“၂၀၁ရ ကာတာနိုင်ငံ ဒိုဟာမြို့ မြန်မာတို့ရဲ့ ရိုးရာအတာ သင်္ကြန်ပွဲ”

Swal Taw YwetApril 14, 20175min04

င်္ဂလာပါခင်ဗျာ

ဒီနှစ်လည်း ကာတာနိုင်ငံ ဒိုဟာ မြို့ရောက် မြန်မာများရဲ့ အမိမြေအလွမ်းပြေ မြန်မာ့ရိုးရာ အတာ သင်္ကြန်ကို ၁၄ ဧပြီ ၂၀၁ရ မြန်မာသင်္ကြန် အကျနေ့ သောကြာနေ့ မှာ စုစည်း ကျင်းပ ခဲ့ကြပါတယ်။

Face book Group – Myanmar Society ( Middle East ) ကနေတဆင့် စည်းရုံး လှုံ့ဆော်ခဲ့ကြလို့

ဒီနှစ် လူအသစ်တွေ အများကြီး ပူးပေါင်းပါဝင်လာခဲ့ကြပါတယ်။

စုစုပေါင်း ခန့် မှန်းခြေ ၁၅ဝ လောက် လာရောက်ဆုံဆည်းခဲ့ပါတယ်ခင်ဗျာ။

အလုပ်ခွင်ဝင်ရမယ့်သူတွေ စောစောလာ စောစောပြန်၊

မရောက်ဘူးသေးသူတွေက ဟိုမေးဒီစမ်း ဖုန်းတွေတကြော်ကြော်ခေါ်ရတာမို့ နောက်ကျမှ ရောက်

အဝင်အထွက်တွေ လွဲနေကြပေမယ့်

ရောက်သူတိုင်းတော့ ပျော်ခဲ့ကြရပါတယ်။

အမိမြေ အလွမ်းပြေပေါ့လေ။

မုန့်ဟင်းငါး

မုန့်လုံးရေပေါ်

ကျောက်ကျော၊ ခေါက်ဆွဲကြော်အပြင် တပိုင်တနိုင် အလှူ မုန့်မျိုးစုံ ရေသန့်ဗူး အချိုရည်များ

ဒါနပြုခဲ့ကြပါတယ်။

ရှားရှားပါးပါး စားစရာကတော့ ကျနော် စွယ်တော်ရွက် သယ်လာပေးခဲ့တဲ့ ပဲကြီးလှော် ပါခင်ဗျာ။

