“ဥယျာဉ်မှူးကောင်းရင် ရာသီမလိုဘဲ ပန်းပွင့်တယ်”

အမှောင်ခြင်္သေ့ကြီး ခုပ်အုပ်ထားတဲ့ ဘဝ

မိုးမလင်းသေးလည်း သား မငိုဘူး…အမေ

(ပစ္စုပ္ပန် တည့်တည့်ရှု

အတိတ် စွန့်ပစ်

အနာဂတ် လှမ်းမမျှော်နဲ့

အနေတတ်ရင် “လူအ” မမည်ဘူး

အသေတတ်ရင် “ငရဲ” မကျဘူး) ဆိုတဲ့

သားကို အမေ ဆုံးမခဲ့တဲ့ စကား

နားနဲ့ မှတ်ဉာဏ် ပဋ္ဌာန်းဆက်မိစေတယ်။

လျှောက်နေသရွေ့ အမှောင်မဆုံးသောလမ်း

ခရီးတွင်ပါတယ်…အမေ

အဲ့ဒီလမ်းမှာ အမေ့ဝိဉာဏ်ပူးကပ်

တစ်ခါတရံ ကိုယ်ရောင် လင်းလက်ခဲ့ဖူး

ကျေးဇူးတင်ပါတယ်…အမေ

တစ်ခဏ ငါးသုံးဖို့ ပေးတာထက်

တစ်ဘဝစာ ငါးဖမ်းနည်း သင်ပေးတာကိုပေါ့။

စိတ်ချပါ…အမေ

ဖီးနစ်ငှက်တောင် မီးတောထဲက ရှင်သန်ခဲ့သေးတာ

ချောက်နက်ထဲ သားကျလည်း ပြန်တက်လာခဲ့မယ်

ပန်းပွင့်ဖို့ ရာသီမလိုဘူး ထင်ပါတယ် ။ ။

စေပိုင်ထွဋ်(ပုသိမ်)

6 comments

  • alinsett

    April 8, 2012 at 9:06 pm

    ကဗျာလေးက ကောင်းတယ် ။
    ရှင်းလင်း..လွတ်လပ်နေလို ့..ပိုကြိုက်တယ် ။
    ခေတ်သစ် အနုပညာ.လောက အတွက်..ဒီ ကဗျာလေးကိုကြိုဆိုလိုက်ပါတယ် ….

    Reply

    • စေပိုင်ထွဋ် (ပုသိမ်)

      April 9, 2012 at 11:09 am

      ကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်

      Reply

    • စေပိုင်ထွဋ် (ပုသိမ်)

      April 9, 2012 at 11:25 am

      အဝေးရောက်ရင် အမေ့မေတ္တာကို ပိုတောင့်တာကျတာပဲ မဟုတ်လား

      Reply

  • manawphyulay

    April 9, 2012 at 10:34 am

    အမေ ထွန်းပေးသော အလင်းနဲ့

    လျှောက်နေသရွေ့ အမှောင်မဆုံးသောလမ်း

    ခရီးတွင်ပါတယ်…အမေ

    ဆက်လျှောက်နိုင်ပါစေနော်….

    Reply

    • စေပိုင်ထွဋ် (ပုသိမ်)

      April 9, 2012 at 11:27 am

      ကျေးဇူးပါပဲ
      အားပေးတဲ့အတွက်

      Reply

Leave a Reply

Your email address will not be published.