီ


လင္းစက္ရာFebruary 6, 20121min02
သွေးစုပ်ဖုတ်ကောင်ဆန်ဆန် အမှောင်   ၊  ခံစားမှု ကပြောင်းကပြန် ကိုယ်ခန္ဓာ လွတ်ကျနေသော ဝါကျများ မနေ့တစ်နေ့က ရှိနေသေးတဲ့________၊ ဒီနေ့နဲ့မနက်ဖြန် ရှိပါဦးတော့မလား ? ရထားတစ်စင်းနင်းကြိတ်ခံရတာတောင် ခေါင်းထောင်ကြည့်ပြီး နံပါတ်မှတ်တယ် ။ (ဖို့ကြိုးစားတယ် ။ ) ကဲ… ဘယ်လောက်များ သူရဲကောင်းဆန်လိုက်ပါသလဲ ? နှင်းဆီပွင့်ချပ် ၊ အမည်းရောင်အသည်းပုံ ၊ အဆိပ်လူးမြား ၊ ခေါက်သိမ်းထားလိုက်စမ်းပါ သင်တုန်းဓါးတစ်လက်လို…။ ခဲဖျက်တစ်တုံးရဲ့ အဖျက်စွမ်းအား ၊ နူကလီးယားဗုံးတစ်လုံးရဲ့ အဖျက်စွမ်းအား ၊ ငြိမ်းချမ်းမှုချင်း ဘယ်လောက်တောင် ကွာခြားလိုက်ပါသလဲ ? သမိုင်းဝင်တဲ့ အလှဆုံးလက်နက်များ ၊ သမိုင်းမဝင်တဲ့ မျက်ရည်အပိုင်းအစများ ၊ ‘ ပန်း ‘ ဆိုတာ နှစ်ခါပြန်မဖူးကြဘူးရယ်…။ အကွာအဝေးတွေ ပုံသဏ္ဍာန်ပျက်လာတယ် […]


“မ”ရယ်…. လက်ပူမိတဲ့ ဝေဒနာညည့်ဆိုး ဒဏ်ရာဖြင့် ပဲ့ကြွေအလွမ်းတွေကို ဘယ်ရာသီက ချော့သိပ်ပေးမှာလဲ။ လူတစ်ကိုယ်စာ အငွေ့ပျံမတတ် ပြုစားရက်လွန်းတဲ့…“မ”ရယ် လွမ်းအပူမီး ရင်သို့ထိုးဖောက် အလျှံတငြီးငြီး ထတောက်နိုင်လွန်းတယ်။ “မ”ကြောင့် သမုဒယ အချစ်ဖွဲကဗျာတွေ စာအုပ်လေးထဲ သောင်ထွန်းခဲ့ဖူးတာ “မ”ကြောင့် ညတိုင်းမက်တဲ့ ပန်းအိမ်မက် သိင်္ဂါရရနံ့ မွွှေးပျံ့သင်းခဲ့တာ “မ”ကြောင့် အနုပညာ မှော်ဝင်လက် ်စာပန်းချီ ဈာန်လမိုင်းကပ်တာ ခုတော့…အားလုံး အဆုံးမှာ အရှုံးပဲ စံချိန်တင်ခဲ့တော့မှာလား။ ထားခဲ့ပါတော့…“မ” ကျွန်တော့်ဘဝ… လက်ရှိအချိန်က မိုးမှောင်ကျလွန်းလို့ ကြယ်ဖမ်းမထွက်နိုင်ဘူး ကုန်းပေါ်ရောက်လွန်းလို့ ငါးလည်း မမျှားနိုင်ဘူး မှန်အရိပ်ကို အတည့်ကြည့်ချင်မိသမျှ ဒီကောင့်အတွက်… တမာလို သင်ခန်းစာ ခါးသက်အလွမ်း ကဗျာလည်းနွမ်းလို့… ကြိတ်မှိတ်ဝါးရင် မျိုချလိုက်တာ ကောင်းပါတယ် ။ ။ စေပိုင်ထွဋ်(ပုသိမ်)


