“အဝေးနယ်က ငါ့လိပ်ပြာလေးသို့….”

အလွမ်းတွေ သင်ပုန်းချေရအောင်

ချစ်သူ…….မင်းဆီမှာ အနာဂတ်ရှိတယ်

ရောက်ရာအရပ်က အမြန်ပြန်လာလှည့်ပါ

လက်ဖွဖွဆုပ်ကိုင်ပြီး……..

တီတီတာတာတွေ ခရားရေလွှတ်

တစ်ထောင့်တစ်ညကို ငါတို့ ဆွဲဆန့်မယ်…

အိုး………အချစ်

ပန်းရောင်လွှမ်းတဲ့ အချစ်ခင်းည

အရောင်ရွှမ်းအောင် ငါတို့ဆေးခြယ်

လှလှပပကြီး ရုပ်လုံးဖော်ရအောင်…

ဇာတ်မြူးလေးနဲ့ တို့နှစ်ဦး

နှစ်ပါးသွား ဇာတ်သိမ်းခန်းမျိုး

အချိန်မှန် မျှော်စောင့်နေရတာ

နာရီစင်ကြီး သိပါတယ်……ချစ်သူ

သို့…. ငါ့အချစ်ဆုံး လိပ်ပြာလေးရေ…

ကဆုန်ပေါက် မာန်ဟုန်ခွင်းစိတ်နဲ့

အသော့နှင်ခြေလှမ်း ရင်ခွင်နန်းသို့

ဖြစ်နိုင်ရင်…….

ခပ်စိတ်စိတ်လေး မင်းလှမ်းပေးပါ…ချစ်သူ…။ ။

စေပိုင်ထွဋ်(ပုသိမ်)

(ဒီကဗျာလေး ပြန်ဖတ်မိရင် ချစ်သူ အမြန်ပြန်လာနိုင်ပါစေ)

One comment

  • Naung Taw Lay

    March 11, 2012 at 8:05 pm

    ပုသိမ်သား ပီသပါတယ်။ ဒါနဲ့ နာရီစင်ကြီးက အချိန်မှန်ရဲ့လားလို့။ 😛

    Reply

Leave a Reply

Your email address will not be published.