အတိတ်ကိုရေချိုးပေးခြင်း

naywoon niJanuary 10, 20121min05

ပုပ်သိုးနေတဲ့ အရာတစ်ခုကို
နံ့သာလူးဖို့ ကြံစည်နေပါသလား…………..?
တွေဝေမှုကင်းစွာနဲ့
ပျော်ရွှင်လာခဲ့ရတဲ့ နေ့ရက်တွေကို
ပြန်လည် တ,သ နေစရာမလို
အတိတ်ကိုချော့သိပ်နေမဲ့အစား
အနာဂါတ်ကို နှိုးလိုက်စမ်းပါ…..။
ဘယ်အရာမဆို
သူ့အလိုလိုတော့ ဖြစ်မလာ
ကြမ္မာနှိုးစက်တစ်ပတ်လည်ချိန်မှာ
ငါ………. သို့မဟုတ်
ရုပ်ဝတ္ထုတစ်ခု
ပျက်စီးခြင်းအမှု
ကိုယ်တိုင်အမှုရဲ့ အကျိုးရလာဒ်
ကျေနပ်စွာခံယူရင်း
လောကရဲ့ အကောင်းအဆိုး
ဖြစ်သမျှ အကောင်းဖြစ်သမို့
ထပ်လောင်းလို့ ပြောလိုက်ချင်တယ်…..။
ပုပ်သိုးနေတဲ့ အရာတစ်ခုကို
နံ့သာလူးဖို့ ကြံစည်မနေနဲ့လို့လေ………..။

နေဝန်းနီ

5 comments

  • windtalker

    January 10, 2012 at 10:35 pm

    သာမီးကတော့
    အာချီ ပုလဲ မိတ်ကပ် လို
    အသားအရည် ကို ဖြူစင် တောက်ပသွားစေမယ့်
    အာနီ မိတ်ကပ် ကိုသာ နေ ့စဉ် လူးပါတယ်ချင့်
    အရဂါးနောက်ဒါနော

    Reply

  • ငပေါက်ဖော်

    January 11, 2012 at 12:03 pm

    တာမီးကဒေါ့.
    အော်ဒီကလုံးရေမွှေးအမြဲဆောင်ထားပါလယ်ချင့်.
    မီးကပျက်..ရေကမလာ.ရေကန်က ဗွက်ဆော်နံတာနဲ ့ ရေမချိုးနိုင်ပဲ အော်ဒီကလုံး စွတ်နေရပါတယ်ချင့်.
    လကားနောက်ဒါ..

    တစ်ရက်လောက် ဘိုနီ ့ဆီက ကဗျာ ပညာ သင်ယူပါရစေလားချင်..
    သများလဲ ကဗျာစပ်ပြီး စကီလေးတွေကို ပေးချင်လို ့ပါ..(ဒီကွန်းမန် ့ကို အိမ်ကဘွားကြီး မမြင်ပါစေနှင့်)

    Reply

  • thit min

    January 11, 2012 at 2:20 pm

    ဆရာနေဝန်းနီသို့အယူခံလွှာ
    ~~~~~~~~~~~~~~~~~~~~
    ပုပ်သိုးတော့မနေပေမဲ့
    ရုပ်ဆိုးနေတဲ့အရာကိုတော့လူးခွင့်ရှိမှာလားဆရာ။
    အထူးအသင့်ရှိတာကတော့
    တဏှာမလို့
    ဇရာတို့ဝေးအောင်
    အသာတို့ပေးရတဲ့
    မိတ်ကပ်တွေ
    စိတ်ဓာတ်တွေကတော့
    ဟောင်းနေချင်ဟောင်းနေမယ်ပေါ့နော်။
    အကြောင်းဖွေရင်တော့
    မာန်ကိုထုတ်
    ဟန်ကိုယ့်ဘို့
    လုပ်နေရတော့လဲ
    မီးလောင်သစ်ငှုတ်ရုပ်အသွင်
    ခဏ ခဏ ပေါင်းတင်မိ
    ကျွန်မအပြစ်ရှိ၏တဲ့လားဆရာရယ်။
    ~~~~~~~~~~~~~~~~~~
    (ရေးချင်စိတ်ပေါက်လို့ ရေးချင်ရာရေးလိုက်တာကို ရေးရေရာရာလို့
    ယောင်လို့မှမတွေးလိုက်ပါနဲ့ ရောင်ဝါထွန်းကြည် ကိုနေဝန်းနီ ရေ့)

    Reply

  • manawphyulay

    January 11, 2012 at 4:28 pm

    မသေခင် ပုပ်သိုးနေတဲ့
    ဒီခန္ဓာကိုယ်ကို
    ခဏခဏ ပေါင်းတင်နေမိတာတော့
    အမှန်တရားပါပဲလေ…

    Reply

  • lu nyo chaw

    January 11, 2012 at 4:39 pm

    အဲတော့ ခင်ဗျားလေးတို့ ပေါင်းတင်တာကိုလျှော့ကြပါတော့ ရှာရဖွေရတာ တယ်မလွယ်ဘူး။
    ဟဲ–ဟဲ

    Reply

Leave a Reply

Your email address will not be published.