marblecommetJune 2, 20121min012
မင်းနဲ့ငါ…. စကားမပြောဖြစ်ဘဲ စာချုုပ်တစ်ခု ချုပ်ခဲ့ကြ… …… မင်းဆီမှာ တစ်ခြမ်း ငါ့ဆီမှာ တစ်ခြမ်း မိတ္တူမထင် အလိုအလျှောက်ထွက်တတ်တဲ့ သာယာ ကြည်နူးသံကလွဲလို့ ဘယ်သူမှ မသိလိုက်ကြ…။ ။


အဇဋာJune 1, 20121min05
လူဖြစ်ချင်ယောင်ဆောင်ထားတဲ့ လူအတုတွေနဲ့ နေ့စဉ်လူလုပ်တမ်း ကစားနေကြရ… လူမဖြစ်သေးခင်မှာပဲ အဲဒီလူတွေရဲ့ ဖြော့တော့တော့ လူ့ယဉ်ကျေးမှုအကြောင်း သင်ကြားပေးခြင်းခံရ… ကိုယ့်ဖြစ်တည်မှု ကိုပြန်ရှာနေချိန် လူမှုရေးသားကောင်ဖြစ်ဖို့ လူဖြစ်ချင်ယောင်ပြန်ဆောင်ရ… မဖြစ်စလောက်ရပ်တည်မှုအတွက် တွန်းပို့ကြ၊ ဆွဲချကြ၊ မိုက်မဲကြ၊ တိုက်ခိုက်ကြ… ကျဉ်းထဲကျပ်ထဲက မိုးခါးရေတွေ တစ်ခြားသူတွေကို အဓမ္မ သောက်…ခိုင်း…ကြ…ရင်း… နောက်ဆုံး ပျံလို့မရနိုင်တဲ့ ရေစိုအတောင်တွေ ကိုယ့်ကိုယ်ကို ပြန်အမေ့ခံဖို့ ကိုယ့်ကိုယ်ကို ပြန်တပ်ဆင်ပေးကြ…   မြတ်ကျော်သူ 12:41 AM, Thu 19, April, 2012


marnatJune 1, 20121min03
RAM မင်းသားလေး RAM မင်းသားလေး    နင်ဘယ်ဆီပြေး ကံကြမ္မာစေ    CPUတွက် ထပ်ဆင့်ခိုင်းစေ    နင်လိုက်လုပ်ပေး။ လူသားများ        အသုံးချနိုင်အောင် စက်တွေဖွင့်တော့    နင်အဆင်သင့်လေး။ အောင်မြင်ပန်းတိုင်    ရောက်လှန်းဖို.ရာ မင်းလေးကတော့ တံတားတစ်ဆင်းလေး။ သို.ပေမဲ့သော်    အောင်မြင်မှုတွေ ရရှိချိန်မှာ        နင့်ရင်ခွင်ထဲ သိမ်းမယ်ထင်သေး    RAM မင်းသားလေး။ ပိတ်လိုက် ဖွင့်လိုက်      ကံကြမ္မာမှာ Non-static လေး    RAM မင်းသားလေး။ ငါတို.ဘဝတွေ    ROMတွေဖြစ်အောင် စွမ်းဆောင်နိုင်လော    RAM မင်းသားလေး။ End & Begin    အိပ်မက်လေးတွေ တည်မြဲပါစေ    ငါရင်မျှော်တွေး။ မှတ်ချက်။ ။ RAM ဆိုသည်မှာ ကွန်ပြူတာရှိ Memory Card အားဆိုလိုပါ၏။