alinsettFebruary 4, 20121min015
* * အပြစ် ရှိလျှင် ခွင့်လွတ်တော်မူပါ .. မိုးရေချိန် ကျဲပါးသော ရာသီဥတု အလွတ် တစ်လုံးထဲတွင်.. ကျွန်တော်..ဝင် ပုန်းခဲ့ရဖူးပါသည် ။ ** အပြစ်ရှိလျှင် ခွင့်လွတ်တော်မူပါ.. ဤပေါက်ချွန်းဖြင့် တစိုက်စိုက် တူးရင်း.. ဟင်းလင်းပြင်ထဲတွင် ညပ်နေသည့် သစ်သီတစ်လုံးကို.. ကျွန်တော်..ခူးခဲ့မိပါသည်။ ထို သစ်သီး မှာ ပြာသော ရနံ ့ရှိပါသည် ။ * * အပြစ်ရှိလျှင် ခွင့်လွတ်တော်မူပါ .. သို ့တည်းမဟုတ်..အပြစ်ယူတော်မူပါ.. * * မည်သို ့ပင် ဖြစ်စေ… သင်လာသောအခါတွင် တိုက်ကျွေးရန်…အတွက် အေးချမ်းတတ်သော သောက်ရေ ဖြူဖြူတစ်ခွက်ကို.. ယခုပင်လျှင်…. ဤ လက်များ ဖြင့် ….ခပ်ယူ ခဲ့ပြိး ဖြစ်ပါသည် […]


ပန်းပုရုပ်ဖော်ဖို့ သစ်တုံးကြမ်း လေးနှစ်သား တူရော…သံရော ပျောက်ဆုံးတဲ့နေ့ အဖေ….ဆုံးပါးသွားခဲ့တယ်…. ဘဝကို တစောင်းကတဲ့သူ အဖြစ် ပါးလျှက်နားလျှက် အပြုံးခပ်ကျဲကျဲနဲ့ ဦးနှိမ့် ခံရတဲ့ ခေါင်းတစ်လုံးလည်း လောကဓံအောက်မှာ….. ဇက်ကျိုးနေပါပြီ………အဖေ အမေ့ဘဝ ရွက်တိုင်ပျောက်တဲ့လှေ ကျောက်ဆောင်ထိပ်တွေ့ ရေနစ်ခါနီးမို့ ရွက်အသစ် အချိန်မှီ လွှင့်ထူပစ်ခဲ့တာ ဒီကောင် ယိုးစွပ်ဖို့ လက်ညိုးမထိုးတော့ဘူး….အဖေ ပျှော်ရွှင်စရာ စိတ်ကူး မိသားစုဘဝ လက်ဖြန့်ပြီးလည်း မတောင်းချင်တော့ အဖေ….အိပ်ယာထက်က မနိုးတော့ဘူးလား…ဟင် တော်ပါပြီ….အဖေရာ ကျွန်တော် တိမ်တွေကို ကျော့ကွင်း မပစ်တော့ဘူး… ပိတ်စနဲ့ ရေသယ် မသွားတော့ဘူး… လက်ဝါးနှစ်ဖက်နဲ့ လေလိုက်မဖမ်းတော့ဘူး… ကျွန်တော့်…ကျန်တဲ့ အိမ်တခြမ်းပဲ့မှာ မှီရပ်ရင်း……..ငေး စိတ်ထဲမှာတော့…. “ခေါင်တိုင် ထိပ်ကကြယ် ဒီညမှာ ပိုလင်းတယ်” စေပိုင်ထွဋ်(ပုသိမ်) (ကိုယ့်အကြောင်း ကိုယ်ရေးထားတဲ့ ကဗျာ)


naywoon niFebruary 1, 20121min021
ခြောက်သွေ့တဲ့ မြေမာအက်အက်ထဲက နှင်းဆီပန်းပင်လေးပေါ်မှာ ပန်းဖူးလေး တစ်ဖူး ပွင့်အာထွက်လာပြီး အောက်ခြေကိုစောင်းငဲ့ကြည့်ရင်းပြောလိုက်တယ်….။ “ အံမယ်…. ငါ့မှာ ကိုယ်ရံတော်တွေအပြည့်ပဲ” တဲ့…..။ အနားက kiss me ပန်းအိုးကလည်းအားကျမခံ “အေး ငါ့မှာလည်း ကိုယ်ရံတော်တွေနဲ့” တဲ့……။ အဲဒိတော့ အနီးမှာရှိတဲ့ စပယ်ရုံ အသာပြုံးရှာတယ်…။ သူပြောလိုက်တာကတော့ “ ဖြူစင်သန့်ရှင်းပြီး မွှေးရနံ့ သင်းပျံ့နေသူတွေအတွက် ကိုယ်ရံတော်ဆိုတာက အပိုတွေပါပဲ” တဲ့လေ………။ နေဝန်းနီ


