နောက်ဆုံးချစ်သူအတွက် အချစ်ဦးကဗျာ…။ (VALENTINE’s Day အမှတ်တရ)

black chawFebruary 9, 20121min042

လင်္ကာမချောလည်း ရှိစေတော့
လိမ်ညာမပြောရက်ပါဘူးမေ….။

အချစ်ဦးပါလို့
အချစ်ရူးရအောင်
ဘုရားစူးကျိန်တွယ်ပြီး
အချစ်ရယ်ယုံပါတော့လို့
ကြုံရာကိုယ်မပြောခဲ့ပါဘူးမေ….။

ပုထုဇဉ်လူသားမို့
နှလုံးသားရေပြင်ထက်
ခဏတက်တဲ့ ရေပွက်ကလေးတွေ
နှစ်မက်ခဲ့မိတာ
ဝန်ခံပါတယ် မေ….။

ကာလတွေတိုက်စား
ရေပွက်များပျောက်ကွယ်
နှလုံးသားငယ်တည်ငြိမ်ခဲ့သမျှ
(အချစ်ရယ်) မင်းနဲ့တွေ့မှပဲ
ရည်ရွယ်ရာ မျှော်လင့်ချက်
အချစ်အတွက် ချည့်ပဲ ဖြစ်လာခဲ့တယ်….။

ဖျက်ရခက်တဲ့ ဆေးစက်များ
နှလုံးသားမှာ စွန်းထင်း
မောင်စိန်ဝင်း ရဲ့ ‘အချစ်ဦး’ ကဗျာ
ရွတ်ဖတ်ကာ မခနဲ့ပါနဲ့
ရင်ထဲမှာ အချစ်ကလွဲရင်
အမြဲသတိရနိုင်တဲ့သူ
ဟောဒီဇမ္ဗူမှာ
ရှိနိုင်မှာ မဟုတ်တော့ပါဘူး။

အတိတ်ဆိုတာကို
ချဲလင်ဂျာ နဲ့အတူ
အာကာသဂူမှာ မြှုတ်နှံပြီး
ပစ္စုပ္ပန်အတွက်
ဆက်လက် ရင်ခုန်ကြရအောင်…။

အဦးဆုံးပန်းကို မဆက်ခဲ့ရသမျှ
အထူးဆုံးပန်းကို အချစ်နမ်းရအောင်
အလန်းဆန်းဆုံးပန်းကလေး
အချစ်အတွက် ပေးဆက်ပါရစေ…နော်။

ဒီကဗျာလေးက ကျွန်တော့် ရဲ့ တစ်ပုဒ်ထဲသော မဂ္ဂဇင်းထဲမှာ ပါဝင်ခွင့်ရခဲ့တဲ့ကဗျာလေးပါ။
ရိုးရိုးသားသားဝန်ခံရရင် အဲဒီမဂ္ဂဇင်းကလည်း နှစ်အုပ်ပဲ ထွက်ပြီး ရပ်သွားခဲ့ပါတယ်။
နတ်သျှင်နောင် မဂ္ဂဇင်းတဲ့။ ကြားဘူးကြမှာ မဟုတ်ပါဘူး။
အယ်ဒီတာလုပ်တဲ့လူက တပ်ကြပ်ကြီးမောင်ကို ပါ။
သူနဲ့ ကျွန်တော်က အရေးအခင်းပြီးကာစ နှစ်တွေက လဖက်ရည်ဆိုင်ထိုင်ဘက်တွေပါ။
အသက်ကွာပေမယ့် သူ ပြောတာ ထိုင်နားထောင်ပေးတော့ ကျွန်တော့် ကို ခင်ရှာပါတယ်။
သူ မဂ္ဂဇင်းထုတ်မယ်ဆိုတော့ ကျွန်တော်ရေးထားတဲ့ ကဗျာလေးတွေထဲက အဲဒီတစ်ပုဒ်ကို
ခင်မင်မှုနဲ့ ဖေါ်ပြပေးခဲ့တာပါ။
ဆယ်ကျော်သက်အရွယ် ၁၉၈၉ လောက်မှာ ရေးခဲ့တာပါ။
၁၉၉ဝ မတ်လ ထုတ်မှာ ပါခဲ့ပါတယ်။
အချစ်ဦးမဖြစ်လို့ ခဏခဏ စကားနာထိုးတဲ့ ရည်းစားကို
ချော့တဲ့ ကဗျာလေးပါ။
လေးဆယ်ကျော် လူကြီးတစ်ယောက်ရဲ့ နောက်ကြောင်းပြန်လေးကို
ဖတ်ပြီး ဝေဖန်ပေးကြပါဦး။

ကဲပါဗျာ။ Valentine’s Day ဆိုတော့ ရည်းဇားဦး ကို လွမ်းသူတွေလည်း ရှိမှာပါ။
သူတို့အတွက် ဖိုးကာ ကြီးရေးပြီး ဝိုင်းဆုခိုင်သိန်းလေး ဆိုထားတဲ့ ချစ်ဦးပုံပြင် ဆိုတဲ့ သီချင်းလေး နားထောင်ရင်
အလွမ်းပြေမယ်လို့ ကျွန်တော်က ယုံကြည်တယ်ဗျာ။ Myanmar MP3 ALBUM ဆိုက်က ရတဲ့ သီချင်းလေးပါ။
စာသားလေး နမူနာပေးချင်ပါသေးတယ်။