အချစ် … အချစ် … အချစ် ဆေးလိပ်လေး တစ်လိပ်လောက်မှ သောက်မကောင်းတဲ့ အချစ် … မိုးတိမ်တွေ ဖုံးနေတဲ့ ကောင်းကင်ပြာလို အရောင်တွေ လွင့်ပြယ်သွားပြီဖြစ်တဲ့ အင်္ကျီတစ်ထည်လို အတောင်ကျိုး ငှက်တစ်ကောင်လို ဘာမှကို မကောင်းဘူး … သူများတွေ ပြောကြတာတော့ ပျော်စရာကြီး ကိုယ်တိုင် စမ်းစစ်ကြည့်တော့ ပျင်းစရာအတိ သူမှားလား ကိုယ်မှားလား မသိ လမ်းခွဲခဲ့၏ … အချစ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့စံချိန်ကို ရိုက်ချိုးလိုက်သော တာတိုပြေးသမားလို့ ကိုယ့်ကိုယ်ကိုပဲ ကင်ပွန်းတပ်လိုက်တယ် (လက်ဖက်မပါ၊ ကွမ်းမပါ) … ချိန်းတွေ့ခဲ့တာ ခုနစ်ခါ သိမ်းပြီး မေ့ခဲ့ရတာ တစ်သက်တာ ဟား … ဟား … နာကျင်စရာကြီးပဲ အတိတ်ကို စောင်းကြည့်တော့ အဆိုတော်ကြီးရဲ့ […]


marblecommetMay 31, 20121min018
အမှောင်ရောင် ကောင်းကင်မှာ နုညံ့တဲ့ စံပါယ်တစ်ခင်း စိုက်ပျိုးဖို့ ငါ…..ကြိုးစားမယ် နန္ဒာ….. တိုက်ပွဲအောင်နိုင်လာတဲ့ စစ်သူကြီး တစ်ယောက်ရဲ့ ဓားချက်နဲ့ ခုတ်သတ် ခံရသလို အပိုင်းပိုင်းပြတ်ကျေနေတဲ့ နှလုံးသား ဝရုန်းသုန်းကား မငိုချင်ပါဘူး…။ ငါ့ရင်ထဲမှာ လျှပ်စစ်ပန်း နွယ် တွေ ထွေးလိမ်ရစ်ပတ် ဆူးရိုင်းတော အထပ်ထပ်နဲ့ ကာဆီးထားရင်တောင် နောက်မဆုတ်တမ်း မင်းကိုချစ်တယ် . . .။ ကဗျာနဲ့ မြို့တော်တည် ဂစ်တာနဲ့ တိုက်ဆောက် စာအုပ် အထပ်ထပ်နဲ့ ကျုံးရိုးဆောက်ထားတဲ့ အန္ဒတို့ရဲ့ အနုပညာမြို့တော်မှာ ဖြစ်တည်မှု သမိုင်းမရှိဘဲ အပြိုင်းအရိုင်း အသည်းကွဲကြတဲ့ အုံ့ပုန်းလို တစ္ဆေကောင်တွေ နေထိုင်ကြတယ်. . . နန္ဒာ . . .။ ခန်းခြောက်နေတဲ့ ငါ့ရဲ့အိပ်မက် လွင်ပြင်ထဲက […]


