“ဒီ” ကဗျာ

thit minDecember 19, 20111min014

ဒီနေရာ

ဒီအပိုင်းမှာ

ဒီစာတွေ

ဒီလိုဝိုင်းကာပ

ရေးလို့ရတယ်။

ရေးသမျှ

စာ၊ကဗျာ

အယ်ဒီတာမစစ်ဘူး

အထူးစာ

အရူးစာ

အမူးစာ

အကုန်တွေး

ပို့စ်လေး ဖြစ်တယ်။

~~~~~

တွေးလို့ရတိုင်းရေး

ရေးလို့ရတိုင်းရေး

ဘေးသင့်တဲ့အကြောင်း

မရေးသင့်တဲ့အကြောင်း

ကိုယ်ဟာကိုယ်မောင်းတဲ့ကားလို

အရှိန်ကိုမြှင့်လျှော့

လိုသလိုတော့

ထိန်းသင့်ပေါ့။

~~~~~~

စေ့စေ့တွေးတော့

လျှော့ထားတဲ့စိစစ်ရေးက

ဒီမိုကရေစီပေးသလိုဘဲနော်

လှော်ချင်ရာလှော်လို့ရသကွဲ့

လွတ်လပ်တဲ့မီဒီယာ

မန်းဂေဇက်ပါ။

~~~~~~~

ရချင်နေတဲ့လွတ်လပ်မှု

အခုရှိတယ်လေ။

ရချင်နေတဲ့လွတ်လပ်ခွင့်

အသင့်ဘဲမဟုတ်လား။

