နေ့တနေ့ဖြစ်တည် ကြယ်တစင်းမွေးဖွား ပုလဲတလုံးသန့်စင် အိုင်းစတိုင်းပြောတော့ E = mc2 ထုနဲ့အလင်းမှာ စွမ်းအင်ရတယ် စတြာဝဠာရဲ့အစ… အချစ်တခုရှင်သန် ကဗျာတပုဒ်ဖန်တီး ရင်ခုန်သံပဲ့တင်ထပ် ဘဝ + မျှော်လင့်ချက် ခံစားချက်နဲ့ လူတယောက် ကမာ္ဘတခုနိဒါန်း.. နယူတန်ပြောတဲ့ ဆွဲငင်အား ငါ့အတွက်တော့ ဖြစ်မလာ ဝေးကွာသွားပေမဲ့ ကျေနပ်စွာ ငေးနေပါ့မယ် ပိုတောက်ပလာတဲ့ ကြယ်စင်တပါး…။


Mr. MarGaJune 17, 20121min0
အင်း……………. တစ်လှမ်းချင်းစီ ရှေ့ဆက်လာခဲ့တာ ပြခန်း သုံးတောင် ရောက်လာပါပြီဗျာ ဒါကတော့ ပြခန်း သုံးက ကဗျာလေးတွေပါ။ စာသားနဲ့ပါ တွဲတင်ထားပါတယ်။ ကြည့်ရှု ခံစားကြပါကုန်။ ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ အာဇာနည်ဗိမာန် ဪ…အဆောင်ဆောင်နန်းတွေ ကြငှန်းတွေနှင့်နှော အခေါင်မမြန်းခင်က အောင်စာတန်းချို့စေဘို့၊ အောင်ပန်းညှို့ရရှာတဲ့ တောင်တမန်း တို့ဗမာမှာ အဟောင်းသံသရာအငုတ်တွေနှင့် အောင်ဆန်းတို့ မသာမယာဟာ ၎င်းကံကြမ္မာ အလုပ်ပေထင့် သောင်းမြန်မရဏာ စမုတ်မှာတော့ ချုပ်သနဲ့ယင်းအလိုတွင် ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့်သင်္ဂြိုလ်ချင်။ ဪ…တပည့်အရင်းတွေမို့ ကဝိမကင်းနိုင်ဘူးကွဲ့ သတိကင်းကာ မျက်ရည်ကျကျပြီး ခက်ကပြီ လက်ဆည်လို့မရနိုင်ဘူ့ သောက ဗလောင်ဆူတော့ တောင်ဇမ္ဗူ ပုဂံခေတ်ဆီက ယခေါင်မူ ယမန်သနစ်တွေပေါ့ ရန်အဖြစ်မကွဲ့ မနှေးသနော် တသောင်းဒီဇမ္ဗူ ရမ်းနေကြ ကျန်ရစ်ကဲ့မြေးတော် အလောင်းစည်သူရဲ့နန်းကိုဖြင့် လူကြမ်းဒမြတွေ ကြမ်းလာရမ်းလာတဲ့ အရေးတွင်မှ ဘေးအပေါင်းကြီးစွာ ဝေဒနာအစုံနဲ့ သွေးချောင်းစီးကာ သေပုံရှာရဲ့ပြင် ရွှေမြန်မာဘုံမှာ […]


မတွေ့တာကြာသမို့ မေ့များနေလားလို့ စိုးရိမ်စိတ်ပွားမိတယ်။ အချိန်တိုင်းသတိရ သတိရတိုင်းလွမ်း လွမ်းတိုင်းလည်း ငိုမိတယ်။ ပိုတယ်လို့တော့ မထင်ပါနဲ့ ရင်မှာခံစားရတာက နွေတစ်ရာမကသလိုပါပဲ။ အခုတော့လည်း… ကုဋေကုဋာအလွမ်းတွေကို ရင်မှာပိုက်ထွေးရင်း သက်ပြင်းတွေနဲ့မော…။   ။


