SonnyDecember 24, 20111min012
“ငဆန်နီ၏ Boxing Day ခန္တာဖတ်စာ”   အအေးကကဲကဲလေး နှာကစေးသနဲ့။ ချောင်းဆိုးကမညှာ လည်ပင်းကနာ။ မျက်စေ့ကပါဝါတက် ဒူးခေါင်းကွေးဆန့်ခက်။ ခြေစွယ်ကငုတ် ပုဏားမနဲ့ထုတ်။ ခေါင်းကကိုက် ဇက်ကငိုက်။ အာရုံတွေထွေပြား အို..အစားကပျက် အအိပ်ကခက်။ စိတ်ကမနက် အိပ်ထခက်တဲ့ နှောင်ကြိုးများ။   ချစ်ခြင်းအားဖြင့်…ကိုဆန်နီ    24-12-2011 Merry Xmas to all of my Mandalay Gazette friends!!!!!!  


manawphyulayDecember 23, 20111min023
ဆန်းမားပဲလေ့စ်ဟိုတယ်တွင် အဘဖောနဲ့ ရင်ငြိမ်းနွေးက ကြိုရောက်နေ မနောဖြူလေးရောက်လို့လာ ကိုထက်ဝေးနဲ့ မောင်ကမ်းကြီးလည်း ပါလို့လာ အဘဖောက လောဆော်တာ ဘူဖေးစားဖို့ ပြင်ဆင်ကာ စားနေရင်းနဲ့ ပန်ပန် ရောက် နွယ်ပင် အာဂ ဦးဆောင်ကာ ချာတူးလန်လည်းပါလို့လာ ဘလက်ချောနဲ့ နိုဇိုးမီ ရှေ့ဆင့်နောက်ဆင့်ဆိုသလိုပင် မြန်အောင်သားလေး မှော်ဆရာ ဓာတ်ပုံရိုက်ဖို့ အပြေးရောက်လာ သူ့ကမျာ လူမစုံသေး မဝေတို့ကို စောင့်နေဆဲ ခဏအကြာ ဆူးခေါင်းဆောင်တဲ့အဖွဲ့ဟာ တပ်မကြီးလို ချီတက်လာ ဦးနေးချားနဲ့ မမလည်း ပါ လေးဖက်တီးကြီးတစ်ယောက်မှာ ဝိုင်ကေကေအိုတွင် သောင်တင်ရှာ သူ့ခမျာ တစ်ယောက်ထဲ ယောင်လည်လည်နဲ့စောင့်နေဆဲ အာရုံရသော အဘဖောမှာ ဖုန်းလှမ်းဆက်လို့ ခေါ်ရရှာ မနှေးအမြန်ရောက်လာကာ လူကြီးမို့ ပွဲလယ်ခုံမှာ နေရာချခဲ့တာ မပဒုမ္မာလည်း အမှီလာသေး လူစုံခါနီးအချိန်တွင် အယူတော်မင်္ဂလာချိန် […]


comegyiDecember 21, 20111min09
လေထဲမှာ အလုပ်လက်မဲ့ ရိုင်းပျနေပုံက စိတ်ကူးယဉ်အခန်းတွေကို ကျော်ဖတ်လို့မရဘူး လိပ်ပြာဟာ ခေတ်စနစ်ထဲမှာ ပုံလျက်သား ရင့်ရော်ကြမ်းတမ်းလို့…. အခန်းတံခါးပိတ်လိုက်မှ အဆိပ်ဟာ …..အချစ်နဲ့အတူဝင်လာပြီးစူးတယ် . . .။   ကားမီးရောင်ကို မျက်နှာချင်းဆိုင်ခဲ့တဲ့ ဘဝလောက်မှ အနုပညာ မဆန်ဘူးဆိုရင် ဘယ်လိုနိဗာန်ဘုံမှ ငါမလိုချင် ရေကုန်ရေခမ်း ဆန်တက်နေရတဲ့ ငါးရံ့တစ်ကောင်ရဲ့ နွေရာသီမှာ ရောက်ရာ အရပ်က အမြန်ပြန်လာဖို့ကိုပဲ ညှို့မိတယ် . . .။   ထွက်သက်ဝင်သက် တင်းခံထားရ လမ်းတွေ မင်းအကြောင်းများနဲ့ ငယ်ဘဝဝတ္ထုတွေ ဘယ်မှာရှာဖတ်ရမလဲ တောင်တန်းကြီးရဲ့ နောက်ကွယ်မှာ ဘာရွှေမြို့တော်မှ မရှိဘူး . . .။   မိသားစုဆီက တရားမဝင်ခိုးထုတ်သွားတော့ မျက်နှာစုံညီ ထမင်းဝိုင်းလည်း အေးစက်ခြောက်ခြားခဲ့ပြီပဲ . […]