အဇဋာMay 29, 20121min05
အမေရိကန်လက္ခဏာဆရာ ကပြောတယ်… မင်းနှလုံးသား ဆန်ရှင်လုပ်ခံထားရတယ်တဲ့… နိုင်ငံခြားသားနဲ့အိမ်ထောင်ပြုရင် တော့ ကြီးပွားမယ်… ခြေနှစ်ချောင်း မကယ်ကောင်းဘူး… ဘယ်လိုပဲဆိုဆို… ငယ်ချစ်ဟောင်းကွန်မြူနစ်လေးကိုတော့… တစ်ခါတစ်ခါ လွမ်းမိတယ်… တစ်ခါတစ်ခါတော့လည်း… နောက်အိမ်ထောင်ပြုသွားတဲ့ ဆိုရှယ်လစ်ချစ်သူနဲ့… လမ်းမှာဆုံရင် ပြုံးပြမိတယ်… အိမ်နီးချင်းတွေကတော့ အားပေးတယ်… ချီတက်တဲ့… သူတို့လည်း မကြာမကြာလာမယ်… အနောက်အိမ်ကလည်း တစ်ခါတစ်ခါတော့… လှမ်းလှမ်းဆဲကြတယ်… အသဲကွဲခဲ့တာ နှစ် ၂ဝ ကျော်လောက်ကြာနေတော့လည်း… တစ်ခါတစ်ခါ ဗုံးကွဲရင် ရင်တွေ ဘာတွေ ခုန်နေရတုန်း… တစ်ခါတစ်ခါ ငြိမ်းချမ်းရေးဆိုတဲ့အသံကြားရင်… သံတိုင်တွေကိုပြေးမြင်တယ်… ဆင်စွယ်နန်းပေါ်က ကောင်မလေးလား… အပျိုကြီးလား မသိရပေမယ့်… ခိုးခိုကြည့်မိနေတဲ့ တစ်ယောက်တော့ရှိတယ်… သူများတွေပြောပြောနေတာတော့ ကြား,ကြား နေရတယ်… နည်းနည်းတော့ မေတ္တာထားရတော့မလို… အဲဒီ(ခိုးခိုးကြည့်နေရတဲ့)  တစ်ယောက်ကို… သူ့” အမေ” ဆိုတဲ့အမျိုးသမီးကြီးတစ်ယောက်က… နည်းနည်းရိုက်နှက်ဆုံးမ […]


အဇဋာMay 27, 20129min09
    လာလှည့်ပါ…   ညမှာ ကြယ်တွေတောက်ပတဲ့အချိန်   ဒါမှမဟုတ် လမင်းကြီး ရင့်ကျက်၊ နုညံ့လာချိန်…   လာလှည့်ပါ…   ရွှေရောင်၊ ရွှေတန်းတွေ   ဟောဒီ ဝါရွှေရောင် လယ်ကွင်းပြင်ထဲ ကျဆင်းချိန်…   အို…အချစ်ရေ…   မင်းဟာ ဘယ်အချိန်မှာပဲ ဖြစ်နေပါစေ   မင်းကို ကြိုဆိုလျှက်ပါ…       မင်းဟာ သိပ်ချိုသာတယ်…   အို…အချစ်၊ ချစ်လှစွာသော..အချစ်ရေ…   မင်းဟာ ငှက်သိုက်ထဲက ငှက်မွေးတောင်နုနုလေးတွေလို   ညင်သာလှပါတယ်…   ငါ့နှလုံးသားထဲကို လာလှည့်ပါ…   မင်းရဲ့နူးညံ့မှုတွေနဲ့အတူ အိပ်စက်လှည့်ပါ…   ငှက်ကလေးအိမ်ပြန်ချိန်မှာ   သူ့ရဲ့ငှက်သိုက်က ကြိုဆိုနေသလိုမျိုးပေါ့… […]


manawphyulayMay 25, 20121min014
ခေတ်တစ်ခေတ်ရဲ့ခြေလှမ်း လှမ်းအဝင်မှာ ပြောင်းလဲခြင်းတွေ စနေပြီတဲ့ လူအများ ပြောတဲ့စကား ယုံလိုက်ရမလား… ဘတ်စ်ကားစီးရင်း စဉ်းစား ကားလမ်းကြောကလည်း ပိတ်လိုက်တာ ဟိုနားဒီနား စီးတာတောင် နှစ်ညအိပ်သုံးရက် အဝေးခရီးသွားနေသလို ရောက်တဲ့ခရီး ဝမ်းသာအားရ ဆင်းနေစဉ် အမှောင်ကမ္ဘာထဲ စလျှောက်လှမ်းမိ ဟိုက်… ငါတို့ရပ်ကွက် မီးပျက်နေပါလား…. ဒါကြောင့် ပြောင်းလဲခြင်းသဘောတရားပေလား…. ဘတ်စ်ကားခရီးစဉ်ကအစ i Pay card နဲ့ ပြောင်းလဲကျင့်သုံးလာ i Pay Card နဲ့ စီးပြန်တော့ စက်ပျက်နေသတဲ့ စပယ့်ယာအသံ ကြားယောင်ပြန် ဖြည်းဖြည်းလျှောက်ရင် ဝေးဝေးရောက်မယ် စကားများများကိုလည်း မနက်ဖြန်မှ ပြောတော့မယ်….. ၂၄.၅.၂၀၁၂ ည ၉ နာရီ ၃ဝ မိနစ်တွင် ဖယောင်းတိုင်ထွန်းပြီး မနောဖြူလေး ခံစားရေးဖွဲ့သည်။


