အမှောင်တွေ ပုံသဏ္ဍာန်မဲ့ ဖြာထွက် ၊ နံရံလေးဘက်ထဲက အရိပ်တစ်ခု ဆန့်တန်းရုန်းထွက်လာခဲ့ ၊ စေးထန်းနေတဲ့ အလွမ်းတွေချန်ထား ၊ သမားရိုးကျ အနာတရတွေချန်ထား ၊ အဲဒီနောက် အခွံချည်းသက်သက်ပြန်ဖြစ်သွားတယ်…။ ဟောဒီမှာ! နှုတ်ခမ်းတွေက ကုပ်ကုပ်ကွေးကွေး သွေးညစ်တွေ အစွေးသားနဲ့ လူအရေခွံခြုံထားတဲ့ ခပ်ရိုင်းရိုင်း ဝံပုလွေတစ်ကောင် ..။ ဟောဒီမှာ! ရလိုမှုတွေ အထပ်ထပ်နဲ့ မရောင့်ရဲတတ်တဲ့လူတွေထဲက သွေးစုပ်တတ်တဲ့ တစ္ဆေတစ်ကောင် ..။ ဟောဒီမှာ! စိတ်ကူးတွေ ဖွာလန်ကြဲနေတဲ့ အကြောလျော့ရုံပြုံးတတ်ဖို့ သင်လို့ကို မတတ်နိုင်တဲ့ ခပ်ကျဲကျဲလူတစ်ကောင် ..။ လူတွေအတွက် မြို့ပြက မှော်ရုံဆန်ခဲ့သတဲ့…။ လူတွေအတွက်(ပဲ) လူတွေက သားရဲဆန်ခဲ့သတဲ့…။ ဟွန်းသံကလွဲပြီး အသံအားလုံးဆူညံနေတဲ့အထဲ ငါလည်း ပျောက်ဆုံးလွင့်ပါးသွားတယ်…၊ ခိုတစ်အုပ်သိတယ်.. လမ်းဘေးကုက္ကိုပင်အိုကြီးသိတယ်.. အနီးအပါးက လေထုသိတယ်.. လူတွေကတော့ […]


alinsettJanuary 28, 20121min012
ပြင်သစ်လူမျိုး ပန်းချီဆရာကြီး.. MERCEL DUCHAMP .. ( 1887 – 1968 ) ဆိုသူတစ်ဦး ရှိခဲ့ပါတယ်။ အနုပညာလောက တစ်ခုလုံးကို ပြဿနာ တွေ..၊ အငြင်းပွါးဖွယ်ရာတွေ…အများကြီး ဖြစ်အောင်..ပွဲ..လှုပ်ခဲ့သူ ကြီး..လို ့….ဆိုကြပါတယ်။ ဘာကြောင့် လဲ…။ __________________________________________________ ဘာကြောင့်လဲ..ဆိုတော့.. 1917 ခုနှစ် ၊ နယူးယောက် ပန်းချီပြပွဲတစ်ခုမှာ… သူ..တင်ပြခဲ့တဲ့ အနုပညာပစ္စည်း ဟာ…. ကျင်ငယ်စွန် ့တဲ့ ကြွေခွက် တစ်လုံး….ဖြစ်နေလို ့ပါ။ ကျင်ငယ်စွန် ့တဲ့ကြွေခွက်ပေါ်မှာ M . RUTT ..ဆိုတဲ့ ဆူဒိုနင် ကလောင်အမည် နဲ ့ လက်မှတ်ထိုးပြီး ပြပွဲ..ကို တင်သွင်းလိုက်တယ်..။ ကြွေခွက်ကို အနုပညာပစ္စည်း တစ်ခုအဖြစ် ( ပန်းပုရုပ် […]