အချိန်တွေဟာ ဘယ်လိုပဲ ကုန်လွန်နေပေမယ့်
တစ်ချိန်ချိန်မှာ တစ်ခုခုကြောင့် သတိရတတ်တယ် …။ တဲ့။
နားထောင်ဖြစ်အောင် နားထောင်ကြပါလို့…။

10.Chit Oo Pon Pyin

42 comments

  • thit min

    February 9, 2012 at 3:09 pm

    အချစ်ကိုပုံဖော်တဲ့ကဗျာဖတ်ရင်း
    ကိုယ့်ဇာတ်ကိုယ်ခင်းချင်သူများအတွက်
    ကိုဘလက်ရဲ့ နှိုးစက်ကဗျာ။
    —————-
    အချစ်နဲ့ချဲလဲန်ဂျာကိုချိန်စက်အတိတ်ကို မြေမြုပ်တယ်လို့
    ဆိုလေတော့ အချစ်ဆုံးအတွက်ပြုံးစေမှာပါ။
    (^^)

    Reply

  • inz@ghi

    February 9, 2012 at 3:11 pm

    အားပေးသွားပါတယ်
    ဗယ်လင်တိုင်း ကိုကြိုတဲ့
    အန်တီမဟူရာ ရေ…

    😀

    သများက ကိုယ်တိုင် ကဗျာမရေးတတ်ပေမယ့်
    ကဗျာဖတ်ရတာ အလွန်နှစ်သက်တဲ့ ကဗျာပရိတ်သတ် ပိစိလေးပါလို့…

    ခင်တဲ့
    L@dy GiGi

    Reply

  • Shwe Ei

    February 9, 2012 at 3:20 pm

    ကိုယ်ချစ်ရတဲ့အချစ်ဆုံးသူအတွက် ကိုယ်က အချစ်ဦးဖြစ်ခွင့်ရတာ ဂုဏ်ယူစရာကိုး ဦးဘလက်ရဲ့။ ကျမအမြင်ပြောတာပါ။ ဒါပေမဲ့ အချော့ကောင်းတဲ့ ဦးဘလက်ကိုတော့ လေဒီ ဘလက်က ချစ်မှချစ်ပဲ မို့လား။ (ကဗျာဖတ်ကြည့်ရုံနဲ့ သဘောပေါက်တယ်) 🙂

    Reply

  • nozomi

    February 9, 2012 at 3:22 pm

    ချစ်သူရေ မင်းကို ညမွှေးပန်းလေးလဲ မဖြစ်ချင်ပါဘူး
    အရုဏ်ဦးနဲ့ အတူ မင်းရဲ့ ရနံ့လေး တွေ ပျောက်ကွယ်သွားမှာစိုးလို့ပါ

    ချစ်သူရေ မင်းကို ကောင်းကင်ပေါ်က တိမ်ဖြူဖြူလေးလဲ မဖြစ်ချင်ပါဘူး
    လေနီကြမ်းတွေရဲ့ တိုက်ခိုက်မှုထဲမှာ မျောပါသွားမှာ စိုးမိတယ်လေး

    ချစ်သူရေ ………………………..

    နုစဉ်တုန်းကတော့ အဲဒီလိုမျိုးလေးတွေ ရင်ခုန်ခဲ့ဘူးတာပေါ့
    ကဗျာတပုဒ်လုံးတောင် သတိမရတော့ပါဘူး

    ကိုချော ကဗျာ က မောင်စိန်ဝင်း နဲ့ နင်လားငါလားပဲ
    ကောင်းမှကောင်း

    ချစ်သူများနေ့ အမှီ မိန်းမကို ပြန်ချော့နေတာများ
    ( မဒမ်ချောအတွက်တော့ အကောင်းဆုံး လက်ဆောင် နေမှာပါ)
    လုပ်ချင်တာ လုပ်တုန်းက လုပ်ပြီးတော့ နော် လူကြီး
    ကိုချောကြီး နောက်မလုပ်တော့ဘူးလို့ အာမခံနိုင်ရဲ့လား

    နောက် တစ်ခု သိချင်သေးတယ်
    မိန်းမတွေက အချစ်ဦးဖြစ်ချင်တာလား
    နောက်ဆုံးအချစ်ကို ရချင်တာလား
    ( နှစ်ခုလုံး လိုချင်တယ်လို့တော့ မပြောနဲ့နော်)

    Reply

    • inz@ghi

      February 9, 2012 at 3:29 pm


      >>နောက် တစ်ခု သိချင်သေးတယ်
      >>မိန်းမတွေက အချစ်ဦးဖြစ်ချင်တာလား
      >>နောက်ဆုံးအချစ်ကို ရချင်တာလား

      လုပ်ပီ …
      ကမာ္ဘဦးကလွဲလို့ သမိုင်း ခေတ်အဆက်ဆက် တိုင်ပတ်ခဲ့ရတဲ့ …
      ပဋိပက္ခ ကို ဆွဲထုတ်ပြီ …. 😀 😀

      တီတီနို နော်. ..ဟင်းဟင်း ….

      နောက်တာပါ တီတီနိုနဲ့ တီတီမဟူရာရယ်….
      သည်မေးခွန်း ကိုတွေ့တိုင်း
      ဆြာမင်းလူ အလွမ်းသစ် ကို သွားသတိရလေရဲ့….

