လွမ်းတဲ့ည

လင္းစက္ရာJanuary 27, 20121min06

Part (I)
ညရဲ့အသံကိုပြန်ကြား
ငါဟာ…
ပိုးစားခံနေရတဲ့ အတိတ်မည်းမည်းတစ်ကောင်..။
တောင်ပံတွေဖြန့်ပြီး
(တစ်နည်း)
ရွက်ဖျားတွေဆန့်ပြီး
တစ်နင့်နင့်တိုးဝင်ခဲ့တဲ့ခရီးက
အလင်းမဲ့ ၊
တိတ်တဆိတ်
ကျွံကျကျန်ရစ်တယ်…။

Part (II)
မျက်ရည်အစက်စက်တို့
သူ မမြင်စေအောင်သိမ်းဆည်း
မျက်နှာဖုံးအခွံတစ်ခု
ငါ ထုဆစ်ရပြန်…၊
သူ ,မပြောတဲ့
သူ့ညနေခင်းများအကြောင်း…၊
ငါ မပြောဖြစ်တဲ့
ငါ့မနက်ဖြန်များအကြောင်း…၊
ခေါင်းစဉ်တွေ မခွဲတော့ဘူး….။

Part (III)
တစ်ဆိတ်….!
အလင်းတံခါးတွေပိတ်ပေးပါ..
အမှောင်ရဲ့လက်ဖျားတွေကြားက
ခေါ်သံများကြားသလားလို့…..၊
(..မဟုတ်ဘူး..)
ဒါ အိပ်မက်…!
(..မဟုတ်သေးဘူး..)
ဒါ မျှော်လင့်ချက်…!

ထမ်းပိုးထားရတဲ့ခံစားမှုက
(ငါ့အတွက်တော့)
အခါးနည်းနည်းကဲလွန်းတယ်….။

Fianl Part(I)
အဝေးပုံပြင်တစ်ပုဒ် ၊
သိမှတ်မဲ့ ကျဆုံးခန်း ၊
အကြွင်းမဲ့ ရာသီပြိုချိန် ၊
ဘယ်လိုလဲ ???
အင်း..! ဒီလိုပါပဲ…။
မနေ့ကရော?
အင်း..! ဒီလိုပါပဲ…။
ဒီနေ့ရော?
အင်း..! ဒီလိုပါပဲ…။
မနက်ဖြန်လည်း?
အင်း..! ဒီလိုပါပဲ…။

Final Part(II)
ဖတ်ဖူးတဲ့ စာသားတစ်ခုလို…
“….ငါကား ငြိ်မ်း၏ ၊
မီးကား မငြိမ်းတော့ချေ…..” ။    ။

လင်းစက်ရာ

6 comments

  • စိန်ပေါက်ပေါက်

    January 27, 2012 at 4:08 pm

    အင်း.
    မနေ ့ကကော..ကွဲတာပဲ.
    အင်း.ဒီနေ ့ကော ဆွဲမှာပဲ..
    ကွဲလိုက်ဆွဲလိုက်နဲ ့ မွဲမှာပဲ…အဲ..ဟုတ်ပါဘူး..
    ဆရာတစ်ဦးပေါ်လာလို ့.ကြိုဆိုပါ၏
    😀

    Reply

  • ဖားသက်ပြင်း

    January 27, 2012 at 4:14 pm

    ဝမ်းမလိ ဝဲလ်ခမ်းထူ ဂေဇိ…..

    ခွင်ခွင် ဂီဂီ ကပုန်းကျော် ပီးနောက် ကိုယ့်ရုပ်ကိုကိုယ် ပေါ်တင် တင်ရေးသော
    စာရေးသူ တယောက် ပေါ်လာသဖြင့် ဝမ်းမြောက်ဝမ်းသာ ကြို ဇို ပါ၏ ။

    ပုံ…
    ရွာ့အပေအတေ
    နှူးဘာဂိုဏ်းချုပ်
    ဖားသက်ပြင်း

    Reply

  • ကိုရင်စည်သူ

    January 27, 2012 at 4:29 pm

    လန်းတယ်.. လွမ်းမယ်.. ဆွဲမယ်.. ကွဲမယ်…
    ကဗျာဆရာ အသစ်တစ်ယောက်ပေါ်ထွန်းလာပြန်ပီ..
    avatar ထဲက ပုံလေးက ချစ်စရာလေးဆိုတော့
    မိဖြိုးတို့အကြိုက်ပဲနော်… ခိခိ…

    ကိုးဆယ့်ကိုးစားစွာဖြင့်

    Reply

  • လင်းစက်ရာသည်ကား
    ဆေးစက်ကျရာ
    အနုပညာထင်
    ရေးထားတဲ့ ကဗျာနဲ့
    သူ့ရဲ့ ရုပ်အသွင်
    ဖြိုးတို့ ဖိတ်ချင်

    နောက်ထပ် ဖတ်ဖို့မျှော်လင့်လျှက်
    ဝမ်းမရီးးးးးး ဝဲကမ်း
    KING

    Reply

  • windtalker

    January 27, 2012 at 9:10 pm

    လွမ်းတဲ့ည ဆိုတော့ miss night ပေါ့နော် ။
    မစ်နိုက် မိုက်နစ်
    အပြစ်ပိုက် အပြိုက်ပစ်
    မိုက်အချစ် ရိုက်လစ်
    ပုံ
    ဝါတော်ကင်း

    Reply

  • lynnsatyar

    January 28, 2012 at 10:50 am

    ခုလို ကြိုဆိုကြတာကို ကျေးဇူးတင်ပါတယ် ခင်ဗျာ..။ ကျွန်တော် ဂေဇက်ရဲ့ စာဖတ်သူဖြစ်နေတာကြာပါပြီ…။ ခုမှပဲ ပို့စ်တင်ဖြစ်တာပါ…။

    Reply

Leave a Reply

Your email address will not be published.