naywoon niApril 30, 20121min011
မျှော်လင့်ချက်မိုးရေစက်တွေကို သဲထဲကိုတော့သွန်ချမပစ်လိုက်နဲ့ဦး ဟော့ဒိက ပျိုးပင်လေးတွေက အသင်ရွာချပေးမဲ့ မိုးကိုမျှော်လင့်နေကြတာ သိသိကြီးနဲ့တော့……။ ငါတို့တစ်တွေဟာ…….. ဒီအိပ်မက်တွေကို ပရိဿတ်လက်ခုတ်သံမျှော်လင့်ပြီးမက်ခဲ့ကြတာမဟုတ်ဘူး တစ်ကယ့်လက်တွေ့ဘဝနဲ့ရင်းနှီးပြီးကာမှ တို့တစ်တွေအားလုံးဆုံးဖြတ်ချက်နဲ့မက်ခဲ့ကြတာ….. လမ်းခုလပ်ကြမှလမ်းခွဲထွက်မသွားကြပါနဲ့……။ တစ်ခါလာလည်းမဲပြာပုဆိုးနဲ့တဲ့ ဟိတ်ဟန်ထုတ်ပြီးမျက်လှည့်ဆရာအိုက်တင်တွေနဲ့ လူတွေကိုလမ်ညာနေရတာမငြီးငွေ့ကြသေးဘူးလားကိုယ့်ဆရာ….. တစ်ခါတစ်လေလည်းမျက်နှာဖုံးလေးချွတ်ကြပါဦး မင်းတို့အလိမ်အညာတွေက အစဉ်အလာကြီးဖြစ်နေပါဦးမယ်တဲ့……။ အဲဒိတော့ မျှော်လင့်ချက်မိုးရေတွေကို သဲထဲတော့ သွန်ချမပစ်လိုက်ကြပါနဲ့……..။ နေဝန်းနီ


ကူမားရ္April 29, 20121min033
ကျွန်တော်ကတဲ့ဇာတ် မနိုင်လည်း ရေးရတဲ့ဇာတ် ဖတ်ကောင်းမလား အထပ်ထပ်လှန် ပေါင်းခန်း ကိုရှာမိ ခုထိလည်း…..တစ်ခန်းမရပ်သေးဘူး “၀” လုံးကနေစမယ် ဂျနက်တစ် က အလယ် ပရီရောဒစ် တေဘယ် မှာဆုံး အဲဒီမှာလည်း…..အရှုံးပဲပြတယ် အမေ မှာတဲ့ ဆန်တစ်ခွဲ သားဘယ် “အ” မလဲ အမေရယ် သုံးစိတ်နဲ့ လဲဖို့ကြိုးစားတော့ သူတို့ ကတ္တားတွေ က…..ပျက်နေတယ် တရားသော ကိုယ်ကျင့် မြင့်အောင်သာထား ကျန်တာဖြစ်သွားလိမ့်မည် ရိုးသားမှု သာကိုယ့် အရင်း အင်း…..ဒါလည်းတစ်ပြားမှမရှိဘူး ကြိုးစားရှာ ချွေတာ သုံး ဥစ္စာကို မဖြုန်းတီး ကပ်စီးပါကုပ်တော့ လူလုံးမလှတာပဲ… အဖတ်တင်တယ် အကြံနက်တော့ ဆားပြောင်းချက် သွက်သွက်ခါ ဖတ်ဖတ်မော အတောလေး တစ်ပိုဒ်အပြီး သမီးတို့ဒိုင်က……မဝယ်တာကြာပြီ ဦးတဲ့ ချောင်းကိုပြစ် မြစ်ဆီ […]


