Cross (X) or Plus (+)

minn_annawarFebruary 13, 20121min03

“ကြက်ခြေခတ်” (X) ဆိုတာ

အမှတ်အသား တစ်ခု

အမှားပြု မိသူအတွက်။

 

ဆက်မှားခဲ့သော်

အမှားပေါင်းမြောက်များစွာ

အမြောက်လက္ခဏာ(X)ဖြစ်…

 

မစမ်း စစ်နိုင်ရင်

အဆိုးအညစ် ဖြစ်

ဘဝပါနစ် နိုင်တယ်

သင်…အဖြစ်ခံနိုင်လား…

 

တစ်ချက်တွေးကြည့်ပါ..

မခက်၊ မဝေးပါဘူး

အလှည့်ကလေးမှာ

ဒေါင့်မှန်တော့…  ကျပါစေ။

 

“ကြက်ခြေခတ်” ပေမဲ့

လေးဆယ့်ငါးဒီဂရီ

ဘယ်ဆီပဲလှည့်လှည့်

အတည့်ဖြစ်သွားရင်…

 

အမှား(X) နေရာမှာ၊

အပေါင်း(+)ဖြစ်သွားမှာပါ…..

 

အပေါင်း (+) ဆိုတာ..

တိုးပွားခြင်း…

စုစည်းခြင်း…

ညီညွတ်ခြင်း ရဲ့ လက္ခဏာ၊

 

ကဲ-   သင်.. ဘာလုပ်မလဲ။

3 comments

  • ကဗျာလေးကိုလည်း သဘောကျတယ် …
    တို့ကတော့ အပေါင်း (+) ပဲ လုပ်မယ် …
    ( – ဖြင့် + ၍ x ပင့် –ံ့ တတ်သူကို ရှောင်ပါ ) လို့လည်း ကြားဖူးတယ် …။

    Reply

  • ကောင်းမြတ်သူ

    February 13, 2012 at 12:59 pm

    မင်နီကြက်ခြေခတ်တွေမြင်တိုင်းလေ…………..

    Reply

  • kyeemite

    February 13, 2012 at 1:32 pm

    ကဗျာလေးရော..အတွေးလေးရော ကောင်းပါတယ်…ဆက်လုပ်ပါ ဆြာ..

    Reply

Leave a Reply

Your email address will not be published.