      အင်ဂျင်၂လုံးတပ်တဲ့ လေယာဉ်တွေရော
      မိန်းမတယောက်ကိုချစ်ရတာ မြန်မာဘောလုံးအသင်း ကို အားပေးရတာတွေရော..
      အိုးဖလိမ်းမ် ဆိုတဲ့ မီးအိုကြီး …ကိုရော …

      သများတော့ အဟောင်းတွေ အသစ်ဖစ်ကုန်ဘာဘီချင့်…။

      ခင်တဲ့
      ဂီ

      Reply

      • pooch

        February 9, 2012 at 7:54 pm

        ကိုနိုဇိုမိရေ မိန်းမတွေက အများအားဖြင့်တော့ အချစ်ဦးရော အချစ်ဆုံးရော နောက်ဆုံးအချစ်ရော တယောက်ထဲလို့ သတ်မှတ်ပြီး ယောက်ျားတွေအပေါ်မှာ ချစ်ခဲ့ကြတာပါ။ လက်ထပ်ခဲ့ကြတာပါ။

        ယောက်ျားတွေကသာ အချစ်တွေ ပေါလွန်းလို့ အချစ်ဦးတွေ နောက်ဆုံးအချစ်တွေ လျှောက်ပြောပြီး ညားဖြစ်ခဲ့ရင်တမျိုးချစ် မညားဖြစ်ခဲ့ကြတာကို တမျိုးချစ်နဲ့ အချစ်အမျိုးမျိုး ကင်ပွန်းတပ်ပြီး ချစ်နေတာပါ။ 😆

        ကြည့်ရတာ ကိုဘလက်ရယ် တချိန်တခါက အချစ်သူဌေးဖြစ်ခဲ့ပုံ ပေါ်ပါတယ်။ ဗယ်လင်တိုင်းနီးတော့ ငယ်မူပြန်ပြီး ချွဲတာနေမှာ။ မဒမ်ဘလက်ရယ် ကြွေမယ်ဆိုလည်း ကြွေလောက်ပါတယ် အရေးအသားက တကယ်ပါပဲ။

        လျှာအရို်းမရှိတိုင်း လာပြီး ညာဖြီး … ဘာဆိုလား ညာဆိုလား ဘလာ ဘလာ……….. :mrgreen:

        Reply

        • inz@ghi

          February 10, 2012 at 10:21 am

          ဟုတ်တယ် ..သများလည်း ကန့်ကွက်တယ်….
          နန်းမတော် မယ်ပုချ် ကို သည်တခုတော့ ဆန့်ကျင်ပါတယ်ချင့် ….

          စကားမစပ် ရွာသားတွေ ခြောက်ကုန်တာ သဂျီးမင်းမှာ တာဝန်ချိပါတယ်ချင့် …။
          ရွာထဲကို ရွာသူချောချော-လှလှ-နုနု-ရွရွ လေးဒွေ ဝင်လာမဆဲ တသဲသဲဖြစ်အောင်
          မဆောင်ရွက်နိုင်တာမို့ … (ရှိတဲ့လူတွေကျတော့လည်း တံဆိပ်ကပ်ပီးသားတွေမို့)
          နှူးဘာဂိုဏ်း ၁ဂိုဏ်းလုံး ၁၁ကျပ် ကျပီး သကာလ ..ခြောက်သွားရတာပါချင့် ….။

          ခုတော့ မိတ်ကပ်-ဖက်ရှင်-ဒီဇိုင်း-မိတ်ကပ်-ဇာထိုး-ပန်းထိုး-ဒိုင်းယက်-ယောဂ-လှနည်းပနည်းပေါင်းစုံ
          လေ့လာပီး ပိုစ့်တွေရေးရင် ကောင်းမလား တွေးနေပါတယ်ချင့် …
          (ဒါလေးတွေ များများရေးမှ ရွာသူလေးတွေလာမှာ ကိုး ….)
          ရွာသူလေးတွေလာမှ နှူးဘာဂိုဏ်းပြန်ထောင်ပီး ဇိမ်ဖုံးဂျီး ပြန်ဝတ်တော့မလားလို့ ….ဟီး ….

          ပုံ
          (အင်ဂုလိ)ဂီ

  • blackchaw

    February 9, 2012 at 3:36 pm

    ကိုသစ်ရေ။
    ဒီဘက်ခေတ် ချာတိတ်တွေကတော့ ချဲလင်ဂျာ ကို
    သိကြတော့မှာ ဟုတ်ဘူးဗျ။
    ကျွန်တော့်လို အဖြစ်မျိုးကိုသစ်လည်း ကြုံမှာပါဗျာ။
    ဒီအရွယ်ကြီးရောက်မှ ထားတဲ့ ရည်းဇား
    အချစ်ဦးပါလို့ သွားပြောရင် ……။ 😀
    ကိုသစ်ကိုတော့ ယုံမှာပါဗျ……။ 😀

    Reply

    • inz@ghi

      February 10, 2012 at 10:07 am

      တီတီ မဟူရာကတော့ တူးပြန်ပီ …ဟီဟိ..
      တီတီသစ် ကတော့ လူကြီးရှက်တော့ စပ်ဖြီးဖြီးကြီး ဖြစ်နေတယ်ဆိုလား ….ခစ်ခစ်…
      မြင်ယောင်သေး ….ဟေးဟေး…

      သများကတော့ ကြိုက်မရှက်-ငိုက်မရှက်-ငတ်မရှက်မို့ ….
      အို …ရှက်ကြော ပြတ်နေလို့ရယ် ….