ညနေတွေပန်သူမဲ့ တိမ်တိုက်တွေ ခဝါချသွားတဲ့ မိုးငွေ့ရနံ့ ပျင်းတွဲမှုန်ဖျ ပြတင်းတံခါးမှာ ပါးကွက်ကြားလေးစွန်းထင်းထားတယ်…။ ခရမ်းပြာဘာသာစကားနဲ့ ကဗျာတစ်ပုဒ် သူမဖြစ်ရဲ့… အဓိပ္ပါယ်တွေ ကိုင်းညွတ်ရုံ..၊ မြေမကျဝါကျတွေကိုတော့ စွန်ကြိုးဖြတ်ထားစမ်းပါ..၊ အရှိတရားတွေ ပုံပျက်သွားနိုင်တယ်..။ ပြဿဒါးတွေ ကျောပိုးထားတဲ့ နာရီများ  ၊  မြစ်တစ်စင်း ကကြိုးတွေမိုးခိုရအောင်…၊ မှော်ရုံတေးချင်းမှာ သွေးကြောတွေ ကတုန်ကရီ မီးတောင်ရှင်တွေလို မျက်လုံးများ ရီမောကြတယ်…။ မဟာတံတိုင်းခြားထားသလို မျက်နှာတော် ညိုလှချည့်..၊ တစ်ရံတစ်ခါအပြုံးတွေ မျဉ်းပြိုင်များ စူးစိုက်နေကြ နှုတ်ခမ်းတွေပေါ်က ငါ့ ရှင်သန်ခြင်းကို ဘယ်သူပိုင်သထားတာလဲ….ကောင်မလေး..။ ဖြူလွပြောင်းနွဲ့ရုံ ဝတ်ကြေတန်းကြေလင်းပရုံနဲ့ ည, ညတွေကမာ္ဘပျက်တာ သစ္စာမဲ့တဲ့လကို မိုးသားတွေခိုးဝှက်ထားမှန်း စုံလုံးကန်းမျက်ရည်စတွေ အသံမဲ့ မေ့လျော့သွားကြတယ်…။ ဂါထာတွေ မမန်းမှုတ်ပဲ ထုတ်ချင်းခတ် သိမ်းပိုက်တော်မူပါ.. ချပ်ဝတ်ဓါးသွားတွေ ငါခွာချထားတာကြာပေါ့…၊ အရိုင်းဆန်ခဲ့လည်း အညွတ်အနူးကြွေကျဖူးတဲ့ […]


weiweiJanuary 28, 20121min014
ခင့်စိတ်ဘဝင် ငြိမ်းအေးချင်သည် ကြောင့်ကြဖယ်ရှင်း မုန်းမာန်ကင်းအောင် ဖြစ်ချင်လိုလှ ဆုတောင်းရ။ ။ ချစ်သူကွေကွင်း ဒုက္ခတွင်းသည် ပိန်းပိတ်အမှောင် ဘဝကြောင်မို့ မကြုံလိုလှ ဆုတောင်းရ။ ။ ကြင်လျာသက်နှင်း ခင့်ချစ်ရင်းသည် ဆုံးတိုင်ဘဝ ချမ်းသာရမို့ ပေါင်းဖက်လိုလှ ဆုတောင်းရ။ ။ *** လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ရေးထားဖူးတဲ့ ကဗျာလေး စာအုပ်ဗီဒိုရှင်းရင်းတွေ့တာနဲ့ ***


Part (I) ညရဲ့အသံကိုပြန်ကြား ငါဟာ… ပိုးစားခံနေရတဲ့ အတိတ်မည်းမည်းတစ်ကောင်..။ တောင်ပံတွေဖြန့်ပြီး (တစ်နည်း) ရွက်ဖျားတွေဆန့်ပြီး တစ်နင့်နင့်တိုးဝင်ခဲ့တဲ့ခရီးက အလင်းမဲ့ ၊ တိတ်တဆိတ် ကျွံကျကျန်ရစ်တယ်…။ Part (II) မျက်ရည်အစက်စက်တို့ သူ မမြင်စေအောင်သိမ်းဆည်း မျက်နှာဖုံးအခွံတစ်ခု ငါ ထုဆစ်ရပြန်…၊ သူ ,မပြောတဲ့ သူ့ညနေခင်းများအကြောင်း…၊ ငါ မပြောဖြစ်တဲ့ ငါ့မနက်ဖြန်များအကြောင်း…၊ ခေါင်းစဉ်တွေ မခွဲတော့ဘူး….။ Part (III) တစ်ဆိတ်….! အလင်းတံခါးတွေပိတ်ပေးပါ.. အမှောင်ရဲ့လက်ဖျားတွေကြားက ခေါ်သံများကြားသလားလို့…..၊ (..မဟုတ်ဘူး..) ဒါ အိပ်မက်…! (..မဟုတ်သေးဘူး..) ဒါ မျှော်လင့်ချက်…! ထမ်းပိုးထားရတဲ့ခံစားမှုက (ငါ့အတွက်တော့) အခါးနည်းနည်းကဲလွန်းတယ်….။ Fianl Part(I) အဝေးပုံပြင်တစ်ပုဒ် ၊ သိမှတ်မဲ့ ကျဆုံးခန်း ၊ အကြွင်းမဲ့ ရာသီပြိုချိန် ၊ […]