wintayzahlaingJune 15, 20121min01
ချစ်တယ် ဆိုတဲ့စကား ရင်ထဲက ပြောခဲ့တာလား မမေ့နဲ့နော်တဲ့ မျက်ဝန်းကတဆင့်သိခဲ့ပေါ့ ခွဲမနေနိုင်တာကို နှုတ်ဖျားက ဆိုခဲ့လေသူ သိပ်မုန်းတာပဲ ဆိုတာကိုတော့ ဦးနှောက်က ပြောခဲ့တာလားကွယ်


wintayzahlaingJune 14, 20121min03
ဒီမြေပေါ် ငါရပ်တာ ငါပိုင်တဲ့ မြေမို့လို့ပေါ့ ဒီမြေမှာ ငါ ရပ်နိုင်တာ ဒီမြေက ခွန်အားတွေပေးလို့ ဒီခွန်အားတွေ ပေးတဲ့ ဒီမြေကို ဒီမြေကပေးတဲ့ ခွန်အားတွေနဲ့ ငါရပ်တည်ဖို့ ကာကွယ်ရမယ် ငါ ကာကွယ်မှ ဒီမြေပေါ် ငါရပ်နိုင်မှာ ငါ ရပ်နိုင်မှ ဒီမြေကို ငါ ပိုင်မှာပေါ့။ မင်းမပိုင်တာ မင်းလာတောင်းရဲတာ မင်းလိပ်ပြာ မင်းလုံရဲ့လား မင်းမဆိုင်တာ မင်းလာဆိုတာ ဒီမြေမှာ မင်းသမိုင်းရှိလား ဒီမြေကို တို့ဘိုးဘွားတွေ ထုဆစ်ခဲ့ သူတို့ လက်နဲ့ ထမ်းတင်ခဲ့ သူတို့ ပုခုံးနဲ့ စိုပြေစေခဲ့ သူတို့ ချွေးနဲ့ ရေးချယ်ခဲ့ သူတို့ သွေးနဲ့ စောင့်ရှောက်နေခဲ့ သူတို့ ဝိညာဉ်နဲ့ ကြီးမြတ်တဲ့ ဒို့ဘုရားစေတီတွေ ဒို့ဘိုးဘွားရဲ့ သမိုင်းသက်သေ မြင့်မားတဲ့ […]


marblecommetJune 11, 20121min019
ကမ်းစပ် ဂ ငယ်ကွေ့လေးဆီက လှိုင်းရိုက်သံသဲ့သဲ့လေး လွင့်လာတယ်…..။ အနောက်တောင် မုတ်သုန်လေရယ် ဆားငံရနံ့ရယ်… ပင်လယ်ကဗွီးနဲ့ အုန်းပင်တန်းကို တညီတညွတ်တည်း နမ်းကြတယ်…..။ ကျောက်စရစ်သားဖြူဖြူနဲ့ မြိုု့မုဒ်ဦးစာသားပြာပြာမှာ သူ့က္ကန္ဒြေကို ခင်းပြလို့ ပြာမှောင်မှောင်ပင်လယ်ဝက ဝပ်ပျနေတဲ့ မြို့ကလေးလေ……။ အင်္ဂလိပ်စာရေးဆရာကြီး မောရစ်ကောလစ် နေဖူးခဲ့တဲ့မြို့ကလေး နှစ် 180 သက်တမ်းကို ကျော်လွန်ခဲ့ပြီဖြစ်တဲ့ ငါ့ရဲ့မြို့ကလေး…. တန်ခိုးကြီးဘုရားများနဲ့ ရေပေါ်ရေအောက် မြေပေါ်မြေအောက် တန်ဖိုးကြွယ်ဝလွန်းတဲ့ မြို့ကလေး….။ ငါ့ရဲ့ ပုန်းကွယ်နေတဲ့အလှတရားလေး ငါချစ်တဲ့မြို့ကလေးဟာ.. တစ်ခါတစ်ရံများမှာ ဘင်္ဂလားပင်လယ်အော်ရဲ့ လေဆင် လေရိုင်းတွေကို ကြောက်ရရုံကလွဲလို့ ပကတိတည်ငြိမ်အေးချမ်းလွန်းတဲ့ ချက်မြှုပ်ဌာနေလေး..။ အခုတော့ မြို့ကလေးရေ့.. ဘင်္ဂလားတစ်ဖက်ကမ်းက အရိုင်းအစိုင်းရန်စွယ်တွေက ရှိနေပေမဲ့….မကြောက်နဲ့ ဘာကိုမှ မကြောက်လေနဲ့မြို့ကလေးရေ့ သင်ဟာ အမှန်တရားအတွက် သစ္စာတိုင်ခဲ့တာ…. နှစ်ပေါင်း (180)တောင် ကျော်လွန်လာခဲ့ပြီဖြစ်လို့ပါပဲ။ […]