htet wayFebruary 1, 20121min08
မေတ္တာပေးခဲ့တယ် ဘယ်လူလူမျိုးမျိုးပဲဖြစ်ဖြစ် ဆွတ်ဆွတ်ဖြူတဲ့ အကြင်နာနဲ့ အေးစေကြောင်းစေတနာနဲ့ မေတ္တာဝေခဲ့တယ်။ ဒီကိစ္စ ဖြူတာမည်းတာနဲ့ မပက်သက်ဘူး ဆင်းရဲတာချမ်းသာတာမခွဲခြားဘူး ကိုယ်ကလည်းမေတ္တာရချင်တယ် တကယ်လည်းမေတ္တာငတ်နေခဲ့တာကိုး ကမ္ဘာကြီးမှာလူတွေနေကြ အဲ့ဒီကမ္ဘာရွာထဲ အာရှတိုက်လည်းပါဝင် အာရှတိုက်ထဲ မြန်မာနိုင်ငံရှိတယ် အားလုံးအတူတူ ငြိမ်းစေတဲ့ အေးအရိပ်မှာ ချွေးသိပ်သော အနားယူဖို့ မေတ္တာတရားလိုအပ်တယ် ဝိုင်းဝိုင်းလည်နေတဲ့ ဓါတ်ပုံမော်ဒယ်ကောင်မလေးကိုမေးကြည့်မိပါတယ် ညီမလေးကို မေတ္တာထားသူများတယ် .. တဲ့ တကယ့်မေတ္တာဟုတ်ရဲ့လားကွယ် အချစ်ကပူလောင်တယ်။ ကျွန်ိတော်တို့ အောက်ဆီဂျင်ကိုရှုကြတယ် အသက်ရှင်ရပ်တည်ဖို့ ဘယ်ကရရ မေတ္တာလေညှင်းရှု ရှိုက်ချင်တယ် တိုက်ကြီးပေါ်ကပဲဖြစ်ဖြစ် တဲကုတ်ကလေးကပဲဖြစ်ဖြစ် တောနေလူတန်းစားကပဲဖြစ်ဖြစ် ကျွန်တော်မေတ္တာလိုချင်တယ် အေးငြိမ်တဲ့ ဓါတ်တွေ…. တည်ငြိမ်တဲ့ အတွယ်ကင်းတဲ့ မေတ္တာတွေ ကမ္ဘာမြေမှာ မေတ္တာတရားတွေနဲ့ လင်းနေကြောင်း ငြိမ်းနေတဲ့ စိတ်တွေရဲ့ တကိုယ်တော်ခရီးအကြောင်း ကျွန်တော် တေးဆိုလိုက်မိတယ်…။


naywoon niJanuary 30, 20121min04
အဲဒိနေ့ကပေါ့…… ပျင်းပျင်းရှိတာနဲ့ ငါ့ရင်ဘတ်ထဲ ဖွက်ထားဖူးခဲ့တဲ့ မသိခြင်းသေတ္တာကို ပြန်လည်တူးဆွ နားမည်ခြင်း password နဲ့ဖွင့်လိုက်တော့ တံဆိပ်သာမြင်ဖူးပြီး အရသာမမြည်းစမ်းဖူးသေးတဲ့ အရက်ပုလင်းတွေရယ်………… ခေါင်းစဉ်သာတွေ့ဖူးပြီး ခုထိမဖတ်ဖြစ်သေးတဲ့ ဝတ္ထုစာအုပ်တွေရယ်…….. ခေါင်းစဉ်သာတပ်ထားပြီး မရေးဖြစ်ခဲ့တဲ့ ကဗျာခေါင်းစဉ်သာပါတဲ့စာရွက်အလွတ်တစ်ချို့ရယ်………….. ထွက်ကျလာခဲ့ပေါ့…..။ အဲဒိနေ့ကပေါ့ ဂျွမ်းမထိုးတတ်တာရယ် ကြိုးတန်းပေါ်လမ်းမလျှောက်တတ်တာရယ်နဲ့ ဟော့ဒိဇာတ်ခုံပေါ်မှာ မင်းသားမဖြစ်လိုက်ရဖူး……။ ခွေးလိုအူပြီး မျောက်လိုကနေတဲ့ကောင်ကိုကျတော့ ဆုတွေဘာတွေချလို့………… ငါ့ကိုကျတော့ မသိချင်ယောင်ဆောင်နေကြရဲ့ ဒါနဲ့ ငါလည်းနေရာကလှည့်ထွက်ခဲ့တော့တယ်…..။ အဲဒိလိုနဲ့………….. မသိခြင်းသေတ္တာကို ငါ့ရင်ဘတ်ထဲမှာပဲ သေသေချာချာ ပြန်ဖွက်ထားပြီး နေ့တစ်နေ့ဆီကို ခရီးဆက်ခဲ့တာပေါ့……………..။ နေဝန်းနီ