ကိုယ့်မေ့နေတဲ့ ကိုယ့်အကြောင်းများ လူတွေလား…….. အို……….အားလုံးပါပဲ…….. ဆိုရိုးစကားတွေတွင်တွင်ကျယ်ကျယ်သုံးပြီး ဇာတ်လမ်းတွေဆင်……. ဇာတ်ကွက်တွေချ ဝတ္ထုတွေ ရေးနေလိုက်ကြတာ လူတစ်ယောက်ချင်းစီမှာ ဝတ္ထုတစ်ပုဒ်အနဲဆုံးရှိတယ်……….။ လူတွေလား…….. အို……….အားလုံးပါပဲ…….. ကာရံတွေညှိ နဘေတွေထပ်ပြီး ပုံသေနည်းတွေ နည်းပညာအသစ်တွေနဲ့ စကားလုံးတွေစီပြီး ကဗျာတွေရေးဖွဲ့နေကြ လူတစ်ယောက်ချင်းစီမှာ ကဗျာတစ်ပုဒ်အနဲဆုံးရှိတယ်….။ လူတွေလား…….. အို……….အားလုံးပါပဲ…….. ဖလင်မသုံး ကင်မရာမပါပဲ ကြည့်မှန်တစ်ချပ်နဲ့တင် အိုက်တင်တွေပေး ဒိုင်ယာလော့ဒ်တွေပြောပြောပြီး ဆက်တင်အမျိုးမျိုးဆောက်ရင်း ရုပ်ရှင်တွေရိုက်နေကြ လူတစ်ယောက်ချင်းစီမှာ ရုပ်ရှင်တစ်ကားတော့ ရှိကြ အဲဒါအနဲဆုံးပါပဲ….။ အဲဒိလိုတွေရှိနေပါရဲ့နဲ့ ကိုယ့်ဝတ္ထုထက်သူများဝတ္ထုကို ပိုစိတ်ဝင်စားနေကြ ကိုယ့်ကဗျာထက်သူများရေးတဲ့ကဗျာ ပိုသဘောကျနေကြ ကိုယ်တိုင်ပါဝင်တဲ့ရုပ်ရှင်ထက် သူများတွေရဲ့ရုပ်ရှင်တွေကိုပဲ အကယ်ဒမီတွေပေးလိုက်ကြ ကိုယ့်ဝတ္ထုကိုယ်မေ့ ကိုယ့်ကဗျာကိုယ်သတိမရ ကိုယ့်ရုပ်ရှင်ကိုယ်စိတ်မဝင်စားတော့ပဲ ညညဆိုရင် ကိုရီးယားဇာတ်လမ်းတွေ ပဲ ထိုင်ကြည့်နေကြတော့တာပေါ့…………။ နေဝန်းနီ