အာဂApril 28, 20121min020
ဝေလေလေ ခေါင်းလောင်း အသံထွက်မြည်အောင် ရိုက်နှက်ဖို့…. တူ မရှိသေးဘူး။ အလုပ်လက်မဲ့ဆိုတာ တစ်နေ့စာ ထမင်းတစ်နပ် ကျပျောက်သွားသလိုပဲ ကျပျောက်တဲ့နေ့တွေ ထပ်တလဲလဲ ဆိုရင်တော့ တန်းဖိုးက ငရဲပဲ။ ဘေးနားမှာ အိပ်ပျော်နေသူအတွက် အိပ်မက်လှလှ ရှိချင်ရှိနိုင်တယ်။ မနက်ဖြန်ဆိုတာကို တွေးကြောက်ရွံသူအဖို့ ညတွေကို သတ်ပစ်နေသူလို မအိပ်ဘဲ နေတာပိုကောင်းမယ်။ ဖြေသိမ့်စရာတစ်ခုက သူတောင်းစားမှာတောင် တောင်းတဲ့အလုပ်တစ်ခုရှိနေသေးတာပဲ။ အာဂ


marblecommetApril 27, 20121min036
ကမ္ဘာကြီးလည်တာကို အကြောင်းပြပြီး သံသရာထိ  လိုက်လည်ဖို့ မိုက်မှားနေမိသူ အသက်   မီးတောက်လေး တစ်ပွင့်ရဲ့ (၃၂)ကောဌာသ (၃၂)ဌာလီ ဒါန၊ သီလ၊ ဘာဝနာ ဒုက္ခ . . .နဲ့ . . . ပုံအပ်မိတဲ့  သံယောဇဉ်တွေ အပြစ်ကျတဲ့ နေ့ပါပဲ . . .။   ကြုံလို့ ခွင့်တောင်းပါရစေ ရန်သူမျိုးငါးပါးက မကင်းလွတ်နိုင်သရွေ့ သတိ သံဝေဂနဲ့ ကုသိုလ် . . .အကုသိုလ်အလွှာကြား ဗျာ…မများရတဲ့ ဉာဏ်ပညာကို  ပေးပါအမေ . . .။   ကြုံလို့ ခွင့်တောင်းပါရစေ ကြာမျိုးငါးပါးဆီ မလှော်ခတ်နိုင်သေးသရွေ့ သေငယ်ဇောနဲ့ ပါးလှပ်ကြုံလှီ အသက်ဓာတ်ကလေးကို အတ္ထာဟိ အတ္ထနော နာထော   […]


ပုရွက်ဆိတ်တွေက ကမ္ဘာကိုကြီးစိုး ပုတ်သင်ညို ဂေါ်ဇီလာလို ဖြစ်တဲ့အခါ မင်း ငါ့ကို မေ့သွားမှာလား … သစ်ပင်တွေ ခြေထောက်ပေါက်လို့ ရောက်တတ်ရာရာ လမ်းသလားနေကြတဲ့အခါ မင်း နှလုံးသားထဲမှာ ငါ တည်မြဲခွင့် ရှိပါ့မလား … နေက အေးပြီး လက ပူ သန်းခေါင်ယံ ဆူညံပြီး နေ့အခါ တိတ်ဆိတ် မျက်လုံးကို စွတ်မှိတ် အိပ်ကြရတဲ့အခါ မင်း ငါ့ကို ပစ်ထားပြီး အခြားတစ်ယောက်နဲ့ ချစ်သွားမှာလား … လူထွင်တဲ့ စက်ရုပ်က လူတွေကို ပြန်တီထွင် ဆေးဝါးဆိုတာ မလိုအပ် တစ်ယောက်သေရင် ဆယ်ယောက် မွေးပေးနိုင်တဲ့ စက်ယန္တရားကြီးတွေ ပေါ်ပေါက်လာခဲ့ရင် တို့နှစ်ယောက်ကြားက သံယောဇဉ် မင်း လွယ်လွယ်နဲ့ ဖြတ်ချင်မှာလား … ကမ္ဘာကြီးက လေ့ထောင့်ကျ […]