အနေ မနီးရသေးပေမယ့် ငါ့ရင်ထဲမှာ နင်အမြဲရှိတယ် မင်းအလှက ရင်ကိုနှောင်တွယ် ယောင်လိုက်တိုင်းလည်း မင်းနာမည် ‘ … ‘ အရမ်းချစ်နေမိတယ် ကောင်မလေးရယ် ……….. ။ မောင်ရွာ  


မောင် ပေMay 24, 20121min045
သိခြင်း မသိခြင်းများနဲ ့… ရှိခြင်း မရှိခြင်းများကြားမှာ… ရောင့်ရဲ တင်းတိမ်နေခဲ့တယ် ဆိုပေမယ့် ရွှေတိဂုံ နဲ ့ကျိုက်ထီးရိုးမှာ ဦးခိုက်ချင်သလို ယူအက်စ်အေ ကို လဲ ဂိုးချင်ခဲ့ ခါကာဘိုရာဇီထိပ်မှာလဲ ဓါတ်ပုံရိုက်ချင်ရဲ ့ ငစိန်ထမင်းဟာ အစားခံပေမယ့် ပေါ်ဆန်းမွှေးကို တမ်းတအမြဲ… အလုပ်မောချွေးဟာ ချိုမမွှေးပေမယ့် အပျိုလေးရဲ ့ရေမွှေးကို နမ်းချင်ခဲ့… ဖောရှောမှန်းသိပေမယ့်လဲ ရှိတာလေးနဲ ့ဘဲ မူးနေခဲ့ မီးလာတော့လဲ ပျော်ရသလို မီးပျက်တော့လဲ အော်ကာဆဲ အဲကွန်းမရှိပေမယ့် ကြမ်းပြတင်းလေလေးဟာ အေးနေခဲ့ ဝါဒတွေမသိပေမယ့် သဘာဝတွေကြည့်ရင်း အမောဖြေခဲ့ ငွေယားပေါမှ ဟိုနားသွားဖို ့တေးထားခဲ့ မနက်ဖန် ဘယ်လိုစားမလဲ မစဉ်းစားဘဲနဲ ့အိပ်ရာဝင်ခဲ့ ညတိုင်းကိုက်တဲ့ ခြင်ကို သွေးလှူမြဲ…။ ………………… ……. အားလုံးကို […]


manawphyulayMay 24, 20121min08
အလှတရား ရင်မှာထား ရေကြည်တစ်အိုး ထမ်းပိုးလှူကာ အလှရှာသူ….။ ကြာငုံတစ်ဖူး ဆွတ်ခူးလှူကာ အလှရှာသူ…။ ဆီမီးတစ်ခွက် တင်ဆက်လှူကာ အလှရှာသူ…။ ပုတီးတစ်ကုံး စွဲသုံးမွေ့စွာ အလှရှာသူ…။ ယူတတ်လျှင်ရ လှူတတ်လျှင် လှသတဲ့…။ ဘဝမှာ အလှရှာ ရှာတတ်ရင် ခရီးမဝေး ကုသိုလ်ရေးမို့ ပီတိဝေစေဖို့ တစ်နိုင်တစ်ပိုင် အလှူပြုကြပါစို့….