thihayarzarJune 5, 20121min06
အပျော်ဆုံးအချိန် ကျောင်းတော်ရယ် ဖွင့်ကာစမှာ ကျွန်တော်ဘဝစိုပြည်လာ မျိုးတကာ ပေးပါတဲ့ မုန့်  ဖိုးပေါင်း အိတ်ကပ်ဖောင်း သယ်မနိုင်အောင်ပါပဲ တွန်းလှည်းဖြင့်ကူ။ ဒါပေမယ့် ဘာကြာလိုက်သလဲ မန်ယူ ပွဲ အဆွယ်ကောင်းရယ်နဲ့ ပိုကာတွဲ အတော်မလိုက်သပ တစ်ပြားမှ မကျန် …။ မျက်ဖြူလန် အကြံအိုက်လှသပေါ့ ညဉ့်နက်ထိ အိပ်မပျော် ဪ မထူးတော့ပါဟု လက်စွပ်ရယ် ထုခွဲလို့  ရယ်မှ ဆိုင်ကယ်က အပေါင်ဆိုင် ဒီတစ်ခါမနိုင်ရင်တော့ ဟောင်ပေတော့ တဝုတ်ဝုတ်နဲ့ ခွေးဖြစ်ချည်ရဲ့ နာရီတွေတကြည့်ကြည့် နေမထိထိုင်လို့  မသာ ပေါ်ပါပြီ G0al Score မန်ယူပွဲ ( ၄ – ဝ ) တဲ့ အလုံးကြီးရင်မှာကျ လက်ခုပ်တီးထလို့ ခုန် ပုံအောကာယုံမိသူ ကျွန်တော်မှာလ ဂိုးသွင်းသူ […]


ဂ်စ္စူJune 5, 20121min043
ပုံကတော့ ကွန်နက်ရှင် မကောင်းလို ့ သဂျီးကွန်းမန် ့က မ.လာတာ   နိုဗယ်ဆုများရှင် အန်တီကြီး ထင်ပေါ်ထိုက်တဲ့ အန်တီကြီး နာမည်ကောင်းနဲ ့  အန်တီကြီး ကောင်းသတင်းများနဲ ့ အန်တီကြီး ကျော်ကြားခြင်းများနဲ  ့ အန်တီကြီး စာနာတတ်တဲ့ အန်တီကြီး ကြင်နာတတ်တဲ့ အန်တီကြီး ဂရုဏာရှင် အန်တီကြီး ပညာတွေတတ်တဲ့ အန်တီကြီး အနစ်နာခံပေးခဲ့တဲ့ အန်တီကြီး ကိုယ်ကျိုးမငဲ့တဲ့ အန်တီကြီး အများအကျိုးသယ်မဲ့ အန်တီကြီး မြန်မာကို ကမ္ဘာသိစေမဲ့ အန်တီကြီး ကမ္ဘာကို ငြိမ်းချမ်းစေမဲ့ အန်တီကြီး ပြည်သူတွေနဲ ့ တစ်သားတည်းရှိတဲ့ အန်တီကြီး အမှန်တရားအတွက် ကျည်ဆန်ပုန်းတွေ မကြောက်တဲ့ အန်တီကြီး လွတ်လပ်မှုအတွက် အန္တရာယ်အလုံးစုံ မကြောက်တဲ့ အန်တီကြီး တရားမျှတမှုအတွက် ကိုယ်ကျိုးစွန် […]


