alinsettMay 19, 20121min022
( ၁ ) အရာရာဟာ..မုန်းစရာကောင်းလောက်အောင်…အေးစက်နေတယ်။ ည ..က လ…မရှိတဲ ့ည… ။ နှင်းစက်တွေ..တွဲလွဲ ခိုနေတဲ့ သစ်ပင်တစ်ချို ့ကလည်း..ငြိမ်သက် တိတ်ဆိတ်လို ့..။ ဟိုးဝေးဝေးက နာရီ သံချောင်းခေါက်သံ ဆယ့်တစ်ချက် ကြားလိုက်ရသလိုလို…..။ ဆယ့်တစ်ချက်လား..၊ ဆယ်နှစ်ချက်လား..မသေချာဘူး။ နာရီကို လက်ဖျံပေါ် လှမ်းကြည့်လိုက်ရုံနဲ ့ တိကျသေချာတဲ့ အချိန်ကာလ တစ်ခုကို သိရမှာ ဆိုပေမယ့်…… ကျွန်တော်..အချိန်ကာလ ဆိုတာကို မုန်းတယ် ။ အချိန် ကြာလာတာ နဲ့အမျှ… မေ့သင့်တဲ့အရာတစ်ခုကို မေ့သွားသင်ြ့ပီ….မဟုတ်လား။ ဒါပေမယ့်…. ရင်ဘက်ထဲက ဆွဲထုတ်ပစ်ပြီး… ဘာမှ မဖြစ်ပျက်ခဲံ့သလို…နေလိုက်ဖို ့…အခါခါ ကြိုးစားပါရက်နဲ ့……… ဘယ်လိုမှ မေ့လိုက်လို ့ မရဘူးကွယ်..။။ အတိတ်တွေက အတိတ်ဆီမှာပဲ.ကျန်ရစ်ခဲ့ပြီး… ပစ္စုပ္မန် […]


naywoon niMay 17, 20121min06
ဘာဆိုရင် ဘာမှ လုပ်လို့မရမဲ့အတူတူတော့ အိပ်မက်တွေပဲတပ်မက်မောမော မက်လိုက်ရ…….။ ကိုယ်ဖြစ်ချင်တာတွေကို ကဗျာတွေထဲ ထည့်ပြီးအိပ်မက် ဝတ္ထုထဲက ဇာတ်ကောင်နဲ့ ပေါင်းပြီးအိပ်မက်….. နေ့တိုင်းလာတဲ့ တီဗွီ ဇာတ်လမ်းတွဲထဲ ထည့်ပြီး အိပ်မက်…. နေ့ခင်းကြောင်တောင် ငုတ်တုပ်ထိုင်းနေရင်းလည်း အိပ်မက်…. နောက်ဆုံး ဂျီတော့ ချက်တင်မှာလည်းအိပ်မက်……. ဝက်ဆိုဒ်ထဲက ပို့တွေမှာလည်းအိပ်မက်…….. လ္ဘက်ရည်ဆိုင်ထဲက ငိုက်နေတဲ့စားပွဲထိုးကိုခေါ်ရင်းလည်းအိပ်မက်…. မိနစ် ကိုးဆယ် ဘောလုံးပွဲမှာလည်း အိပ်မက်…….. တစ်နေ့နှစ်ကြိမ် ကြေငြာတဲ့ ယိုးဒယားဈေးကွက်ကိုလည်းအိပ်မက်……. တစ်လနှစ်ခါပြန်ထွက်တဲ့ ထိုင်းလော့ထရီထဲ ကိုလည်း အိပ်မက်တွေ ထည့်မက်….. ဂျာနယ်ထဲက မော်ဒယ်လေးတွေကြည့်ရင်းလည်းအိပ်မက်….. လမ်းသွားလမ်းလာတွေကို ငေးကြည့်ရင်းလည်းအိပ်မက်…….. ညည ကေင်းကင်ပေါ်က ကြယ်တွေကြည့်ရင်းနဲ့လည်း အိပ်မက်……. ညည ခန္ဓာငှားစားတဲ့ မိန်းကလေးတွေနဲ့လည်းအိပ်မက်……… အဲဒိလို အိပ်မက်တွေ မက်ရင်းနဲ့ အိပ်ပျက်ညတွေမှာလည်းအိပ်မက်…….. အိပ်မက်တွေ မက်ရင်းနဲ့ပဲ……… […]