      😀

      Reply

  • စိန်ပေါက်ပေါက်

    February 9, 2012 at 3:37 pm

    အရင်က
    အချစ်ဦးမဟုတ်လို ့….ပန်းဦးဆက်ခွင့်မရခဲ့ပေမဲ့
    ခုချိန်မတော့ ကိုဟာ မေ့ရဲ့ပန်းရုံကြီးဖြစ်နေပြီပဲကွယ်..
    ဦးခွင့်မကြုံလို ့.ပန်ခွင့်မရခဲ့တဲ့ ပန်းတစ်ပွင့်အတွက် ပန်းခင်းကြီတစ်ခင်းစိုက်ပြီး ရောင်းခိုင်း..အဲလေ..(ယောင်လို ့)
    ပန်းခင်းကြီးတစ်ခင်းစိုက်ပြီး အလျော်ပြန်ပေးပါ့မယ်..မေရယ်…
    ကျေနပ်စွာ ခူးရောင်း(ယောင်ပြန်ပြီ). ကျေနပ်စွာပန်ဆင်လှည့်ပါတော့

    Reply

  • blackchaw

    February 9, 2012 at 3:40 pm

    မဂီ ရေ။
    အခုတွဲနေတာက ဘယ်နှစ်ယောက်မြောက်လဲ ဟင်င်င်င် ????
    ပြီးတော့ အခု တစ်ယောက်နဲ့ရော အချစ်တွေ ဆုံးပြီလား ဟင်င်င် ????
    မဆုံးသေးဘူးဆိုရင် ဒီကဗျာလေးကိုသာ ဆောင်ထားလိုက်တော့ …. :D:D:D

    Reply

    • inz@ghi

      February 10, 2012 at 10:16 am

      အသည်းဆိုတာ …..
      တခါကွဲဖူးရင် နာသွားတယ်
      နာတော့ ယောင်သွားတယ်…
      ယောင်တော့ ကြီးသွားတယ်..
      ကြီးတော့ …အဟဲ …
      နောက်တယောက် ပိုဆန့် သွားတယ် ….

      တခါကခေတ်စားဖူးတဲ့ …ဂျီတော့ခ် မက်စိ လေးပါချင့် …။

      ခင်တဲ့ဂီ

      Reply

  • blackchaw

    February 9, 2012 at 3:45 pm

    ဗိုလ် နိုဇို။
    နု လှချည့်လား စကားလုံးတွေက။
    ငယ်စဉ်က စွန်ခဲ့တာတွေ ဟိုနေ့က ပြန်ပြောတာ
    အားကျ နေရတာပါ။ အဲဒီလို စွန်ခဲ့တာလေးတွေကို ပို့စ်တင်ပေးဦးဗျာ။
    ဘာပဲပြောပြော ဖတ်ပြီး အားကျချင်လို့ပါ။ ဟီး… :D:D:D

    Reply

    • nozomi

      February 9, 2012 at 4:37 pm

      ကိုချော
      မျှားဦး မလှည့်ပါနဲ့
      အချစ်ဆုံးကြီးက အချစ်နောက်ဆက်တွဲ ကိစ္စ သိသွားလို့
      ချစ်သူများနေ့ အမှီ
      ရင်ထဲမှာ အချစ်ကလွဲရင်
      အမြဲသတိရနိုင်တဲ့သူ
      ဟောဒီဇမ္ဗူမှာ
      ရှိနိုင်မှာ မဟုတ်တော့ပါဘူး။ တွေပါတွေ လုပ်နေတာမို့လား
      ဝန်မခံသေးရင် ပုံပါ ပို့ပေးလိုက်မယ်နော်

      Reply

  • blackchaw

    February 9, 2012 at 3:49 pm

    Shwe Ei ရေ။
    မိန်းကလေးဆိုတော့ အဲဒီလို
    ရောက်တတ်ရာရာ လိမ်ညာပြောတဲ့ စာကဗျာတွေကို
    သတိထားပြီးယုံဘို့ သင်ခန်းစာ ယူရမယ်ဗျ။
    ချင့်ယုံပေါ့ဗျာ။ ချင့်ယုံ။ 😀

    Reply

  • blackchaw

    February 9, 2012 at 3:53 pm

    အော် ပေါက်ဖေါ်ပေါက်ဖေါ်။
    အပြင်မှာတော့ ကျားကျားလျားလျား
    ရည်းဇားတောင့်တောင့်တင်းတင်းကြီးကိုတွဲလို့…။
    ရွာထဲကျတော့ မပေါက်ဖေါ် ဖြစ်နေရတယ်…။
    သူလေးကရော နင့် ရည်းဇားဦးပဲလား။
    အဲဒါက သိတ်အရေးမကြီးပါဘူး…
    နင်ကရော သူ့ရဲ့ ရည်းဇားဦး ဟုတ်ရဲ့လား။
    အဲဒါ အရေးကြီးတယ်နော်။
    ခေတ်ကြီးက ကောင်းတာ ဟုတ်ဘူး။ … :D:D:D

    Reply

    • စိန်ပေါက်ပေါက်

      February 9, 2012 at 4:22 pm

      ဒီလိုပါပဲ အမရယ်.
      သများတို ့က ရိုးရိုးသားသားဖိုးသခွားတွေပါ. 😀

      ဟိုအပေါ်က အန်တီမှိုဇိုမိလဲ တော်ကီလန်းတယ်နော..
      ဘယ်လင်တိုင်းမှာကဖို ့ ကြိုပြီး ဇာတ်တိုက်နေကြတာထင်တယ်..
      ဟီး.ဟီး..