marblecommetJune 4, 20121min012
ငါဟာ …. ယဉ်ကျေးစွာ မိုက်ရိုင်းခံရသူ..။ သူတို့ အပြုံး…. သူတို့ ရက်ရောမှု…. သူတို့ ဂရုဏာ… သူတို့ မေတ္တာတရား သူတို့ လိမ္မာပါးနပ်မှုရဲ့ မိတ္တဗလ လိပ်မျိုး ဗီဇက တောင်အမေရိက တစ်တိုက်စာ ကပ်ပါလာ..။ မြွေများ အရေခွံတစ်ကြိမ်လဲပြီးတိုင်း ပိုမိုလတ်ဆတ် တောက်ပလာသလို သူတို့ ပိုင်စိုးပိုင်နင်း တစ်ကြိမ်ကြံပြီးတိုင်း ပိုမို စိမ်ပြေနပြေ ကျင့်သားရလာ..။ နွယ်ရှင်တွေလို မျက်နှာဖုံးတပ် မိတ်ဆွေတွေ. ငတ်လို့ အသားစားသတ္တဝါ ဖြစ်သွားတဲ့ယုန် ကြေးစားဝံပုလွေများရဲ့ နှာဝမှာ မီးခိုး တလူလူ ထောပတ်စက်ရုံ . . ။ ဒီဒေသမှာ ကျားက ကျားလို မသဲကွဲဘူး မုဆိုးက သားကောင်ဖြစ်တတ်ပေမဲ့ သားကောင်က မုဆိုးပြန်ဖြစ်မယ့် ရက်ရာဇာ မလာတော့ဘူး…..။ သူတို့က […]


Mr. MarGaJune 3, 201221min0
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အားလုံး မင်္ဂလာပါဗျို့ ကဗျာပြခန်း အမှတ်နှစ်က ကြိုဆိုပါတယ် ကဗျာလေးတွေကို  အေးအေးဆေးဆေး ခံစားနိုင်အောင် လုပ်ပေးထားပါတယ်။ အစကဗျာကနေ အဆုံး ကဗျာအထိ ခံစားချက် အမျိုးမျိုးကို ပေးစွမ်းနိုင်မှာပါခင်ဗျာ။ ဒါဆို အေးအေးဆေးဆေး ကြည့်ကြပါခင်ဗျ။   *** အချို့အချို့သော ပုံများတွင် စာသားများအား ထင်ရှားစွာ မမြင်ရပါက အဆိုပါ ပုံပေါ်တွင် Click တစ်ချက်နှိပ်၍ ကြည့်ရှုခံစားနိုင်ပါကြောင်း ***   >>> ကဗျာစာသားချည်းသာ ဖတ်ရှုလိုပါလျှင် <<< ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~                           $$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$ ရွှေလရောင် သခင်ကိုယ်တော်မှိုုင်း (၁၈၇၆ – ၁၉၆၄) […]


အဇဋာJune 3, 20121min05
အရာအားလုံးဟာ ငါတို့ရဲ့ဥပဒေသတွေအောက်မှာ ငါတို့… ကိုယ့်တိုးတက်မှုအတွက်ပဲ သွားခဲ့ကြတယ် မျှော်လင့်ချက် ပြူတင်းတခါးတွေက ငါတို့ကို ရပ်တန့်စေခဲ့ နောက်ထပ်ကမ္ဘာတစ်ခုကိုလည်း ရွေ့လျားသွားစေခဲ့တယ်။ တိုက်ခန်းငါးခုစာလောက် သိမ်းဆည်းပြီးသွားပြီ။ သံထည်တွေ၊ ကျောက်တုံးတွေနဲ့ သစ်ပင်တွေ နောက်ထပ်မြို့တစ်ခုရဲ့ သင်္ချိုင်းထဲမှာပေါ့။ အများကြီးပဲ… ဂေါ့ဖ် သင်ရုံးညွန်းတမ်းတွေ၊ ဇိမ်ခံအိမ်တွေရော။ စိမ်းပြာရောင် လယ်ကွင်းတွေ၊ ရှုမျှော်ခင်းတွေ အတိတ်တွေကို သိမ်းဆည်းရင်း… မိုးတိမ်လွင်ပြင်တွေနဲ့သာ… စစ်ပွဲတွေဟာ ရလဒ်မသိရဘဲ အနီရောင်တွေအဖြစ် ကျန်ရှိနေလေရဲ့။ ဟုတ်တယ်… အဲဒါဟာ ခင်ဗျားဧည့်ခန်း သေဆုံးသွားခြင်း။ ကဲ…ဘယ်လိုကြည့်မလဲ? အမှားမဟုတ်တဲ့အရာတွေနဲ့လား? မသေစေတဲ့အရာလား? အနမ်းမခံတဲ့အရာလား? ကြည့်လိုက်… ခင်ဗျားပြောသလိုပဲ… မြင်ကွင်းတစ်ခုလုံး ငါတို့အပေါ်မှာပဲလေ။ ငါတို့ မလှုပ်ရှားရင် ငါတို့ မလွဲနိုင်တော့ဘူးပေါ့။ (Heather McHugh ၏ Glass House ကို ပြန်ဆိုပါသည်) […]