TTNUMay 17, 20121min030
ယောင်လည်လည် ယောင်လည်လည်ဖြစ်ရတဲ့ ဘဝကို ယောင်လည်လည်ဖြစ်ဖူးမှ သဘောပေါက်ကြမှာ။ နားမလည်ပါးမလည် ဘဝတုန်းကတော့ သူများ ယောင်လည်လည်ဖြစ်နေရင် တယ်ပြီး စိတ်မရှည်ချင်ခဲ့ဘူးလေ။ ဘာဖြစ်နေတာတုန်း။ ဘာညာပေါ့နော။ ယောင်လည်လည်ဖြစ်နေတယ်ဆိုတာ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေတာမျိုးပေါ့။ ဘိုတွေကတော့ Panic-stricken လို့ ပြောတယ် ထင်ပါရဲ ့။ စိုးရိမ်ပူပန် စိတ်ထိခိုက်တာ များတော့ ကောင်းကောင်းလည်းမတွေးနိုင်၊ ကြောင်းကျိုးလည်းမဆင်ခြင်နိုင် ဖြစ်ရတာမျိုးပေါ့။ အော်..ပြောရင်းနဲ့ လေဝေ့နေပြန်ပါပြီ။ ပြောချင်တာက ဒီလိုပါ။ လွန်ခဲ့တဲ့ (၁၂)နှစ်… (၂၀၀၀)ခုနှစ်တုန်းက စာရေးဆရာ၊ ကဗျာဆရာ၊ ဒါရိုက်တာ၊ ပန်းချီဆရာ မောင်မိုးသူ (ဘကြီးမိုး) ရဲ ့ အသက် (၇၀)ပြည့် မွေးနေ့ပွဲကို ရန်ကုန်မြို ့ ရွှေကျင်နိကာယ ကျောင်းတိုက်မှာ မေလ (၁၇) ရက်နေ့ မှာကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ ဘကြီးမိုးက […]


naywoon niMay 15, 20121min017
ငုံးဆူတာ လူမသိတဲ့ ကွယ်….။ ရှေးစကားရှိပါရဲ့……….. သို့ပေမဲ့ ငုံးဆူတာ သိခဲ့သူမှာတော့ ရင်ပူကာ ရေတွေငတ်….. အာခေါင်တွေလည်းခြောက်ကပ်လို့……….။ နေဝန်းနီ


“ဘဝခြား”   အပင်ထက်မှ ရော်ရွက်ဝါ နှစ်ရွက်။ တစ်ရွက်က ပထမ မြေခ ကြွေကျလို့ ဆင်းသက်။ အချိန်မတန်သေးတဲ့ ဝါရော်ရွက် အပင်ထက်မှာ စံလျက်။ ဘဝခြားနေတဲ့ဇာတ်လမ်း အသံတိ်တ်အလွမ်းကို မှတ်တမ်းတင်နေသူရဲ့ ရင်ထဲမှာလဲ လွမ်းလျှက်………………. လွမ်းလျှက်………………. လွမ်းလျှက်………………. လွမ်းလျှက်………………. ( TTNU ရဲ့ အရင်တုန်းကနဲ့မတူတော့ တဲ့ မင်းမရှိတော့တဲ့အိမ်ကလေးကိုဖတ်ပြီး ဒီကဗျာလေး လက်ဆောင်ရလိုက်ပါ၏) ကိုပေါက်လက်ဆောင်အတွေးစဉ် (15-5-2012)


အသက်ရှူသံတွေကြားမှာ ပေါက်ဖွားလာခဲ့တဲ့ ရင်ခုန်သံတစ်စုံဟာ အဲဒီ အသက်ရှူသံတွေကြားမှာပဲ ပျောက်ဆုံး၊ ပျက်စီးသွားခဲ့တယ် …. အိပ်မက်တစ်ခုကို မက်လိုက်ရသလိုပါပဲ … နိုးထလာချိန်မှာ ဖမ်းဆုပ်မရတော့ပေမယ့် ဝေဒနာ ဒဏ်ချက်တွေကတော့ ယနေ့အချိန်ထိပဲ ငါ့ နှလုံးသားကို ရိုက်ခတ်ဆဲ …..။ မောင်ရွာ (သူမ မဖတ်ခဲ့သော ကဗျာများ)


