“ကဗျာ အလှမယ်များ”

ခါးနံပါတ်(၁)

ဗိုလ်ဟန်ခြေလှမ်း ခေတ်ရှေ့ပြေးလွန်းတဲ့

ရှုမငြီးဖွယ် ကဗျာအလှမယ်

ခါးနံပါတ်(၂)

နန်းဆံထုံးပန်ဆင် ဂန္တဝင်ဒီဇိုင်းပေး

ကျက်သရေရှိပါတဲ့ ကဗျာအလှမယ်

ခါးနံပါတ်(၃)

ပင်ကိုယ်ရုပ်ချော ဘဘာဝပုံရိပ်ဖြင့်

လူ့စက္ခု ချူယူမဲ့ ကဗျာအလှမယ်

ခါးနံပါတ်(၄)

မလုံ့တလုံ ပဟေဋ္ဌိ ဝတ်ရုံခြုံ

စိတ်ဗီတာမင် အားဆေး ကဗျာအလှမယ်

ခါးနံပါတ်(၅)

တိမ်ယံမြူဖမ်း ရွှေတောင်ပံတပ်ဆင်

အားမာန်ပေးလျှက် ကဗျာအလှမယ်

ခါးနံပါတ်(၆)

သံဝေဂချော့တေး တစာစာ သီကျူး

နိုင်တင်ဂေးလ် ငှက်ငယ် ကဗျာအလှမယ်

ခါးနံပါတ်(၇)၊ (၈)၊ (၉)၊…

(၉၉)၊ (၁၀၀)…. အစရှိသဖြင့်

ရာသီစာပျိုမေ ကဗျာအလှမယ်များ

မြှီးကောင်ပေါက်သဖွယ် လှသွေးကြွယ်တာမို့

ဤကဗျာ ရောင်စုံပန်းတိုင်း ဖူးကြတယ်

ဖူးသောပန်းတိုင်းလည်း ပွင့်အာတယ်

ပွင့်အာ ပန်းတိုင်းလည်း မွှေးပျံ့တယ်

မွှေးပျံ့ပန်းတိုင်းလည်း မနွမ်းလျပါဘူး ။ ။

စေပိုင်ထွဋ်(ပုသိမ်)

6 comments

  • etone

    April 18, 2012 at 12:58 am

    ပိုလီယိုဟန်လုပ်
    ဆေးဆိုးပန်းရိုက်ရုပ်နဲ့
    အထာတွေစွပ်ပေး
    အစင်လေးလို့အမြဲပြော
    ဒီမဒီချောက…… အခြော်တကောက်အလှမယ်ပါ ချင့် … ဟီး 😆

    Reply

    • စေပိုင်ထွဋ် (ပုသိမ်)

      April 18, 2012 at 4:37 pm

      သွပ်ပြားနဲ့ သူများ
      အသံထွက်မကွဲ
      ပြီတီတီ မျက်နှာထားပြင်
      မျက်လုံးက ကြာအကြည့်နှော
      လမ်းလျှောက်ရင် တီကောင်ဆားပက်ပုံမျိုး
      တွန့်တွန့်လိန် နှံ့နှံ့တက်
      ဒါမျိုးကွဲ့…
      မိန်းမရှာ

      Reply

  • Gipsy

    April 18, 2012 at 1:08 am

    ဖူးသောပန်းတိုင်း ပွင့်တတ်သည်
    ဖူးတံ ဝင့်လို့ချီ
    ပွင့်သော ပန်းတိုင်း မွှေးပါ့မလား
    နွမ်းကြေ မွလို့သွား….။

    Reply

    • စေပိုင်ထွဋ် (ပုသိမ်)

      April 18, 2012 at 4:40 pm

      အလှမြင်ပြီး ကြည့်စမ်းပါ
      သူငယ်ချင်းရ
      အဆိုးမျက်မှန်တက်ပြီး ကြည့်လေရင်တော့
      အဆိုးတွေပဲ မြင်ရမယ်

      Reply

  • alinsett

    April 18, 2012 at 10:28 am

    ကဗျာ အလှမယ်.လေးတွေ.ကို ရှာကြည့်လိုက်ပါတယ် ။

    ကဗျာတစ်ပုဒ်ကိုလည်း သတိရ မိတယ် ။

    ဗီးနပ်စ်တဲ့..
    မီး ဖိနပ်ကို စီးရတဲ့ ကချေသည်…
    သူ့အတွက် တီးလုံးကိုတော့…
    မိုးလေးနည်းနည်း..အုံ ့ပေးကြပါကွယ်…။

    ဆရာတာရာမင်းဝေ..ရဲ ့ကဗျာလေးပါ ။

    Reply

    • စေပိုင်ထွဋ် (ပုသိမ်)

      April 18, 2012 at 4:43 pm

      အင်း ရာသီတေးသံသာဖို့အရေး
      ဆရာတာရာမင်းဝေ အတွေးနဲ့
      ရေးထားတာဖြစ်မယ်
      ဆရာရေးတဲ့ ကဗျာတော်တော်များများ
      ရစ်သမ်ကောင်းကောင်းပါဝင်နေတယ်လို့ ခံစားမိတယ်။

      Reply

Leave a Reply

Your email address will not be published.