မိုးရိပ်ဆင် တိုးတိတ်ရင်ခွင် မင်းပုံရိပ်တွေထင်လာတိုင်း ဒီလူမှာ အရူးတစ်ပိုင်း ….. အအေးဓာတ် အနွေးဓာတ်မဲ့တဲ့ ရင်ခွင် သူ့အငွေ့အသက် ပြေးထွက်သွားခဲ့ အဝေးဆုံး ပြန်ရနိုင်ဦးမလား …… နေကပူ ဖြေမရသူ အပြင်မှာ တောက်ပပေမယ့် ကောက်မရ အောက်ကျနေတာ ငါ့ရဲ့စိတ် ……. သဘာဝ ငါရလိုက်တဲ့ အမုန်းများ အရှုံးများ သစ်လွင် ဟိုတုန်းကဆိုတာ ငါ့မှတ်ဉာဏ်ပေါ်မှာပဲ အရုပ်ထင်ခဲ့ …… နွေကမ္ဘာ မဖြေသာဘူး ချစ်သူ မင်းပေးခဲ့တဲ့ ရက်စက်မှု ငါ့ကို ရူးသွပ်စေခဲ့ …….. မှောင်မိုက်ညဉ့် အသံကုန်အော်ဟစ် မင်းကို အရမ်းချစ်တယ် ….. ဘယ်သူမှမကြား မင်း လျစ်လျူရှုထားတဲ့ ရင်ထဲက .. ကြေကွဲနှလုံးသားနဲ့ …………. ။ မောင်ရွာ


Yin Nyine NwayJune 2, 20121min022
တောင်ကြီးဆိုတဲ့ နယ်မြိုကလေးဟာ ချစ်စရာတော့ကောင်းပါတယ်( သူဌေးတွေအတွက်) ကိုယ်ပိုင်စီးပွါးရေးနဲ့ ရရစားစား ဒီပတ်ဝန်းကျင်မှာ ပဲ လုံးချာလိုက်ဖို့ဆိုရင်တော့ ကောင်းပြီး ဘဝတက်လမ်းအတွက်လုပ်ဖို့ကျတော့ ဘာမှမရှိပါဘူး ပညာထပ်သင်ဖို့ ဒီထက်မက လေ့လာထို့ ရန်ကု်ဆိုတဲ့ ရွေမြို့တော်ကြီးကို လာရပါတော့တယ် ဒီမြို့နဲ့ ဒီမြို့ လာမယ်သွားမယ်ဆိုတာ ပြောရလွယ်ပေမဲ့ နေရေးထိုင်ရေးမှာ စပြီး အခက်တွေကလာပါတယ် ဘယ်မှာနေမယ် ဘယ်မှာစားမယ် ဘယ်လိုသွားမယ် ဘယ်လို သင်တန်းတက်မယ်ဆိုတာ ဘာမှ မသိပဲ သင်ချင်တဲ့စိတ်တခု ကြိုးစားချင်တဲ့စိတ်လေးတခုနဲ့ ရန်ကုန်ကို ခြေစုံမိတ်ပြီး ရောက်လာပါတယ် အိမ်မှာ အကိုတယောက်က တနှစ်တခါ ရာထူးဝငင်သင်တန်း လာဖြေတိုင်း ကမ္ဘာဇ ဓမ္မာရုံမှာတည်းတယ်ဆိုတာလောက်သာကြားဖူးပြီး ဘယ်မှာရှိလဲဆိုတာတောင် မသိဘဲ ရောက်လာခဲ့ပါတယ် အောင်မင်္ဂလာ ကားကွင်းရောက်တော့ ကားဂိတ်ကနေ အလုံ အထိ ကားကြုံ သာလိုက်လာတယ် ဘယ်ကနေ […]