alinsettMay 9, 20121min011
( ကဗျာ..) * သိမ်းပိုက်ခြင်းကင်းသော….လက်တွေက… အရာရာကို သိမ်းပိုက်ဖို ့..တဲ ့…. ထွက်ခွါသွား ကြပြီ ။ * ( ယုယခြင်းတွေ နည်းပါးတဲ့ မြေပြင်မှာတော့.. ကောင်းကင်ပြာပြက ခြေထောက်မပါပဲ…. ပြီးတော့ ခြေထောက်…မပါပဲ…. လှမ်း..လျှောက်နေလေရဲ ့…) * ဘယ်တော့လဲ..ကွယ်… မင်းတို ့ရဲ ့တိုငိးပြည်မှာ…. နာကျင်စရာတွေက……. ….. * ဘယ်တော့လဲ.ကွယ်….. မင်းတို ့ရဲ ့ ့အိမ်ကလေးမှာ…. ချို ့တဲ့မှုတွေက…….. …… * ဘယ်တော့လဲ.ကွယ်… ကုန်ဆုံးခြင်းတွေ.စတင်ဖို ့……. * ဘယ်တော့လဲ.ကွယ်…. ။ ပြီးတော့…. ဘယ်တော့လဲ..ကွယ်…..။ ။ အလင်းဆက် 20 . 3 .2012 ________________________________________________________ ကဗျာ […]


htet wayMay 9, 20121min09
ပမ္မဝတီ မြစ်ကြောင်း ပေါ်က မုန်တိုင်းပျော်တဲ့ဒေါင်းငှက်။ အိပ်မက်ကို အခြေတည် ညီညွတ်တဲ့ ခွန်အားနဲ့ အိမ်မဲသားတွေ လက်ရုံးများနဲ့ ဉာဏ်အားတူ ခံယူချက်က အသက်။ ရောင်နီ သမ်းပြီကွဲ့ တို့လမ်းမှာ အဆင်းမြမြနဲ့ သတင်းလှလှတွေ အခြေပြု အမေစုဆိုတဲ့ အလင်းအောက်က ဒူးမထောက် မကြောက်ရွံ့သူတွေ။ အများပြည်သူတွက် တအားညီတူတဲ့ လက်တွေခိုင်ခိုင် သံပြိုင်ဆို ဒီမိုတေးတွေနဲ့ မြို့အခြေမှာ တို့တတွေ အောင်လံစိုက်လို့ ကောင်းမွန်ခဲ့ ဒေါင်းတွန်သံတဝေဝေ။ ။ (ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့ တွင် (၁၃.၅.၂၀၁၂ နေ့တွင် ဖွင့်လှစ်မည့် NLD ရုံးဖွင့်ပွဲကို ကြိုဆို ဂုဏ်ပြုပါသည်။)


စားရုံနဲ ့ဘာမှမပြီးဘူး… ဒါပေမယ့် စားတယ် မိုးလင်းကတဲက စားဖို ့တွေးတယ် မျက်နှာသစ်သစ် မသစ်သစ် စားတယ် ရေချိုးချိုး မချိုးချိုး စားတယ် ဝယ်စားတယ် တောင်းစားတယ် အငှားစားတယ် ခိုးစားတယ် တစ်ယောက်ထဲစားတယ် အဖွဲ ့လိုက်စားတယ် ပေါ်တင်စားတယ် ဝှက်စားတယ် ချိုချဉ်လဲစားတယ် ငြိုငြင်လဲစားတယ် ဗိုက်မဆာလဲစားတယ် ဗိုက်ပြည့်လဲစားတယ် ရင်ချောင်အောင်စားတယ် ဗိုက်ပူအောင်စားတယ် စားပို ့မနင့်သေးသရွေ ့စားနေလိမ့်ဦးမယ် ။ +++++++++++++++++++++ ……. အားလုံးကို ကျေးဇူးတင်ပါသည် …….


