“လက်တန်းရေးမဲ့ အချစ်ပုစ္ဆာ”

အချစ်သည် ရေသန့်လို

PH-7 ဖြစ်၊ မဖြစ် ထောက်ခံစာ လိုသလား

အချစ်ထုထည် ဘယ်လောက်ကြီးမားလဲဆိုတာ

တိုင်းဖို့ ပေတံရော ရှိပါရဲ့လား

အချစ်မှာ မှတ်ကျောက်နဲ့ စမ်းဖို့

ရွှေသမိုင်းလို့ ထင်မြင် ယူဆသလား

အချစ်ရဲ့ သချင်္ာသီအိုရီတွေ

ကမ္ဘာပတ်မယ်လို့ တွေးထားသလား

အချစ်ဟာ ရုပ်၊ နာမ်နှစ်သွယ် သက်ရောက်မှု

ဘယ်အရာက ပိုကဲသလဲ

အချစ်ဟာ ခံစားသော အာရုံခြောက်ပါး

ဆက်စပ်ခြင်း သက်ဆိုင်တယ် ထင်သာလား

မှတ်ချက်။ ။ ဤကဗျာသည် ပုစ္ဆာသဘောနဲ့

လက်တန်းရေးထားသော မေးခွန်းသာဖြစ်သည်။ ။

စေပိုင်ထွဋ်(ပုသိမ်)

4 comments

  • FattyCat

    April 15, 2012 at 9:45 pm

    အချစ်ဆိုတာ မော်တော်ကားလို ဘီးလေးဘီးပါရင်
    ကုန်းအဆင်းမှာ ဘရိတ်မပါပဲနဲ့
    ကုန်းအတက်မှာ အင်ဂျင်မပါသလိုဖြစ်တော့မယ်ကွယ်…

    လက်တန်းပြန်ရေးထည့်လိုက်သည်

    Reply

    • စေပိုင်ထွဋ် (ပုသိမ်)

      April 17, 2012 at 2:25 pm

      အင်း… အင်း
      ကားပွဲစား အတွေး နဲ့ အရေးပဲ ဟိဟိ

      Reply

  • alinsett

    April 16, 2012 at 7:14 pm

    ကိုစေပိုင်ရေးတဲ ့ စာတွေကို ကျွန်တော်ကြိုက်တယ် ။
    စကားလုံ့း ဆန်းသစ်မှုတွေ…နဲ ့ လွတ်လပ် လင်းပွင့်နေလို ့ပါ။

    ဆက်ရေးပါဦး..ကိုစေပိုင်..။

    Reply

    • စေပိုင်ထွဋ် (ပုသိမ်)

      April 17, 2012 at 2:29 pm

      အားပေးမှု အတွက် ကျေးဇူးတင်ပါတယ်
      ကိုအလင်းဆက်ကိုလည်း ရွှေအမြူတေမှာ ဇွဲသန်သန်နဲ့
      ရေးသားပေးပို့နေတာ တွေ့မိတယ်။
      အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။
      ကျွန်တော်လည်း အဲ့ဒီကို စာမူပို့နိုင်အောင်လို့ ကြိုးစားကြည့်အုံးမယ်။
      လွယ်တော့ လွယ်မယ့်ပုံမပေါ်ဘူး။
      ခုတော့ ဝမ်းစာပဲ ဖြည့်နေတုန်း….
      ခင်လျှက်…
      စေပိုင်ထွဋ်(ပုသိမ်)

      Reply

Leave a Reply

Your email address will not be published.