အလျင်လို လမ်းအိုလိုက်……….တဲ့ ဟုတ်ကဲ့ ကျွန်ုပ်တို့ အလျင်မလိုကြပါ….။ ဒါကြောင့်……. လမ်းဟောင်းကိုဖယ်ပြီး လမ်းသစ်ကောင်းကောင်းတစ်ခုဖောက်ဖို့ ကျွန်ုပ်တို့ဆုံးဖြတ်လိုက်ကြပါတယ်……။ ဒီလမ်းသစ်ဟာ ဟိုးးးး ဇနပုဒ်ကနေ ရွှေမြို့တော်ကြီးအရောက် ရွှေမြို့တော်ကြီးဆီကနေ ဟိုးးးး မှုန်ပြပြလှမ်းမြင်နေရတဲ့ ကမ္ဘာ့ရွာ ဟိုင်းဝေးလမ်းမကြီးအရောက် ဆက်လက်ဖောက်လုပ်သွားမှာပါ….။ အဲသဟာကိုကြည့်ပြီး လမ်းဟောင်းရှင်အသင်တို့ အကူအညီမပေးချင်နေပါ….. အနှောက်အယှက်တော့ မပေးကြပါနဲ့…….။ ဒီလမ်းကြီးသာပြီးသွားရင် ဟိုးးး ဇနပုဒ် သားက ရွှေမြို့တော်ကြီးဆီ မျက်စေ့မှိတ်လမ်းလျှောက်လာပြီး အဲဒိကနေ ဟိုးးးး ကမ္ဘာ့ရွာလမ်းမကြီးပေါ်တက် အသိတွေပွင့် အမြင်တွေရှင်းပြီး ကမ္ဘာ့ရွာကစာကွင်းကြီးမှာ လယ်ဗယ် ညီကစားနိုင်ဖို့ အသိအတတ် နည်းပညာတွေ ခင်ဗျားတို့ မျှဝေပေးကြပါ….။ ကျွန်ုပ်တို့လမ်းသစ်တစ်လျှှောက် ပညာတွေဖြန့်ဝေပေးကြပါ….။ အားလုံးဟာ တစ်သားထဲ လမ်းဟောင်းကိုစွန့်ခွာလို့ လမ်းသစ်တစ်စင်းဖောက်ကြပါစို့……..။ နေဝန်းနီ