DEPARKO DEPARKOMay 8, 20121min07
အမေကပြောခဲ့တယ် ငါ့သားများ … ပညာရှာ ပမာသူဖုန်းစား၊ ပညာများတတ်လို့ကတော့ နေပူစပ်ခါး ဝမ်းတစ်ခါးအတွက၊် ချွေးမစို ဘေးမသိုဘဲ လေပန်ကာအောက်ထိုင်၊ ကလောင်ကိုင်လို့ အရာရှိကြီး ဇြစ်လိမ့်မတဲ့။ သားသမီးတွေအပေါ်မေတ္တာထား၊ မျှော်လင့်ချက်အများကြီးနဲ့ အမေ မူလတန်းမကျော်ခဲ့တဲ့ အမေ သား ၄ ယောက် သမီး ၆ ယောက်ကိုပညာသင် ဘဝင်မှာပီတိတွေဖုံးလို့ အားလုံးပညာတွေတတ်လို့ ဘွဲ့တွေအများကြီးနဲ့၊ မြေးတွေအထိ အမေ့ရဲပီတိအကြည့်တွေနဲ့ မြစ်အထိမစောင့်နိုင် သံသရာ ခရီးတစ်ပါတ်ထွက်လို့ ဘယ်ဘုံဘဝရောက်နေမလဲ။ ဒါပေမဲ့ အမေ အမေ့သား လူမိုက်ကြီးကတော့၊ ပညာကလဲတစ်ဝက်တစ်ပျက် ကြင်ယာလည်းမဖက်နိုင်၊ တတ်တဲ့ပညာ အလကား နေရာတွေမှားပြီး တစ်လွဲဆံပင်ကောင်း ခန္ဓာကိုယ်ထောင်းထောင်းကြေအောင် လက်တွေကလည်းပွန်းပဲ့၊ နှလုံးသားသွေးညစ်တွေလွမ်းလို့ နိုင်ငံ့တာဝန်ကိုထမ်း၊ ဝန်ထမ်းကောင်း မဖြစ်ခဲ့ပါဘူးအမေ။ ဒါပေမဲ့လေ အမေ့သား အမေ့မှာစကားအတိုင်း၊ လူမိုက်မဖြစ်အောင်နေ လူပေမဖြစ်အောင်ကြိုးစား၊ […]


black chawMay 4, 20125min053
မန္တလေးဂဇက်က နိုင်ငံရေးသမားတွေ ဆရာ လူထု စိန်ဝင်းက ရေးပါတယ်။ စာနယ်ဇင်းသမားဆိုတာ နှောင်ကြိုးမဲ့ နိုင်ငံရေးသမား ဘယ်နိုင်ငံရေးပါတီ ဘယ်အစိုးရအဖွဲ့အစည်းရဲ့ အသုံးချခံ လက်ကိုင်တုတ် အဖြစ်မခံရပါဘူး တဲ့။ လှနေတာပါပဲ။ မန္တလေး ဂဇက်ရဲ့ သူကြီး kai က ပြောပြန်ပါတယ်။ – ဒီခေတ်ရဲ့.. ယူအက်စ်စာနယ်ဇင်းတွေကတော့.. ပါတီအစွဲနဲ့..ပေါ်ပေါ်တင်တင်ဘက်လိုက်ကြကြောင်း.. ခေတ်ပြောင်းနေပြီဖြစ်ပါကြောင်း..။ တဲ့။ ဆိုတော့ သေချာတာတစ်ခုကတော့ ဘက်လိုက်တာ ဘက်မလိုက်တာပဲ ကွာမယ်။ စာနယ်ဇင်းသမားဆိုတာ နိုင်ငံရေးသမားဆိုတဲ့ အဆိုကိုတော့ လက်ခံရမှာပါပဲ။ ဆရာဇော်ဇော်အောင်က ဂျာနယ် တစ်စောင်မှာ ရေးပါတယ်။ ဒီလှိုင်းဂျာနယ်မှာပါ။ လူငယ်တွေ နိုင်ငံရေးလုပ်ကြပါ တဲ့။ လှပြန်တာပါပဲ။ သိတ်လှလွန်းတော့ ကျွန်တော် လည်း ထောက်ခံချင်မိပါတယ်။ မြန်မာပြည်လွတ်လပ်ရေးဗိသုကာ အောင်ဆန်းဟာ လူငယ်ပါ။ တက္ကသိုလ်ကျောင်းသားဘဝကတည်းက နိုင်ငံရေးစလုပ်ခဲ့တာပါ။ […]