comegyiDecember 20, 20111min07
ဟိုး……ရှေးရှေးက ပုံဝတ္ထုတစ်ပုဒ်လို ငြိမ်ငြိမ်သက်သက်အခန်းကလေးတစ်ခုပေါ့….. နေ့၊ ည၊ အသွေးအရောင်စုံလင်သော လူမှုရေး ဟွန်းသံများဆူပွက်ခဲ့ရာ….. အလွန်ကျယ်ပြောသာယာလှသော ကမ္ဘာကြီးထဲ မိတ်ဆွေတို့နဲ့အတူတကွ ရေပက်မဝင်သော၊ ယဉ်ကျေးဖွယ်ရာသော၊ အခါမလပ်သော လောကဝတ်ပျူငှါသော……. အစည်းအဝေးများ၊ အရေးကိစ္စများနဲ့၊ ညစာစားပွဲများ၊ အရေးပါပုံများ….. ကောက်ကျစ်မှုအသစ်အဆန်းတွေ အချိန်ရှိသရွေ့ အမှန်အမှားကို မသိနိုင်သရွေ့….. အိပ်မက်တွေကို ဆိတ်ကွယ်ရာမှာ ဖွက်ထားတာလား မကောင်းမှု ဒုစရိုက်ဟာ ဆိတ်ကွယ်ရာမရှိဘူးဆိုတာလား ….. တစ်ကနေ တစ်ဆယ်ထိရေတွက်မိတိုင်း အမာရွတ်တွေပဲ အဖတ်တင် နေ့ရှိသရွေ့ အသက်ရှူပြွန်ဟင်းလင်းပေါက်ထဲ အရိုးနင်တာပဲ အဖတ်တင်….. တောအုပ်ဟာ လူကိုညှို့တဲ့နေရာမှာ အထွပ်အထိတ်ဖြစ်သလို ရုပ်ရှင်မှာ အဓိကဇာတ်ဆောင်ဟာ ဆတ်ကော့လတ်ကော့ အရောင်းစာရေးမလေးလို ထီမထင် ကိုယ့်ကျမှ ဝါကျတွေ သိုးသွားတောင် မိုးမလင်းနိုင်သေးတဲ့ အဖြစ်မို့ ဇာတိပုည ဂုဏ်မာနကို ခြေကားရားလက်ကားရား အိပ်မွေ့ချထားသည့်အတိုင်း […]