black chawJanuary 27, 20121min037
လောကကြီးက ကြည့်မှန်တစ်ချပ် မဟုတ်ဘူး အစစ်တွေ ပြပေမယ့် အစစ်တွေ ပြန်ပေါ်ချင်မှ ပေါ်မယ်။ လောကကြီးက အပေါစား အချစ်ဝတ္ထုတစ်ပုဒ် မဟုတ်ဘူး။ အချစ်တွေပေးပေမယ့် အချစ်တွေ ပြန်ရချင်မှ ရလိမ့်မယ်။ လောကကြီးက အရက်တစ်ခွက် မဟုတ်ဘူး မော့သောက်လိုက်ပေမယ့် မူးချင်မှ မူးလိမ့်မယ်။ လောကကြီးက ဂစ်တာတစ်လက် မဟုတ်ဘူး တီးခတ်လိုက်တိုင်း သံစဉ်ချိုချိုတွေ ထွက်ချင်မှ ထွက်လိမ့်မယ်။ လောကကြီးက ဘောလုံးပွဲတစ်ပွဲတော့ မဟုတ်ဘူး။ ဂိုးသွင်းလိုက်ပေမယ့် အနိုင်ရချင်မှ ရလိမ့်မယ်။ လောကကြီးက မာဆတ်ခန်းတော့ မဟုတ်ပါဘူး။ အနှိပ်ခံပေမယ့် အညောင်းပြေချင်မှ ပြေလိမ့်မယ်။ လောကကြီးက ကင်မရာ တစ်လုံး မဟုတ်ဘူး။ ခလုပ်နှိတ်လိုက်တိုင်း ရှုခင်းပုံလှလှလေးတွေ ထွက်ချင်မှထွက်လိမ့်မယ်။ လောကကြီးက အင်း လောကကြီးက လောကကြီးပါပဲဗျာ။ 😀 😀 😀 […]


manawphyulayJanuary 26, 20121min03
သည်မှာ ဘုရား၊ သည်တရားပင် သည်ကား သံဃာ၊ သည်မှာ မိဘ ဂုဏ်ကိုပြ၍ သည်က ဆရာ လင်္ကာပန်းစုံ သီကုံးပုံသည် သီတဂူဆရာတော်ကြီး လက်ရာတည်း။ ငါးပါးအနန္တ ဦးခိုက်ကြသော် သာသနာရေး ရှေ့က ဦးဆောင် နိုးကြားတက်ကြွ ဆော်ဩကာဖြင့် သီတဂူသာသနာပြုအဖွဲ့ကြီး ဖြစ်တည်ခဲ့သည်။ သီတဂူအရေး တို့အရေးဟု ဝင့်ကြွားဂုဏ်ရောင် ပညာရောင်ဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပေါ်ပေါက်ခဲ့သည်။ သာလိမ့်ကျက်သရေ တက်ဖြိုးဝေဟု စာပေဆော်ဩ ဘုရားဟောနှင့် ပုတ္တောဝါဒ ဆုံးမစာဖြင့် ဘာသာအရေး ပြန့်ပွားစေခဲ့သည်။ လူ့ဘောင်သာသစ်၊ တရားချစ်ကြ တားမြစ်မရ၊ အိုကြရလိမ့်….. တားမြစ်မရ၊ နာကြရလိမ့်…. တားမြစ်မရ၊ သေကြရလိမ့်…. ဘဝမငြိမ် ခန္ဓာအိမ်ကို အချိန်နှင့် ဆောက်၊ အပျောက်နှင့်ရှု အပြုနှင့် ပြင်၊ အလှဆင်လော့ အိုလူသားတို့…. နိုးဆော်ရင်းဖြင့် […]


comegyiJanuary 25, 20121min010
ငါ့ရွာ  . . . ရွာအဝင်တံခါးဝမှာ ရွာအဝင် ဆိုင်းပုဒ်ဟာ အပြာရောင် အပြုံးတွေနဲ့ ကြိုဆိုနေတဲ့ရွာ. . .။   ကွန်ဆာဗတစ် ကားကြီးပေါ်က ခုန်ဆင်းလိုက်တော့ ငါတို့ ငယ်ငယ်ကလို ကလေးတွေ ကားဆီ ဒုန်းပြေးလာကြတာ မတွေ့ရတော့တဲ့ ငါ့ရွာ . . .။   ၁၅ နှစ်သားမှာ ရွာက ထွက်ခဲ့ပြီး ၁၅ နှစ်ကြာပြီးမှ ရွာပြန်ရောက်ဖြစ်တဲ့ အခါ . .  .။   င့ါရွာ အိုသွားတာလား  .  . . ခုမှ အပျိုဖြစ်လာတာလား . . . လူအမြင်ကတ်လောက်အောင် လည်လွန်းတဲ့ ကလေးပေါက်စန တစ်ယောက်လား ခေတ်စနစ်ကြီးမှာ ယောက်ယက်ခတ်နေပြီလား […]