ကဗျာတွေ ရေးလို့မရဘူး….။ တဟုန်းဟုန်းလောင်နေတဲ့ အမှောင်ထဲ ကျီးမဟုတ် ကြက်မဟုတ် စကားလုံး အဟောင်းတွေပဲ ထွက်ထွက်ကျတယ်….။ လောင်းကစားဆန်ဆန် အလျော်အစားလုပ်ချင်တာလဲ မဟုတ်ပါဘူး…၊ ခြေထောက်တွေ ရူးသွပ်သွားတဲ့အထိ ဦးနှောက်တွေ ညောင်းကိုက်သွားတဲ့အထိ တစ်စုံတစ်ရာရချင်ပေမယ့် ဘာတစ်ခုမှ မရခဲ့တော့…… ခပ်ပြုံးပြုံးပဲ မှောင်လိုက်တယ် ၊ (ငါက) အစတည်းက တုံးပြီးသားပဲ …။ ပတ်ဝန်းကျင်တစ်ခုလုံးနဲ့ အသေအချာလေ့ကျင့်ထားပေမယ့် အလိုက်အထိုက်ယဉ်ကျေးရင်း ငါ့ကိုယ်ငါ မမိတော့ဘူး..၊ အသက်မပါမှန်း သိသိနေတာခါးတယ်..။ နံရံများ နားတွေဖွင့်ထား ၊ လေထုထဲ အတောင်ပံတွေ ဝှက်ထား ၊ ညနေများ …ပေကျံညစ်ထေး ၊ သွေးအေးတဲ့ ငါးများလိုလူတွေ…..။ ဆည်းဆာကို တစ်ခွက်ပြီးတစ်ခွက်မော့သောက်ခဲ့တယ် ငါ့ဖြတ်သန်းမှုထဲ ဘာတစ်ခုမှ မခမ်းနားခဲ့ဘူး နှာခေါင်းရှုံ့လိုရင် ရှုံ့ကြ ၊ ဒါပေမယ့် ငါက […]


တိမ်တွေပေါ်လမ်းလျှောက်ရင်း နေမင်းကို မျှော်ကာကြည့်မယ်။ အတောင်ပံတွေ ဖြန့်တန်းရင်း စွန်ရဲတွေကို စိန်ခေါ်လိုက်မယ်။ နံရံကို မှီထားတဲ့ ငါ့ဦးခေါင်းထဲမှာ ကမာ္ဘကြီးတစ်ခုလုံး ရှိတယ်။ ကမာ္ဘကြီးကို မကျေနပ်လို့ တိုင်နဲ့ခေါင်းနဲ့ ပြေးဆောင့်ဖို့ စဉ်းစားချင်လည်း စဉ်းစားမယ်။ အတွေးမုန်တိုင်းကကြီးလို့ မျက်ဝန်းထဲမှာ ပင်လယ်ရေတွေ ဘောင်ဘင်ခတ်နေတယ်။ ကောင်းကင်ကြီးအောက်မှာ လူတိုင်းကတော့ ခပ်သေးသေးပဲ သေးတာနဲ့ ကွေးတာနဲ့က ဘယ်လိုတွဲဖက်မိသွားသလဲတော့ ကျွန်တော် တကယ် မသိလိုက်ဘူး။ တစ်ခါတစ်လေ ခါးအောက်ကို ငုံ့ကြည့်ရင် ဘွားခနဲ့ တွေ့လိုက်မိတယ် ငါ့မှာ ခြေထောက်တွေ ရှိပါလားလို့ပေါ့ ဖိနပ်ကလည်း ပြတ်ခါနီးနေပြီလေ ခြေဆီတွေထွက်ပြီး သားရေစော်လည်းနံလို့။ အိပ်လိုက်တိုင်း မျက်စိမှိတ်တာ အပြစ်လား အိပ်မက်ထဲမှာ ချောက်ထဲပြုတ်ကျတိုင်း ကုတင်ပေါ်က ပြုတ်ကျစရာလိုလို့လား ကုတင်ပေါ်က ပြုတ်ကျတိုင်းရော အား ခနဲ့ အော်မိကြရဲ့လား။ […]