manawphyulayDecember 20, 20111min022
တွေ့ဆုံပွဲလုပ်တုန်းကတော့ တကယ်ကို ပျော်မိပါတယ်။ ကျွေးတာတောင် မစားနိုင်ပဲ အလိုလို အပျော်တွေနဲ့ ပိနေလို့ သိပ်တောင်မစားနိုင်လို့ အဘဖောကတော့ ပြောပါတယ်။ မတန်ဘူးတဲ့လေ။ သေသေချာချာကြည့်တော့လည်း ဘယ်သူမှ မစားနိုင်ကြတာ တွေ့ရတယ်။ တစ်ယောက်နဲ့တစ်ယောက် ပြောကြဆိုကြနဲ့ ကိုရင်ဆီလည်း လက်ဝါးဖြန့်ဖြန့်ပြီး ဘာတွေတောင်းကြမှန်းလည်းမသိနဲ့ အတော့်ကို ဝိုင်းဝိုင်းလည်နေတာလည်း တွေ့ရနဲ့ သီချင်းအဆိုကောင်းတဲ့ ဦးဘလက်ကြီးကိုလည်း မနောရဲ့ပွဲကြရင် ပင်တိုင်ဆိုဖို့ ခေါ်ဖို့စိတ်ကူးထားပြီးသား သိလး။ ဒီအပျော်တွေကို မြေနီကုန်းစီးတီးမတ်ထိ ယူဆောင်သွားခဲ့ပါတယ်။ ညလည်းရောက်ရော ညကားနဲ့ နေပြည်တော်ကို ချီတက်ခဲ့ရတယ်။ အပျော်တွေကို စိတ်ကူးယဉ်ရင်းနဲ့ နေပြည်တော်ရောက်သွားတော့ တည်းတဲ့ဟိုတယ်က အားလားလား ကားဂိတ်နဲ့ မိုင် ၂ဝ တောင်မောင်းရတဲ့ ခရီးဖြစ်နေတယ်။ ဟိုတယ်ရောက်တော့လည်း ခုမှ ဟိုတယ်ကြီးက ဆောက်လက်စနဲ့ ဒီရောက်မှ ဒီဇင်ဘာဆိုတာ ခံစားမိတယ်။ တောင်တွေ […]


alinsettDecember 19, 20111min034
စာအုပ်ကောင်း တစ်အုပ်မို ့ညွွှှန်းတာပါ။ (အလင်းဆက်၏ယုံကြည်ချက်) ဘာသာပြန် စာပေသည် မြန်မာ့ စာပေလောက နှင့် ကမ္ဘာ့ စာပေလောကတို ့ကို ဆက်သွယ်ပေးသော တံတားတစ်စင်း..ဟု ကျွန်တော် ယုံကြည်ပါသည်။ ————————————————————————————————– မူရင် း…. ကန် စာရေးဆရာမ CHIRSTINA SCHWARZ မူရင်း စာအုပ်အမည် … .. DROWNING RUTH ( CHRISTINA SCHWARZ ၏ ပွဲဦးထွက် လက်ရာ…. ရသ ဝတ္ထုကောင်းတစ်အုပ်ဖြစ်သည်။ ထို့အပြင်…သက္ကရာဇ် 2000 ၏ အရောင်းရဆုံး စာအုပ်တစ်အုပ်လည်း ဖြစ်ခဲ့ပါသည်။ —————————————————————————————————– မြန်ာပြန် မှတ်တမ်း… မြန်မာဘာသာပြန်သူ…. ဝင့်ပြုံးမြင့် မြန်မာပြန်စာအုပ်အမည် … ဆောင်းညရှိုက်သံ စာမျက်နှာ 341 မျက်နှာ စာအုပ်အရွယ်အစား […]