      Reply

  • Khin Latt

    February 9, 2012 at 4:46 pm

    ~~~ နှလုံးသားရေပြင်ထက် ခဏတက်တဲ့ ရေပွက်ကလေးတွေ နှစ်မက်ခဲ့မိတာ ~~~
    သဘောကို တိုက်ရိုက် ဘာသာပြန် လိုက်ရင် မဒမ်ဘလက်ချော မတိုင်မှီ “တစ်ယောက်မက” ရှိ ခဲ့သည်ဟု ထင်ပါကြောင်း။ 😉
    ကိုဘလက် အတွက်က နောက်ဆုံးအချစ် ဆိုတာ လက်ထပ်ခြင်းမှာ ဆုံးတဲ့ သဘောပေါ့?
    ဘာဘဲ ဖြစ်ဖြစ် နောက်ဆုံးအချစ် မှာ သစ္စာရှိနေဖို့ ဘဲ အရေးကြီးတာပါ။
    ဒါဟာ ယောကျင်္ားကောင်း ဘဲပေါ့။

    ကို ဘလက် ရဲ့ ကဗျာ က အချစ်ဦး မဖြစ် ခဲ့ ရလို့ ဂျီတိုက်ခံ နေရသူ များ အတွက် အဆိပ်ဖြေဆေး ဖြစ်ကို ဖြစ်မှာ သေချာပါ၏။ 🙂

    Reply

    • inz@ghi

      February 9, 2012 at 5:14 pm

      စကားမစပ် ဦးလတ်ကြီးက လူပျိုဂျီးလားချင့်….
      သူများကဗျာ ကို အဆိပ်ဖြေဆေးလေးဘာလေးနဲ့ ….

      ခိခိ…

      ခင်တဲ့
      လေဒီဂီဂီ

      Reply

  • blackchaw

    February 9, 2012 at 5:01 pm

    အစ်မရေ။
    အငှားခံစားရေးဖွဲ့ထားတာပါ ခင်ဗျာ။
    အခုတော့ ဗိုလ် နိုဇိုမိတို့၊ ဗိုလ် အင်ဇာဂီတို့၊ ဗိုလ် ကိုရင်စည်သူတို့၊ ဗိုလ် ပေါက်ဖေါ်တို့နဲ့
    အံဝင်ခွင်ကျ ဖြစ်နေကြောင်း သိရပါတယ် အစ်မရေ။

    Reply

  • manawphyulay

    February 9, 2012 at 5:02 pm

    အဦးဆုံးပန်းကို မဆက်ခဲ့ရသမျှ
    အထူးဆုံးပန်းကို အချစ်နမ်းရအောင်
    အလန်းဆန်းဆုံးပန်းကလေး
    အချစ်အတွက် ပေးဆက်ပါရစေ…နော်။

    အခုတော့ ပေးဆပ်နေပြီးပေါ့နော် ဆက်တာလား၊ ဆပ်တာလား ဦးဦးဘလက် ဘာကွာလဲဟင်…

    Reply

    • surmi

      February 10, 2012 at 12:38 am

      ဆပ် တယ်ဆိုတာမပေးချင်ပေးချင်နဲ.ပေးရပြီး
      ဆက် တယ်ဆိုတာက ပေးချင်လွန်းလို.ပေးတာလို.ဆိုတော.——–?

      Reply

  • MaMa

    February 9, 2012 at 5:04 pm

    ကိုချောက အစဖော်လိုက်တာ အားလုံးပဲ ရိုက်မစစ်ရပဲ ပေါ်ကုန်ပြီ 😀

    Reply

  • blackchaw

    February 9, 2012 at 5:07 pm

    အပျိုကြီးဆိုတော့
    နည်းနည်း ရှင်းပြရမယ်ပေါ့ အန်တီမနော။
    ဆပ်တာက အကြွေးဆပ်ရင် သုံးတယ်လို့ထင်တယ်။
    ဆက်တာက ပန်းတွေဘာတွေဆက်တာမှာ သုံးတယ်လို့ထင်တယ်။
    သတ်ပုံကတော့ မမလာရင် ရှင်းပြပါလိမ့်မယ်။
    ပန်းကျတော့ ဆက်တယ်ပေါ့ဗျာ။
    အပျိုကြီး ရေ…။

    Reply

  • blackchaw

    February 9, 2012 at 5:13 pm

    မမရေ။
    ဟိုချာတိတ်မလေးတွေ ဆိုထားတဲ့ သီချင်းလေးရှိတယ်လေဗျာ။
    ၁၆ နှစ်နဲ့ ရည်းဇားထားဘို့ မစဉ်းစားနဲ့
    ရည်းဇားဦးနဲ့ ညားတယ်ဆိုတာ ရှားပါတယ် ဆိုလား။
    ဒီရွာထဲမှာ အိမ်ထောင်သည်တွေ မနည်းလှပါဘူး။
    သူတို့အားလုံး ရည်းဇားဦးနဲ့ ညားခဲ့ကြသလား သိချင်မိသားဗျ။ 😀 😀 😀

