သူများရေးသော ကိုယ့်အကြောင်း

manawphyulayMarch 6, 20121min06

သူများအကြောင်းပဲ ကိုယ်က အမြဲရေးဖြစ် ပြောဖြစ်ပေမယ့် ကိုယ့်ရဲ့အကြောင်းကို သူများက အမှတ်တရ ကဗျာစပ်လာပေးတဲ့အခါမှာ ရင်ထဲမှာ ပြောမပြတတ်အောင် လှုပ်ခတ်ပြီး မျက်ရည်ကျမိတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ခွဲခွာခြင်းဆိုတာ စတင် မွေးဖွားလာထဲက ရှောင်လွှဲလို့မရဘူးဆိုတာ နားလည်ထားပေမယ့် တကယ် ခင်မင်မှုများနဲ့ သံယောဇဉ်လေးတွေ ဖြစ်လာတဲ့ဝန်းကျင်ကနေ ခွဲခွာရတဲ့အခါမှာ ဖော်မပြတတ်အောင် ဝမ်းနည်းမှုကို ဖြစ်စေခဲ့ပါတယ်။ ဝမ်းနည်းမှုတွေ ပေါင်းစုနေတဲ့အချိန်မှာ ကိုယ့်အတွက် ရေးစပ်ထားတဲ့ကဗျာလေးတစ်ပုဒ်ကို ဖတ်လိုက်ရမယ်ဆိုရင်ကော သင်လည်း ဘယ်လိုနေမလဲဟင်… မနောလိုများ ကဗျာဖတ်ရင်း မျက်ရည်ကျနေမှာလား… ကိုယ်တိုင်က ကိုယ်ကိုယ့်ကိုယ် ဘာလဲ ဘယ်သူလဲ ဘယ်လိုလဲဆိုတာသေချာမစမ်းစစ်ရသေးခင်မှာ ကိုယ့်ရဲ့စိတ်နေ ဘယ်လိုပါလဲဆိုတာ သူ့ရဲ့ကဗျာဖတ်လိုက်မိမှ ဝမ်းနည်းဝမ်းသာ အလွန်ဖြစ်မိပါတယ်။ ကဗျာလေးကို အားလုံးမျှဝေခံစားကြည့်ချင်လား… ခံစားပြီးရင် မနော ဒီရွာထဲက မောင်နှမတွေရဲ့ ရေးစပ်ပေးတဲ့ကဗျာလေးတွေလည်း မျှော်လင့်နေမယ်နော်…. အပြုသဘောပဲဖြစ်ဖြစ် မြင်မိတာလေးပဲဖြစ်ဖြစ် မနောရဲ့အကြောင်းလေးကို ကဗျာရေးပေးကြစေချင်ပါတယ်။ အားလုံးကို မေတ္တာဖြင့် ခင်မင်လျှက်ပါ။ ကဲ သူများပြောသော ကိုယ့်အကြောင်း ကဗျာလေးကတော့…

ဒီကဗျာလေးရဲ့အပေါ်က စာသားလေးကတော့ ငြိမ်းချမ်းရာ အစစ်အမှန်နေရာ ရှာဖွေတွေ့ရှိနိုင်ပြီး တရားတွေ့ ချမ်းမြေ့ပါစေတဲ့…..

နွယ်တာသူလေးရေ….

အတူနေစဉ်ကာလ
ဘာတွေဘယ်လိုပဲဖြစ်ဖြစ်
ချစ်ခင်ခဲ့တာတော့ အမှန်ပါ။
စာဖတ်သူ၊ အပေါင်းအသင်းချစ်သူ
ဆံပင်ရှည်ရှည်မြတ်နိုးသူ၊ ခရေပန်းချစ်သူ
ကူညီတတ်သူ၊ ရယ်မောတတ်သူ၊
မောပေမယ့် ရယ်တတ်သူ
ဖြတ်ထိုးဉာဏ်နဲ့ တုံ့ပြန်တတ်သူ
အရာရာကို မျိုချသိမ်းဆည်းတတ်သူ
နာဂစ်ဒုက္ခဝေမျှခံစားပေးသူ
လိုအပ်နေတဲ့သူအတွက်
အပေါ်က “ဂျင်း” အကျင်္ီကိုချွတ်
စွန့်လွှတ်ပေးလှူခဲ့သူ…..
မိသားစုအတွက်
ပခုံးထက်မှာ တာဝန်တွေထမ်း
လမ်းလျှောက်နေရတဲ့
နွယ်တာသူလေးရေ…
တို့တွေရဲ့ဘဝမှာ
ကြည့်မကောင်း ရှုမကောင်း
အတ္တယူနီဖောင်းတွေဝတ်
မလွတ်လပ်လှပါဘူး။
လွတ်လပ်ဟင်းလင်းပြင်
အပြာရောင်ကောင်းကင်ကြီးနဲ့
ခိုင်မာကျယ်ပြန့်မြေပြင်အနှံ့
သန့်သန့်ရှင်းရှင်းလေကိုရှူ
တို့တူရူကိုလျှောက်
ခရေပန်းတွေ ကောက်ကြမလား……

(ရင်တွင်းဖြစ် ဖွဲ့တည်မှု)
ချစ်ခြင်းများဖြင့်

6 comments

    • manawphyulay

      March 6, 2012 at 2:26 pm

      ကျေးကျေးပါ ဂီဂီရေ… ဆိုက်လေးလည်း သဘောကျတယ် လေ့လာလိုက်ဦးမယ်နော်။ အမှတ်တရ ယူသွားတယ်နော်။

      Reply

  • snow white

    March 6, 2012 at 1:42 pm

    တကယ် ရေးပေးတဲ့သူကလည်းရေးပေးတက်လိုက်တာနော် မမမနောကိုတော်တော်ချစ်တယ်နေမှာ

    Reply

  • mandalarthu

    March 6, 2012 at 1:43 pm

    သိပ်ကောင်းတဲ ့ကဗျာလေးပါဘဲ နွယ်ေ၇..
    အားပေးသွားပါတယ်နော်..။

    Reply

  • may thu

    March 6, 2012 at 1:52 pm

    ခက်ခဲလှတဲ့ လူ့ဘဝမှာ ဝမ်းတစ်ထွာအတွက် ကြိုးစားရင်း
    ဘဝအမောတွေကို ပြေစေနိုင်တဲ့ ကဗျာကောင်းတစ်ပိုဒ်ပါ။

    Reply

    • manawphyulay

      March 8, 2012 at 12:36 pm

      ဟုတ်ပါတယ်။ အေးချမ်းမှုကိုတော့ ခဏတာ ဖြစ်စေတဲ့ အားဆေးတစ်ခွက်ဆိုလည်း မမှားပါဘူး။ ရေးပေးတဲ့အန်တီကိုလည်း ကျေးဇူးအရမ်းတင်မိပါတယ်။

      Reply

Leave a Reply

Your email address will not be published.