??? ??? အိမ်မှာသိပ်ကပ်လေ့မရှိတဲ့မွန်လေးကို သင်္ကြန်ကြီးပြီးသွားတော့ ညီမလေးကတစ်နေရာရာကို ခရီးထွက်ကြရအောင် လို့လာဆွယ်တော့ ခရီးဆိုသိပ်ထွက်ချင်နေတဲ့ကိုယ်ကလည်း အေးကောင်းတယ်သွားမယ်.နေရာရွေးကြမယ်ဆိုပြီးရွေးကြတာ နောက်ဆုံးနေ့ချင်းပြန်သွားလို့တဲ့ တခါမှလည်းမရောက်ဖူးသေးတဲ့ #ဝင်္ဂဘော်ဆင်စခန်း ၊ #မိုးယွန်းကြီးအင်းနဲ့ #ပဲခူး ဘက်ကို နေ့ချင်းပြန်ထွက်ခဲ့ကြပါတယ်။? ရန်ကုန်နဲ့နီးတဲ့ ဆင်စခန်း ၂ခုရှိပါတယ်။ မှော်ယောကြီးရယ်၊ ဝင်္ဂဘော်ရယ်ဆိုပြီးပေါ့။ မှော်ယောကြီးက ၁၀၅မိုင်ခွဲမှာရှိပြီး ဝင်္ဂဘော်ကတော့ ၃၉မိုင်မှာရှိပါတယ်။ ရန်ကုန်နဲ့ပိုနီးပြီး မိုးယွန်းကြီးအင်းနဲ့ တစ်လမ်းထဲ သွားနိုင်တဲ့ ဝင်္ဂဘော်ကို ရွေးချယ်ခဲ့ကြပါတယ်။ ရန်ကုန်ကနေဆို ၁နာရီကျော်ကျော်ပဲ မောင်းရပါတယ်။ #ဘယ်လိုသွားခဲ့ကြလဲ ?? ကိုယ်ပိုင်ကားလေးရှိတော့ ကိုယ့်ကားနဲ့ကိုယ်ပဲသွားခဲ့ကြပါတယ်။ ရန်ကုန်ကနေ ရ နာရီခွဲကျော်မှ စထွက်လာခဲ့တာ ဝင်္ဂဘော် ဆင်စခန်းရောက်တော့ ၉ နာရီထိုးပါတော့မယ်။ ရန်ကုန် မန္တလေး အမြန်လမ်းအတိုင်း သွားပြီး ၃၉မိုင်အရောက်မှာ ဘုရားကြီးလမ်းခွဲကိုချိုး ၅မိနစ်လောက်သွားအပြီး ဘယ်ဘက်မှာ “ဝင်္ဂဘော်ဆင်စခန်း”ဆိုတဲ့ ဆိုင်းဘုတ်ကိုတွေ့ပါလိမ့်မယ်။ #ဝင်္ဂဘော်ဆင်စခန်း ?? […]
