အချိန်အခါမဲ့မိုးနှင့် ရောက်တက်ရာရာ

KingJanuary 3, 20121min08

ဆိုင်းမဆင့် ဗုံမဆင့်

မိုးတွေရွာ

မင်းကို လွမ်းမောမိတယ်ကွာ

ဆောင်းတွင်းမှာ မိုးတွေသည်း

ချစ်လိုက်ရတာ အရမ်းကိုပဲ

မြေသင်းရနံ့လေး မွှေးလိုက်တာ

သတိရလိုက်တာ အရမ်းပဲဗျာ

မကြာခင်မှာ မိုးလည်းတိတ်

မင်းကိုလွမ်းတဲ့စိတ်နဲ့ အိပ်

အိပ်ယာထဲလည်း အိပ်လို့မပျော်

ကွန်ပျူတာလေး ဖွင့်မယ်နော်

အင်တာနက်လည်း လိုင်းလည်းတက်

MG Page ကိုဆက်

ရွာထဲမှာလည်း လိုက်လို့အော်

ရွာဆော်တွေနဲ့ ပျော်

အပျင်းအပြေ ထိုင်းရင်းဖတ်

မိုးလင်းပြန်ပြီ ဒီတစ်ရက်

မျက်စိပါဝါတွေပါတက် …. 😛

8 comments

  • windtalker

    January 3, 2012 at 8:58 pm

    မထင်ထားဘဲ မိုးတွေရွာ
    ဘီယာဆိုင် ကို ဂိုးဘီဗျာ
    စမ်းရေနံ ့လေး အီချိုမွှေး
    သောက်လို ့မဝအောင် သူကပေး
    မကြာခင်မှာ မိုးလည်းတိတ်
    ငါလဲ ခုံပေါ်အိပ်
    ဂိတ်………zzz

    Reply

  • mandalarthu

    January 3, 2012 at 9:49 pm

    ကဗျာလေးက ကာရန်မိမိလေးနဲ ့
    ချစ်စရာလေး။

    Reply

  • ငပေါက်ဖော်

    January 3, 2012 at 10:59 pm

    ဘာပဲပြောပြော
    စိတ်ချရအောင်
    ရဲ………………………………မျက်မှန်မှာ
    လုပ်သီ

    Reply

    • water-melon

      January 4, 2012 at 10:09 am

      ဲရဲမျက်မှန်မှာ မလုပ်တော့ဘူး
      IQ version မှာတစ်ခါတည်း ပါဝါဖျောက်လိုက်ပြီ

      Reply

  • MaMa

    January 3, 2012 at 11:59 pm

    ရောက်တဲ့ နေရာတိုင်း မတက်နဲ့နော်။
    (မတော် လိမ့်ကျနေမှာကို စိုးရိမ်လို့) 😛
    ရောက်တတ်တဲ့နေရာလေး MG ကနေ ပြောလိုက်ပါတယ်။

    Reply

    • တက်မှာပဲ တက်မှာပဲ
      ငါ့ကိုလေတားနဲ့
      တက်ချင်လွန်းလို့
      အမြင်ပေါ်က လိမ့်ကျသေမယ် ….. 😛
      ကျေးကျေးမမ .. 🙂

      Reply

  • kotun winlatt

    January 4, 2012 at 11:44 am

    မိုးရွာရင်နော်ဗျာ..
    အရက်ဆိုင်ကိုပဲ ပြေးရပြန်တာ…

    Reply

  • အပျင်းအပြေ ထိုင်းရင်းဖတ်
    မိုးလင်းပြန်ပြီ ဒီတစ်ရက်
    မျက်စိပါဝါတွေပါတက် ….
    ,,,,,,,,,,,,,,,,,,,,,,,,,,
    ပါဝါတွေ တက်နေလို ့IQ vision မှာသွားလုပ်လိုက်တာ ကျနော့် သူငယ်ချင်းလေး မျက်ရည်ခန်းသွားပါလေရော။
    ဆေးအမြဲခပ်ပေးနေရတော့တာပေါ့။

    Reply

Leave a Reply

Your email address will not be published.