ကျောင်းသားဘဝကို အမှတ်ရစေသော ကဗျာလေး

thihayarzarJune 5, 20121min06

အပျော်ဆုံးအချိန်

ကျောင်းတော်ရယ် ဖွင့်ကာစမှာ

ကျွန်တော်ဘဝစိုပြည်လာ

မျိုးတကာ ပေးပါတဲ့ မုန့်  ဖိုးပေါင်း

အိတ်ကပ်ဖောင်း သယ်မနိုင်အောင်ပါပဲ

တွန်းလှည်းဖြင့်ကူ။

ဒါပေမယ့် ဘာကြာလိုက်သလဲ

မန်ယူ ပွဲ အဆွယ်ကောင်းရယ်နဲ့

ပိုကာတွဲ အတော်မလိုက်သပ

တစ်ပြားမှ မကျန် …။

မျက်ဖြူလန် အကြံအိုက်လှသပေါ့

ညဉ့်နက်ထိ အိပ်မပျော်

ဪ မထူးတော့ပါဟု

လက်စွပ်ရယ် ထုခွဲလို့  ရယ်မှ

ဆိုင်ကယ်က အပေါင်ဆိုင်

ဒီတစ်ခါမနိုင်ရင်တော့

ဟောင်ပေတော့ တဝုတ်ဝုတ်နဲ့

ခွေးဖြစ်ချည်ရဲ့

နာရီတွေတကြည့်ကြည့် နေမထိထိုင်လို့  မသာ

ပေါ်ပါပြီ G0al Score

မန်ယူပွဲ ( ၄ – ဝ ) တဲ့

အလုံးကြီးရင်မှာကျ လက်ခုပ်တီးထလို့ ခုန်

ပုံအောကာယုံမိသူ ကျွန်တော်မှာလ

ဂိုးသွင်းသူ Ronny ကို ကျန်းမာပါစေကြောင်း

ဆုမွန်ကောင်း တောင်းလိုက်သပ

ကျေးဇူးကြီးပါပေ့ ဆရာရယ် ………

သူငယ်ချင်းတစ်ယောက်ပေးသော ကဗျာလေးဖြစ်သည် .. ကျောင်းသားဘဝနဲ့  တိုက်ဆိုင်လို့လွမ်းမိတယ် ….

 

6 comments

  • မဟာရာဇာ အံစာတုံး

    June 5, 2012 at 6:39 pm

    ကိုပေနဲ့ပေါင်း
    ဘောပွဲလောင်း
    ကျုပ်ခေါင်းလောင်းသံ ပေးလိုက်ဒယ် ..

    Reply

  • မောင်ပေ

    June 5, 2012 at 7:31 pm

    တိုက်ဆိုင်လိုက်တာနော်
    ကျုပ်ဆိုင်ကယ်လေးလဲ အပေါင်ဆိုင်ရောက်နေတာ
    ဘယ်အသင်းနှိပ်စက်သွားမှန်း မမှတ်မိတော့ဘူး
    ဒီလိုပါဘဲ…
    ဖိုးသူတော်စာ ဖိုးသူတော်ဖတ်တတ် တဲ့

    Reply

  • MaMa

    June 5, 2012 at 11:19 pm

    မိဘက ပညာသင်ဖို့ စေလွှတ်တယ်။
    ကျောင်းပညာတတ်မတတ်တော့ မသိဘူး။
    အဋ္ဌာရဿ ၁၈ ရပ် စုံလာတာတော့ အသေအချာပဲ 🙁

    Reply

  • Shwe Tike Soe

    June 6, 2012 at 9:10 am

    ဟုတ်ပဗျာ… ဒီကဗျာလေးဖတ်ရတော့ မန်းလေး မှာ တက္ကသိုလ်တက်တဲ့အချိန်လေးတွေကို သွားသတိရမိတယ်ဗျာ…
    အဆောင်က သူငယ်ချင်းတွေ မရှိအတူရှိအတူ ငတ်တလှည့်ပြတ်တလှည့် နေလာကြတဲ့အချိန်တွေ သိပ်ပျော်စရာကောင်းတာပေါ့ဗျာ…… 😀

    Reply

  • thihayarzar

    June 6, 2012 at 5:05 pm

    ကျွန်တော်လည်း တက္ကသိုလ်ကျောင်းသားဘဝတုန်းက တော်တော်ဆိုးခဲ့တာဗျာ …. မကောင်းတာအကုန်လည်း လုပ်တက်တယ် … ဒီကဗျားလေးထဲကထက်တောင် ကျွန်တော်အဖြစ်ကဆိုးနေသေးတယ် … အရင်ကအချိန်တွေကို ပြန်လည်နှမျောမိတယ်ဗျာ .. စိုင်းထီးဆို်င်ရဲ့ သီချင်းလို အပူအပင်ကင်းတဲ့ ကလေးလေးဘဝ ကို တစ်ခါပြန်ပြီး ရချင်သေးတယ် …….

    Reply

Leave a Reply

Your email address will not be published.