အောက်က Photo essay လေးမှာ ရှုစား အားကျလိုက်ကြပါတော့။

၁-၁။ ၉နာရီမထိုးခင်ရောက်နေကြသူများ၊ တညလုံး မုန့်ဟင်းငါးချက်လို့ မအိပ်ရသေးသူတွေက အရင်ရောက်ကြသည်။
၁-၂။ ပိတောက်ပန်းလေးတွေ ပွင့်ခိုင်းလိုက်ပြီ၊ ဒါ ဒီပန်းလေးအတွက် တတိယအကြိမ်ပ။
၁-၃။ စွယ်တော်ရွက် လက်ရာ အဲလေ သယ်ခဲ့တာ မြန်မာစစ်စစ် ပဲကြီးလှော်။အားလုံးတမ်းတလိုက်ကြသာက သူနဲ့ တွဲဖက် လိုက်ဖက်မယ့် ထန်းရည် ပ။
၁-၄။ မုန့်ဟင်းငါး ပွဲတွေ ပြင်နေတုန်း မုန့်လုံးရေပေါ်နဲ့ ဧည့်ခံကြသာပေါ့။
အရေးအကြီးဆုံး အမယ်တမျိုးကိုမျှော်။
၁-၅။စောင့်လိုက်ရတာ ယောက်ချိုကြီးရယ်။
၁-၆။ ဂစ်တာဝိုင်းကတေးသံလွင့် သင်္ကြန်ချိန်ခါသင့်။
-၇။ စာတန်းတွေပါ လုပ်လာသဗျ။ သူသူငါငါ ဆယ်ဖီကြစို့။
၁-၈။ မောင်နှမတွေ ရေလောင်းနေ။ ပူတယ်ဆိုသာ ဘယ်မှာလည်းပေါ့။
၁-၉။ ရေသန့် ခေါက်ဆွဲ ကျောက်ကျောတွေ လာကြပါပြီ လေ။
၂-၀။ တပိုင်တနိုင်အလှူ- မုန့်မျိုးစုံ ၊အချိုရည် ၊ရေသန့်တွေ ဝေပေးနေတာ။
၂-၁။ထပ်လာနေကြပြီတဲ့၊ မုန့် ပွဲတွေထပ် ပြင်ကြပါဟ။
၂-၂။ သန့်ရှင်းရေးလည်း မလစ်ဟင်းစေရ ။
၂-၃။ အတာရေအေး ဖြန်းပါ့မယ်။ အော်ဟစ်ခါသာ ပျော်ကြပါစို့။
၂-၄။ မိသားစုလိုက် အလှူလာလုပ်သူလည်းရှိသဗျ။
၂-၅။ Facebook Live တွေ လွှင့်နေသယ် ဆွေမျိုးတတွေ မြင်ကြစေကြောင်း။
၂-၆။ဒုတိယအသုတ် မှတ်တမ်းတင်ကြသည်။
၂-၇။ တီးမယ်ဆို ကပါမယ် ၊ လက်ခုပ် ကူကြကွယ်။
၂-၈။ အများဆုံး ဆိုတီး ဖျော်ဖြေသွားခဲ့သူ။ စာဥရေ မုန့်လုံးတောင်ပါသေးးးးး။
-၉။ ပြန်တဲ့သူအတွက် လက်ပြသည်၊ ရှေ့ နှစ်မှာလည်း ဆုံ ကြမည် ပေါ့။

အဝေးမြေရောက်

အမေ့ရဲ့သားသမီးတွေ

နွေးထွေးနေမယ့် အမေ့ရင်ခွင် မှာ

ပြန်ခိုလှုံခွင့် ရမယ့်ရက်တွေကို မျှော်မှန်းရင်းးးးးး

With respect,

Swal Taw Ywet.

4 comments

  • kai

    April 15, 2017 at 5:35 am

    ဂရုဖိုတိုကို.. လာမယ့်လသတင်းစာမှာ ပုံနှိပ်ဖေါ်ပြမယ်နော..။
    ပွဲလုပ်တဲ့… နေရာကို ပြောပါဦး..။
    ပုံကို editor@myanmargazette.net ကိုပို့ပေးပါဦး..။

    Reply

  • သင့်အေးရိပ်

    April 21, 2017 at 10:45 am

    ငွေဖလားထဲ….သပြေခက်ကလေးနဲ့ ရေဖြန်းတဲ့ ခေတ်ကနေ… ရေသန့်ဗူးနဲ့ ရေလောင်းရတဲ့ခေတ်ဆီ… ရွေ့ခဲ့ပြီ

    Reply

  • manawphyulay

    April 21, 2017 at 2:04 pm

    တို့လေးလေး ကာတာရေက်တေ့လည်း ကာတာရဲ့ သဘောသဘာဝတွေကို တွေ့မြင်ဖူးတာပေါ့နော့…

    မြန်မာတွေရဲ့ ယဉ်ကျေးမှုသင်္ကြန်ကတော့ ဘယ်ရောက်ရောက်နေနေ ပျောက်ပြယ်မသွားတဲ့အတွက် ဂုဏ်ယူမိပါတယ်ရှင်။

    With respect,

    Manawphyulay 😛

    Reply

  • သျှားသက်မာန်

    April 27, 2017 at 3:50 pm

    ပျော်စရာကြီးပဲ

    Reply

Leave a Reply

Your email address will not be published.