marblecommetApril 24, 20121min015
ဒီစာကို ရေးဖြစ်သွားတာက ဂျာပွန်ကြီးကြောင့်ပါ..။ စိတ်ကို အရိုးခံအတိုင်း သွားချင်ရာသွားဖို့ လွတ်မထားခဲ့ရတာ အတော်ကြာပါပြီ။ ဆယ်စုနှစ်တစ်ခုလောက်တောင် ရှိပြီလို့ ဆိုနိုင်ပါတယ်။ မနေ့ကတော့ ဂျာပွန်ကြီးကို ချစ်သူ ခင်သူတို့ လေးစားသူတို့က… အခုတ်တရ တွေ့ကြဆုံကြတာပေါ့.။ ကမ်းကြီးကတော့ အလုပ်ထဲမှာ သင်္ကြန်နယ်ပြန်သွားကြ တဲ့ကောင်တွေကမရောက်သေး..။ တစ်ယောက်ချင်းစီရဲ့ တာဝန်နဲ့ ယန္တရားတစ်ခုလို လည်ပတ်ရတဲ့အလုုပ်မှာ တစ်ယောက်ယောက် ပျက်ကွက်ရင်  အလုပ်ဆက်လက်လည်ပတ်ဖို့က တော်တော်ကသီတာမလား.လေ..။ ဒီတော့ အဲဒီတစ်ယောက်စာ နှစ်ယောက်စာ အလုပ်တွေ တစ်ပုံကြီးကိုတစ်နေကုန်တစ်နေခန်းလုပ်နေ ရင်း ဂျာပွန်ကြီးနဲ့ အပေါင်းအပါတို့ရဲ့ ပါတီကိုတော့ သေချာပေါက်လွဲပါပြီလို့ ဝမ်းနည်းပက်လက် စိတ်လျှော့ထားလိုက်ပါတယ်။ စိတ်လျှော့လိုက်ကာမှ လုပ်သာ လုပ်နေရတယ် အလုပ်မှာလည်း စိတ်က ဘယ်ပါတော့မှာလဲဗျာ။ ဒါပေမဲ့ ဗျာချစ်လှစွာသော ရွာသား နော်တော်တွေ  အစ်ကိုတော်တွေရော…ဂျာပွန်ကြီးကရော ငကမ်းကို လာစေချင်ကြတယ်…။ […]


alinsettApril 23, 20121min018
ဒီနေ့ ငါ သော ့ တစ်စုံ ဝယ်ခဲ့တယ် ။ တကယ်တော့…ငါ့ဆီမှာ.သေတ္တာထဲ..ထည့်ပြီး.သော့ခတ်..သိမ်းထားစရာ..ဘာမှ မရှိသလောက်ပါပဲ.။ စိန်..ရွှေ.ငွေ..ရတနာ…ဘာမှ မရှိ..။ ဒါပေမယ့်.ငါ ..သော့တစ်စုံ လိုအပ်နေပြီ။ ဒါကြောင့် သော့တစ်စုံ ဝယ်ခဲ့တယ် ။ ငါ့ နှလုံးသားကို..သော့ ခတ်..သိမ်းဆည်း..ဖို ့……။ _____________________________ ပြဿနာကို ငါက စခဲ့တာလား..။ ဖြစ်ချိန်တန်..လို ့ဖြစ်လာတဲ ့ပြဿနာ..လို ့ပဲ.ငါ ထင်ပါတယ် ။ နင့်ကိုငါ… အများကြီး.မျှော်လင့် ထားတာပါ ။ နင်က ဉာဏ်ကောင်းတယ်..။ ရဲရင့် သွက်လက်တယ် ..။ ပြီးတော့ ချစ်စရာကောင်းတယ်.. ။ နင့်ရဲ ့ဘဝကို ဟိုး …အမြင့်ဆုံး..ဆိူတဲ ့နေရာတွေ..မှာပဲ..ရှိနေစေချင်တာ..ငါ့အပြစ်လား..။ နင်ကြိုက်တဲ ့ ကိုရီးယား…ဇာတ်လမ်းတွဲတွေ.ကို.မကြည့်ပါနဲ ့..လို ့ပြောတာ..၊ ဇာတ်လမ်းတွဲတွေ.ရှေ့မှာ.ကုန်သွားမယ့် […]