    Reply

  • ဦးဘလက်ရေ …
    ကဗျာလေးက အလန်းလေးပါလားဗျာ … ။
    ကဗျာရဲ့ နောက်ဆုံးအပိုဒ်လေးနဲ့တင် တစ်ခါတည်း ကြွေသွားနိုင်တယ် …
    ကျွန်တော်တော့ ဦးဘလက်ကဗျာကို ကူးသွားပြီဗျို့ … ခွင့်ပြုပါနော … 😀 😀

    Reply

  • blackchaw

    February 9, 2012 at 8:23 pm

    အသာလုပ်ပါ မယ်ပုချ် ရယ်။
    ဟိုတစ်နေ့က တီချာကြီး TTNU ပို့စ် နဲ့ ကိုနိုဇိုမိ ပို့စ်မှာ
    ကျွန်တော့် ကွန်းမန့်လေးက ဒီလိုဗျ။

    လင်္ကာမချောလည်း ရှိစေတော့
    လိမ်ညာမပြောတော့ပါဘူး ခင်ဗျာ။

    အဲဒါ ဒီကဗျာလေးရဲ့ အစပိုဒ်လေးလေဗျာ။
    အဲဒါနဲ့ ဒီကဗျာလေးကို သတိရသွားပြီး ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှာ သွားရှာ
    ကူးယူပါတယ်။ ပြီး ပြန်တင်ပါတယ်။
    ကိုယ်တွေ့မဟုတ်ရပါဘူး ခင်ဗျာ။
    ကိုနိုဇိုမိတို့လို လူတွေအတွက် ကိုယ်စား ဝင်ခံစားထားတာပါ။

    ကိုအံစာတုံး ရေ။
    ကူးချင်သလိုသာ ကူးပါဗျာ။
    ကျွန်တော် ကြည်ဖြူပါတယ်။

    Reply

  • TTNU

    February 9, 2012 at 9:57 pm

    ကိုချောရေ…
    နုခဲ့၊ နွဲ့ခဲ့တယ်ပေါ့။
    ဆယ်ကျော်သက်အရွယ် ၁၉၈၉ လောက်မှာ ရေးခဲ့တာပါ ဆိုတော့
    ပြုပြုသမျှ အနုသယကစခဲ့ရတဲ့ သမုဒယဆိုတဲ့ မောင့်အမှားတွေ
    ရှိခဲတယ်ဆိုပါတော့။

    Reply

  • မိုက်ကယ်ဂျော်နီငပွ

    February 9, 2012 at 10:12 pm

    လူကြိုက်အောင်တော့ မပြောတော့ပါဘူး
    ကိုယ့်အာဘော်ဘဲ ကိုယ်ရေးရတာပ
    ( အသက်ကွာပေမယ့် သူ ပြောတာ ထိုင်နားထောင်ပေးတော့ ကျွန်တော့် ကို ခင်ရှာပါတယ်။ )
    စောက်ရမ်းမိုက်တဲ့ စာသားလေး
    မချစ်လို့မုန်းတာ မဆန်းပါဘူး
    ခင်ဗျားတွက် ကျုပ် သေပေးလိုက်ခြင်ပါတယ်
    ဘယ်လိုမှ ကြည့်လို့ မရတဲ့ကောင်ကို
    မိုက်ကယ်ဂျော်နီအောင်ပု ဟုခေါ်သှ်။

    Reply

  • Khin Latt

    February 9, 2012 at 10:15 pm

    လေဒီဂီ ရယ် –
    လော့ဒ်လတ် က လူပြိုဂျီး မဟုတ်ပေါင်ဗျာ။
    အခုမှာ အိမ်ထောင်ဖက်နဲ့ ဆာနာမည် ကလဲ မတူလေတော့ Mrs မဖြစ်ဘဲ Ms ဖြစ် (အပျိုက Miss)၊ လက်မှာ လက်ထပ် လက်စွပ် ကလဲ မရှိလို့ လူတွေက ယုန်ထင် ကြောင်ထင် ထင်။
    ခင်သွား တော့လဲ ဆာနာမည် မယူတဲ့၊ မတူတဲ့ ကိုယ့်ဓလေ့၊ လက်စွပ် မဝတ်တဲ့ ကိုယ့်ဓလေ့ အကြောင်း ဇာတ်စုံ ခင်းရပေသပေါ့။
    ရောမမှာ ရောမလို မဖြစ်တော့ အာတော့ နဲနဲ ညောင်း ပါ၏။
    ဒါတောင် ကုသိုလ်ကံ ထောက်မ စွာ ကိုယ့် နာမည်အဆုံးက မွေးသဖခင်ကြီး ရဲ့ နာမည်အဆုံးနဲ့ တူပေလို့။
    မဟုတ်ရင် ပိုပြီး ဇာတ်နာသွားမယ်။
    (စောဒီး လေဒီချော ရေ – လမ်းနဲနဲ လွဲသွားလို့) 😀