~~~~~~~~

သိပြီနော်

ရှိပြီဆို

သည်လိုဖြစ်

ညစ်ပါဟ်စုံစွာ

သူကြီးခမျာ

လျှော့ကြပါ

ပို့စ်တင်ကာ

သေချာချော့

ဆိုးကြတယ်နော့။

~~~~~~~~

ရိုးလှတဲ့အတွေး

ပို့စ်တွေကပေးတယ်

ရေးခွင့်ဒီမို

ဂေဇက်ကိုတောင်

ပြောင်ပြောင်ထဆဲ

ဒုတ်၊ဓါးဆွဲသို့

ကြောက်ဖို့လွန်ကောင်း

ဝိုင်းကြိမ်းမောင်းသည်

ဒီမိုဂေဇက်

အသရေပျက်။

14 comments

  • comegyi

    December 19, 2011 at 1:17 am

    ကိုသစ်ရေ
    စိစစ်ရေးဘယ်လိုလျှော့လျှော့ လွတ်လပ်ခွင့်ဘယ်သို့ရှိရှိ
    ကျွန်တော်ကတော့
    ကျွန်တောင်မောင်းမဲ့ကားကို
    ဆီ၊ ရေ၊ လေ၊ ဝိုင် အပြည့်အစုံနဲ့
    လုံလုံခြုံခြုံဘေးကင်းကင်းသာ
    မောင်းချင်ပါကြောင်း
    မောင်းနိုင်အောင်လည်းကြိုးစားမည် ဖြစ်ပါကြောင်းခင်ဗျား………
    …..
    ကဗျာလေး ကောင်းလိုက်တာဗျာ….

    Reply

  • aye.kk

    December 19, 2011 at 6:11 am

    ကိုသစ်ရဲ ့“ဒီ”ကဗျာလေးဖတ်ပြီးလေးစားရကာကဗျာလေးဖွဲ ့လိုက်ပါရစေနော်..
    ကိုသစ်ကဗျာ
    ဆုံးမစာသည်
    ရွာဂေဇက်ဝင်
    ဗဟုမြင်နှင့်
    ချစ်ခင်ရေးသား
    စာများလှလှ
    စီချယ်သ၍
    တွေ ့လျှင်ဖတ်က
    ပျော်ရွှင်ကြစေ
    အများစိတ်ဝမ်း
    အေးချမ်းမေတ္တာ
    ပေးကာဝေငှ
    အသိရအောင်
    သတိဆောင်သည်
    ရေးသူမည်သူ
    ဤလူမဆို
    ဒီမိုဂေဇက်
    လာဝင်စွက်လျှင်
    ကြက်သရေတိုး
    မညိုးစေဘို ့လိုက်နာစို ့..။

    Reply

  • Khin Latt

    December 19, 2011 at 7:10 am

    ဦးသစ်မင်း – ဟိုအရင်ကျွန်မတို့ ငယ်ငယ် တုန်း က မဂ္ဂဇင်းတွေ မှာ စာပေစီစစ်ရေး မလွတ်လို့
    စာအုပ်ရိုက်ပြီးမှ ငွေမှင်တွေသုတ်၊ စာရွက်တွေ ဆုတ်ပြစ် နဲ့။
    အဲဒီအကြောင်း ကို “Inked Over, Ripped Out .. Burmese Storytellers and Censors” ဆိုပြီး တောင် ဒေါ်ခင်ခင်ချော အမည်ခံ အင်္ဂလိပ် အမျိုးသမီးကြီး က စာအုပ်ရေးဘူးသေးတယ် လို့ ကြားဘူးပါတယ်။။
    အဲဒီနည်းကို ယူပြီး Internet စာမျက်နှာ ပေါ်မှာတော့ ငွေမှင် ကို ဘယ်လို သုတ်ရပါ့မလဲ စဉ်းစား ကြည့်ဦးမယ်။
    ဦးသစ်မင်း က ကဗျာ လဲ အစပ်ကောင်း တော့ ဘက်စုံရ လို့ ပြောရမှာဘဲ။ ကျွန်မ အားကျမိပါတယ်။

    Reply

  • blackchaw

    December 19, 2011 at 8:26 am

    မိုက်တယ်ဗျာ။
    ရာသီစာ ကဗျာလို့တောင် ကင်ပွန်းတတ်သင့်တယ်။
    တစ်ခါတစ်လေ
    အကြောင်းအရာ တစ်ခုဟာ ကဗျာလေးနဲ့ ပြောလိုက်တော့
    ပိုထိရောက်ပါတယ်။
    ကိုယ့်ကားကို ကိုယ်တိုင်မောင်း
    ကိုယ့်တာဝန် ကိုယ်ယူ
    ကိုယ့်အရှိန်ကိုယ်ထိန်းကြဘို့
    ရေးထားတဲ့ ကဗျာလေး လှတယ်ဗျာ။
    အားကျပြီး ကျွန်တော်လည်း တစ်ပုဒ်ရေးမယ်ဗျာ။
    ကျေးဇူးပါဗျို့။

    Reply

    • koyinmaung

      December 19, 2011 at 11:14 am

      ဟုတ်ပ…ကိုဘလက်ချောရေ
      (ကိုယ့်ကားကို ကိုယ်တိုင်မောင်း
      ကိုယ့်တာဝန် ကိုယ်ယူ
      ကိုယ့်အရှိန်ကိုယ်ထိန်းကြဘို့) ဆိုတဲ့
      ကိုသစ်မင်းရဲ့ကဗျာလေးမှာ
      ဒီစာသားအကြိုက်ဆုံးဘဲ……ဗျို
      သဂျီးလဲအားနာလှပါပြီ………

      Reply

  • amatmin

    December 19, 2011 at 10:06 am

    ဒီမိုကရေစီရှိတဲ့..ဒီ ရွာကိုလာ..ဒီစာတွေဖတ်..ဒီလိုတွေမန့်လို့..ဒီလူတွေနဲ့ ခင်လာတာ..ဒီလောက်တောင်ကြာနေပြီ
    ဒီကောင်ရောက်လာမှ..ဒီလိုတွေရေးလာလို့..ဒီလိုဆူညံနေတာ..ဒီတော့ကာ..
    “ဒီကဗျာ”ထဲကလို..ဒီမိုဂေဇတ်အသရေမပျက်ဖို့..ဒီရွာသားတွေတာဝန်ယူကြတာပေါ့…

    ဒီလိုမန့်တဲ့ အမတ်မင်း