black chawDecember 19, 20111min024
သူငယ်ချင်း မင်းစဉ်းစားကြည့် ညီရင်းအစ်ကို မောင်ရင်းနှမ မဟုတ်ကြပါပဲ ရွာထဲရောက်မှ ခင်မင်ခဲ့ကြ ငါတို့တစ်တွေ။ အရင်းအချာ တူကြီးပျင်းတာ မဟုတ်ကြပါပဲ ရွာထဲရောက်မှ ရင်းနှီးခဲ့ကြ ငါတို့တစ်တွေ။ ဇာတိအတူ လမ်းကြောင်းအတူ မဟုတ်ကြပါပဲ ရွာထဲရောက်မှ စိတ်တူခဲ့ကြ ငါတို့တစ်တွေ။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မြင်ဘူးကြတာလည်း မဟုတ်ကြပါပဲ ရွာထဲရောက်မှ ညီမျှခဲ့ကြ ငါတို့တစ်တွေ။ သူငယ်ချင်း ငြိမ်းချမ်းသာယာ ငါတို့ရွာကို မလိုတမာ လိုရာဆွဲပြီး ငပျင်းကြီးသမုတ် စာရေးသည့်အလုပ်ကို မတန်မရာ အော်ဟစ်ရမ်းကား အမေစုကိုများ သူလိုနွားက ဆုံးမသလို တရားချသလိုနှင့် ရန်စလိုသူ အန္ဓလူသည် ငါတို့ညီညွတ် ဝိုင်းချွတ်ကြမှ အသိမှန်ရ လားရာလှကာ လူ့တိရာစာ္ဆန် ဘဝမှ ကျွတ်ရှာရမယ် ချွတ်လိုက်ကြစို့ သူငယ်ချင်း…။ ထမင်းဝဝ စားဘို့လောက်နဲ့ အမေစုကို ထောက်ခံတာမဟုတ်သော […]


thit minDecember 19, 20111min014
ဒီနေရာ ဒီအပိုင်းမှာ ဒီစာတွေ ဒီလိုဝိုင်းကာပ ရေးလို့ရတယ်။ ရေးသမျှ စာ၊ကဗျာ အယ်ဒီတာမစစ်ဘူး အထူးစာ အရူးစာ အမူးစာ အကုန်တွေး ပို့စ်လေး ဖြစ်တယ်။ ~~~~~ တွေးလို့ရတိုင်းရေး ရေးလို့ရတိုင်းရေး ဘေးသင့်တဲ့အကြောင်း မရေးသင့်တဲ့အကြောင်း ကိုယ်ဟာကိုယ်မောင်းတဲ့ကားလို အရှိန်ကိုမြှင့်လျှော့ လိုသလိုတော့ ထိန်းသင့်ပေါ့။ ~~~~~~ စေ့စေ့တွေးတော့ လျှော့ထားတဲ့စိစစ်ရေးက ဒီမိုကရေစီပေးသလိုဘဲနော် လှော်ချင်ရာလှော်လို့ရသကွဲ့ လွတ်လပ်တဲ့မီဒီယာ မန်းဂေဇက်ပါ။ ~~~~~~~ ရချင်နေတဲ့လွတ်လပ်မှု အခုရှိတယ်လေ။ ရချင်နေတဲ့လွတ်လပ်ခွင့် အသင့်ဘဲမဟုတ်လား။ ~~~~~~~~ သိပြီနော် ရှိပြီဆို သည်လိုဖြစ် ညစ်ပါဟ်စုံစွာ သူကြီးခမျာ လျှော့ကြပါ ပို့စ်တင်ကာ သေချာချော့ ဆိုးကြတယ်နော့။ ~~~~~~~~ ရိုးလှတဲ့အတွေး ပို့စ်တွေကပေးတယ် ရေးခွင့်ဒီမို ဂေဇက်ကိုတောင် ပြောင်ပြောင်ထဆဲ ဒုတ်၊ဓါးဆွဲသို့ ကြောက်ဖို့လွန်ကောင်း ဝိုင်းကြိမ်းမောင်းသည် ဒီမိုဂေဇက် […]