    လော့ဒ်လတ် ရဲ့ အရူးအမူး ဖြစ်ခဲ့တဲ့ အချစ်ဦး ကတော့ ဟင်း …. ဟင်း …. ပြောရရင်
    အမြီးရှည်ရှည် ( ကြွက်) မပါတဲ့သူ၊ ဖိုက်ကွာတား နဲ့ နှိုးမှ ဖြေးဖြေးထတဲ့သူ၊ ဦးနှောက်သိတ်အစားမခံ တဲ့သူ၊ အချက်အလက်တွေကိုရင်ဘတ် ထဲ လုံးဝမထည့်ထားတတ်တဲ့သူ။
    အဲဒီတုန်းက အဲဒီလောက် ညံ့တဲ့သူ့ကို ခွဲပြီး အိမ်ကိုတောင် မပြန်ချင်ခဲ့ဘူး။
    နောက်ဆုံး ဆက်သုံးမရတော့ လဲ ထားခဲ့ရပါ၏။
    ဒါပေသည့်ပြန်တွေးတိုင်း လွမ်းလွမ်းချီ သေးတော့။ 😉

    ခင်မင်စွာသော
    လော့ဒ်လတ် (Lord Latt)

    Reply

  • လေးဆယ်ကျော် ကိုဘလက်ချောကြီးရဲ ့ခံစားကဗျာလေးမှာ မေဆိုတဲ့စာလုံးလေးတလုံးပါသမို ့
    ချစ်သူကိုပေးဝေမျှဖို ့ကူးယူပါရစေဗျာ။သူ ့အတွက်လိုက်ဖက်လို ့ပါဗျ။ကျေးဇူးပါနော်။

    Reply

  • surmi

    February 9, 2012 at 11:17 pm

    အချစ်ဦးဆိုတာ –အချစ်ဆုံးမဖြစ်တတ်သလို
    အချစ်ဆုံးဆိုတာ —-အချစ်ဦးလဲမဖြစ်တတ်ပါဘူး
    ဟိုး—–ပဲခူးရိုးမတောင်တန်းကြီးတွေရှိနေသမျှ
    မင်းမှမင်းပဲ—–လို. (ဒီလိုလေး နု ခဲ.ဘူးတယ်)
    အင်း —–ခက်တာက အမြန်လမ်းကြီးဖေါက်လို. ပဲခူးရိုးမလဲ ပဲ.ထွက်သွားပြီဆိုတော.—–

    Reply

  • padonmar

    February 10, 2012 at 12:52 am

    ကိုဘလက်

    ဆယ်ကျော်သက်ကရေးတဲ့ ကဗျာဒီလောက်ကောင်းရင် နောက်ပိုင်းရေးတာလေးတွေ ပိုကောင်းမှာပေါ့
    ပုံနှိပ်ခွင့်မရခဲ့တိုင်း မကောင်းဘူးလို့ပြောမရပါဘူးနော်။
    ကိုဘလက် ကိုယ့်ကိုကိုယ် တူးဆွလိုက်တာ သူများတွေရဲ့ ပုတ်သင်ဥတွေပေါ်ကုန်ပြီနော့။
    နတ်သျှင်နောင် မဂ္ဂဇင်းတော့ မဖတ်ခဲ့ရပါဘူး၊တပ်ကြပ်ကြီးမောင်ကိုတော့ သိပါတယ်။သူ့ရဲ့ ခြေရာလည်းပျောက် ရေလည်းနောက်ဆိုတဲ့ စာအုပ် ကျွန်မမှာရှိတယ်။

    ကိုဘလက်တို့ မင်္ဂလာနှစ်ပတ်လည်အကြို ဆုတောင်းပေးလိုက်မယ်။
    ကိုဘလက်နဲ့ မဒမ်ဘလက် ယနေ့မှစ နှစ်တစ်ရာတိုင်ပါစေလို့။

    Reply

  • aye.kk

    February 10, 2012 at 7:52 am

    ချစ်သူရှိသူများအတွက်၊ကျမ၏ဗဟုသုတအမြင်များ..
    အချစ်ဦးဖြစ်ချင်ပါသလား..
    လက်ဖဝါးပြင်ဗုဒ္ဓဟူးဂြိုလ်ခုံလက်သန်းအောက်ခြေက
    အိမ်ထောင်ရေးလမ်းကြောင်းကအပြစ်အနာဆာကင်း၍
    ကောင်းမွန်ကာရှည်လျှားသန့်ရှင်းရမည်..
    နှလုံးလမ်းကြောင်းအဆုံးတွင်ပန်းဖွားလေးများလိုဖြာထွက်
    ်ငိုက်ဆင်းကျရောက်မှုမရှိစေရပါ။
    ယောက်ျားလေးများအောက်နှုတ်ခမ်းထူပြီးတွဲက
    ရည်းစားအလွန်များကာပလီပလာပြောတတ်သည်။

    Reply

  • blackchaw

    February 10, 2012 at 10:01 am

    TTNU –
    တီချာကြီးရေ။
    19 နှစ် သား လောက်က ရေးခဲ့တာပါ။
    ဟိုနေ့က တီချာကြီး ရဲ့ ရောင်စုံမုသား ပို့စ်မှာ
    ကွန်းမန့်ရေးတော့မှ ဒီကဗျာလေးကို သတိရသွားတာ ခင်ဗျ။
    ကွန်းမန့်လေးအတွက် ကျေးဇူးပါခင်ဗျာ။

