အမေ့မေတ္တာ (ကဗျာ)

DEPARKO DEPARKOMay 8, 20121min07

အမေကပြောခဲ့တယ်
ငါ့သားများ …
ပညာရှာ ပမာသူဖုန်းစား၊ ပညာများတတ်လို့ကတော့
နေပူစပ်ခါး ဝမ်းတစ်ခါးအတွက၊် ချွေးမစို ဘေးမသိုဘဲ
လေပန်ကာအောက်ထိုင်၊ ကလောင်ကိုင်လို့
အရာရှိကြီး ဇြစ်လိမ့်မတဲ့။
သားသမီးတွေအပေါ်မေတ္တာထား၊ မျှော်လင့်ချက်အများကြီးနဲ့ အမေ
မူလတန်းမကျော်ခဲ့တဲ့ အမေ
သား ၄ ယောက် သမီး ၆ ယောက်ကိုပညာသင်
ဘဝင်မှာပီတိတွေဖုံးလို့
အားလုံးပညာတွေတတ်လို့ ဘွဲ့တွေအများကြီးနဲ့၊ မြေးတွေအထိ အမေ့ရဲပီတိအကြည့်တွေနဲ့
မြစ်အထိမစောင့်နိုင် သံသရာ ခရီးတစ်ပါတ်ထွက်လို့
ဘယ်ဘုံဘဝရောက်နေမလဲ။
ဒါပေမဲ့ အမေ
အမေ့သား လူမိုက်ကြီးကတော့၊ ပညာကလဲတစ်ဝက်တစ်ပျက်
ကြင်ယာလည်းမဖက်နိုင်၊ တတ်တဲ့ပညာ အလကား
နေရာတွေမှားပြီး
တစ်လွဲဆံပင်ကောင်း ခန္ဓာကိုယ်ထောင်းထောင်းကြေအောင်
လက်တွေကလည်းပွန်းပဲ့၊ နှလုံးသားသွေးညစ်တွေလွမ်းလို့
နိုင်ငံ့တာဝန်ကိုထမ်း၊ ဝန်ထမ်းကောင်း မဖြစ်ခဲ့ပါဘူးအမေ။
ဒါပေမဲ့လေ အမေ့သား
အမေ့မှာစကားအတိုင်း၊ လူမိုက်မဖြစ်အောင်နေ
လူပေမဖြစ်အောင်ကြိုးစား၊ ချည်နှောင်ထားတဲ့ကြိုး
ရုန်းဖြတ်ဖို့ မကြိုးစား
မြန်မာပြည်တစ်နံတစ်လျှားမှာ တာဝန်တွေကိုထမ်း
ခန္ဓာကိုယ်လည်းနွမ်းလျှ၊ ပင်ပန်းတဲ့စိတ်ကို ခဝါချလို့
တမလွန်ကအမေ စိတ်မထိခိုက်စေဘို့
သားတာဝန်ကြေဆဲပါဘဲအမေ။

7 comments

  • Thel Nu Aye

    May 8, 2012 at 9:14 pm

    မကြာမီကျရောက်တော့မည့်မိခင်များနေ့အားဂုဏ်ပြုသောအားဖြင့် ကဗျာရှင်အားကျေးဇူးတင်ပါတယ်။ ရင်ထဲထိတဲ့ကဗျာလေးပါ။

    Reply

  • marblecommet

    May 9, 2012 at 12:59 am

    ဆရာမကြည်အေးရဲ့ ကဗျာလေးတွေ
    အလွတ်ရတာလေးနဲ့ ပို့(စ်)ရှင်ကို
    ထပ်ဆင့်ဂုဏ်ပြုချင်ပါတယ်

    “ကျနော်က မိုးထဲမှာ
    အမေက နေပူထဲမှာ
    ဘယ် ကြမ္မာလာလို့ခွဲ
    သိပ်ဝေးတာပဲ”
    ………….
    “ကျွန်တော်က အမေ့ကိုသနား
    နွမ်းပါးလွမ်းလို့…..
    အမေက ကျွန်တော့်ကို ပြန်သနား
    ခမ်းနားလွန်းလို့…”

    ခင်တဲ့……..
    ကမ်းကြီး

    Reply

  • aye.kk

    May 9, 2012 at 6:54 am

    တုနှိုင်းမရှိ
    မိနှင့်ဘ၏…
    မြင့်မိုရ်ကျူး…
    ဂုဏ်ကျေးဇူးအား…
    အထူးဆပ်မျှ..
    တဘဝဖြင့်..
    မကုန်ရာသည်..
    တမလွန်သော်..
    ရည်စူးတမ်းတ..
    ပြုခဲ့သမျှ..
    အစုစုတို ့
    အဖို ့ဘာဂ..
    ဒါနကုသိုလ်..
    ပေးဝေလိုသည်..
    ရောက်ရာဘုံဝ..
    နေရာကလေ..
    အမေရေ…
    အမျှ..အမျှ..အမျှ
    သာဓုခေါ်နိုင်ပါစေသော်။

    Reply

  • snow white

    May 9, 2012 at 1:41 pm

    တကယ်ဂုဏ်ပြုထိုက်ပါပေတယ် တကယ်ကိုမိဘကျေးဇူးကိုဒီကဗျာလေးနဲ့ကျေးဇူးဆပ်လိုက်သလိုပါဘဲလေ ကောင်းပါပေတယ် တို့တွေတော့ဘာကဗျာနဲ့မှမိဘကို ဂုဏ်မပြုလိုက်ရပါလားနော် တော်ပါပေတယ်

    Reply

  • snow white

    May 9, 2012 at 1:45 pm

    တကယ်ဂုဏ်ပြုထိုက်ပါပေတယ် တကယ်ကိုမိဘကျေးဇူးကိုဒီကဗျာလေးနဲ့ကျေးဇူးဆပ်လိုက်သလိုပါဘဲလေ ကောင်းပါပေတယ် တို့တွေတော့ဘာကဗျာနဲ့မှမိဘကို ဂုဏ်မပြုလိုက်ရပါလားနော် တော်ပါပေတယ် တကယ်ကိုဂုဏ်ပြုထိုက်ပါတယ် ညီမလည်း ဖတ်ရင်းနဲ့ ကိုယ့်အမေကိုရေးပေးချင်တဲ့စိတ် ပေါက်လာပီ အမေကို ကဗျာလေးတပုဒ်နဲ့ ဂုဏ်ပြုချင်ပါတယ်။

    Reply

  • မဟာရာဇာ အံစာတုံး

    May 9, 2012 at 5:45 pm

    ဒီကဗျာ ဖတ်လိုက်ရတော့
    ကျနော့်အမေကိုတောင် သတိရလိုက်မိတယ်ဗျာ …
    ကဗျာအတွက် ကျေးဇူးပါ ..

    Reply

  • DEPARKO DEPARKO

    August 29, 2012 at 4:36 pm

    အားလုံးကိုကျေးဇူးတင်ပါတယ်

    Reply

Leave a Reply

Your email address will not be published.