ko thuApril 22, 20121min03
ခပ်ပါးပါးညလေးပါပဲ…။ ညက..ငြိမ်သက်ရိုးရှင်းလွန်းတယ်…။ ညရဲ့ ဆွဲဆောင်မှုအောက်က အလွမ်းပုံထဲမှာ မင်းကို ရှာနေမိတယ်…။   မင်းနဲ့ ဝေးတဲ့တစ်ခဏ… အထီးကျန်မှုတွေ ငါ့ဘေးနားမှာ ဝဲနေတယ်…။ ဒါပေမယ့်..သိစိတ်တွေမှာတော့.. မင်းက ငါ့ဘေးနားမှာ တစ်ဝဲလည်လည်ပေါ့..။   တစ်ကယ်တော့… ဒါဟာ ရူးသွပ်မှုတစ်ခု မဟုတ်ဘူး ဆိုတာ ငါသိတယ်..။ ချစ်ခြင်းတရားတွေက ငါ့ကို ပြန်ဆေးချယ်… မင်းကို ရိုးရိုးလေး ချစ်ချင်ခဲ့တာလေ…။ ဘာဖုံးကွယ်မှုမှ မရှိတဲ့ ငါ့အချစ်တွေအတွက် ကျေးဇူးပြုပြီး…ငါ့မျှော်လင့်ချက်တွေကို ရှင်သန်ခွင့်ပေးပါ…။    


naywoon niApril 21, 20121min07
ဖြူတဲ့သူက မဲချင် မဲတဲ့သူကျပြန်တော့…. နီချင်ဝါချင် ရွှေချင်ကြောင်ချင်နဲ့ ဆံပင်ဆေးဆိုးပေးနေရတဲ့သူမှာတော့ အလုပ်တွေရှုပ်ပေါ့…..။


ဘောင်ခတ်ကြည့်မှန် စက်ဝိုင်း (သို့) လေးထောင့်နှစ်ခု ဆက်ထားခြင်း တစ်လွှာခြားစေတဲ့ ကြားခံပစ္စည်း ဆုံချက်မှန်စေမည့် အမှန်တရားဘက်တော်သား မှန်ဘီလူးတစ်စုံ အထူ၊အပါး ဆိုဒ်ပေါင်းစုံး သုံးနိုင် အရောင်အဆင်းကလည်း အမျိုးမျိုးရှိ ကာလာမပါတာကတော့ လူကြိုက်များ လူ့စိတ်မျက်လုံး ဖုံးဝှက်ထားဖို့အတွက် အမည်းရောင် နေကာကိုသုံး အသင့်တော်ဆုံး အရာသာ။ ။ စေပိုင်ထွဋ်(ပုသိမ်)


ရွှေရည်စိမ် ပဉ္စလက်လှည့်ကွက်ထဲ အစစ်ဆိုပြီး တပ်မက်ခဲ့သူပါ… နိဂုံးမှာ ခါးသက်သက်လေး လမ်းခွဲတော့ ရင်ဘတ်မှာ ပျားတုပ်တာထက် ပိုနာတယ်… မင်းရဲ့ မာယာအသွယ်သွယ်အောက် ပုရိသ…ငါ ကုတ္တိလိင်လက်နက်ကြောင့် ခြုံခိုတိုက်ခိုက်သမျှ လည်စင်းခံရတယ်…. ပြုသူအသစ် ဖြစ်သူအဟောင်းတဲ့ နဖူးတွေ့ ဒူးတွေ့ ငါမယူတော့ဘူး ငြင်းပယ် ဒါပေမဲ့…..မလွဲရှောင်သာ အဖြစ် တရွေ့ရွေ့တက်လာတဲ့ ခံစားချက်က ဒဏ်ရာ ဖြစ်တည်မှု ဝေဒနာက အနာပွား အဟောင်းထပ် အသစ်ဘွဲ့ ကင်ပွန်းတပ်ဓားဆိုး ရင်ဘတ်ကို လက်သရမ်း ဝင်မွှေသောအခါ ပွင့်ထွက်လာတဲ့ နှလုံးအိမ်က မြေဇာပင် ပိုင်းစပြတ်လွင့်စင် အနားပဲ့ အသားစ ဟတ်တပ်ကွဲလို့ မတ်ရတ်လဲခဲ့တာ…ငါ ဟေး……..လောကကြီး ခင်ဗျား ပြုံးဖြီးဖြီး ရွဲ့ကြည့်မနေပါနဲ့… အချိန်မှန်ညရဲ့ ငြီးတွားသံရှည်ကို ခင်ဗျား….ကျောက်ချနားချိန်၌ ဥဩဆွဲသံရှည်အောက် သင်္ဘောနစ်သံ ကြားရမယ်…..။ ။