    Reply

  • MaMa

    December 19, 2011 at 10:20 am

    ဒီကဗျာ ဒီရွာသာစေဖို့
    ညီညာစွာ ဒို့တတွေသိုင်းလို့သာ
    ဝိုင်းကြပါစို့… 🙂

    Reply

  • ဆူး

    December 19, 2011 at 10:25 am

    မောင်မှတ် မှာ ကတည်းက မှတ်မိနေတာ
    အခုတော့လည်း ဒီမို စာများ စီကာ သွားလို့
    ပြောင်ပြောင်ထဆဲ ငမိုက်မဲတို့ သွန်သင်ဆရာ နတ္တိဖြစ်လို့
    စေလိုရာစေ လုပ်သွားသည်ကို အဖြစ်မရှိအောင်……
    သဂျီးကိုကွယ်.. အရင်လိုပင် ၄ကြိမ် ၄ခါ အနီရသွား လိပ်သွားအောင်လည်း ဝိုင်းပြောပေးကြပါ။
    နောက်ထပ်လည်း လက်မအောက်စိုက် ၄ကြိမ် ၄ခါ သတိပေး ပိုစ် အဖြစ် ထားဖြစ်အောင်လည်း အကြံပေးချင်တယ်။
    လက်ထောင်ပြတာ ၁ကြိမ်မရှိ သီးသန့် ၈ကြိမ် အချိုးကွာလျှင် ပိတ်သိမ်းပိုစ်ထဲ ထည့်ဖို့ရန်လည်း တိုက်တွန်းပါသည်။
    တိုင်းရေးပြည်ရာ မင်းမမာလျှင် ထကြွ သောင်းကျန်း ပြည်သူဘုံပျက် အချင်းမလှပဘိ သကဲ့သို့.. ဂေဇတ်ရွာလေး မအေးချမ်းတာ သဂျီးမှာလည်း မူတည်ပါသည်။
    အိုဘဲ့သဂျီး နှာစေးပျောက်ဆေး ရွာပညာကျော်များထံမှ တောင်းပါလော့…

    Reply

  • ကြောင်ကြီး

    December 19, 2011 at 11:24 am

    ဒီကဗျာ
    ဒါကဗျီ
    တလာစီ
    နွှာသည်၊
    ပျာပြီ
    နာရီ
    ကမာ္ဘချည်
    ကြာရှည်၊
    ငါသည်
    မာနီ
    ဝါစည်
    ရွာညီ..။

    Reply

    • windtalker

      December 19, 2011 at 9:35 pm

      ရွာညီ
      အခါမှီ
      လာသည်
      ပလာပလီ
      မသာသည်
      နှာနီ
      အသာညီ
      ခါမည်

      Reply

  • ba gyi

    December 19, 2011 at 2:29 pm

    သူကြီး နေရာဝင်ကာကြည့်
    ထိ သိ သတိ။
    တစ်အိအိ နဲ့ မာတာတွေ
    မထိသထိနှင့် နွှာ တာတွေ၊
    ကလိတိတိနဲ့ ဗျာပါဗွေ
    မကြာမကြာ၊လာတွေအကုန် သိမ်းကျုံး၊
    ဘီးလုံးတပ်ကာ အဆင်းတွေကမရှား
    သတင်းတွေကလည်းများတာမို့။
    သူကြီးခဗျာ – နွားလဘို့ ပိုင်ရှင်လိုပ၊
    ထမ်းပိုးလို့ မိုင်ထောင်ချီကာပြေးရလည်း
    ကျုပ်တို့ သူကြီးကလေ၊ဥဿဖ ကြံစုံသျှင် အဖိုးမဖြတ်တာမို့
    အမျိုးဇတ်က တော့ အများအကျိုးပေးဆပ်မည့် အလောင်းလျှာပမာပါဗျို့၊ အားမငယ်ပါစေနဲ့
    ဩောင်း သဘော ဂါထာတင်၊ ကောင်းသဘော အခါခါမြင်ရလျှင်–
    ဂဇက်ကြီးကတော့အခိုင်အမာပင်အပွားတွေနှင့်၊
    အစဉ်အလာသဘာတွေသာမက၊ပညာစေတနာဝေဖြာ သမားတွေများသထက်များ၊
    တစ်တောလုံး ကြိုင်ကာ ကြွားသထက်ကြွား
    ငွါးငွါးစွင့်စွင့် တင့်တင့်တယ်တယ်
    အဆင့်မြင့် အောင် ဝိုင်းကာသယ်ကြပါစို့လေး။

    Reply

  • ဟုတ်တယ်ဗျ ကိုသစ်မင်းရေ။ကျွန်တော်တွေ ့ရသလောက် အခွင့်အရေးတောင်းဆိုနေသူတွေနားလည်ထားတဲ့
    အရာဟာ ဒီမိုကရေစီမဟုတ်ဘူးဆိုတာ သူတို ့ကိုယ်တိုင်မသိနိုင်ဖြစ်နေလေတော့။ကိုခိုင်အနေဖြင့် စည်းကမ်း
    တင်းကျပ်စွာဖြင့်အရေးယူသင့်ပါပီ။သောင်ပြင်မှာလွှတ်နေတဲ့ ခွေးတွေလိုဖြစ်နေပါပီ။

    Reply

  • ဒီလှေ နဲ့ ဒီရေ
    အငြိမ်မနေသူ
    တစ်ဦးရယ်ကြောင့်
    လှိုင်းပုတ်တိုင်းလူး။

    Reply

  • alinsett

    December 20, 2011 at 7:30 pm

    ကျွန်တော်တို ့ ပြောချင်ပြီး…မပြောတတ်သေးတဲ ့အကြောင်းအရာလေးကို ဆရာက ပြောပေးလို ့ ကျေးဇူးပါပဲ.ဗျ။
    ကဗျာလေးက ထိမိပြီး လိုရင်းကို တိုက်ရိုက် ရောက်ပါတယ် ။

    ဆရာ ့ရဲ ့အရေးအသားကို အားကျ…အတုယူပါရစေ…

    ခင်မင်လေးစားစွာ….

    အလင်းဆက်

    Reply

Leave a Reply

Your email address will not be published.