မရေရာ

comegyiJanuary 3, 20121min08

ဆေးလိပ်မီးခိုးလို

အဆုတ်ထဲက ပြန်ထွက်လာတော့ ..

အကျင့်ပျက်သွားတယ်..

တစ္ဆေဆိုတာ ညအခါ နာမည်ကြီးရုံကလွဲလို့

ဘယ်တုန်းက ဂုဏ်သရေ ရှိလို့လဲ

ဇန်နဝါရီရဲ့ တိုက်စစ်ဟာ ဒီဇင်ဘာကို ကျော်လို့မရဘူး

အသက်အရွယ် အလိုက် မာနကို အမျိုးအစားခွဲကြည့်ရင်

ဘာသာရပ်အလိုက် အရှက်အကြောက်ကင်းမဲ့တာပဲ

ကောင်းပါပြီ………ဒီနေ့ကစပြီး….

လူတော တိုးတော့မယ်ရယ် အားခဲတယ်

ရိုးရာတူမှ လက်ထပ်မလား တွေးတောမယ်

စာအုပ်ထဲက ဥပမာတွေကို ဆက်စပ်မှတ်သားမယ်

ကျန်းမာရေးကအစ၊ ဂရုတစိုက် နူးညံ့သိမ်မွေ့မယ်

အားမနာတော့ဘူး ဆိုတဲ့

အရေးပါ ကတိကိုလည်း တည်ဦးမယ်

………..

ယုန်ကလေး တစ်ကောင်ရဲ့ စိတ်ကူးဟာ

ခရေစေ့တွင်းကျ သပ်ရပ်၍

သုံးရာသီ အိပ်မက်က လန့်နိုးလာ……..။           ။

8 comments

  • ငပေါက်ဖော်

    January 3, 2012 at 7:58 pm

    ဂျပိုးကိုက်လို ့ လန် ့နိုးတာလားချင့်
    ဘာကြောင့်လန် ့နိုးရသလဲဆိုတာ သများကို ရှင်းပြပေးစေချင်ပါလယ်ချင့်

    Reply

    • KING

      January 3, 2012 at 8:13 pm

      ထမင်းလုံး တစေခြောက်လို့ပါ … 😛

      Reply

  • KING

    January 3, 2012 at 8:16 pm

    မရေရာ
    အသေချာ
    ကြွေမှာ
    နင်ဟာ
    ပန်းတစ်ပွင့်မို့ပါ …

    Reply

  • htet way

    January 3, 2012 at 8:33 pm

    အားနာတယ်ဆိုတာ ကိုယ်အတွက်ကဒုတိယ သူများအတွက်ကပထမ
    ရိုးရာတူအောင်တော့ ညှိမနေနဲ့
    နှလုံးသားချင်းအနီးဆုံးဖြစ်အောင်သာ အားထုတ်ပါလေ
    ကို ကမ်းဝေးရေ
    ကျွှန်တော်တွေ့ချင်တယ်ဗျာ
    0973234101 ကို ဆက်သွယ်ပါ။

    Reply

  • windtalker

    January 3, 2012 at 9:05 pm

    မြန်မာလူမျိုးတွေ ရဲ ့ရိုးရာ အားမနာ
    “ အားမနာတတ်ဘူးဗျာ ”
    “ အားလေးနာဦးမှပေါ့ ”
    “ အားနာလိုက်တာဗျာ ”
    “ အားနာ လို ့လုပ်ပေးလိုက်ပါတယ် ”
    ဆိုတော့က
    အားနာ စွာနဲ ့ဘဲ ၊ ရှေ ့လျှောက်နေတဲ့ ရဲဘော်ဂျီးပေါ့လေ

    Reply

  • comegyi

    January 4, 2012 at 12:03 am

    သများကို မှာချင်ပါတယ်ရှန့်……..
    မီးတို့က ဂျဘိုး ကိတ်တာလှောက်တော့
    ယိုးနေဘာဘီရှန့်…..
    မီးမီးက ကြောင်သူဒေါ်တွေဂိုဗဲ
    ကျောက်ဒါဘာရှန့်…….လို့….
    (ယွာထေးဂ…ရှစ်လှဇွာသော…..
    ကြောင်မြားကို …..မဆိုလိ်ုဘာ…..ရယ်လို့….)
    သများထန်သို့ အကျောင်းပျံဗါရဇေ…..
    သများရဲ့…..မီးမီးKeyဂျမ်း……
    ……
    ကိုကိန်း…..ရှန့်
    မီးမီးပန်းက မသေမရှင်း …
    ကြွေဗူးရှန့်…..
    ဗါလို့လည်းလို့ဒေါ့ မေးနဲ့ ….တိဘူး….
    …….
    ကိုထက် ခင်ဗျားဆီဖုန်းဆက်လိုက်မယ်
    ဘုံး လုပ်နည်း လာသင်မလို့…..
    ………..
    အားနာလိုက်ထှာ ရှစ်ရယ်…
    အားနာလိုက်ထှာ ရှစ်ရယ်…
    အားနာလိုက်ထှာ ကွယ်…..ဟေ . .ဟေ့ . .ဟေ့..
    ဂျိုးဂျာ သီချင်းဆိုဒါနော်….ရဲဘော်ဂျီး …

    Reply

  • Khin Latt

    January 4, 2012 at 4:45 am

    မမှီဘူးကွယ်။ 🙂

    Reply

  • inz@ghi

    January 5, 2012 at 7:28 pm

    ခေတ်တခေတ်ရဲ့ ဥသျှောင် ဆြာကြီး တစ်ယောက် ပြောတာ မှတ်သားဖူးရဲ့ ချာတိတ် ဘဝကပေါ့ ….
    ကဗျာဆိုတာ မခံစားနိုင်လွန်းလို့ ရင်ဘတ်ထဲက အံချလိုက်တဲ့ အရာတဲ့ ….သည်တော့ အနံ့အသက်တော့ နည်းနည်းရှိမှာပေါ့တဲ့လေ..

    အင်း…

    ငါ့ကို ကျားတံဆိပ်ဘီယာ မတိုက်တဲ့ နေ့က ကိုများ ဘယ်တော့ ကျော်တက်သွားလေမလိမ့်လဲဗျာ..

    😀

    (စကားလုံး အကျအပေါက်ပါရင် သီးခံပါဗျာ…)

    Reply

Leave a Reply

Your email address will not be published.