ပင်လယ်ဆီကို ပို့တဲ့စာ

alinsettApril 17, 20171min010

ပင်လယ်ဆီကို ပို့တဲ့စာ
—————–
မြစ်ကြီးက
ပင်လယ်ကြီးနဲ့ တူချင်လို့. . .
အစွမ်းကုန် လှိုင်းခတ် လှုပ်ရှားပြနေလည်း…
မီးပြတိုက်ကလေးကတော့ . . .
ငြိမ်သက်စွာသာ . . .
လက်ပိုက်နေလေရဲ့။

မပြည့်တဲ့အိုးတွေ မျောလာပြီး
မီးပြတိုက်ကလေးကို တိုးတိုက်သမျှကိုလည်း
မှိတ်တုတ်မှိတ်တုတ် အလင်းကလေးအောက်မှာတောင်. . .
မြင်တွေ့ရတာ များခဲ့ပြီ တဲ့။

——————

သင့်အေးရိပ်
ဧပြီ၊၁၇၊၂၀၁၇

 

 

 

 

 

 

 

 

 

 

10 comments

  • kai

    April 18, 2017 at 10:43 am

    တကယ်တော့.. မီးပြတိုက်ဟာ.
    ကျောက်ဆောင်ရှိတဲ့နေရာကို.. ပြသူသာဖြစ်ပြီး.. လမ်းညွှန်သူကားမဟုတ်..
    နှကယ်လိုက်ရင်တော့..
    .. ဒီလို ဂျီပီအက်စ်တွေ ဒင်းကြမ်းခေတ်မှာ..
    မီးပြတိုက်ဟာ.. ဇင်ယော်တွေ ခြေတော်တင်တာ ခံရတဲ့ စင်အိုတခုသာ…။ 🙂

    Reply

    • သင့်အေးရိပ်

      April 18, 2017 at 6:36 pm

      ဒို့ သူကြီးက မီးပြတိုက်ရဲ့ အလှတရားကို မမြင်စွမ်းသူထင့်။ အိုခေ။ လမ်းညွှန်သူကို ရှာသလော ဗုဒ္ဓသည်သာ လမ်းညွှန်သူ အစစ် ဖြစ်လေ၏။
      တခြား ဘလာဘလာတွေ ပြောနေအုန်းမည်လော?

      Reply

    • ဦး လေး မန်း

      May 2, 2017 at 3:12 am

      မြန်​ မာ ပြည်​ က စက်​ ​လှေ ​တွေ ငါး ဖမ်​း ​လှေ ​တွေ အ တွက်​ က ​တော့ အ သုံး တည်​့ ​နေ ဆဲ ပါ သူကြီး ​ရေ။ မ သုံး နိုင်​ တဲ့ ​သူ ​တွေ ရှိ ​နေ ပါ ​သေး တယ်​။

      Reply

  • သင့်အေးရိပ်

    April 19, 2017 at 2:31 pm

    ဒီပိုစ့်က ဒီရွာထဲ alinsett ဆိုတဲ့အကောင့်ထဲကနေ
    နောက်ဆုံးတင်တဲ့ပိုစ့်ပါ။

    ပိုစ့်ပေါင်း ၆၁၆ ပုဒ် တင်အပြီးမှာ သူကြီးဆီက ပွိုင့်(ကျပ်ငွေ) ၂သိန်း ရပြီးပါကြောင်း။

    alinsett ဆိုတဲ့ မင်ဘာအကောင့်ထဲကနေ နောက်ထပ် ဘာပိုစ့်မှ ထပ် မတင်တော့ဘူးလို့ ဆုံးဖြတ်ထားပြီ ဖြစ်ပါကြောင်းနဲ့ အကြောင်းရင်းကိုတော့ မပြောပါရစေနဲ့လို့ တောင်းပန်ပါကြောင်း။

    တနေ့ကပဲ ဒီရွာထဲမှာ မန်ဘာအကောင့်သစ် ”Thint Aye Yeik” ဆိုတဲ့နာမည်နဲ့ ဖွင့်လိုက်ပြီမို့. . .
    ရွာကို သံယောဇဉ် ဖြတ်မရသေးသ၍တော့ သင့်အေးရိပ် အကောင့်သစ်ကနေပဲ ရေးချင်တာလေးတွေ ရေးမည် ဖြစ်ပါကြောင်း။

    Reply

    • manawphyulay

      April 21, 2017 at 2:06 pm

      ခုလိုရှင်းပြတော့ မျက်စိမလည်တော့ဘူးပေါ့နော်။ မနောတော့ သံယောဇဉ်မဖြတ်လို့ရသဖြင့် အဝေးကနေ ဖတ်မှတ်နေမိပါကြောင်း…..

      ခင်မင်စွာဖြင့်
      မနောဖြူလေး

      Reply

  • သျှားသက်မာန်

    April 27, 2017 at 3:24 pm

    မိုက်

    Reply

  • ဦး လေး မန်း

    May 2, 2017 at 3:08 am

    အ လက်​ ဆင်​း ​ခေါ် သင်​့ ​အေး ရိပ်​ ​ရေ ​ရေး ​နေ သ ​ရွေ့ အား ​ပေး ​နေ မှာ ပါ။ ဘာ နံ မယ်​ နဲ့ ​ရေး ​ရေး ​ပေါ့။ က ဗျာ ခန်​း ​လေး လုပ်​ ခဲ့ကြ တဲ့ အုပ်​ စု ​လေး ကို လဲ သ တိ ရ တယ်​။

    Reply

    • သင့်အေးရိပ်

      May 2, 2017 at 2:52 pm

      ဟုတ်။ ဦးလေးမန်း။
      ကဗျာပြခန်းကတော့ အမှတ်တရပါပဲ။
      စကားလုံး ပြတိုက် ဆိုပြီး ကဗျာအညွှန်းလေး လုပ်ချင်ပေမယ့် တစ်ပုဒ်လားပဲ လုပ်လိုက်ရသေး။ ရွာက ကဗျာတွေ စာတွေ တင်တဲ့သူ နည်းသွားတာနဲ့ ရပ်သွားရော။

      ဖတ်ရှု အားပေးနေတဲ့အတွက် ကျေးဇူးအထူးပါလို့

      Reply

  • ဒီကဗျာလေး တော်တော်လေး ကြိုက်တယ်..
    ကဗျာဆိုတာ ခံစားချက်တွေကို ဖွင့်ထုတ်တဲ့အရာတဲ့…
    ဘာမှ မခံစားရရင် ဘာကဗျာမှ ရေးလို့မရသလို ဘာကဗျာကိုမှလည်း ခံစားလို့မရဘူး..
    ခု.. ကဗျာကိုလွမ်းတယ်..

    Reply

    • သင့်အေးရိပ်

      May 4, 2017 at 10:45 am

      ကဗျာတွေကလည်း
      ”ကဗျာရေးဖူး/ရေးတတ်တဲ့ မွန်မလေးလုံလုံ”တို့လို
      ခံစားချက်သမားတွေကို လွမ်းနေတာပါပဲ။
      😆

      Reply

Leave a Reply

Your email address will not be published.