အဆိပ်ခတ်လို့ အသက်ပိုပြင်းတဲ့ ငါ့အချစ် ၃၁ဘုံရှည်လျား သံသရာခေါ်တဲ့အသံ နားစည်ဝထင်ရှား သူဖန်ဆင်းပေးခဲ့တယ်…. အချစ်ဦး၊ ပန်း၊ ကြယ်၊ ဒိုင်ယာရီ၊ ဆုံရပ် လမ်းသွယ်၊ ဥယျာဉ်၊ ပန်းခြံ၊ သံသယ ခွဲခွာ၊ အလွမ်း၊ မျက်ရည်၊ အရှုံး စသည်ဖြင့်…. နှုတ်တိုက်ရွတ်ဖတ် စာအံနေမိတဲ့ကျောင်းသား စုပ်တသပ်သပ် ဖုတ်သွင်းတဲ့အသက်နဲ့ လူမှုရေးဆိုပြီး အသက်မဲ့ ဆက်ဆံခြင်းတွေ ပတ်ဝန်းကျင်၌ မဲ့ရွဲ့ပြတဲ့ တီးတိုးဝေဖန်သံတွေ ရွှေရည်မတူလို့ ပယ်ချလိုက်တဲ့ ငါ့ခံစားချက်တွေ သူဌေးဖြစ် တွက်ချက်ပြတဲ့ နင့်သီအိုရီတွေ ဘာ…..တွေ…ညာတွေ…“—-” တွေပေါင်းများစွာ “ငါ” + “သူ” = ပြဿဒါးဆိုပြီး နင်စွပ်စွဲ ယတိပြတ် သူဖြတ်တောက်ခဲ့တော့….. အထီးကျန်ရက်တွေထဲ……….ငါ့အလွမ်း ည…..ညဆို ထမင်းလုံး တစ္ဆေခြောက်တယ်။ ။ စေပိုင်ထွဋ်(ပုသိမ်)


manawphyulayApril 20, 20121min09
အလွမ်းတွေနဲ့ ပူလောင်နေတဲ့ တို့နံဘေးမှာ လေပြည်လေညင်းက မြူးတူးစွာ ခုန်ပေါက်လို့… အမောတကော ဆွဲဖွင့်ခံရတဲ့ တို့ မနက်ခင်းတိုင်းမှာ လန်းဆန်းတက်ကြွမှုတွေ ကျကွဲလို့…. ဟောင်းနွမ်းနေတဲ့ သက်ပြင်းတွေထဲမှာ မင်းအရိပ်တွေ စာနာမှု ကင်းမဲ့စွာ ကြီးစိုးနေလို့… တို့ တည်ဆောက်ခဲ့တဲ့ သံယောဇဉ်မြို့မှာ ဒုက္ခပေါင်းစုံက ရောင်စုံညတွေလို လှပနေလို့… မင်းနဲ့ တို့ဘဝ တစ်ထောင့်တစ်ည ပုံပြင် ဖြစ်တော့မယ် ထင်ပါရဲ့… ချစ်ဆုံးရေ… ခရီးတစ်ဝက်နဲ့ သင်္ဘောပျက်နေတဲ့ တို့နှစ်ယောက်မှာ အလွမ်းမုန်တိုင်းတွေနဲ့ စိတ်ထင်တိုင်း မိတ်ဆွေဖွဲ့ရုံမှတစ်ပါး မင်းနဲ့ တို့ သစ္စာတရားနဲ့ ခရီးဆက်ကြမယ်နော်….