SandyJanuary 25, 20121min06
ငယ်ငယ်တုန်းကပညာပေးသင်ခန်းစာတွေအများကြီးသင်ခဲ့ဖူးပါတယ်။ရတန်းကလေးကိုသင်ရင်းနဲ့လူတွေကိုပြန်မှတ်စေဖို့ဒီ”post”ကိုတင်လိုက်တာပါ။ ပုံပြင်လေးတွေပါ………………………………… “The Fox and the Grapes”…မြေခွေးနုင့်စပျစ်သီး တစ်နေ့မှာမြေခွေးတစ်ကောင်တောထဲမှာအစာရှာရင်းစပျစ်ပင်ကြီးအောက်ရောက်တော့စပျစ်သီးတွေမြင်တော့”အရမ်းချိုပဲဆိုပြီး”စဉ်းစားရင်းစပျစ်သီးကိုခူးဖို့ကြိုးစားတယ်။ ဒါပေမဲ့စပျစ်ကိုင်းကိုမမှီတော့ဘယ်လောက်ခုန်ခူးခူးမမှီဘူးပေါ့။ သူအလွန်မောပန်းလာတာပေါ့၊အဲ့ဒီအချိန်မှာသူစကားတခွန်းပြောတယ်”ဒီစပျစ်သီးတွေငါမလိုချင်တော့ဘူး၊အဲ့ဒါတွေအရမ်းချဉ်တယ်ဆိုပြီးထွက်လာခဲ့တယ်။” ဒီပုံပြင်ကိုကြည့်ချင်းအားဖြင့်…………………..လူတွေကကိုလိုချင်တာရဖို့ဆိုရင်ဘာမဆိုလုပ်ပြီးယူတတ်ကြတယ်။ သူတို့လိုချင်တာမရတော့ဘူးဆိုရင်တော့အဒီအရာကိုပြစ်တင်ကဲ့ရဲ့တတ်ကြပြီး၊မကောင်းဘူးဆိုပြီးပြောတတ်ကြတယ်။ ဒီပုံပြင်လေးကလူတွေရဲ့စိတ်နေသဘောသဘာဝကိုဖော်ပြလိုက်တာပါ။အမှတ်တမဲ့ဆိုပေမဲ့လူတွေတော်တော်များများသတိလက်လွတ်ပြောမိကြပါတယ်။ ဒုတိယပုံပြင်လေးကတော့…………………………………… “The Dog in the manger”…….နွားစာခွက်ထဲကခွေး တစ်နေ့မှာခွေးတစ်ကောင်၊နွားစာခွက်တဲဝင်ပြီးနေတယ်။ နွားတွေကောက်ရိုးစားဖို့လာတော့လာသမျနွားတွေကိုဟောင်လွတ်ပစ်လေတယ်။ သူကိုယ်တိုင်ကတော့ကောက်ရိုးကိုမစားဘူး၊ဒါပေမဲ့ဘယ်သူမှစားမရအောင်လုပ်တယ်လေ။ ဒီပုံပြင်ကိုကြည့်ချင်းအားဖြင့်………………….လူတွေကကိုလည်းအသုံးမတဲ့သူများကိုလည်းမပေးနိုင်။ ဒါကတော့လူတွေဖြစ်တတ်ပါတယ်၊ကိုနဲ့လည်းအသုံးမတည့်၊သူများကိုလည်းတွန့်တိုပြီးမပေးနို်င်၊ရှင်းရှင်းပြောရရင်တော့မက်မောခြင်းပါ။ ဒီပုံပြင်တွေကို”ဂရိပညာရှိ…” “Aesop” ရေးသားခဲ့တာပါ၊ “Aesop’s fables” Aesop ရဲ့ သင်ခန်းစာများဆိုပြီးအမည်တွင်ခဲ့ပါတယ်။ ိ