manawphyulayMay 22, 20121min023
ဪ… ကမ္ဘာ့ရွာတဲ့။ လူအများပြောတဲ့စကား နားမှာ ပဲ့တင်ထပ် အထပ်ထပ်ကြားယောင် လိုင်းကားပေါ်တက် ကားခအပေး စပယ့်ယာအသံ “ဟယ်လို”တဲ့…..။ ၂ သိန်းတန်ဖုန်း ကျယ်ပြန့်နေပြန် လမ်းဘေးဈေးသည် ဈေးဝယ်ကို သူ စိတ်မဝင်စား သူ ပြောနေတာ “ဟယ်လို” တဲ့……။ လမ်းလျှောက်ရင်း ဝင်တိုက် တောင်းပန်တဲ့အပြော ကြားရလေမလား ဂရုစိုက် နားထောင် “ဟယ်လို” ကြားရလားတဲ့။ ရွာတော့ ရွာပဲ တဖြည်းဖြည်းနဲ့ ယဉ်ကျေးမှုမဲ့ရွာများ ဖြစ်သွားမှာ စိုးရိမ်မိတယ် “ဟယ်လို” တို့ရယ်……။


မေလ(၂)ရက်နေ ့က ရှမ်းပြည်အတိုင်ပင်ခံကောင်စီဖွဲ ့စည်းမှုဖြင့်သံတွဲထောင်တွင် ထောင်ဒဏ်(၇၉) နှစ်ကြာခံရင်း ကွယ်လွန်သွားခဲ့သူ ဦးမြင့်သန်းအတွက် အလှုူပွဲကို တောင်ကြီးမြို ့ရှမ်းကျောင်းမှာ ပြုလုပ် ကျင်းပခဲ့ပါတယ်။အဲဒီပွဲကို ရှမ်းအဖွဲ ့အစည်းပေါင်းစုံ၊(၈၈)ကျောင်းသားများ၊ဆရာ့တပည့်သားမြေးများ အားလုံးစုံညီအောင် တက်ရောက်ခဲ့ပါတယ်။အောက်က ကဗျာလေးက ဆရာ မကွယ်လွန်မီ ရေးသွားတဲ့ ကဗျာလေးပါ။ကိုယ့်နိမိတ်ကိုယ်တိုင်ဖတ်နေရော့လေသလားလို ့တောင် ထင်မိပါတယ်။ PS အခမ်းအနားမှ အမှတ်တရ ဓါတ်ပုံများကို တင်ရန်ကြိုးစားစောင့်ဆိုင်းနေရသော မြန်မာပြည်MPS ၏ ကွန်နက်ရှင်မှာ တစ်လပြည့်ဖို ့မဝေးတော့ပါကြောင်း။ “ထာဝရ နှုတ်ဆက်စကား”   ငါလုပ်နိုင်သမျှ လုပ်ခဲ့ရပြီ ငါပေးနိုင်သမျှပေးခဲ့ရပြီ ငါမြင်သမျှ ပြင်ခဲ့ရပြီ ဘဝသမိုင်း ငါ့သမိုင်းလဲ မငြိမ်းမချမ်း ခရောင်းလမ်းမှာ မျှော်မှန်းရည်ရွယ် ခေတ်လူငယ်အတွက် ငါငဲ့ကွက်ကာ အားတက်သရော ငါမမောဘဲ တပည့်တောမှာ ငါပျော်ခဲ့ပြီးပါပြီ။ မြေဖြူလဲတို သင်ပုန်းအိုလဲ ဘဝတစ်ခု စာနာမှုဖြင့် ကရုဏာထား မေတ္တာတရားနှင့် ငါ့အားခွင့်လွှတ်ရစ်ပါလေ။ တောင်စောင်းမှေးတင်. […]