htet wayDecember 18, 20111min010
မြို့ပြရဲ့ ညနေညိုဆို မြို့ကလေးကိုလွမ်းတယ် ဟိုအရေးဒီရေး အရေးပေါင်းများစွာထဲက ညီမလေးမုန်းသွားမှာစိုးတယ်ဆိုတဲ့ အရေး စိတ်ကိုတစ္ဆေခြောက်တယ် မနေ့က အလိုမကျတဲ့စိတ်နဲ့ ဒီနေ့ပလက်ဖေါင်းပေါ် ဖြတ်လျှေက်မိပြန်တယ် အဆင်ပြေတယ်ဆိုရုံလေးပါ ဘဝရပ်တည်မူဟာာကဗျာ မဆန်ခဲ့ ပါဘူး တဖက်သားကို လက်ညိုးထိုးတတ်သူတွေရဲ့ အဓမ္မတရားကိုလည်းစိတ်မပါဘဲနာခဲ့ရ တင်းတိတ်ကို လေဆာနဲ့ ဖျက်မယ် ဒီအမာရွတ်ကြောင့်စိတ်ပျက်တယ်ဆိုတဲ့ အလှပဓါနဝါဒီတွေကို အော်ဂလီဆန်ခဲ့ရတယ်။ အရေးကြီးတာငွေပဲ ဒီခောတ်မှာဒီဓါတ်ပြားကအပ်ကြောင်းထပ်နေတယ် ဒီအလွှာမြင့်တယ်ဆိုပေမယ့်ဒို့ကဒါပဲတတ်နိုင်တာကိုး ဟိုတနေ့က ဂုဏ်ကြီးရှင်တယောက်အိမ်မှာ ပိုးစိုးပက်စက်အဆူခံရတဲ့အိမ်ဖေါ်မလေးရဲ့မျက်ရည် မြို့ကလေးကိုပြန်ချင်တဲ့ အလွမ်းသီချင်းပါ ကားတွေ ပြည့်ကျပ် မှတ်တိုင်နားမှာပုတီးစိတ်ရင်း မွန်းကြပ်တဲ့မြို့ပြညနေညိုမှာ ကျွှန်တော်မြို့ကလေးကိုလွမ်းမိပါတယ်။


naywoon niDecember 18, 20111min07
ဆောင်းည တိတ်ဆိတ်တဲ့ညမှာ အတွေးတွေ….အတွေးတွေ ပြန့်ကျဲနေလိုက်တာကလည်း ကောင်းကင်ပေါ်က ကြယ်တွေနဲ့အပြိုင် မြေပြင်ပေါ်မှာ ဖြန့်ချထားမိလေတော့ အသံမသိတဲ့ငနုံတစ်ယောက် စန္ဒယားခလုပ်တွေ လျှောက်နှိပ်နေသလိုပါပဲ…… ငါ့ဦးနှောက်ထဲမှာ သံကြောင်တွေပဲဆူညံနေပေါ့…..။ ဆောင်းည…………. ရှည်လျားလှတော့လည်း အိပ်မက်တွေ များရတာပေါ့………..။ တစ်ကယ်လည်းမဟုတ်ပဲနဲ့ ရင်ထိတ်သည်းတုန် ကြုံရတာတွေ အိပ်မက်နဲ့ပဲ ပျော်ခဲ့ရ…. စိတ်ညစ်ခဲ့ရ တော်ခဲ့ရ…..ညံ့ခဲ့ရ လောဘတွေတက်ရ……ဒေါသတွေထွက်ရ ရယ်ခဲ့ရ…….ငိုချလိုက်ရ နဲ့ မနက်မိုးလင်းလို့ ရောင်နီလည်း ထွက်ပေါ်လာရော ဘယ်ထွက်ပြေးကုန်တယ်သိ အိပ်မက်ေတွေပြောပါတယ်….။ အိပ်ယာဘေးက ဆေးလိပ်တို ဖွာရှိုက်ရင်း ပြန်တွေးကြည့်လိုက်မိတော့ ငါ့ဘဝ …………… မနေ့ကအတိုင်း ဘာမှ မပြောင်းလဲခဲ့ပါလားကွယ်………။ နေဝန်းနီ