manawphyulayJanuary 21, 20121min021
အတွေးတွေ ပြည့်သိပ်နေတဲ့ ညလယ်ကောင်တွေထဲ သတိရခြင်းက ငါ့ရင်ဘတ်ပေါ် အလွမ်းတွေက ပြိုကျ မျှော်လင့်တိုင်း မက်ခွင့်မရတဲ့ အိပ်မက်တွေက ညနံရံတွေကို တစ်စစီ ရိုက်ခတ်တိုက်စားလို့ နာရီတွေသာ အချိန်မှန် ပုံမှန်လည်ပတ်နေမြဲ အချိန်တွေကို ဝါးမြို တစ်စတစ်စနဲ့ ရာသီတွေအလီလီပြောင်း နှစ်ဟောင်းတွေကုန် နှစ်သစ်တွေကူးပြန်ပါပေါ့ မပြောင်းလဲသေးတဲ့ ဘဝနဲ့လောကတွင်း ဖြတ်သန်း လွမ်းမိတိုင်းလည်း စဉ်းစားမရ ဘာကို ဘယ်လိုလွမ်းမိမှန်းလည်း မသိ အလွမ်းသံသရာသာ ရှည်လျားနေခဲ့ တမ်းတမိတဲ့ အိပ်မက်တိုင်း မင်းရဲ့အရိပ်များ ညစဉ်မက်စေခဲ့ ငါ့ရဲ့အတ္တများ ခုတော့… အိပ်မက်တွေနဲ့ မျောပါခဲ့ပေါ့ လွမ်းတိုင်း မက်ခွင့်မရှိတဲ့ အိပ်မက်ချစ်သူရယ် ညတိုင်း အိပ်မက် မက်ခွင့်ပေးပါ….


alinsettJanuary 19, 20121min07
( အမှောင် မပါသော ည….. ) ၁ ။ ။ ရေးရင်း တန်းလန်း…အဆုံးမသတ်လိုက်ရသေးမီ…ပစ်ပယ်ထားလိုက်ရသော..စာများ..။ မပေးဖြစ်လိုက်သော ချစ်ခွန်းခြွေလွှာများ…. မရေရာသော မျျှော်လင့်ချက်များ….. စသည်ဖြင့် … ကျွန်တော့် အိတ်ထဲမှာ ပြည့်နှက်နေပါသည်။ သို ့သော် ..ကျွန်တော် ပြောပြချင်သည်မှာ…ထိုအရာများအကြောင်း မဟုတ်ပါ။ ညများ..နှင့် လမ်းလျှောက်ခြင်းများအကြောင်းသာ.. ပြောပြချင်ပါသည်။ အရောင်တစ်လက်လက် ထ..နေသော ကြယ်များ( ပါဝင်သော်လည်း.. ) ဤည သည် ကျွန်တော်ကိုယ်တိုင် မနှစ်သက်သော ည..ဖြစ်သည်။ ၂ ။ ။ သို ့သော်…ကျွန်တော်သည် ည ထဲမှ မထွက်ခွါချင်သေးပါ။ ညသည်…အဆင်တန်ဆာတစ်ခု မဟုတ်ဘူးဆိုသော်လည်း… ကျွန်တော် ဆင်မြန်းချင်သော…ဝတ်ရုံတစ်စ ဖြစ်သည်။ ညသည်….လူငယ်တစ်ယောက်၏ အိပ်မက်များကို ခင်းကျင်းပြ သ ခွင့်ရအောင်… […]


black chawJanuary 19, 20121min032
ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ် 1987 လောက်က မောင်စိန်ဝင်း(ပုတီးကုန်း) ၏ သောကခြေရာ ရတနာ ကဗျာများ ဆိုသည့် ကဗျာစာအုပ်လေး အလွန်နာမည်ကြီးခဲ့ပါသည်။ ရည်းဇားစာပေးတာတောင် မှ မောင်စိန်ဝင်းကဗျာနဲ့ မှ ဆိုပြီး တစ်ခေတ် ဖြစ်ခဲ့ဘူးပါသည်။ ချစ်သူရည်းဇားကို မောင်စိန်ဝင်း ကဗျာစာအုပ် လက်ဆောင် ပေးတာလည်း ခေတ်စားခဲ့ဘူး ပါသည်။ ပြောရင် ယုံနိုင်ဖွယ်ပင် မရှိပါ။ အရောင်းရခက်ခဲသော ကဗျာစာအုပ်ဈေးကွက်တွင် မောင်စိန်ဝင်း ကဗျာစာအုပ်မှာ အကြိမ်ကြိမ် ရိုက်နှိတ်ခဲ့ရပြီး ယခု ကျွန်တော် အပိုင် ဝယ်ယူထားခဲ့သော မောင်စိန်ဝင်း ကဗျာစာအုပ်မှာ ပဉ္စမအကြိမ် ထုတ်ဝေသော စာအုပ်ဖြစ်ပါသည်။ ပထမအကြိမ် မှ စတုတ္ထအကြိမ် (၁၉၈၉ စက်တင်ဘာ) အထိ အုပ်ရေ ၁၄၀၀ဝ နှင့် ပဉ္စမအကြိမ်အဖြစ် (၁၉၉၁ […]