“ဝိဉာဏ်မဲ့သော သီအိုရီများ”

အလိုက်သင့် ရေမျောကမ်းတင်ဘဝမှာ

စုန်ရေ ဆန်ရေလည်း ကြုံခဲ့ဖူးတာပဲ

ဒုက္ခိတကျွန်တော် မွေးရာပါ ခြေထောက်မဲ့

ခြေတစ်လှမ်းစလို့ ကမ္ဘာလည်း မပတ်ဖူးပါ…

လိပ်ပြာတွေ ပန်းပွင့်ပေါ် အရေခွံပြောင်းသလို

အန္တရာယ်ခေါ်သံအောက် လူတွေလည်း

အသက်ရှူနည်း ကွာခြားတာချည်း…

လူမမည်ဘဝတည်းက နေကွယ်ခဲ့ဖူးသူ

လထွက်ဖော်ရတာကိုပဲ အရောင်မှိန်မှာ စိုးရိမ်မိ

လောကဓံလား လောကဒဏ်လား

မကြာခဏ စာလုံးပေါင်း မှားဖတ်သူ

ဖျက်ရာ၊ ပြင်ရာများတဲ့ ဒဿနတွေထဲ

ကျွန်တော့် ဦးနှောက်ဆဲလ်လည်း သေရုံမှလွဲ၍ ။ ။

စေပိုင်ထွဋ်(ပုသိမ်)

(၂၀၁၂ မတ်လ၊ ပြုံးစရာမဂ္ဂဇင်း ဖူးသစ်ကဗျာမှ)

Leave a Reply

Your email address will not be published.