comegyiDecember 18, 20111min030
နင်နဲ့ငါ ကမ္ဘာတစ်ရာလောက် ဝေးနေပြီ နင်ပြောပြောနေတဲ့ ပန်းသီးကို တစ်ဖဲ့နှစ်ဖဲ့ ကိုက်စားရုံနဲ့ ပြီးမလား ဆိတ်ငြိမ်ရာ တောအုပ်ကိုကျွမ်းကျင်ရုံနဲ့ လှောင်ရယ်လိုတဲ့ အကျင့်ကိုဖျောက်ပါ ငါပြောပြောနေတဲ့ ကမ်းနဖူးလေးကို ရောက်ဖူးစေချင်တာလည်း သဘောမပေါက်ဘူး တကယ့်စာခြောက်ရုပ်ကလေးအတိုင်း လည်လိုက်တာ …. ရောင်စုံခြယ်တောအုပ်လေးတစ်ခု တိတ်ဆိတ်နေတာဟာ နင့်ကိုငါ ဖွက်ထားတဲ့ အိပ်မက်လေးပါ အခြားလူတွေ စကားတတ်တိုင်း ငါ့ကိုမုန်းနေရင် နင့်ပါးကလေးကို ပြန်မပေးလိုက်ပါဘူး ခြေဖျားကအစ စိတ်အဆုံး (သိပ်ပံ)နည်းကျတည်ဆောက်နေကြတဲ့ခေတ်မှာ သွေးရိုးသားရိုးလွမ်းရမှာတောင် ဂုဏ်ငယ်သလိုပေါ့ ………။         ။   သိပ်ပံ ဆိုတဲ့စာလုံးကို ရိုက်လို့မရလို့ဗျာ….  

I-has-a-sad.jpg

ကမာ္ဘကြီး ချာချာလည် အချစ်ဆုံး ချာချာလည် ကျန်နေရစ်ပြီ ကံကိုယုံကြည်တယ်… (မို့မို့ဇော်ဝင်းသီချင်းစာသား) မဖြစ်ဘူးလို့ ထင်ခဲ့ပေမဲ့ ဖြစ်ခဲ့တယ်.. အနာဆုံးအချိန်ကို တွေးပူနေရင်း နာကျင်နေခဲ့ရတယ်.. နာတာများနေပေမဲ့ တကယ်နာတော့ မအော်နိုင်အောင် နာမိတယ်… နာတယ် နာတယ် နာတယ်ကွာ နာတယ် နာတယ် နာတယ်ဟေ့.. နာတယ်ဆိုတာ တကယ်တော့လည်း နာခွင့်ရှိသူများသာ နာလို့ရတာမို့ နာလိုလျက်နဲ့ နာဖို့မဖြစ်နိုင်လို့ နာလိုခံခက်နေမိတယ်…. တကယ်နာမိတဲ့တနေ့ နာခြင်းဝေဒနာ နာလို့နာမှန်းမသိ နာပြီးသွားပါစေလို့ နာနာနဲ့ဆုတောင်းပါတယ်….။ နာဖို့ထက် နာဖို့အရေး တွေးပူနေတဲ့ အကြင်နာကြောင်ကြီး 😥


SonnyDecember 15, 20111min019
အမေ….ကျွန်တော်သေရင် အို အမေ အမေ ကျွန်တော်သေရင် အလောင်းကို အလှမပြင်နဲ့ ဒီခန္ဓာဝန် ပုတ်ပွမှာ အသေချာ ပါ။   အို အမေ အမေ ကျွန်တော်သေရင် ကိုကျော်သူ လိုမျိုး ဟီးရိုးတွေ အကူအညီတောင်း အကောင်းဆုံးက နာရီပို်င်း ဖြစ်ဖြစ် အမြန်အလျှင်ပစ် ကျန်ရစ်ခဲ့ရမှာ မကြောက်နဲ့ “ကြာလည်းအရွေ့ ငါလည်းတစ်နေ့” လို.    မှတ်နော်။   အို အမေ အမေ ကျွန်တော်သေရင် အိုးခွဲ တဲ့ အကျင့် မလုပ်ရစ်နဲ့နော် ကောင်းမှု့ပြု လေ အမျှ ရင် နှင့် ဝေ သားကြီး  ရေ လို့။     အို အမေ အမေ ကျွန်တော်သေရင် လူလယ်ခေါင်မှာ […]