    မိုက်ကယ်ဂျော်နီ ငပွ –
    ကွန်းမန့်လေး ချီးမြှင့်ပေးတာ ကျေးဇူးပါဗျာ။

    မောင်သန်းထွဋ်ဦး –
    ချစ်သူနာမည်မှာ မေပါတယ်ထင်တယ်နော်။
    လိုရာသုံးပါဗျာ။

    surmi –
    ကိုဆာမိရေ။ ငယ်ငယ်တုန်းက ဘာတွေးတွေး ဘာရေးရေး
    လွတ်လပ်တယ်ဗျ။ အခုအရွယ်ကြီးတွေကျတော့ နည်းနည်း ကျဉ်းကျပ်လာပြီဗျာ။

    Reply

  • blackchaw

    February 10, 2012 at 10:07 am

    ပဒုမ္မာ –
    အစ်မရေ။
    ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ။
    ပေးတဲ့ဆုနဲ့ ပြည့်ပါစေ အစ်မရေ။

    aye.kk –
    အစ်မရေ။
    အစ်မဆီတောင် လက္ခဏာလာကြည့်ရမလို ဖြစ်နေပြီ ဗျာ။
    နှုတ်ခမ်း ခဏာကတော့ မှန်ထဲ ပြန်ကြည့်ရမှာပေါ့နော်။
    🙂

    Reply

  • lu nyo chaw

    February 10, 2012 at 10:18 am

    “ယောက်ျားတွေကသာ အချစ်တွေ ပေါလွန်းလို့ အချစ်ဦးတွေ နောက်ဆုံးအချစ်တွေ လျှောက်ပြောပြီး ညားဖြစ်ခဲ့ရင်တမျိုးချစ် မညားဖြစ်ခဲ့ကြတာကို တမျိုးချစ်နဲ့ အချစ်အမျိုးမျိုး ကင်ပွန်းတပ်ပြီး ချစ်နေတာပါ။”
    အန်တီပုချ် ရေ အပြင်းအထန် ကန့်ကွက်ပါတယ်ဗျာ။ မိန်းကလေးတွေမှာကော ရှိတယ်နော… ကိုယ်တွေ့
    ကိုယ်တွေ့ ခံခဲ့ရတာပြောပါတယ်..

    Reply

  • blackchaw

    February 10, 2012 at 10:30 am

    ဂီဂီရေ။
    ချစ်ဦးပုံပြင် သီချင်းလေး နားထောင်ပြီးပြီလား။
    မိုက်တယ်နော်။
    လူညိုချော ရေ။
    ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ရည်းဇားထားရင်
    ရည်းဇားဦး ရှိမှာပါပဲ။ ရည်းဇားဦးနဲ့ မညားရင်
    ဒီကဗျာလေးက ဟဲဟဲ… အသုံးဝင်မှာဗျ။ 🙂

    Reply

  • kyeemite

    February 10, 2012 at 10:50 am

    ချစ်ဦးမောင့်ထံပြန်လာပါ…ဆိုတဲ့သီချင်းလေးသတိရမိသွားတယ်..ဒါပေမဲ့..ခုအချိန်မှပြန်လာရင်လည်း..
    နှစ်ယောက်အတူ နှင်းဆီကုန်း သွားကြရုံဘဲ…ဒီတော့ကာမယ်..အဦးကိုမလွမ်းတော့ဘဲ…နောက်ဆုံးပိတ်
    အချစ်လေးဘဲ ထပ်ရှာတော့မယ်ဗျာ..

    Reply

  • bluerose

    February 10, 2012 at 11:27 am

    ဘယ်အချိန်မှာပဲဖြစ်ဖြစ်အချစ်ဦးထက်စာရင်
    နောက်ဆုံးချစ်ပဲဖြစ်ချင်ပါတယ်
    ကိုယ့်နောက်မှာနောက်တယောက်မရှိစေချင်ဘူး

    Reply

  • ကြောင်ကြီး

    February 10, 2012 at 11:45 am

    အန်တီအေးကေကေ ပြောသလိုဆိုရင် ကြောင်ကြီး အချစ်ဦးမဖြစ်နိုင်ဒါသေဂျာဘီ။ အချစ်ရေးလမ်းဂျောင်းက အဆုံးမှာဖြာထွက် အပေါ်တက်တယ်။။ အချစ်ဦးမဖြစ်လည်း နေဘာဇေ ဦးအချစ်ဖြစ်ရင် ကြေနပ်ပီ…။

    Reply

  • Moe Z

    February 10, 2012 at 11:45 am

    အကြောင်းတစ်ခု ကြုံကြိုက်တဲ့အခါ သတိရမိသူပါ… ဟိုး တုန်းကစိတ်နဲ့ဆိုငိုလိုက်မိမှာပါ..
    နှလုံးသားကမင်းအတွက် နေရာသီးသန့်ရှိနေတာ.. ဟိုအရင်တုန်းက ပုံပြင်ဟောင်းလေးအတိုင်း …
    ဘဘ ဘလက်ရဲ့သီချင်းကိုဆက်ဆိုပေးတာပါ 😛
    ရယ်ရတယ် ဖိုးကာကိုကျတော့ ဖိုးကာကြီးတဲ့၊ ဝိုင်းစုခိုင်သိန်းကိုကျတော့ ဝိုင်းစုခိုင်သိန်းလေးတဲ့
    ကဗျာက ကိုယ်ပိုင်ခံစားချက်ဆိုတာယုံပါတယ် 😀

    Reply

Leave a Reply

Your email address will not be published.