RAM မင်းသားလေး

marnatJune 1, 20121min03

RAM မင်းသားလေး
RAM မင်းသားလေး    နင်ဘယ်ဆီပြေး
ကံကြမ္မာစေ    CPUတွက်
ထပ်ဆင့်ခိုင်းစေ    နင်လိုက်လုပ်ပေး။

လူသားများ        အသုံးချနိုင်အောင်
စက်တွေဖွင့်တော့    နင်အဆင်သင့်လေး။

အောင်မြင်ပန်းတိုင်    ရောက်လှန်းဖို.ရာ
မင်းလေးကတော့ တံတားတစ်ဆင်းလေး။

သို.ပေမဲ့သော်    အောင်မြင်မှုတွေ
ရရှိချိန်မှာ        နင့်ရင်ခွင်ထဲ
သိမ်းမယ်ထင်သေး    RAM မင်းသားလေး။

ပိတ်လိုက် ဖွင့်လိုက်      ကံကြမ္မာမှာ
Non-static လေး    RAM မင်းသားလေး။

ငါတို.ဘဝတွေ    ROMတွေဖြစ်အောင်
စွမ်းဆောင်နိုင်လော    RAM မင်းသားလေး။

End & Begin    အိပ်မက်လေးတွေ
တည်မြဲပါစေ    ငါရင်မျှော်တွေး။

မှတ်ချက်။ ။ RAM ဆိုသည်မှာ ကွန်ပြူတာရှိ Memory Card အားဆိုလိုပါ၏။

3 comments

  • ဓါးငမိုး

    June 1, 2012 at 2:06 pm

    အော် ..
    ရမ် ဆိုလို့ ကျုပ်က ဟိုဟာကြီးများလားလို့ ..
    ဝမ်းသာအားရ ပြေးဖွင့်ကြည့်လိုက်တာ ..
    ခုတော့ ကိုယ်တော့်ဟာက ကွန်ပျူတာ ရမ်ကြီး ဖြစ်နေသကိုးကွဲ့ ….
    ရမ်ရဲ့ အလုပ်လုပ်ပုံလေးကို ကဗျာစပ်ထားတာလေး ကောင်းပါကြောင်း …

    Reply

    • windtalker

      June 1, 2012 at 2:14 pm

      လာလာ.. အူးဗိုက်ကြီး ဆီမှာဘဲ ဖြစ်သလို အဖြူလေးနဲ ့ သွားနှပ်လိုက်ရအောင် ။
      ပြန်လာမှ အာ အေ အမ် နဲ ့အလုပ်ဆက်လုပ်မယ် ။

      Reply

      • ထုံးဘဲဥ

        June 1, 2012 at 3:45 pm

        တိုတိုပေ သများလည်းလိုက်ခဲ့မယ် ပြည်တွင်းဖြစ်တစ်လုံးဆွဲခဲ့မယ်

        Reply

Leave a Reply

Your email address will not be published.